Buldakခေါက်ဆွဲအမှတ်တံဆိပ်၏ မော်ဒယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် BOYNEXTDOORအဖွဲ့

84

Pika (NP News) - ဖေဖော်ဝါရီလ ၁၂
တောင်ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ BOYNEXTDOORသည် ကမ္ဘာတစ်ဝှမ်းတွင်ရေပန်းစားနေသည့် Buldakခေါက်ဆွဲအမှတ်တံဆိပ်၏ မော်ဒယ်အဖွဲ့အဖြစ် ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။ Buldakအမှတ်တံဆိပ်၏ ကမ္ဘာလုံးဆိုင်ရာ ကမ်ပိန်းအသစ် “Hotter Than My EX” အတွက် BOYNEXTDOORအဖွဲ့ကို မော်ဒယ်အဖြစ် ရွေးချယ်ခဲ့ကြောင်း Samyang Foods ကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။ Samyang Foods ကုမ္ပဏီ၏အဆိုအရ BOYNEXTDOORအဖွဲ့၏ ရိုးသားမှုနှင့် စတိုင်ကျသော အာရုံခံစားမှုများသည် “Hotter Than My EX”ကမ်းပိန်းအတွက် အသင့်လျော်ဆုံးဖြစ်သောကြောင့် ၎င်းတို့ကိုမော်ဒယ်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Samyang Foods ကုမ္ပဏီက” BOYNEXTDOORအဖွဲ့ဟာ ရိုးသားပြီး စတိုင်ကျတာကြောင့် ပရိသတ်အများအပြားရဲ့ ချစ်ခင်အားပေးမှုကို အမြဲတမ်းရရှိခဲ့တာပါ။ပြီးတော့ သူတို့ရဲ့ထူးခြားတဲ့ဆွဲဆောင်မှုက “Hotter Than My EX”ကမ်းပိန်းအတွက် အကိုက်ညီဆုံးပဲဖြစ်ပါတယ်။”ဟုပြောဆိုခဲ့သည်။“Hotter Than My EX”ဆိုသည့် အဓိပ္ပါယ်က ယင်းခေါက်ဆွဲ၏ ထူးခြားသည့်အစပ်အရသာမှာ ချစ်သူဟောင်းထက်ပင်ပိုပြီး ပြင်းထန်သည်ဆိုသည့်အဓိပ္ပါယ်မျိုးဖြစ်ကြောင်း Samyang Foods ကုမ္ပဏီကရှင်းပြပြောဆိုခဲ့သည်။

Zawgyi Version:
Buldakေခါက္ဆြဲအမွတ္တံဆိပ္၏ ေမာ္ဒယ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရသည့္ BOYNEXTDOORအဖြဲ႕
Pika (NP News) - ေဖေဖာ္ဝါရီလ ၁၂
ေတာင္ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕ BOYNEXTDOORသည္ ကမာၻတစ္ဝွမ္းတြင္ေရပန္းစားေနသည့္ Buldakေခါက္ဆြဲအမွတ္တံဆိပ္၏ ေမာ္ဒယ္အဖြဲ႕အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရေၾကာင္းသိရသည္။ Buldakအမွတ္တံဆိပ္၏ ကမာၻလုံးဆိုင္ရာ ကမ္ပိန္းအသစ္ “Hotter Than My EX” အတြက္ BOYNEXTDOORအဖြဲ႕ကို ေမာ္ဒယ္အျဖစ္ ေ႐ြးခ်ယ္ခဲ့ေၾကာင္း Samyang Foods ကုမၸဏီက ထုတ္ျပန္ေၾကညာခဲ့သည္။ Samyang Foods ကုမၸဏီ၏အဆိုအရ BOYNEXTDOORအဖြဲ႕၏ ႐ိုးသားမႈႏွင့္ စတိုင္က်ေသာ အာ႐ုံခံစားမႈမ်ားသည္ “Hotter Than My EX”ကမ္းပိန္းအတြက္ အသင့္ေလ်ာ္ဆုံးျဖစ္ေသာေၾကာင့္ ၎တို႔ကိုေမာ္ဒယ္အျဖစ္ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ Samyang Foods ကုမၸဏီက” BOYNEXTDOORအဖြဲ႕ဟာ ႐ိုးသားၿပီး စတိုင္က်တာေၾကာင့္ ပရိသတ္အမ်ားအျပားရဲ႕ ခ်စ္ခင္အားေပးမႈကို အၿမဲတမ္းရရွိခဲ့တာပါ။ၿပီးေတာ့ သူတို႔ရဲ႕ထူးျခားတဲ့ဆြဲေဆာင္မႈက “Hotter Than My EX”ကမ္းပိန္းအတြက္ အကိုက္ညီဆုံးပဲျဖစ္ပါတယ္။”ဟုေျပာဆိုခဲ့သည္။“Hotter Than My EX”ဆိုသည့္ အဓိပၸါယ္က ယင္းေခါက္ဆြဲ၏ ထူးျခားသည့္အစပ္အရသာမွာ ခ်စ္သူေဟာင္းထက္ပင္ပိုၿပီး ျပင္းထန္သည္ဆိုသည့္အဓိပၸါယ္မ်ိဳးျဖစ္ေၾကာင္း Samyang Foods ကုမၸဏီကရွင္းျပေျပာဆိုခဲ့သည္။