PDF အဖွဲ့ဝင် ၁၆ ဦး လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်

 1415

သန့်မင်းအိမ် (NP News)- ဖေဖော်ဝါရီ ၁၂

နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံသည့် PDF အဖွဲ့ဝင် အမျိုးသား ၁၆ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယမန်နေ့(ဖေဖော်ဝါရီ ၁၁ရက်)နေ့တွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ပုသိမ်မြို့နယ်တို့မှ အမျိုးသား ၁၆ ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့ က အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေဆိုင်ရာများကို ရှင်းလင်းပြောကြားပြီးနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် (၂) လက်၊ လက်ပစ်ဗုံး (၄ )လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူခဲ့ကြောင်းသိရသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ် (၁) လက်လျှင် ဆုကြေးငွေ ကျပ်သိန်း (၅၀) နှုန်းဖြင့် (၂) လက်အတွက် ငွေကျပ်သိန်း (၁၀၀)၊ လက်ပစ်ဗုံး (၁) လုံးလျှင် ကျပ် (၃) သိန်းနှုန်းဖြင့် (၄) လုံးအတွက် ငွေကျပ် (၁၂) သိန်းနှင့် အလင်းဝင်လာသူ (၁၆) ဦးအတွက် တစ်ဦးလျှင် (၃) သိန်းနှုန်းဖြင့် (၄၈) သိန်း၊ စုစုပေါင်းဆုကြေးငွေ ကျပ်သိန်း (၁၆၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။

Zawgyi Version:

ႏိုင္ငံေတာ္အစိုးရႏွင့္ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ယုံၾကည္လက္ခံသည့္ PDF အဖြဲ႕ဝင္ အမ်ိဳးသား ၁၆ ဦးတို႔သည္ လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၁ရက္)ေန႔တြင္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ေၾကာင္းထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔ ျပန္လည္ဝင္ေရာက္လာသည့္ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ ဧရာဝတီတိုင္းေဒသႀကီး၊ ေလးမ်က္ႏွာၿမိဳ႕နယ္၊ အဂၤပူၿမိဳ႕နယ္၊ ေရၾကည္ၿမိဳ႕နယ္ႏွင့္ ပုသိမ္ၿမိဳ႕နယ္တို႔မွ အမ်ိဳးသား ၁၆ ဦးတို႔အား တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲကို ယမန္ေန႔ က အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္ ဧရာဝတီခန္းမ၌ ျပဳလုပ္ရာ ဧရာဝတီတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးတင္ေမာင္ဝင္း၊ တိုင္းမႉး ဗိုလ္ခ်ဳပ္ စိုးေက်ာ္ထက္ႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားႏွင့္ မိဘအုပ္ထိန္းသူမ်ား တက္ေရာက္ၾကသည္။

အခမ္းအနားတြင္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းမႉးတို႔က နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဥပေဒဆိုင္ရာမ်ားကို ရွင္းလင္းေျပာၾကားၿပီးေနာက္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားက ၎တို႔ႏွင့္အတူ ပါရွိလာသည့္ ေမာင္းျပန္႐ိုင္ဖယ္ (၂) လက္၊ လက္ပစ္ဗုံး (၄ )လုံးတို႔ကို လႊဲေျပာင္းအပ္ႏွံရာ တိုင္းမႉးက လက္ခံရယူခဲ့ေၾကာင္းသိရသည္။

ယင္းေနာက္ ဝန္ႀကီးခ်ဳပ္ႏွင့္ တိုင္းမႉးတို႔က ေမာင္းျပန္႐ိုင္ဖယ္ (၁) လက္လွ်င္ ဆုေၾကးေငြ က်ပ္သိန္း (၅၀) ႏႈန္းျဖင့္ (၂) လက္အတြက္ ေငြက်ပ္သိန္း (၁၀၀)၊ လက္ပစ္ဗုံး (၁) လုံးလွ်င္ က်ပ္ (၃) သိန္းႏႈန္းျဖင့္ (၄) လုံးအတြက္ ေငြက်ပ္ (၁၂) သိန္းႏွင့္ အလင္းဝင္လာသူ (၁၆) ဦးအတြက္ တစ္ဦးလွ်င္ (၃) သိန္းႏႈန္းျဖင့္ (၄၈) သိန္း၊ စုစုေပါင္းဆုေၾကးေငြ က်ပ္သိန္း (၁၆၀) ကို ေထာက္ပံ့ေပးအပ္ခဲ့သည္။ ထို႔ေနာက္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ားအား ဝန္ခံကတိလက္မွတ္ေရးထိုးေစကာ မိဘအုပ္ထိန္းသူမ်ားထံ စနစ္တက် ျပန္လည္လႊဲေျပာင္းအပ္ႏွံေပးခဲ့ေၾကာင္းထုတ္ျပန္ခ်က္အရသိရသည္။

Related news

© 2021. All rights reserved.