နောက်ဆက်တွဲငလျင်ဒဏ်လှုပ်ခတ်မှုများကြုံကာ မန္တလေးအထပ်မြင့်တိုက်ခန်းဈေးကျဆင်းလျက်ရှိနေ

 269

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၁၂
မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း နောက်ဆက်တွဲငလျင်ဒဏ်များနေ့စဉ်နှင့်အမျှ လှုပ်ခတ်နေခြင်းကြောင့် အထပ်မြင့်တိုက်ခန်းဈေးများမှာ ဆက်တိုက်ကျဆင်းလာနေကြောင်း အိမ်ခြံမြေအကျိုး ဆောင်များမှ သိရသည်။
ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းမှစ၍ ပျမ်းမျှတစ်ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် ငလျင်ဒဏ်ခံခဲ့ရပြီးနောက် အထပ်မြင့်တိုက်ခန်းများပေါ် ဆက်လက်နေထိုင်လိုခြင်းမရှိသူအချို့က ပေါက်ဈေးမှဈေးချကာရောင်းလာကြခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ငလျင်ကဆက်တိုက်လှုပ်နေတော့ အထပ်မြင့်သမားတွေ တအားဒုက္ခရောက်ကြတယ်၊ နေ့လည်းနေ့မို့လို့ ညလည်းညမို့လို့ အိပ်ကောင်းခြင်းမအိပ်ရ စိတ်အေးလက်အေးနဲ့မနေနိုင်တဲ့ ဘ၀တွေဖြစ်ကုန်တာ၊ တချို့က တိုက်ခန်းရောင်းပြီး အစွန်အဖျားနေရာလေးတွေသွားနေချင်ကြတယ်၊ ပေါက်ဈေးနဲ့ရောင်းမထွက်တော့ ဈေးချရောင်းလာကြတာ” ဟု အကျိုးဆောင်တစ်ဦးက ပြောသည်။
ယခင်က ပေါက်ဈေး (ပုံမှန်အရောင်းအ၀ယ်ဖြစ်နေသည့်ဈေးတန်း) ကျပ်သိန်း (၁၀၀၀)တန်ကြေးရှိသည့် အိမ်ရာတိုက်ခန်း တစ်ခန်းကို လက်ရှိတွင် ကျပ်သိန်း(၈၀၀)၀န်းကျင်ဖြင့် ဈေးချရောင်းသော် လည်း ဝယ်သူရှားကာ စိတ်ဝင်စားသူ မရှိသလောက်ဖြစ်နေကြောင်း သိရသည်။
မန္တလေးမြို့တွင် ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီ ၈ ရက် အထိကာလအတွင်း ပျမ်းမျှတစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ်နှုန်းဖြင့် ငလျင်လှုပ်ခတ်မှုကြုံနေရပြီး မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ငလျင်သတင်းများအရ ယနေ့အထိ မန္တလေးငလျင်ကြီး၏နောက်ဆက်တွဲငလျင် (၂၇၅)ကြိမ် လှုပ်ခတ်ထားကြောင်း သိရသည်။

Zawgyi Version:
ေနာက္ဆက္တြဲငလ်င္ဒဏ္လႈပ္ခတ္မႈမ်ားႀကဳံကာ မႏၲေလးအထပ္ျမင့္တိုက္ခန္းေဈးက်ဆင္းလ်က္ရွိေန
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ -၁၂
မႏၲေလးၿမိဳ႕တြင္ ယခုရက္ပိုင္းအတြင္း ေနာက္ဆက္တြဲငလ်င္ဒဏ္မ်ားေန႔စဥ္ႏွင့္အမွ် လႈပ္ခတ္ေနျခင္းေၾကာင့္ အထပ္ျမင့္တိုက္ခန္းေဈးမ်ားမွာ ဆက္တိုက္က်ဆင္းလာေနေၾကာင္း အိမ္ၿခံေျမအက်ိဳး ေဆာင္မ်ားမွ သိရသည္။
ၿပီးခဲ့သည့္ဇန္နဝါရီလကုန္ပိုင္းမွစ၍ ပ်မ္းမွ်တစ္ရက္လွ်င္ တစ္ႀကိမ္ႏႈန္းျဖင့္ ငလ်င္ဒဏ္ခံခဲ့ရၿပီးေနာက္ အထပ္ျမင့္တိုက္ခန္းမ်ားေပၚ ဆက္လက္ေနထိုင္လိုျခင္းမရွိသူအခ်ိဳ႕က ေပါက္ေဈးမွေဈးခ်ကာေရာင္းလာၾကျခင္း ျဖစ္ေၾကာင္း ၎တို႔က ဆိုသည္။
“ငလ်င္ကဆက္တိုက္လႈပ္ေနေတာ့ အထပ္ျမင့္သမားေတြ တအားဒုကၡေရာက္ၾကတယ္၊ ေန႔လည္းေန႔မို႔လို႔ ညလည္းညမို႔လို႔ အိပ္ေကာင္းျခင္းမအိပ္ရ စိတ္ေအးလက္ေအးနဲ႔မေနႏိုင္တဲ့ ဘ၀ေတြျဖစ္ကုန္တာ၊ တခ်ိဳ႕က တိုက္ခန္းေရာင္းၿပီး အစြန္အဖ်ားေနရာေလးေတြသြားေနခ်င္ၾကတယ္၊ ေပါက္ေဈးနဲ႔ေရာင္းမထြက္ေတာ့ ေဈးခ်ေရာင္းလာၾကတာ” ဟု အက်ိဳးေဆာင္တစ္ဦးက ေျပာသည္။
ယခင္က ေပါက္ေဈး (ပုံမွန္အေရာင္းအ၀ယ္ျဖစ္ေနသည့္ေဈးတန္း) က်ပ္သိန္း (၁၀၀၀)တန္ေၾကးရွိသည့္ အိမ္ရာတိုက္ခန္း တစ္ခန္းကို လက္ရွိတြင္ က်ပ္သိန္း(၈၀၀)၀န္းက်င္ျဖင့္ ေဈးခ်ေရာင္းေသာ္ လည္း ဝယ္သူရွားကာ စိတ္ဝင္စားသူ မရွိသေလာက္ျဖစ္ေနေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ ဇန္နဝါရီလ ၃၁ ရက္မွ ေဖေဖာ္ဝါရီ ၈ ရက္ အထိကာလအတြင္း ပ်မ္းမွ်တစ္ရက္လွ်င္ အနည္းဆုံး တစ္ႀကိမ္ႏႈန္းျဖင့္ ငလ်င္လႈပ္ခတ္မႈႀကဳံေနရၿပီး မိုးေလ၀သႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္သည့္ ငလ်င္သတင္းမ်ားအရ ယေန႔အထိ ေနာက္ဆက္တြဲငလ်င္ (၂၇၅)ႀကိမ္ လႈပ္ခတ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.