ကမ္ဘာ့အရေး မတည်ငြိမ်မှုများကြားမှ ရွှေဈေးကွက်၏ အနာဂတ်လားရာ (ဘာသာပြန် ဆောင်းပါး)

268

တင်ဇာ (NP News) - ဖေဖော်ဝါရီလ ၁၂
(၂၀၂၆) ခုနှစ်အစပိုင်းလမှာတင် ရွှေဈေးနှုန်းက ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးအခြေအနေ တစ်ခုဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ဇန်နဝါရီလ (၂၉)ရက်မှာ တစ်ထရိုင်အောင်စကို ဒေါ်လာ (၅၆၀ဝ)အထက်အထိထိုးတက်သွားခဲ့ပြီးနောက်မှာ တော့ ယခုအခါ ဒေါ်လာ(၄၆၀ဝ)ကျော် (ဖေဖော်ဝါရီ လ ၁ ရက်အချက်အလက်များအရ)အထိ ရုတ်တရက် ပြန်လည်ထိုးဆင်းသွားခဲ့ပါတယ်။ ရွှေဈေးဟာ ကျွမ်း ကျင်သူအများစုခန့်မှန်းထားတဲ့ နှစ်ကုန်ပိုင်းရည်မှန်းချက်ဈေးနှုန်းတွေကိုတောင် ကျော်လွန်သွားခဲ့ပြီး ဝယ်လိုအား အလွန်အမင်းများပြားခဲ့ရာကနေ ပြန်လည် ရောင်းထုတ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီလို ရောင်းထုတ်မှုတွေကြောင့် နာရီပိုင်းအတွင်းမှာတင် ရွှေဈေးကွက်တန်ဖိုး ဒေါ်လာ(၂) ထရီလျံခန့်လျော့ကျ သွားခဲ့ပါတယ်။ အခုဖြစ်ရပ်ဟာ တစ်နှစ်အတွင်း ရွှေ ဈေး(၆၅)ရာခိုင်နှုန်းကျော်အထိမြင့်တက်လာခဲ့တဲ့ ကာလရှည် ရွှေဈေးကွက်အခြေအနေမှာတော့ စိတ် လှုပ်ရှားစရာအကောင်းဆုံးအပိုင်းတစ်ခု ဖြစ်လာနိုင် ပါတယ်။
ရွှေဈေးမြင့်တက်လာရခြင်းရဲ့ အဓိကအကြောင်း ရင်းတွေကတော့ ဗဟိုဘဏ်တွေက ရွှေတွေကို အလုံး အရင်းနဲ့ ဝယ်ယူစုဆောင်းနေကြခြင်း၊ ငွေကြေးတန်ဖိုး ကျဆင်းလာခြင်း၊ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေခြင်းနဲ့ ရွှေ ETF (Exchange-Traded Funds) တွေထဲကို ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား စီးဝင်လာခြင်းတို့ကြောင့်ဖြစ်ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ တစ်ပတ်အတွင်းဖြစ်ရပ်တွေကို သုံးသပ်ကြည့် ရင်တော့ တက်နေတဲ့ရွှေဈေးဟာ အမြတ်ထုတ်လိုတဲ့ မှန်းဆချက်တွေဖြစ်လာခဲ့ပြီး နောက်ဆုံးမှာတော့ ဈေး နှုန်းတွေ အလျင်အမြန် ပြန်လည်ကျဆင်းသွားတဲ့အ ခြေအနေကို ရောက်ရှိသွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရွှေဈေးနှုန်း ဒေါ် လာ(၅ဝဝဝ)အထက် ထိုးတက်သွားခဲ့တာဟာ ဒေါ် နယ်ထရမ့်က အမေရိကန်ဗဟိုဘဏ်(Fed) ဥက္ကဋ္ဌ သစ်အဖြစ် ဘယ်သူ့ကိုခန့်အပ်မလဲဆိုတဲ့အပေါ် မရေ ရာမှုတွေကြောင့်ဖြစ်တယ်လို့ တချို့က သုံးသပ်ကြပါ တယ်။ ထရမ့်အနေနဲ့ အတိုးနှုန်းလျှော့ချဖို့ နိုင်ငံရေးဖိ အားပေးမှုကိုလိုက်လျောမယ့်သူမျိုးကိုရွေးချယ်နိုင်ပြီး အဲဒီလိုဖြစ်လာရင် ဒေါ်လာတန်ဖိုးကျဆင်းကာ ငွေ ကြေးဖောင်းပွမှု မြင့်တက်လာနိုင်တယ်လို့ ရင်းနှီးမြှုပ် နှံသူတွေကစိုးရိမ်ခဲ့ကြပါတယ်။ အဲဒီဘေးအန္တရာယ် တွေကနေကာကွယ်ဖို့ ရင်းနှီးမြှုပ်နှံသူတွေဟာ ရွှေဆီ ကို အလုံးအရင်းနဲ့ ခြေဦးလှည့်ခဲ့ကြပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ (၂၀၂၅)ခုနှစ်အတွင်းမှာ အမေရိ ကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ကုန်သွယ် ချင်ပေမယ့် ၎င်းအနေနဲ့ အဆင်မပြေဘူးလို့ယူဆတဲ့ နိုင်ငံတွေအပေါ် အခွန်တိုးမြှင့်မှုတွေချမှတ်ခဲ့တာ ကြောင့် ကမ္ဘာ့ကုန်သွယ်ရေးဟာ ပရမ်းပတာဖြစ်ခဲ့ရပါ တယ်။ ထရမ့်ရဲ့ကုန်သွယ်ရေးမူဝါဒတွေဟာ ရင်းနှီး မြှုပ်နှံသူတွေကို ဆက်လက်စိုးရိမ်ပူပန်စေပြီး ရွှေဈေး နှုန်းမြင့်တက်လာဖို့အတွက် တွန်းအားတစ်ခုဖြစ်နေစေတယ်လို့ Hargreaves Lansdown မှ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အဓိကမဟာဗျူဟာမှူး အမ်မာဝေါလ်ကပြော ပါတယ်။ ဇန်နဝါရီလအတွင်းမှာ ရွှေနဲ့ ငွေဈေးနှုန်း တွေဟာ စံချိန်တင်မြင့်တက်ခဲ့ပေမယ့် စတော့ရှယ်ယာ ဈေးနှုန်းတွေကတော့ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ထရမ့်ရဲ့ ဂရင်းလန်းကျွန်းကိုဝယ်ယူဖို့ အဆိုပြုချက်ကို ကန့်ကွက်ခဲ့တဲ့ ဥရောပ(၈)နိုင်ငံအပေါ် အခွန်အသစ် တွေထပ်တိုးမယ်ဆိုတဲ့ခြိမ်းခြောက်မှုအပေါ် ရင်းနှီး မြှုပ်နှံသူတွေက တုံ့ပြန်ခဲ့ကြတာကြောင့်ဖြစ်ပါတယ်။
ယူကရိန်းနဲ့ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေ ဟာ ယေဘုယျအားဖြင့် နိုင်ငံရေးအရ မရေရာမှုတွေ ကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ ဒါ့ပြင် အမေရိကန်က ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖမ်းဆီးလိုက် ခြင်းကလည်း ရွှေဈေးနှုန်းကို စံချိန်တင်မြင့်တက်လာ စေခဲ့ပါတယ်။ ထရမ့်ရဲ့ ဂရင်းလန်းကျွန်းနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုတွေက ကမ္ဘာ့နိုင်ငံရေးတင်းမာမှုတွေကို မြင့်တက်စေခဲ့ပြီး အမေရိကန်ဒေါ်လာအပေါ်ယုံကြည် မှုကိုထိုးကျသွားစေခဲ့ပါတယ်။ ဒါကြောင့် ရင်းနှီးမြှုပ်နှံ သူတွေဟာ ပိုမိုစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် အဖိုး တန်သတ္တုတွေဆီကို ခြေဦးလှည့်လာကြတာဖြစ်ပါ တယ်။
နောက်ပြီး ဗဟိုဘဏ်တွေက ရွှေကို အလုံးအ ရင်းနဲ့ ဝယ်ယူစုဆောင်းနေကြတာဟာ ရွှေဈေးကို မြင့် တက်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပါ တယ်။ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကမ္ဘာ့ဗဟိုဘဏ်တွေဟာ ရွှေကို သူတို့ရဲ့ အရန်ငွေကြေးအဖြစ် ရွေးချယ်လာကြ ကြောင်း၊ ဒါဟာ အမေရိကန်ရဲ့မူဝါဒတွေအပေါ် မှီခို နေရမှုကနေကင်းလွတ်စေမယ်လို့ သူတို့ကယုံကြည် ကြကြောင်း အမ်မာဝေါလ်ကဆိုပါတယ်။ ဒါပေမဲ့ ဗဟို ဘဏ်တွေဟာ (၂၀၂၂)ခုနှစ်မတိုင်ခင်ကထက် ရွှေကို ပိုဝယ်နေကြဆဲဖြစ်ပေမယ့် (၂၀၂၅) ခုနှစ်မှာတော့ ဝယ်လိုအား အနည်းငယ်ပြန်အေးသွားတယ်လို့သိရပါ တယ်။ ဒါ့ပြင် ဈေးကွက်ထဲကိုအသစ်ဝင်ရောက်လာ သူတွေကလည်း ရွှေကို အတိုင်းအဆမရှိဝယ်ယူနေ ကြတာကြောင့် အခုလို ရွှေဈေးထိုးတက်လာရတာ ဖြစ်ကြောင်းလည်းသိရပါတယ်။ ဥပမာအားဖြင့် ဒီဂျစ် တယ်ငွေကြေးကျွမ်းကျင်တဲ့ Tether ကုမ္ပဏီဟာ မကြာသေးခင်က ရွှေတွေကို အလွန်အကျွံဝယ်ယူခဲ့ ရာ သူတို့ရဲ့ ရွှေအရန်ပမာဏဟာ အချို့သောနိုင်ငံ ငယ်လေးတွေထက်တောင်ပိုများနေပြီလို့ သတင်း တွေအရသိရပါတယ်။
ဒါပေမဲ့ ထရမ့်က တခြားကိုယ်စားလှယ်လောင်း တွေနဲ့ယှဉ်ရင် ပိုပြီးစိတ်ချရတဲ့ရွေးချယ်မှုလို့ယူဆရ တဲ့ကီဗင်ဝါရှ်ကို အမေရိကန်ဗဟိုဘဏ်(Fed) ဥက္ကဋ္ဌ သစ်အဖြစ်ခန့်အပ်ဖို့ရှိတယ်ဆိုတဲ့သတင်းကြောင့် ရွှေ ဈေးကွက်အခြေအနေ ပြောင်းလဲသွားပါတယ်။ အ ကျိုးဆက်အနေနဲ့ ရွှေ၊ ငွေနဲ့ ပလက်တီနမ်ဈေးနှုန်း တွေဟာ တစ်ပြိုင်နက်တည်းကျဆင်းသွားခဲ့ပါတယ်။ သို့သော်လည်း ပထဝီနိုင်ငံရေးတင်းမာမှုတွေ၊ လက်ရှိ ချမှတ်ထားတဲ့အခွန်တွေနဲ့ ထရမ့်ဆီက ထပ်မံထွက် ပေါ်လာနိုင်တဲ့ အခွန်တိုးမြှင့်မယ့်ခြိမ်းခြောက်မှုတွေ၊ ကမ္ဘာတစ်ဝန်းကပဋိပက္ခတွေကြောင့် အဖိုးတန်သတ္တု ဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် အများကြီး မြင့်မားနေဆဲဖြစ်ပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ ပထဝီနိုင်ငံရေးတင်း မာမှုတွေ၊ အသစ်ထွက်ပေါ်လာနိုင်တဲ့ အခွန်တိုးမြှင့်မှု တွေနဲ့ ကမ္ဘာတစ်ဝန်းကပဋိပက္ခတွေကြောင့် ရွှေနဲ့ငွေ ဟာ "စိတ်ချရတဲ့ရင်းနှီးမြှုပ်နှံမှု"(Safe-haven assets) အဖြစ် ဆက်လက် ဆွဲဆောင်မှုရှိနေဆဲဖြစ်ပါ တယ်။ ABC Refinery ရဲ့ နိုင်ငံတကာဈေးကွက်ဆိုင်ရာအကြီးအကဲ နီကိုးလပ်စ်ဖရာပယ်ကတော့ " ရွှေ ဟာ ငွေတိုက်စာချုပ်တွေလို တခြားသူတွေအပေါ် မှီခို နေတာမျိုးမဟုတ်သလို စတော့ရှယ်ယာတွေလို ကုမ္ပ ဏီတစ်ခုရဲ့ ဘဏ္ဍာရေးတည်ငြိမ်မှုအပေါ်မှာလည်း မူတည်မနေပါဘူး။ ကမ္ဘာ့အခြေအနေ မရေမရာဖြစ်နေ ချိန်မှာ ရွှေဟာ ထိရောက်ပြီးခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်နေဆဲပါ " လို့ဆိုပါတယ်။
ရွှေရဲ့ရှားပါးမှုက လူသားတွေရဲ့စိတ်ဝင်စားမှုကို အမြဲတမ်းတိုးစေပါတယ်။ ကမ္ဘာ့ရွှေကောင်စီအရ ယနေ့အထိတူးဖော်ပြီးသမျှရွှေပမာဏဟာ တန်ချိန် (၂၁၆ယ၂၆၅)တန်ခန့်ရှိပြီး ဒါဟာ အိုလံပစ်အဆင့်မီ ရေကူးကန်(၃)ကန်ကနေ (၄)ကန်စာကို အပြည့်ဖြည့် နိုင်တဲ့ပမာဏဖြစ်ပါတယ်။ အဲဒီရွှေအများစုကို တူး ဖော်ရေးနည်းပညာတွေတိုးတက်လာပြီး ရွှေသိုက်အ သစ်တွေ တွေ့ရှိခဲ့တဲ့ (၁၉၅၀)ပြည့်နှစ်နောက်ပိုင်းမှာ တူးဖော်ခဲ့ကြတာပါ။ အမေရိကန် ဘူမိဗေဒလေ့လာ ရေးအဖွဲ့(USGS) ရဲ့ခန့်မှန်းချက်အရ မြေအောက်မှာ ရွှေတန်ချိန် (၆၄ယဝဝဝ)တန်ခန့်ကျန်ရှိနေပါသေး တယ်။ လာမယ့်နှစ်တွေမှာ ရွှေထုတ်လုပ်မှုဟာ တည် ငြိမ်သွားနိုင်တယ်လို့ခန့်မှန်းရပေမယ့် ကမ္ဘာ့မတည် ငြိမ်မှုတွေမြင့်တက်လာရင် ဈေးနှုန်းတွေက ပိုပြီး မြင့် တက်လာနိုင်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာ တစ်အောင်စကို ဒေါ်လာ (၅၆၀ဝ)အထိ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် ဒေါ် လာ(၄ယ၆၀ဝ)ဝန်းကျင်ကို ပြန်လည်ထိုးဆင်းသွားတဲ့ ရုတ်ချည်းအပြောင်းအလဲဟာ မြန်မာ့ရွှေဈေးကွက်အ ပေါ်ကိုလည်း သိသိသာသာ ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါ တယ်။ ကမ္ဘာ့ရွှေဈေးအတက်ကြမ်းခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းမှာ ပြည်တွင်းရွှေဈေးကလည်းလိုက်တက် ခဲ့ပြီး အရောင်းအဝယ်လုပ်သူတွေကြား စိုးရိမ်စိတ်နဲ့ အရောင်းအဝယ်လုပ်နေရတဲ့အနေအထားမျိုးရှိခဲ့ပါ တယ်။ ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးပြန်ကျလာတဲ့အခါမှာ တော့ မြန်မာ့ဈေးကွက်မှာ ဈေးနှုန်းအေးသွားတာထက် ဈေးကွက်ကိုစောင့်ကြည့်တဲ့အခြေအနေကို ပိုရောက် သွားပါတယ်။ ဒါ့ပြင် ပြည်တွင်းမှာ ဒေါ်လာဈေးတက် နေတာက ရွှေဈေးကို သိသိသာသာပြန်မကျစေဘဲ တန့်နေစေတဲ့ အဓိကအချက်ဖြစ်လာပါတယ်။
လက်ရှိ မြန်မာ့ရွှေဈေးကွက်အတွင်းက ရွှေဈေး နှုန်းဟာ ကမ္ဘာ့ရွှေဈေးတစ်ခုတည်းအပေါ်မှာတင်မူ တည်တာမဟုတ်ဘဲ ပြည်တွင်းငွေကြေးဖောင်းပွမှုနဲ့ ဒေါ်လာဈေးမတည်ငြိမ်မှုတွေအပေါ်မှာလည်း အများ ကြီးမှီခိုနေရပါတယ်။ ကမ္ဘာတစ်ဝန်းမှာ ပထဝီနိုင်ငံရေး တင်းမာမှုတွေနဲ့ ထရမ့်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေ ကြောင့် စိုးရိမ်မှုတွေရှိနေတာက မြန်မာပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ရွှေကို စိတ်ချရတဲ့ပိုင် ဆိုင်မှုအဖြစ် ဆက်လက်သတ်မှတ်စေပြီး ဝယ်လိုအား ကိုမြင့်တက်စေပါတယ်။ သို့သော်လည်း ကမ္ဘာ့ရွှေဈေး ကွက်မှာ နာရီပိုင်းအတွင်း ဒေါ်လာ (၂) ထရီလျံခန့် တန်ဖိုးလျော့သွားတဲ့ဖြစ်ရပ်ဟာ ပြည်တွင်းရွှေကုန် သည်ကြီးတွေနဲ့ လက်လီဝယ်သူတွေအတွက် သတိ ပေးခေါင်းလောင်းသံဖြစ်ခဲ့ပြီး ဈေးနှုန်းအတက်အကျ မြန်လွန်းတာကြောင့် တချို့ကတော့ အရောင်းအဝယ် ကိုခေတ္တရပ်ပြီး အခြေအနေကိုစောင့်ကြည့်နေကြပါ တယ်။
နိဂုံးချုပ်ပြောရရင် လတ်တလောမှာတော့ ရွှေ ဈေးဟာ ဈေးနှုန်းပြန်လည်ထိန်းညှိတဲ့ကာလ (Consolidation Period) ကိုရောက်နေတာကြောင့် အ တက်အကျ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။ သို့ သော်လည်း ရေရှည်အနေအထားအရကြည့်ရင် နိုင်ငံ တကာတင်းမာမှုတွေဆက်ရှိနေသရွေ့ ရွှေဈေးဟာ မြင့်မားတဲ့အနေအထားမှာပဲရှိနေပါလိမ့်မယ်။ ထို့အ တူ မြန်မာ့ရွှေဈေးကွက်ဟာ ကမ္ဘာ့ရွှေဈေးရဲ့ အနိမ့်အ မြင့်ဂယက်ကို တိုက်ရိုက်ခံစားနေရပေမယ့် ပြည် တွင်းစီးပွားရေးအချက်အလက်တွေနဲ့ ဒေါ်လာလဲ လှယ်နှုန်းဖိအားတွေကြောင့် ဈေးနှုန်းတည်ငြိမ်ဖို့ ခက်ခဲနေဆဲဖြစ်ပါလိမ့်မယ်။ ရွှေရဲ့ ရှားပါးတဲ့သဘော သဘာဝနဲ့ ကမ္ဘာ့အရေးမတည်ငြိမ်မှုတွေကြောင့် ရေ ရှည်မှာတော့ ရွှေဈေးက အားကောင်းနေနိုင်ပေမယ့် လတ်တလောဖြစ်နေတဲ့ လျင်မြန်တဲ့ ဈေးနှုန်းအတက် အကျတွေကြောင့် မြန်မာ့ရွှေရင်းနှီးမြှုပ်နှံသူတွေအ နေနဲ့ ကမ္ဘာ့နိုင်ငံရေးသတင်းတွေနဲ့ ဒေါ်လာဈေးအ ပြောင်းအလဲတွေကို အမြဲမပြတ်နားစွင့်ပြီး သတိကြီး ကြီးထား အရောင်းအဝယ်လုပ်နေကြရတဲ့အခြေအ နေမှာရှိနေပါတယ်။
ကိုးကား
• https://economictimes.indiatimes.com/news/international/ us/why-is-gold-price-falling-below-5000-mark-and-will-it-rise-again-or-continue-to-dip-gold-price-drop-explained-heres-what-should-investors-do-now-global-markets/articleshow/ 127798984.cms¿from=mdr
• https://www.bbc.com/news/articles/c87r2700dq8o
• https://www.afr.com/markets/commodities/going-for-gold-or-the-whiff-of-a-bubble-20260131-p5nyhh

Zawgyi Version:
ကမာၻ႔အေရး မတည္ၿငိမ္မႈမ်ားၾကားမွ ေ႐ႊေဈးကြက္၏ အနာဂတ္လားရာ
(ဘာသာျပန္ ေဆာင္းပါး)
တင္ဇာ (NP News) - ေဖေဖာ္ဝါရီလ ၁၂
(၂၀၂၆) ခုႏွစ္အစပိုင္းလမွာတင္ ေ႐ႊေဈးႏႈန္းက ရင္ခုန္စိတ္လႈပ္ရွားစရာအေကာင္းဆုံးအေျခအေန တစ္ခုျဖစ္ခဲ့ပါတယ္။ ကမာၻ႔ေ႐ႊေဈးဟာ ဇန္နဝါရီလ (၂၉)ရက္မွာ တစ္ထ႐ိုင္ေအာင္စကို ေဒၚလာ (၅၆၀ဝ)အထက္အထိထိုးတက္သြားခဲ့ၿပီးေနာက္မွာ ေတာ့ ယခုအခါ ေဒၚလာ(၄၆၀ဝ)ေက်ာ္ (ေဖေဖာ္ဝါရီ လ ၁ ရက္အခ်က္အလက္မ်ားအရ)အထိ ႐ုတ္တရက္ ျပန္လည္ထိုးဆင္းသြားခဲ့ပါတယ္။ ေ႐ႊေဈးဟာ ကြၽမ္း က်င္သူအမ်ားစုခန႔္မွန္းထားတဲ့ ႏွစ္ကုန္ပိုင္းရည္မွန္းခ်က္ေဈးႏႈန္းေတြကိုေတာင္ ေက်ာ္လြန္သြားခဲ့ၿပီး ဝယ္လိုအား အလြန္အမင္းမ်ားျပားခဲ့ရာကေန ျပန္လည္ ေရာင္းထုတ္မႈေတြျဖစ္ေပၚလာခဲ့ပါတယ္။ အဲဒီလို ေရာင္းထုတ္မႈေတြေၾကာင့္ နာရီပိုင္းအတြင္းမွာတင္ ေ႐ႊေဈးကြက္တန္ဖိုး ေဒၚလာ(၂) ထရီလ်ံခန႔္ေလ်ာ့က် သြားခဲ့ပါတယ္။ အခုျဖစ္ရပ္ဟာ တစ္ႏွစ္အတြင္း ေ႐ႊ ေဈး(၆၅)ရာခိုင္ႏႈန္းေက်ာ္အထိျမင့္တက္လာခဲ့တဲ့ ကာလရွည္ ေ႐ႊေဈးကြက္အေျခအေနမွာေတာ့ စိတ္ လႈပ္ရွားစရာအေကာင္းဆုံးအပိုင္းတစ္ခု ျဖစ္လာႏိုင္ ပါတယ္။
ေ႐ႊေဈးျမင့္တက္လာရျခင္းရဲ႕ အဓိကအေၾကာင္း ရင္းေတြကေတာ့ ဗဟိုဘဏ္ေတြက ေ႐ႊေတြကို အလုံး အရင္းနဲ႔ ဝယ္ယူစုေဆာင္းေနၾကျခင္း၊ ေငြေၾကးတန္ဖိုး က်ဆင္းလာျခင္း၊ ပထဝီႏိုင္ငံေရး မတည္ၿငိမ္မႈေတြ ျဖစ္ေပၚေနျခင္းနဲ႔ ေ႐ႊ ETF (Exchange-Traded Funds) ေတြထဲကို ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အမ်ားအျပား စီးဝင္လာျခင္းတို႔ေၾကာင့္ျဖစ္ပါတယ္။ သို႔ေသာ္လည္း ၿပီးခဲ့တဲ့ တစ္ပတ္အတြင္းျဖစ္ရပ္ေတြကို သုံးသပ္ၾကည့္ ရင္ေတာ့ တက္ေနတဲ့ေ႐ႊေဈးဟာ အျမတ္ထုတ္လိုတဲ့ မွန္းဆခ်က္ေတြျဖစ္လာခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေဈး ႏႈန္းေတြ အလ်င္အျမန္ ျပန္လည္က်ဆင္းသြားတဲ့အ ေျခအေနကို ေရာက္ရွိသြားတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ေ႐ႊေဈးႏႈန္း ေဒၚ လာ(၅ဝဝဝ)အထက္ ထိုးတက္သြားခဲ့တာဟာ ေဒၚ နယ္ထရမ့္က အေမရိကန္ဗဟိုဘဏ္(Fed) ဥကၠ႒ သစ္အျဖစ္ ဘယ္သူ႔ကိုခန႔္အပ္မလဲဆိုတဲ့အေပၚ မေရ ရာမႈေတြေၾကာင့္ျဖစ္တယ္လို႔ တခ်ိဳ႕က သုံးသပ္ၾကပါ တယ္။ ထရမ့္အေနနဲ႔ အတိုးႏႈန္းေလွ်ာ့ခ်ဖို႔ ႏိုင္ငံေရးဖိ အားေပးမႈကိုလိုက္ေလ်ာမယ့္သူမ်ိဳးကိုေ႐ြးခ်ယ္ႏိုင္ၿပီး အဲဒီလိုျဖစ္လာရင္ ေဒၚလာတန္ဖိုးက်ဆင္းကာ ေငြ ေၾကးေဖာင္းပြမႈ ျမင့္တက္လာႏိုင္တယ္လို႔ ရင္းႏွီးျမႇဳပ္ ႏွံသူေတြကစိုးရိမ္ခဲ့ၾကပါတယ္။ အဲဒီေဘးအႏၲရာယ္ ေတြကေနကာကြယ္ဖို႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ ေ႐ႊဆီ ကို အလုံးအရင္းနဲ႔ ေျခဦးလွည့္ခဲ့ၾကပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့ (၂၀၂၅)ခုႏွစ္အတြင္းမွာ အေမရိ ကန္သမၼတေဒၚနယ္ထရမ့္က အေမရိကန္နဲ႔ကုန္သြယ္ ခ်င္ေပမယ့္ ၎အေနနဲ႔ အဆင္မေျပဘူးလို႔ယူဆတဲ့ ႏိုင္ငံေတြအေပၚ အခြန္တိုးျမႇင့္မႈေတြခ်မွတ္ခဲ့တာ ေၾကာင့္ ကမာၻ႔ကုန္သြယ္ေရးဟာ ပရမ္းပတာျဖစ္ခဲ့ရပါ တယ္။ ထရမ့္ရဲ႕ကုန္သြယ္ေရးမူဝါဒေတြဟာ ရင္းႏွီး ျမႇဳပ္ႏွံသူေတြကို ဆက္လက္စိုးရိမ္ပူပန္ေစၿပီး ေ႐ႊေဈး ႏႈန္းျမင့္တက္လာဖို႔အတြက္ တြန္းအားတစ္ခုျဖစ္ေနေစတယ္လို႔ Hargreaves Lansdown မွ ရင္းႏွီးျမႇဳပ္ႏွံမႈ ဆိုင္ရာ အဓိကမဟာဗ်ဴဟာမႉး အမ္မာေဝါလ္ကေျပာ ပါတယ္။ ဇန္နဝါရီလအတြင္းမွာ ေ႐ႊနဲ႔ ေငြေဈးႏႈန္း ေတြဟာ စံခ်ိန္တင္ျမင့္တက္ခဲ့ေပမယ့္ စေတာ့ရွယ္ယာ ေဈးႏႈန္းေတြကေတာ့ က်ဆင္းသြားခဲ့ပါတယ္။ ဒါဟာ ထရမ့္ရဲ႕ ဂရင္းလန္းကြၽန္းကိုဝယ္ယူဖို႔ အဆိုျပဳခ်က္ကို ကန႔္ကြက္ခဲ့တဲ့ ဥေရာပ(၈)ႏိုင္ငံအေပၚ အခြန္အသစ္ ေတြထပ္တိုးမယ္ဆိုတဲ့ၿခိမ္းေျခာက္မႈအေပၚ ရင္းႏွီး ျမႇဳပ္ႏွံသူေတြက တုံ႔ျပန္ခဲ့ၾကတာေၾကာင့္ျဖစ္ပါတယ္။
ယူကရိန္းနဲ႔ဂါဇာေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲေတြ ဟာ ေယဘုယ်အားျဖင့္ ႏိုင္ငံေရးအရ မေရရာမႈေတြ ကို ပိုမိုဆိုး႐ြားေစခဲ့ပါတယ္။ ဒါ့ျပင္ အေမရိကန္က ဗင္နီဇြဲလားသမၼတ နီကိုးလပ္စ္မာဒူ႐ိုကို ဖမ္းဆီးလိုက္ ျခင္းကလည္း ေ႐ႊေဈးႏႈန္းကို စံခ်ိန္တင္ျမင့္တက္လာ ေစခဲ့ပါတယ္။ ထရမ့္ရဲ႕ ဂရင္းလန္းကြၽန္းနဲ႔ပတ္သက္တဲ့ ၿခိမ္းေျခာက္မႈေတြက ကမာၻ႔ႏိုင္ငံေရးတင္းမာမႈေတြကို ျမင့္တက္ေစခဲ့ၿပီး အေမရိကန္ေဒၚလာအေပၚယုံၾကည္ မႈကိုထိုးက်သြားေစခဲ့ပါတယ္။ ဒါေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံ သူေတြဟာ ပိုမိုစိတ္ခ်ရတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈအျဖစ္ အဖိုး တန္သတၱဳေတြဆီကို ေျခဦးလွည့္လာၾကတာျဖစ္ပါ တယ္။
ေနာက္ၿပီး ဗဟိုဘဏ္ေတြက ေ႐ႊကို အလုံးအ ရင္းနဲ႔ ဝယ္ယူစုေဆာင္းေနၾကတာဟာ ေ႐ႊေဈးကို ျမင့္ တက္ေစတဲ့ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္ခဲ့ပါ တယ္။ ရင္းႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ကမာၻ႔ဗဟိုဘဏ္ေတြဟာ ေ႐ႊကို သူတို႔ရဲ႕ အရန္ေငြေၾကးအျဖစ္ ေ႐ြးခ်ယ္လာၾက ေၾကာင္း၊ ဒါဟာ အေမရိကန္ရဲ႕မူဝါဒေတြအေပၚ မွီခို ေနရမႈကေနကင္းလြတ္ေစမယ္လို႔ သူတို႔ကယုံၾကည္ ၾကေၾကာင္း အမ္မာေဝါလ္ကဆိုပါတယ္။ ဒါေပမဲ့ ဗဟို ဘဏ္ေတြဟာ (၂၀၂၂)ခုႏွစ္မတိုင္ခင္ကထက္ ေ႐ႊကို ပိုဝယ္ေနၾကဆဲျဖစ္ေပမယ့္ (၂၀၂၅) ခုႏွစ္မွာေတာ့ ဝယ္လိုအား အနည္းငယ္ျပန္ေအးသြားတယ္လို႔သိရပါ တယ္။ ဒါ့ျပင္ ေဈးကြက္ထဲကိုအသစ္ဝင္ေရာက္လာ သူေတြကလည္း ေ႐ႊကို အတိုင္းအဆမရွိဝယ္ယူေန ၾကတာေၾကာင့္ အခုလို ေ႐ႊေဈးထိုးတက္လာရတာ ျဖစ္ေၾကာင္းလည္းသိရပါတယ္။ ဥပမာအားျဖင့္ ဒီဂ်စ္ တယ္ေငြေၾကးကြၽမ္းက်င္တဲ့ Tether ကုမၸဏီဟာ မၾကာေသးခင္က ေ႐ႊေတြကို အလြန္အကြၽံဝယ္ယူခဲ့ ရာ သူတို႔ရဲ႕ ေ႐ႊအရန္ပမာဏဟာ အခ်ိဳ႕ေသာႏိုင္ငံ ငယ္ေလးေတြထက္ေတာင္ပိုမ်ားေနၿပီလို႔ သတင္း ေတြအရသိရပါတယ္။
ဒါေပမဲ့ ထရမ့္က တျခားကိုယ္စားလွယ္ေလာင္း ေတြနဲ႔ယွဥ္ရင္ ပိုၿပီးစိတ္ခ်ရတဲ့ေ႐ြးခ်ယ္မႈလို႔ယူဆရ တဲ့ကီဗင္ဝါရွ္ကို အေမရိကန္ဗဟိုဘဏ္(Fed) ဥကၠ႒ သစ္အျဖစ္ခန႔္အပ္ဖို႔ရွိတယ္ဆိုတဲ့သတင္းေၾကာင့္ ေ႐ႊ ေဈးကြက္အေျခအေန ေျပာင္းလဲသြားပါတယ္။ အ က်ိဳးဆက္အေနနဲ႔ ေ႐ႊ၊ ေငြနဲ႔ ပလက္တီနမ္ေဈးႏႈန္း ေတြဟာ တစ္ၿပိဳင္နက္တည္းက်ဆင္းသြားခဲ့ပါတယ္။ သို႔ေသာ္လည္း ပထဝီႏိုင္ငံေရးတင္းမာမႈေတြ၊ လက္ရွိ ခ်မွတ္ထားတဲ့အခြန္ေတြနဲ႔ ထရမ့္ဆီက ထပ္မံထြက္ ေပၚလာႏိုင္တဲ့ အခြန္တိုးျမႇင့္မယ့္ၿခိမ္းေျခာက္မႈေတြ၊ ကမာၻတစ္ဝန္းကပဋိပကၡေတြေၾကာင့္ အဖိုးတန္သတၱဳ ေဈးႏႈန္းေတြဟာ ၿပီးခဲ့တဲ့ႏွစ္ အလားတူကာလနဲ႔ ႏႈိင္းယွဥ္ရင္ အမ်ားႀကီး ျမင့္မားေနဆဲျဖစ္ပါတယ္။
ဆက္လက္ျဖစ္ပြားေနတဲ့ ပထဝီႏိုင္ငံေရးတင္း မာမႈေတြ၊ အသစ္ထြက္ေပၚလာႏိုင္တဲ့ အခြန္တိုးျမႇင့္မႈ ေတြနဲ႔ ကမာၻတစ္ဝန္းကပဋိပကၡေတြေၾကာင့္ ေ႐ႊနဲ႔ေငြ ဟာ "စိတ္ခ်ရတဲ့ရင္းႏွီးျမႇဳပ္ႏွံမႈ"(Safe-haven assets) အျဖစ္ ဆက္လက္ ဆြဲေဆာင္မႈရွိေနဆဲျဖစ္ပါ တယ္။ ABC Refinery ရဲ႕ ႏိုင္ငံတကာေဈးကြက္ဆိုင္ရာအႀကီးအကဲ နီကိုးလပ္စ္ဖရာပယ္ကေတာ့ " ေ႐ႊ ဟာ ေငြတိုက္စာခ်ဳပ္ေတြလို တျခားသူေတြအေပၚ မွီခို ေနတာမ်ိဳးမဟုတ္သလို စေတာ့ရွယ္ယာေတြလို ကုမၸ ဏီတစ္ခုရဲ႕ ဘ႑ာေရးတည္ၿငိမ္မႈအေပၚမွာလည္း မူတည္မေနပါဘူး။ ကမာၻ႔အေျခအေန မေရမရာျဖစ္ေန ခ်ိန္မွာ ေ႐ႊဟာ ထိေရာက္ၿပီးခိုင္မာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ျဖစ္ေနဆဲပါ " လို႔ဆိုပါတယ္။
ေ႐ႊရဲ႕ရွားပါးမႈက လူသားေတြရဲ႕စိတ္ဝင္စားမႈကို အၿမဲတမ္းတိုးေစပါတယ္။ ကမာၻ႔ေ႐ႊေကာင္စီအရ ယေန႔အထိတူးေဖာ္ၿပီးသမွ်ေ႐ႊပမာဏဟာ တန္ခ်ိန္ (၂၁၆ယ၂၆၅)တန္ခန႔္ရွိၿပီး ဒါဟာ အိုလံပစ္အဆင့္မီ ေရကူးကန္(၃)ကန္ကေန (၄)ကန္စာကို အျပည့္ျဖည့္ ႏိုင္တဲ့ပမာဏျဖစ္ပါတယ္။ အဲဒီေ႐ႊအမ်ားစုကို တူး ေဖာ္ေရးနည္းပညာေတြတိုးတက္လာၿပီး ေ႐ႊသိုက္အ သစ္ေတြ ေတြ႕ရွိခဲ့တဲ့ (၁၉၅၀)ျပည့္ႏွစ္ေနာက္ပိုင္းမွာ တူးေဖာ္ခဲ့ၾကတာပါ။ အေမရိကန္ ဘူမိေဗဒေလ့လာ ေရးအဖြဲ႕(USGS) ရဲ႕ခန႔္မွန္းခ်က္အရ ေျမေအာက္မွာ ေ႐ႊတန္ခ်ိန္ (၆၄ယဝဝဝ)တန္ခန႔္က်န္ရွိေနပါေသး တယ္။ လာမယ့္ႏွစ္ေတြမွာ ေ႐ႊထုတ္လုပ္မႈဟာ တည္ ၿငိမ္သြားႏိုင္တယ္လို႔ခန႔္မွန္းရေပမယ့္ ကမာၻ႔မတည္ ၿငိမ္မႈေတြျမင့္တက္လာရင္ ေဈးႏႈန္းေတြက ပိုၿပီး ျမင့္ တက္လာႏိုင္ပါတယ္။
ကမာၻ႔ေ႐ႊေဈးကြက္မွာ တစ္ေအာင္စကို ေဒၚလာ (၅၆၀ဝ)အထိ စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီးေနာက္ ေဒၚ လာ(၄ယ၆၀ဝ)ဝန္းက်င္ကို ျပန္လည္ထိုးဆင္းသြားတဲ့ ႐ုတ္ခ်ည္းအေျပာင္းအလဲဟာ ျမန္မာ့ေ႐ႊေဈးကြက္အ ေပၚကိုလည္း သိသိသာသာ ႐ိုက္ခတ္မႈေတြ ရွိလာခဲ့ပါ တယ္။ ကမာၻ႔ေ႐ႊေဈးအတက္ၾကမ္းခဲ့တဲ့ ဇန္နဝါရီလ ေႏွာင္းပိုင္းမွာ ျပည္တြင္းေ႐ႊေဈးကလည္းလိုက္တက္ ခဲ့ၿပီး အေရာင္းအဝယ္လုပ္သူေတြၾကား စိုးရိမ္စိတ္နဲ႔ အေရာင္းအဝယ္လုပ္ေနရတဲ့အေနအထားမ်ိဳးရွိခဲ့ပါ တယ္။ ဒါေပမဲ့ ကမာၻ႔ေ႐ႊေဈးျပန္က်လာတဲ့အခါမွာ ေတာ့ ျမန္မာ့ေဈးကြက္မွာ ေဈးႏႈန္းေအးသြားတာထက္ ေဈးကြက္ကိုေစာင့္ၾကည့္တဲ့အေျခအေနကို ပိုေရာက္ သြားပါတယ္။ ဒါ့ျပင္ ျပည္တြင္းမွာ ေဒၚလာေဈးတက္ ေနတာက ေ႐ႊေဈးကို သိသိသာသာျပန္မက်ေစဘဲ တန႔္ေနေစတဲ့ အဓိကအခ်က္ျဖစ္လာပါတယ္။
လက္ရွိ ျမန္မာ့ေ႐ႊေဈးကြက္အတြင္းက ေ႐ႊေဈး ႏႈန္းဟာ ကမာၻ႔ေ႐ႊေဈးတစ္ခုတည္းအေပၚမွာတင္မူ တည္တာမဟုတ္ဘဲ ျပည္တြင္းေငြေၾကးေဖာင္းပြမႈနဲ႔ ေဒၚလာေဈးမတည္ၿငိမ္မႈေတြအေပၚမွာလည္း အမ်ား ႀကီးမွီခိုေနရပါတယ္။ ကမာၻတစ္ဝန္းမွာ ပထဝီႏိုင္ငံေရး တင္းမာမႈေတြနဲ႔ ထရမ့္ရဲ႕ ကုန္သြယ္ေရးမူဝါဒေတြ ေၾကာင့္ စိုးရိမ္မႈေတြရွိေနတာက ျမန္မာျပည္တြင္းက ရင္းႏွီးျမႇဳပ္ႏွံသူေတြကိုလည္း ေ႐ႊကို စိတ္ခ်ရတဲ့ပိုင္ ဆိုင္မႈအျဖစ္ ဆက္လက္သတ္မွတ္ေစၿပီး ဝယ္လိုအား ကိုျမင့္တက္ေစပါတယ္။ သို႔ေသာ္လည္း ကမာၻ႔ေ႐ႊေဈး ကြက္မွာ နာရီပိုင္းအတြင္း ေဒၚလာ (၂) ထရီလ်ံခန႔္ တန္ဖိုးေလ်ာ့သြားတဲ့ျဖစ္ရပ္ဟာ ျပည္တြင္းေ႐ႊကုန္ သည္ႀကီးေတြနဲ႔ လက္လီဝယ္သူေတြအတြက္ သတိ ေပးေခါင္းေလာင္းသံျဖစ္ခဲ့ၿပီး ေဈးႏႈန္းအတက္အက် ျမန္လြန္းတာေၾကာင့္ တခ်ိဳ႕ကေတာ့ အေရာင္းအဝယ္ ကိုေခတၱရပ္ၿပီး အေျခအေနကိုေစာင့္ၾကည့္ေနၾကပါ တယ္။
နိဂုံးခ်ဳပ္ေျပာရရင္ လတ္တေလာမွာေတာ့ ေ႐ႊ ေဈးဟာ ေဈးႏႈန္းျပန္လည္ထိန္းညႇိတဲ့ကာလ (Consolidation Period) ကိုေရာက္ေနတာေၾကာင့္ အ တက္အက် ဆက္လက္ရွိေနဦးမွာျဖစ္ပါတယ္။ သို႔ ေသာ္လည္း ေရရွည္အေနအထားအရၾကည့္ရင္ ႏိုင္ငံ တကာတင္းမာမႈေတြဆက္ရွိေနသေ႐ြ႕ ေ႐ႊေဈးဟာ ျမင့္မားတဲ့အေနအထားမွာပဲရွိေနပါလိမ့္မယ္။ ထို႔အ တူ ျမန္မာ့ေ႐ႊေဈးကြက္ဟာ ကမာၻ႔ေ႐ႊေဈးရဲ႕ အနိမ့္အ ျမင့္ဂယက္ကို တိုက္႐ိုက္ခံစားေနရေပမယ့္ ျပည္ တြင္းစီးပြားေရးအခ်က္အလက္ေတြနဲ႔ ေဒၚလာလဲ လွယ္ႏႈန္းဖိအားေတြေၾကာင့္ ေဈးႏႈန္းတည္ၿငိမ္ဖို႔ ခက္ခဲေနဆဲျဖစ္ပါလိမ့္မယ္။ ေ႐ႊရဲ႕ ရွားပါးတဲ့သေဘာ သဘာဝနဲ႔ ကမာၻ႔အေရးမတည္ၿငိမ္မႈေတြေၾကာင့္ ေရ ရွည္မွာေတာ့ ေ႐ႊေဈးက အားေကာင္းေနႏိုင္ေပမယ့္ လတ္တေလာျဖစ္ေနတဲ့ လ်င္ျမန္တဲ့ ေဈးႏႈန္းအတက္ အက်ေတြေၾကာင့္ ျမန္မာ့ေ႐ႊရင္းႏွီးျမႇဳပ္ႏွံသူေတြအ ေနနဲ႔ ကမာၻ႔ႏိုင္ငံေရးသတင္းေတြနဲ႔ ေဒၚလာေဈးအ ေျပာင္းအလဲေတြကို အၿမဲမျပတ္နားစြင့္ၿပီး သတိႀကီး ႀကီးထား အေရာင္းအဝယ္လုပ္ေနၾကရတဲ့အေျခအ ေနမွာရွိေနပါတယ္။
ကိုးကား
• https://economictimes.indiatimes.com/news/international/ us/why-is-gold-price-falling-below-5000-mark-and-will-it-rise-again-or-continue-to-dip-gold-price-drop-explained-heres-what-should-investors-do-now-global-markets/articleshow/ 127798984.cms¿from=mdr
• https://www.bbc.com/news/articles/c87r2700dq8o
• https://www.afr.com/markets/commodities/going-for-gold-or-the-whiff-of-a-bubble-20260131-p5nyhh