အမေရိကန်က ပါကစ္စတန်နိုင်ငံကို အိမ်သာသုံးစက္ကုတစ်ရွက်လိုမျိုး အသုံးချပြီး လွင့်ပစ်ခဲ့ဟု ပါကစ္စတန်အစိုးရ ဝေဖန်ပြစ်တင်

 241

ဂျန်ဇက်(NP News)ဖေဖော်ဝါရီ ၁၁
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခွာဂျာ အာဆစ်ဖ် က အမေရိကန်နိုင်ငံကို ပြင်းထန်သော စကားလုံးများဖြင့် ဝေဖန်တိုက်ခိုက်လိုက်ပြီး၊ အမေရိကန်သည် ပါကစ္စတန်နိုင်ငံကို "တစ်ရှူးစက္ကူတစ်ရွက်လိုမျိုး သို့မဟုတ် အိမ်သာသုံးစက္ကူ ထက်တောင် ဆိုးရွားတဲ့ ပုံစံမျိုးနဲ့ အသုံးချပြီးမှ လွှင့်ပစ်ခဲ့တယ်" ဟု ထုတ်ဖော်ပြောကြားလိုက်သည်။အစ္စလာမ်မာဘတ်မြို့ရှိ ရှီယာဗလီတစ်ခုတွင် လူအသေအပျောက်များသော အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးက ယခုကဲ့သို့ ပေါက်ကွဲပြောဆိုခဲ့ခြင်းဖြစ်သည်။ကာကွယ်ရေးဝန်ကြီး အာဆစ်ဖ်က ပါကစ္စတန်သည် သမိုင်းတစ်လျှောက်လုံးတွင်၎င်းတို့နိုင်ငံ နှင့် မသက်ဆိုင်သော စစ်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခဲ့မိကြောင်း ဝန်ခံပြောဆိုထားသည်။အထူးသဖြင့် အာဖဂန်နစ္စတန်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲနှစ်ခုစလုံး သို့မဟုတ်ဆိုဗီယက်-အာဖဂန်စစ်ပွဲနှင့် ၉/၁၁ နောက်ပိုင်း အမေရိကန်ဦးဆောင်သော စစ်ပွဲ တွင် ပါဝင်ခဲ့ခြင်းသည် "ဘာသာရေးအတွက်မဟုတ်ဘဲ နိုင်ငံရေးအမြတ်ထုတ်မှုနှင့် ငွေကြေးအတွက်သာ ဖြစ်သည်" ဟုပါကစ္စတန် ကာကွယ်ရေးဝန်ကြီးကပြောသည်။ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ''
"ကျွန်တော်တို့က အမေရိကန်ရဲ့ အလိုကျ ကပြခဲ့ကြတယ်။ အာဏာရှင်တွေက သူတို့ရဲ့ တရားဝင်မှုကို ခိုင်မာအောင်လို့ နိုင်ငံကို အသုံးချခံဘဝ ရောက်အောင် တွန်းပို့ခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ အခုချိန်ထိ အကြမ်းဖက်မှုဒဏ်ကို ကျွန်တော်တို့ ပြည်သူတွေ ခါးစည်းခံနေရတုန်းပါပဲ" ဟု ပြောသည်။
အတိတ်တုန်းက ခေါင်းဆောင်များသည် "ဂျီဟတ် (Jihad)" ခေါင်းစဉ်တပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြသလို၊ စာသင်ကျောင်းများ၏သင်ရိုးညွှန်းတမ်းများကိုပါ စစ်ပွဲအလိုကျ ပြင်ဆင်ခဲ့ကြသည်ဟု ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောသည်။ အမေရိကန်က ၎င်းတို့ အလိုရှိရာကို ရယူပြီးနောက် ပါကစ္စတန်ကို လှည့်ကြည့်ခြင်း မရှိတော့ဘဲ "အမှိုက်သဖွယ် စွန့်ပစ်ထားခဲ့ပြီ" ဟု ၎င်းက သုံးသပ်သည်။
လက်ရှိတွင် ပါကစ္စတန်နိုင်ငံသည် စီးပွားရေးကျဆင်းမှုနှင့်အတူ TTP ကဲ့သို့သော အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများကို အကြီးအကျယ် ရင်ဆိုင်နေရကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောသည်။

Zawgyi Version:
အေမရိကန္က ပါကစၥတန္ႏိုင္ငံကို အိမ္သာသုံးစကၠဳတစ္႐ြက္လိုမ်ိဳး အသုံးခ်ၿပီး လြင့္ပစ္ခဲ့ဟု ပါကစၥတန္အစိုးရ ေဝဖန္ျပစ္တင္
ဂ်န္ဇက္(NP News)ေဖေဖာ္ဝါရီ ၁၁
ပါကစၥတန္ ကာကြယ္ေရးဝန္ႀကီး ခြာဂ်ာ အာဆစ္ဖ္ က အေမရိကန္ႏိုင္ငံကို ျပင္းထန္ေသာ စကားလုံးမ်ားျဖင့္ ေဝဖန္တိုက္ခိုက္လိုက္ၿပီး၊ အေမရိကန္သည္ ပါကစၥတန္ႏိုင္ငံကို "တစ္ရႉးစကၠဴတစ္႐ြက္လိုမ်ိဳး သို႔မဟုတ္ အိမ္သာသုံးစကၠဴ ထက္ေတာင္ ဆိုး႐ြားတဲ့ ပုံစံမ်ိဳးနဲ႔ အသုံးခ်ၿပီးမွ လႊင့္ပစ္ခဲ့တယ္" ဟု ထုတ္ေဖာ္ေျပာၾကားလိုက္သည္။အစၥလာမ္မာဘတ္ၿမိဳ႕ရွိ ရွီယာဗလီတစ္ခုတြင္ လူအေသအေပ်ာက္မ်ားေသာ အေသခံဗုံးခြဲတိုက္ခိုက္မႈျဖစ္ပြားၿပီးေနာက္ ျပဳလုပ္သည့္ လႊတ္ေတာ္အစည္းအေဝးတြင္ ဝန္ႀကီးက ယခုကဲ့သို႔ ေပါက္ကြဲေျပာဆိုခဲ့ျခင္းျဖစ္သည္။ကာကြယ္ေရးဝန္ႀကီး အာဆစ္ဖ္က ပါကစၥတန္သည္ သမိုင္းတစ္ေလွ်ာက္လုံးတြင္၎တို႔ႏိုင္ငံ ႏွင့္ မသက္ဆိုင္ေသာ စစ္ပြဲမ်ားတြင္ ဝင္ေရာက္စြက္ဖက္ခဲ့မိေၾကာင္း ဝန္ခံေျပာဆိုထားသည္။အထူးသျဖင့္ အာဖဂန္နစၥတန္တြင္ ျဖစ္ပြားခဲ့ေသာ စစ္ပြဲႏွစ္ခုစလုံး သို႔မဟုတ္ဆိုဗီယက္-အာဖဂန္စစ္ပြဲႏွင့္ ၉/၁၁ ေနာက္ပိုင္း အေမရိကန္ဦးေဆာင္ေသာ စစ္ပြဲ တြင္ ပါဝင္ခဲ့ျခင္းသည္ "ဘာသာေရးအတြက္မဟုတ္ဘဲ ႏိုင္ငံေရးအျမတ္ထုတ္မႈႏွင့္ ေငြေၾကးအတြက္သာ ျဖစ္သည္" ဟုပါကစၥတန္ ကာကြယ္ေရးဝန္ႀကီးကေျပာသည္။ပါကစၥတန္ကာကြယ္ေရးဝန္ႀကီးက ''
"ကြၽန္ေတာ္တို႔က အေမရိကန္ရဲ႕ အလိုက် ကျပခဲ့ၾကတယ္။ အာဏာရွင္ေတြက သူတို႔ရဲ႕ တရားဝင္မႈကို ခိုင္မာေအာင္လို႔ ႏိုင္ငံကို အသုံးခ်ခံဘဝ ေရာက္ေအာင္ တြန္းပို႔ခဲ့ၾကတယ္။ အက်ိဳးဆက္အေနနဲ႔ အခုခ်ိန္ထိ အၾကမ္းဖက္မႈဒဏ္ကို ကြၽန္ေတာ္တို႔ ျပည္သူေတြ ခါးစည္းခံေနရတုန္းပါပဲ" ဟု ေျပာသည္။
အတိတ္တုန္းက ေခါင္းေဆာင္မ်ားသည္ "ဂ်ီဟတ္ (Jihad)" ေခါင္းစဥ္တပ္ၿပီး ႏိုင္ငံေရးအျမတ္ထုတ္ခဲ့ၾကသလို၊ စာသင္ေက်ာင္းမ်ား၏သင္႐ိုးၫႊန္းတမ္းမ်ားကိုပါ စစ္ပြဲအလိုက် ျပင္ဆင္ခဲ့ၾကသည္ဟု ပါကစၥတန္ကာကြယ္ေရးဝန္ႀကီးကေျပာသည္။ အေမရိကန္က ၎တို႔ အလိုရွိရာကို ရယူၿပီးေနာက္ ပါကစၥတန္ကို လွည့္ၾကည့္ျခင္း မရွိေတာ့ဘဲ "အမႈိက္သဖြယ္ စြန႔္ပစ္ထားခဲ့ၿပီ" ဟု ၎က သုံးသပ္သည္။
လက္ရွိတြင္ ပါကစၥတန္ႏိုင္ငံသည္ စီးပြားေရးက်ဆင္းမႈႏွင့္အတူ TTP ကဲ့သို႔ေသာ အၾကမ္းဖက္အဖြဲ႕မ်ား၏ တိုက္ခိုက္မႈမ်ားကို အႀကီးအက်ယ္ ရင္ဆိုင္ေနရေၾကာင္း ပါကစၥတန္ကာကြယ္ေရးဝန္ႀကီးကေျပာသည္။
https://www.ndtv.com/world-news/us-used-pakistan-then-threw-away-like-toilet-paper-khawaja-asifs-big-admission-10986153

Related news

© 2021. All rights reserved.