Stranger Things ဇာတ်လမ်းနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းအများဆုံးစုဆောင်းမှု ဂင်းနစ်စံချိန်ရရှိခဲ့သည့် အမေရိကန်အမျိုးသား

 209

Pika (NP News) - ဖေဖော်ဝါရီလ ၁၂
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှ အမျိုးသားတစ်ဦးသည် Stranger Things ရုပ်ရှင်ဇာတ်လမ်းတွဲနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းများစွာကို စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ Chandlerမြို့တွင်နေထိုင်သည့် ဂျိုဝီအာဗာလိုဆိုသည့်အမျိုးသားသည် Stranger Thingsရုပ်ရှင်ဇာတ်လမ်းတွဲနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းများ အများဆုံးစုဆောင်းမှုအတွက် ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဂျိုဝီအာဗာလိုသည် Stranger Thingsဇာတ်လမ်းတွဲနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းစုစုပေါင်း (၂၃၀၁)ခုအထိ စုဆောင်းနိုင်ခဲ့ပြီးနောက် ယင်းကဲ့သို့ဂင်းနစ်စံချိန်ရရှိခဲ့ခြင်းဖြစ်သည်။ဂျိုဝီအာဗာလိုက” Stranger Thingsဇာတ်လမ်းတွဲ စထွက်တဲ့အချိန်တည်းက ကျွန်တော့်စုဆောင်းမှုကို စတင်လုပ်ဆောင်ခဲ့တာပါ။ပြီးတော့ ကျွန်တော်က Stranger Thingsဇာတ်လမ်းတွဲကိုကြိုက်တဲ့ ပရိသတ်တစ်ဦးဖြစ်နေတော့ ဒီလိုမျိုးပစ္စည်းတွေစုဆောင်းတာက ပိုပြီးလွယ်ကူအဆင်ပြေခဲ့ပါတယ်။”ဟုပြောဆိုခဲ့သည်။ထို့ပြင် Stranger Thingsဇာတ်လမ်းတွဲနှင့်ပတ်သက်သည့် အမှတ်တရပစ္စည်းများကို လက်ရှိအရေအတွက်ထက်ပိုမိုများပြားလာအောင် ဆက်လက်စုဆောင်းနေကြောင်း ဂျိုဝီအာဗာလိုက ပြောကြားခဲ့သည်။ဂျိုဝီအာဗာလိုက”ကျွန်တော်ရဲ့စုဆောင်းမှုတွေက ရပ်တန့်သွားမှာမဟုတ်ပါဘူး။ Stranger Thingsနဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေကို ကျွန်တော်ဆက်လက်စုဆောင်းသွားမှာပါ။”ဟုပြောဆိုခဲ့သည်။

Zawgyi Version:
Stranger Things ဇာတ္လမ္းႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းအမ်ားဆုံးစုေဆာင္းမႈ ဂင္းနစ္စံခ်ိန္ရရွိခဲ့သည့္ အေမရိကန္အမ်ိဳးသား
Pika (NP News) - ေဖေဖာ္ဝါရီလ ၁၂
အေမရိကန္ႏိုင္ငံ အရီဇိုးနားျပည္နယ္မွ အမ်ိဳးသားတစ္ဦးသည္ Stranger Things ႐ုပ္ရွင္ဇာတ္လမ္းတြဲႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းမ်ားစြာကို စုေဆာင္းခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Chandlerၿမိဳ႕တြင္ေနထိုင္သည့္ ဂ်ိဳဝီအာဗာလိုဆိုသည့္အမ်ိဳးသားသည္ Stranger Things႐ုပ္ရွင္ဇာတ္လမ္းတြဲႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းမ်ား အမ်ားဆုံးစုေဆာင္းမႈအတြက္ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ဂ်ိဳဝီအာဗာလိုသည္ Stranger Thingsဇာတ္လမ္းတြဲႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းစုစုေပါင္း (၂၃၀၁)ခုအထိ စုေဆာင္းႏိုင္ခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ျခင္းျဖစ္သည္။ဂ်ိဳဝီအာဗာလိုက” Stranger Thingsဇာတ္လမ္းတြဲ စထြက္တဲ့အခ်ိန္တည္းက ကြၽန္ေတာ့္စုေဆာင္းမႈကို စတင္လုပ္ေဆာင္ခဲ့တာပါ။ၿပီးေတာ့ ကြၽန္ေတာ္က Stranger Thingsဇာတ္လမ္းတြဲကိုႀကိဳက္တဲ့ ပရိသတ္တစ္ဦးျဖစ္ေနေတာ့ ဒီလိုမ်ိဳးပစၥည္းေတြစုေဆာင္းတာက ပိုၿပီးလြယ္ကူအဆင္ေျပခဲ့ပါတယ္။”ဟုေျပာဆိုခဲ့သည္။ထို႔ျပင္ Stranger Thingsဇာတ္လမ္းတြဲႏွင့္ပတ္သက္သည့္ အမွတ္တရပစၥည္းမ်ားကို လက္ရွိအေရအတြက္ထက္ပိုမိုမ်ားျပားလာေအာင္ ဆက္လက္စုေဆာင္းေနေၾကာင္း ဂ်ိဳဝီအာဗာလိုက ေျပာၾကားခဲ့သည္။ဂ်ိဳဝီအာဗာလိုက”ကြၽန္ေတာ္ရဲ႕စုေဆာင္းမႈေတြက ရပ္တန႔္သြားမွာမဟုတ္ပါဘူး။ Stranger Thingsနဲ႔ပတ္သက္တဲ့ အမွတ္တရပစၥည္းေတြကို ကြၽန္ေတာ္ဆက္လက္စုေဆာင္းသြားမွာပါ။”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.