ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေအသစ်ရေးဆွဲ

1207

Pearl (NP News) - ဖေဖော်ဝါရီ ၁၂
ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေအသစ်ရေးဆွဲနေကြောင်း ဥပဒေရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယမန်နေ့ (ဖေဖော်ဝါရီ ၁၁ရက်) က နေပြည်တော်၌ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ ပြီး တက်ရောက်ကြပြီး အဆိုပါ အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လက်ရှိအသုံးပြုလျက်ရှိသည့် ၁၉၂၀ ပြည့်နှစ်၊ အိန္ဒိယအက်ဥပဒေ အမှတ် ၃၄ ဖြင့် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံကူး လက်မှတ်အက်ဥပဒေသည် လက်ရှိအခြေအနေနှင့်လိုက်လျောညီထွေမှုမရှိကြောင်း ပြောကြားခဲ့သည်။
ထိုသို့ လိုက်လျောညီထွေမှုမရှိ၍ နိုင်ငံကူးလက်မှတ် အတုအပပြုလုပ်ခြင်း၊ အခြားသူများ၏ နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကဲ့သို့ ပြင်ဆင်ပြောင်းလဲ၍ အသုံးပြုခြင်း၊ မိမိနိုင်ငံကူးလက်မှတ်ကို အခြားသူအား အသုံးပြုစေခြင်း စသည့် မဟုတ်မမှန် လိမ်လည်ဆောင်ရွက်မှုများကို အရေးယူဆောင်ရွက်ရာတွင် အခက်အခဲများ၊ လိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် ဥပဒေအသစ်ရေးဆွဲရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ(မူကြမ်း)တွင် ပါဝင်သောအကြောင်းအရာများကို ပုဒ်မအလိုက် တင်ပြဆွေးနွေးကြကြောင်းလည်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ကလည်း မြန်မာ နိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ (မူကြမ်း)ကို လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ်ဖြစ် ကြောင်းသုံးသပ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi version:
ေျပာင္းလဲလာသည့္ အေျခအေနမ်ားႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစရန္ ျမန္မာႏိုင္ငံကူးလက္မွတ္ဆိုင္ရာ ဥပေဒအသစ္ေရးဆြဲေနေၾကာင္း ဥပေဒေရးရာဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၁ရက္) က ေနျပည္ေတာ္၌ ျမန္မာႏိုင္ငံကူးလက္မွတ္ဆိုင္ရာ ဥပေဒ(မူၾကမ္း)ႏွင့္ စပ္လ်ဥ္းသည့္ အၿပီးသတ္ညႇိႏႈိင္းအစည္းအေဝးကို က်င္းပခဲ့ၿပီး ဥပေဒျပ႒ာန္းႏိုင္ေရး အၿပီးသတ္ညႇိႏႈိင္း ေဆြးေႏြး ခဲ့ေၾကာင္းသိရသည္။
အစည္းအေဝးသို႔ ဥပေဒေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ေဒါက္တာသီတာဦး၊ ဒုတိယဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား ၿပီး တက္ေရာက္ၾကၿပီး အဆိုပါ အစည္းအေဝးတြင္ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက လက္ရွိအသုံးျပဳလ်က္ရွိသည့္ ၁၉၂၀ ျပည့္ႏွစ္၊ အိႏၵိယအက္ဥပေဒ အမွတ္ ၃၄ ျဖင့္ ျပ႒ာန္းခဲ့ေသာ ျမန္မာႏိုင္ငံကူး လက္မွတ္အက္ဥပေဒသည္ လက္ရွိအေျခအေနႏွင့္လိုက္ေလ်ာညီေထြမႈမရွိေၾကာင္း ေျပာၾကားခဲ့သည္။
ထိုသို႔ လိုက္ေလ်ာညီေထြမႈမရွိ၍ ႏိုင္ငံကူးလက္မွတ္ အတုအပျပဳလုပ္ျခင္း၊ အျခားသူမ်ား၏ ႏိုင္ငံကူးလက္မွတ္ကို ကိုင္ေဆာင္အသုံးျပဳျခင္း၊ မိမိႏိုင္ငံကူးလက္မွတ္ကဲ့သို႔ ျပင္ဆင္ေျပာင္းလဲ၍ အသုံးျပဳျခင္း၊ မိမိႏိုင္ငံကူးလက္မွတ္ကို အျခားသူအား အသုံးျပဳေစျခင္း စသည့္ မဟုတ္မမွန္ လိမ္လည္ေဆာင္႐ြက္မႈမ်ားကို အေရးယူေဆာင္႐ြက္ရာတြင္ အခက္အခဲမ်ား၊ လိုအပ္ခ်က္မ်ားကို ေျဖရွင္းေဆာင္႐ြက္ႏိုင္ရန္၊ ေျပာင္းလဲလာသည့္ အေျခအေနမ်ားႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစရန္ ဥပေဒအသစ္ေရးဆြဲရျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ျမန္မာႏိုင္ငံကူးလက္မွတ္ဆိုင္ရာ ဥပေဒ(မူၾကမ္း)တြင္ ပါဝင္ေသာအေၾကာင္းအရာမ်ားကို ပုဒ္မအလိုက္ တင္ျပေဆြးေႏြးၾကေၾကာင္းလည္း သိရသည္။
ျပည္ေထာင္စုဝန္ႀကီးႏွင့္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ကလည္း ျမန္မာ ႏိုင္ငံကူးလက္မွတ္ဆိုင္ရာဥပေဒ (မူၾကမ္း)ကို လက္ရွိအေျခအေနႏွင့္ လိုက္ေလ်ာညီေထြမႈရွိေစရန္ ျပ႒ာန္းသင့္ေသာ ဥပေဒတစ္ရပ္ျဖစ္ ေၾကာင္းသုံးသပ္၍ ဥပေဒျပ႒ာန္းႏိုင္ေရး အၿပီးသတ္ညႇိႏႈိင္း ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။