ရွှေဘို - မြစ်ကြီးနားခရီး (သို့မဟုတ်) ကုန်ကားတို့၏ ခရီးရှည်

 125

သုတကျော် (NP News) - ဖေဖော်ဝါရီလ ၁၃

ရွှေဘို-မြစ်ကြီးနားလမ်းသည် မြန်မာနိုင်ငံအ တွင်းမှ အရေးပါသော လမ်းမကြီးတစ်လမ်းဖြစ်သော် လည်း ယခုအခါ ယင်းလမ်းပိုင်းတွင် အဖျက်အမှောင့် လုပ်ငန်းများကိုဆောင်ရွက်နေသည့် သူပုန်တို့ရှိနေ ခြင်းနှင့်အတူ လမ်း၏အခြေအနေကား ကုန်ကားတို့ အတွက် အခက်အခဲဖြစ်စေသောလမ်းတစ်လမ်း အ ဖြစ်ကို ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
" ဘယ်သူက ပွင့်တယ်ပြောတာတုံး။ အာချောင် ပြီးလျှောက်မပြောနဲ့။ ဒီမယ် နှစ်ထပ်ကားပိတ်နေတာ တွေကို။ ပလီပလာနဲ့ လျှောက်လျှောက်ပြောမနေကြ နဲ့" ဟုဆိုလာသူက Tiktok လူမှုကွန်ရက်တွင် ဗီဒီယို ဖိုင်တင်ပြောကြားခဲ့သော ကုန်တင်ကားယာဉ်မောင်း တစ်ဦး ဖြစ်သည်။
အရှည်အားဖြင့် မိုင်ပေါင်း (၂၉၁)မိုင်ရှိပြီး ခရီး ကြာချိန်အားဖြင့် (၉)နာရီ (၅၈)မိနစ်ခန့်ကြာမြင့်မည့် ယင်းခရီးလမ်းသည် မူလက ဖြောင့်ဖြူးသာယာသော ဒေသခံအကျိုးပြုလမ်းတစ်လမ်းဖြစ်ခဲ့သည်။ ရွှေဘိုမှ မြစ်ကြီးနားသို့သွားရာတွင် ရွှေဘို-အင်းတော်- မိုး ညှင်း-ဟိုပင်-မိုးကောင်း-မြစ်ကြီးနား စသည်ဖြင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ တစ်ဖန် ကန့်ဘလူ၊ ခင်ဦး စသည်ဖြင့် မြို့များစွာနှင့်လည်း ယင်းလမ်းမကြီး ကချိတ်ဆက်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးဖြတ် သန်းသွားသော အဆိုပါလမ်းမကြီးသည် ကချင်ပြည် နယ်၏မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့အတွက် ကုန် စည် ဝင်၊ ထွက်ရာအများဆုံး လမ်းမကြီးဖြစ်သည်။ ကချင်ပြည်နယ်ထွက်ကုန်များစွာတို့သည်လည်း ကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့်အောက်ပိုင်းမှ ထွက်သောကုန်များစွာတို့သည်လည်းကောင်း ယင်း လမ်းကို ဖြတ်သန်းသွားကြသည်။
ထိုသို့ အဆင်ပြေခဲ့သော ခရီးလမ်းကြောင်းသည် နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များအပြီးတွင် လက် နက်ကိုင်တို့ရောက်လာခဲ့သည့်အတွက် စိုးရိမ်ဖွယ် ရင် သိမ့်တုန်ခရီး ဖြစ်မှန်းမသိ ဖြစ်ခဲ့သည်။ ဥပဒေထိန်း ချုပ်မှုအောက်တွင်မရှိသော လက်နက်ကိုင်တို့သည် ယင်းလမ်းကို သွေးတိုးစမ်းတက်ရာမှ နောက်ပိုင်းတွင် ကြိုကြားကြိုကြားနေရာယူကာ ဂိတ်ဖွင့်ပြီး ပိုက်ဆံရှာ ခြင်းမျိုးလုပ်လာသည်။
လမ်းမကြီးပေါ်တွင်ပင် ဂိတ်ဖွင့်ကာ စစ်ဆေး သည်ဟုအမည်ခံပြီး အလှူငွေကောက်သည်ဟုဆိုကာ ဆက်ကြေးတောင်းသည်။ နွေဦးထီရောင်းပြီး ထီလက် မှတ်တစ်စောင်အတွက် ကျပ်ငွေ နှစ်သောင်းခန့်အထိ တောင်းယူခြင်းမျိုးလည်းရှိသည်။ ကုန်ကားသမားများ ဆိုလျှင် ဖြတ်သန်းခအဖြစ် သိန်းရာချီပေးကြရခြင်းမျိုး ရှိလာသည်။ လက်နက်သည် တိုက်ခိုက်ရန်အတွက်ဖြစ် ရမည့်အစား တဖြည်းဖြည်းနှင့် လက်နက်မဲ့ ပြည်သူကို ခြောက်လှန့်ရန်ပစ္စည်းတစ်ခု ဖြစ်လာသည်။
ထို့ပြင် PDF တို့ ၏ ငွေရှာနည်းနောက်တစ်နည်း မှာ တပ်မတော်ဘက်ကအသာစီးရနေသောလမ်းပိုင်း ကိုကွေ့ရှောင်ကာ ကွင်းလမ်းများကို အသုံးပြုစေခြင်း ဖြစ်သည်။ မူလခရီးထက် အဆများစွာကြာစေသော ကွင်းလမ်းများသည် ပြည်သူများအတွက် ဒုက္ခရောက် သော်လည်း ကွင်းသွားစေခဲ့သူများအတွက်အကျိုး များလှသည်။
" လမ်းပိုင်းမှာ တပ်မတော်ကအခြေပြုပြီး စိုးမိုး ထားတာဆိုရင် ကွင်းခိုင်းတာ။ စစ်ကိုင်းတိုင်းထဲဆိုရင် ရွှေဘို-မြစ်ကြီးနားလမ်းမှာဆိုရင် ရေကြည်ဦးပေါ့။ ရေကြည်ဦးက မှ မြေမွန်၊ မြေမွန်ကမှ သီရိမွန်၊ပြီးမှ လက်ပံကျွန်း၊ မှန်နီပင်ဆိုပြီး သွားထွက်တာပေါ့။ တော်တော်ဝေးတယ်။ ကွေ့ပြီးပြန်ထွက်ရတာ။ ကွင်း လမ်းကတော့ သုံးဂိတ်လောက်ပဲထားတယ်။ ကွင်း လမ်းဆိုတာ တောကြားလမ်းပေါ့"ဟု စစ်ကိုင်းတိုင်း ဒေသကြီးမှ ဒေသခံတစ်ဦးကဆိုသည်။
ကွင်းလမ်းဆိုသည်မှာ သွားရိုး၊ သွားစဉ် လမ်းကဲ့ သို့ ကတ္တရာလမ်း အခိုင်အခံ့မဟုတ်ဘဲ မြေသားလမ်း ဖြစ်ရာ ရာသီဥတုအပေါ်မူတည်ပြီး ကားများ ဗွက်နစ် ခြင်း၊ ပိတ်ခြင်းများရှိသည်။ ယင်းသို့ဖြစ်လျှင် ကွင်းခိုင်း သူတို့အတွက် ငွေရပေါက်ရလမ်း နောက်တစ်နည်း ထပ်မံပေါ်ပေါက်လာသည်။ ယင်းမှာ ကွင်းလမ်းတွင် ကားနစ်သူများအတွက် ထွန်စက်ဖြင့်ကားဆွဲရခြင်း ဖြစ်ပြီး င်္ဏီ များနှင့် လက်ဝါးချင်းရိုက်ထားခြင်းဖြစ် သည်ဟု ဒေသခံတစ်ဦးကဆိုသည်။
ယင်းလမ်းပိုင်းကို တပ်မတော်က ပြန်လည်ရရှိ ရေး ကြိုးပမ်းဆောင်ရွက်မှုများရှိခဲ့သည်။ အောင်မြင်မှု လည်းရရှိခဲ့၏။ ယခင်က ရွှေဘိုမှမြစ်ကြီးနားအထိလမ်း ပိုင်းတွင် ယခင်က လက်နက်ကိုင်တို့၏ ဂိတ်ပေါင်း (၄၀)ကျော်ခန့်ရှိခဲ့သော်လည်း ယခုတော့ တပ်မတော် ၏ထိုးစစ်ကြောင့် များစွာလျော့နည်းသွားခဲ့ပြီဖြစ် သည်။ ငွေအရသာကိုသိသော လက်နက်ကိုင်တို့က လမ်းတွင် ရှောင်တခင်ဂိတ်ဖွင့်ကာ စစ်ဆေးလိုနေ သေးသော်လည်း ယခင်ကဲ့သို့ ကျောမလုံတော့။
သို့သော် PDF များအနေဖြင့် လက်နက်ကိုင်လျှင် PDF ဖြစ်ပြီး လက်နက်ကို တစ်နေရာတွင်ဝှက်ပြီး နောက် ရွာထဲဝင်သွားလျှင် သာမန်ရွာသားဖြစ်သွားပြန် သည်။ လက်နက်ကိုင်သူပုန်တို့ဘက်က အစဉ်တစိုက် ပြောခဲ့ကြသည့် လူသားတံတိုင်းဆိုခြင်းကို PDF တို့ ကိုယ်တိုင် ကျင့်သုံးနေခြင်းဖြစ်သည်။
" ဘယ်လိုဖြစ်နေလဲဆိုတော့ တပ်ဘက်က စစ် ကြောင်းထိုးရင် ဒီကောင်တွေကဆုတ်သွားတယ်။ ပြီး ရင်ပြန်ဝင်လာတယ်။ အဲဒီလိုပုံစံမျိုးဖြစ်နေတာ"ဟု အခြား ဒေသခံတစ်ဦးကဆိုသည်။
ထို့နောက် ယင်းလမ်းပိုင်းလုံခြုံရေးနှင့်ပတ် သက်၍ တပ်မတော်က ကုန်ကားများ ဖြတ်သန်းခြင်းကို ယာယီပိတ်ထားကြောင်းသိရသည်။ တပ်မတော်ဘက် ကပိတ်သောအခါ PDF တို့ဘက်ကလည်း တစ်ကျော့ ပြန် ကုန်ကားများကို ဖြတ်သန်းခွင့်မပြုခြင်းတို့ရှိလာ သည်။ ထိုအခါ ကုန်ကားတန်းတို့သည် နှစ်ဖက်တွင် ရှိနေကြတော့သည်။
" ကားတွေကို PDF က ပိတ်တော့မယ်ဆိုရင် PDF နဲ့ပတ်သက်တဲ့သူတွေက ထမင်းတွေ၊ ဟင်း တွေ အကုန်လုံးလှောင်ထားတာ။ ရေသန့်တစ်ဘူးဆို (၄၀ဝဝ)လောက်ပေးပြီး ဝယ်သောက်ရတယ်။ အဲဒီ တော့ သူတို့ ရောင်းစရာပစ္စည်းကုန်ရင် ပြန်ဖွင့်ပေး တယ်။ သူတို့ ရောင်းစရာပစ္စည်း အများကြီးကျန်ရင် လမ်းကိုပိတ်ထားတာ။ ပြည်သူက အနာကအနာပဲ" ဟု ဒေသခံတစ်ဦးကဆိုသည်။
တပ်မတော်က လမ်းပိတ်ထားသည့်အခါ အချို့ PDF များက ကွင်းလမ်းများမှမောင်းခိုင်းခြင်းမျိုး လည်းရှိသည်။ ဆောင်းပါးတစ်နေရာတွင်ဖော်ပြထား သော ၎င်းတို့ ၏ ငွေရလွယ်သောလမ်းများဖြစ်သည်။
" အဆင်းကားတွေကတော့ သွားတယ်။ မြစ်ကြီး နားကနေ မန္တလေးကိုဆင်းတဲ့ကားတွေတော့ PDF ကခွင့်ပြုတယ်။ လွှဲဆိပ်ရဲ့တောင်ဘက်နားမှာ မှန်နီပင် ဆိုတာရှိတယ်။ မှန်နီပင်-လက်ပံကျွန်း-မြေမွန်ကနေ မှ အရှေ့ဘက်ကိုပြန်လှည့်ရတာ။ မဟာဗောဓိမြိုင် ဆရာတော်ကြီး ကျောင်းပေါက်ဝကနေဖြတ်သွားရ တာ။ အဲဒီကနေမှ စကျင်၊ စကျင်ကနေမှ တရော်ကိုင်း။ ပြီးမှ ဗျူဟာလမ်းကိုပြန်ထွက်တာ။ အဲဒီကမှ ကန့်ဘ လူနယ်ကျော်ခါနီးတော့ ကိုးပင်ကပိတ်ထားတော့ ခင်ဦးလမ်းဆုံကနေ အရှေ့ကိုပြန်ထွက်တာ။ ဒီဟာက PDF တွေရဲ့ကွင်းလမ်းပေါ့" ဟု အခြား ဒေသခံတစ်ဦး ကဆိုသည်။
လက်ရှိအနေအထားအရ နှစ်ဖက် ပေးမဖြတ် သောအခြေအနေတွင် PDF တို့က ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့သို့ဝင်မည့် ကုန်တင်ကားများကို အဝင် မခံခြင်းမျိုးရှိနေပြန်ကြောင်း ၎င်းကဆိုသည်။
" ပြီးခဲ့တဲ့ ရက်(၂၀)လောက်က ကန့်ဘလူမြို့ ပေါ်နဲ့ ကျွန်းလှမြို့ပေါ်ကိုဝင်တဲ့ကားတွေကိုလေ။ အဲဒီ ကားပေါ်ကိုတင်တဲ့ပစ္စည်းတွေကို PDF ဝသုန်ဆိုတဲ့ ကောင်က အကုန်သိမ်းလိုက်တာ။ ကားပေါ်မှာပါတဲ့ ပစ္စည်းဟူသမျှ၊ လျှပ်စစ်ပစ္စည်းဟူသမျှ အကုန်သိမ်း တာ။ မီးစက်တွေ၊ ဆိုလာတွေ၊ ဘက်ထရီတွေမီးနဲ့ ပတ်သက်ရင် ပါဝါဘဏ်ကအစ အကုန်သိမ်းတာ"ဟု ၎င်းကဆိုသည်။
လက်ရှိ ကုန်ကားများကိုပိတ်ထားသည့်အတွက် တစ်ဖက်တွင် PDF တို့ ရန်ပုံငွေ လျော့နည်းသွားသော အခြေအနေဖြစ်သည်။
" တပ်က ဘာလို့ပိတ်ထားသလဲဆိုတာ သိရ တာတော့ PDF တွေက ရန်ပုံငွေနည်းသွားတာပေါ့။ အဲဒါကိုဖြတ်တောက်တဲ့သဘော ပိတ်လိုက်တာ။ မဟုတ်ရင် ဝင်ငွေက သိန်းပေါင်း သောင်းချီတယ်။ PDFတွေမရတော့ဘူးပေါ့"ဟု ၎င်းကဆိုသည်။ ထိုသို့လမ်းပိတ်ထားရာ PDF ဘက်ကဖွင့်ပါက ကွင်း လမ်းမှသွားနိုင်မည်ဖြစ်သော်လည်း ယင်းကွင်းလမ်း များမှာ လမ်းကြမ်းများဖြစ်သည့်အတွက် လမ်းအသုံး ပြုခွင့်ရခြင်းနှင့် ကားထိခိုက်မည့်အရေးမှာ မကာမိကြောင်း ၎င်းကဆိုသည်။ ကွင်းလမ်းကို ကားသမား များရှောင်လာကြ၏။
" ပျက်မှာနဲ့ကွင်းရတာနဲ့ မကာမိဘူးဗျ။ ကွင်း လမ်းက တော်တော်ဆိုးတာကိုး။ တချို့နေရာတွေက တအားစောင်းတာ။ တချို့နေရာတွေက ဗွက်တွေ ကျွံ တာ။ တံတားမရှိဘူးလေ။ ချောင်း၊ မြောင်းတွေက တံ တားမရှိတော့ မောင်းလိုက်ရော။ မောင်းလိုက်ရင် ကျွံ ရော။ ကျွံရင် ဘယ်လိုမှလုပ်မရဘူး။ ကုန်တွေပြန်ချရ တယ်။ ကုန်ကျစရိတ်တွေများတယ်။ ပြီးတော့ ထွန် စက်နဲ့ဆွဲတယ်။ ထွန်စက်နဲ့ကျတော့ ငါးသိန်းခွဲ၊ ခုနစ် သိန်း အဲဒီလိုတောင်းတာ။ ဘောက်ချာလေးလည်း ဖြတ်ခဲ့ရတယ်။ တပ်နဲ့တွေ့တော့ ဘောက်ချာဝှက်ပေါ့" ဟု ၎င်းကဆိုသည်။
လက်ရှိတွင် လိပ်ခဲတည်းလည်းအခြေအနေဖြစ် ကြောင်းသိရသည်။ နှစ်ဖက်ပိတ်ဆို့ထားသည့်အခြေ အနေတွင် PDF တို့က ကွင်းလမ်းကို သွားလာစေချင် လိုဟန်တူသော်လည်း ပြည်သူတို့က ကွင်းလမ်းကို ကြောက်နေရာ ယင်းမှာ PDF တို့အတွက် နှစ်ခါနာဆို သကဲ့သို့ဖြစ်လာသည်။
" ဘယ်ကားသမားမှ လမ်းမကောင်းတဲ့ဆီက မသွားချင်ဘူး။ PDF ကလည်း သူတို့ဆီကသွားစေချင် တယ်။ အခု လမ်းပိတ်ထားတဲ့အတွက် ကားသမား တွေကတော့ အခက်အခဲရှိတာပေါ့။ ကုန်ကားတွေ ပိတ်နေတာကတော့ တော်တော်လေးကြာပြီ။ အဓိက တော့ ရိုးရိုးလေးစဉ်းစားကြည့်ရင် အဖြေသိနိုင်တယ်။ ကျွန်တော်တို့က လမ်းကောင်းကောင်းနဲ့ အရင်လိုသွား ချင်တယ်။ အဲဒါက ကျွန်တော်တို့လိုချင်တာပါ"ဟု ကုန်တင်ကားယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိတွင် ရွှေဘို-မြစ်ကြီးနားလမ်းတွင် ကုန် ကားများပိတ်နေသည့်အတွက် မြစ်ကြီးနား၏ အထွေ ထွေစားသောက်ကုန်ဈေးနှုန်းများတွင် သိသာထင်ရှား သောရိုက်ခတ်မှုရှိနေသည်။ တစ်ဖန် ယင်းလမ်းကြော ကို ဖြတ်သန်းခွင့်ပေးပါကလည်း PDF တို့က ကွင်း လမ်းမှမောင်းခိုင်းခြင်း၊ ဂိတ်ကြေးကောက်ခြင်းတို့ ကြောင့် အကျိုးသက်ရောက်မှုအဖြစ် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းတို့ရှိနေသည်။
" တရားဝင်ကုန်တွေ မန္တလေးကနေ မြစ်ကြီးနား ကို ဟိုပေးဒီပေးနဲ့ သိန်း(၁၅ဝ)လောက်ကုန်တယ်။ (၁၂)ဘီးကားဆို။ ဥပမာ ကြက်စာကားဗျာ ဒါတွေကို တောင် မြစ်ကြီးနားရောက်ရင် သိန်း(၁၅၀)ကုန်တယ်။ အဆင်မပြေဘူးလေ"ဟု လုပ်ငန်းရှင်တစ်ဦးကဆို သည်။
ယခင်က နာရီပိုင်းမျှသာကြာသောခရီးသည် ယခု ယင်းလမ်းပေါ် သူပုန်တို့ရှိလာသောအခါ ရက် ပိုင်း ကြာလာသည်။ ရက်ပိုင်းကြာပြီး ကုန်ကျစရိတ် မတက်လျှင်လည်း ကိစ္စမရှိ။ သို့သော် ရက်ပိုင်းကြာ ပြီး ကုန်ကျစရိတ်တက်လာခြင်းသည် ယခင်က သကာလောင်းထားသည့် ပြည်ထောင်စုအကျိုးပြု လမ်းမကြီးမှာ ဆေးခါးကြီးဖြစ်လာခဲ့သည်။ သို့သော် သာမန်ပြည်သူတို့မှာ ရွေးချယ်စရာကား မရှိပါ။

Zawgyi Version;
ေ႐ႊဘို - ျမစ္ႀကီးနားခရီး (သို႔မဟုတ္) ကုန္ကားတို႔၏ ခရီးရွည္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီလ ၁၃

ေ႐ႊဘို-ျမစ္ႀကီးနားလမ္းသည္ ျမန္မာႏိုင္ငံအ တြင္းမွ အေရးပါေသာ လမ္းမႀကီးတစ္လမ္းျဖစ္ေသာ္ လည္း ယခုအခါ ယင္းလမ္းပိုင္းတြင္ အဖ်က္အေမွာင့္ လုပ္ငန္းမ်ားကိုေဆာင္႐ြက္ေနသည့္ သူပုန္တို႔ရွိေန ျခင္းႏွင့္အတူ လမ္း၏အေျခအေနကား ကုန္ကားတို႔ အတြက္ အခက္အခဲျဖစ္ေစေသာလမ္းတစ္လမ္း အ ျဖစ္ကို ေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။
" ဘယ္သူက ပြင့္တယ္ေျပာတာတုံး။ အာေခ်ာင္ ၿပီးေလွ်ာက္မေျပာနဲ႔။ ဒီမယ္ ႏွစ္ထပ္ကားပိတ္ေနတာ ေတြကို။ ပလီပလာနဲ႔ ေလွ်ာက္ေလွ်ာက္ေျပာမေနၾက နဲ႔" ဟုဆိုလာသူက Tiktok လူမႈကြန္ရက္တြင္ ဗီဒီယို ဖိုင္တင္ေျပာၾကားခဲ့ေသာ ကုန္တင္ကားယာဥ္ေမာင္း တစ္ဦး ျဖစ္သည္။
အရွည္အားျဖင့္ မိုင္ေပါင္း (၂၉၁)မိုင္ရွိၿပီး ခရီး ၾကာခ်ိန္အားျဖင့္ (၉)နာရီ (၅၈)မိနစ္ခန႔္ၾကာျမင့္မည့္ ယင္းခရီးလမ္းသည္ မူလက ေျဖာင့္ျဖဴးသာယာေသာ ေဒသခံအက်ိဳးျပဳလမ္းတစ္လမ္းျဖစ္ခဲ့သည္။ ေ႐ႊဘိုမွ ျမစ္ႀကီးနားသို႔သြားရာတြင္ ေ႐ႊဘို-အင္းေတာ္- မိုး ညႇင္း-ဟိုပင္-မိုးေကာင္း-ျမစ္ႀကီးနား စသည္ျဖင့္ ခ်ိတ္ဆက္ထားျခင္းျဖစ္သည္။ တစ္ဖန္ ကန႔္ဘလူ၊ ခင္ဦး စသည္ျဖင့္ ၿမိဳ႕မ်ားစြာႏွင့္လည္း ယင္းလမ္းမႀကီး ကခ်ိတ္ဆက္ထားသည္။
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္း အမ်ားဆုံးျဖတ္ သန္းသြားေသာ အဆိုပါလမ္းမႀကီးသည္ ကခ်င္ျပည္ နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ ျမစ္ႀကီးနားၿမိဳ႕အတြက္ ကုန္ စည္ ဝင္၊ ထြက္ရာအမ်ားဆုံး လမ္းမႀကီးျဖစ္သည္။ ကခ်င္ျပည္နယ္ထြက္ကုန္မ်ားစြာတို႔သည္လည္း ေကာင္း၊ ျမန္မာႏိုင္ငံအလယ္ပိုင္းႏွင့္ေအာက္ပိုင္းမွ ထြက္ေသာကုန္မ်ားစြာတို႔သည္လည္းေကာင္း ယင္း လမ္းကို ျဖတ္သန္းသြားၾကသည္။
ထိုသို႔ အဆင္ေျပခဲ့ေသာ ခရီးလမ္းေၾကာင္းသည္ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္စဥ္မ်ားအၿပီးတြင္ လက္ နက္ကိုင္တို႔ေရာက္လာခဲ့သည့္အတြက္ စိုးရိမ္ဖြယ္ ရင္ သိမ့္တုန္ခရီး ျဖစ္မွန္းမသိ ျဖစ္ခဲ့သည္။ ဥပေဒထိန္း ခ်ဳပ္မႈေအာက္တြင္မရွိေသာ လက္နက္ကိုင္တို႔သည္ ယင္းလမ္းကို ေသြးတိုးစမ္းတက္ရာမွ ေနာက္ပိုင္းတြင္ ႀကိဳၾကားႀကိဳၾကားေနရာယူကာ ဂိတ္ဖြင့္ၿပီး ပိုက္ဆံရွာ ျခင္းမ်ိဳးလုပ္လာသည္။
လမ္းမႀကီးေပၚတြင္ပင္ ဂိတ္ဖြင့္ကာ စစ္ေဆး သည္ဟုအမည္ခံၿပီး အလႉေငြေကာက္သည္ဟုဆိုကာ ဆက္ေၾကးေတာင္းသည္။ ေႏြဦးထီေရာင္းၿပီး ထီလက္ မွတ္တစ္ေစာင္အတြက္ က်ပ္ေငြ ႏွစ္ေသာင္းခန႔္အထိ ေတာင္းယူျခင္းမ်ိဳးလည္းရွိသည္။ ကုန္ကားသမားမ်ား ဆိုလွ်င္ ျဖတ္သန္းခအျဖစ္ သိန္းရာခ်ီေပးၾကရျခင္းမ်ိဳး ရွိလာသည္။ လက္နက္သည္ တိုက္ခိုက္ရန္အတြက္ျဖစ္ ရမည့္အစား တျဖည္းျဖည္းႏွင့္ လက္နက္မဲ့ ျပည္သူကို ေျခာက္လွန႔္ရန္ပစၥည္းတစ္ခု ျဖစ္လာသည္။
ထို႔ျပင္ PDF တို႔ ၏ ေငြရွာနည္းေနာက္တစ္နည္း မွာ တပ္မေတာ္ဘက္ကအသာစီးရေနေသာလမ္းပိုင္း ကိုေကြ႕ေရွာင္ကာ ကြင္းလမ္းမ်ားကို အသုံးျပဳေစျခင္း ျဖစ္သည္။ မူလခရီးထက္ အဆမ်ားစြာၾကာေစေသာ ကြင္းလမ္းမ်ားသည္ ျပည္သူမ်ားအတြက္ ဒုကၡေရာက္ ေသာ္လည္း ကြင္းသြားေစခဲ့သူမ်ားအတြက္အက်ိဳး မ်ားလွသည္။
" လမ္းပိုင္းမွာ တပ္မေတာ္ကအေျချပဳၿပီး စိုးမိုး ထားတာဆိုရင္ ကြင္းခိုင္းတာ။ စစ္ကိုင္းတိုင္းထဲဆိုရင္ ေ႐ႊဘို-ျမစ္ႀကီးနားလမ္းမွာဆိုရင္ ေရၾကည္ဦးေပါ့။ ေရၾကည္ဦးက မွ ေျမမြန္၊ ေျမမြန္ကမွ သီရိမြန္၊ၿပီးမွ လက္ပံကြၽန္း၊ မွန္နီပင္ဆိုၿပီး သြားထြက္တာေပါ့။ ေတာ္ေတာ္ေဝးတယ္။ ေကြ႕ၿပီးျပန္ထြက္ရတာ။ ကြင္း လမ္းကေတာ့ သုံးဂိတ္ေလာက္ပဲထားတယ္။ ကြင္း လမ္းဆိုတာ ေတာၾကားလမ္းေပါ့"ဟု စစ္ကိုင္းတိုင္း ေဒသႀကီးမွ ေဒသခံတစ္ဦးကဆိုသည္။
ကြင္းလမ္းဆိုသည္မွာ သြား႐ိုး၊ သြားစဥ္ လမ္းကဲ့ သို႔ ကတၱရာလမ္း အခိုင္အခံ့မဟုတ္ဘဲ ေျမသားလမ္း ျဖစ္ရာ ရာသီဥတုအေပၚမူတည္ၿပီး ကားမ်ား ဗြက္နစ္ ျခင္း၊ ပိတ္ျခင္းမ်ားရွိသည္။ ယင္းသို႔ျဖစ္လွ်င္ ကြင္းခိုင္း သူတို႔အတြက္ ေငြရေပါက္ရလမ္း ေနာက္တစ္နည္း ထပ္မံေပၚေပါက္လာသည္။ ယင္းမွာ ကြင္းလမ္းတြင္ ကားနစ္သူမ်ားအတြက္ ထြန္စက္ျဖင့္ကားဆြဲရျခင္း ျဖစ္ၿပီး ဏႌ မ်ားႏွင့္ လက္ဝါးခ်င္း႐ိုက္ထားျခင္းျဖစ္ သည္ဟု ေဒသခံတစ္ဦးကဆိုသည္။
ယင္းလမ္းပိုင္းကို တပ္မေတာ္က ျပန္လည္ရရွိ ေရး ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားရွိခဲ့သည္။ ေအာင္ျမင္မႈ လည္းရရွိခဲ့၏။ ယခင္က ေ႐ႊဘိုမွျမစ္ႀကီးနားအထိလမ္း ပိုင္းတြင္ ယခင္က လက္နက္ကိုင္တို႔၏ ဂိတ္ေပါင္း (၄၀)ေက်ာ္ခန႔္ရွိခဲ့ေသာ္လည္း ယခုေတာ့ တပ္မေတာ္ ၏ထိုးစစ္ေၾကာင့္ မ်ားစြာေလ်ာ့နည္းသြားခဲ့ၿပီျဖစ္ သည္။ ေငြအရသာကိုသိေသာ လက္နက္ကိုင္တို႔က လမ္းတြင္ ေရွာင္တခင္ဂိတ္ဖြင့္ကာ စစ္ေဆးလိုေန ေသးေသာ္လည္း ယခင္ကဲ့သို႔ ေက်ာမလုံေတာ့။
သို႔ေသာ္ PDF မ်ားအေနျဖင့္ လက္နက္ကိုင္လွ်င္ PDF ျဖစ္ၿပီး လက္နက္ကို တစ္ေနရာတြင္ဝွက္ၿပီး ေနာက္ ႐ြာထဲဝင္သြားလွ်င္ သာမန္႐ြာသားျဖစ္သြားျပန္ သည္။ လက္နက္ကိုင္သူပုန္တို႔ဘက္က အစဥ္တစိုက္ ေျပာခဲ့ၾကသည့္ လူသားတံတိုင္းဆိုျခင္းကို PDF တို႔ ကိုယ္တိုင္ က်င့္သုံးေနျခင္းျဖစ္သည္။
" ဘယ္လိုျဖစ္ေနလဲဆိုေတာ့ တပ္ဘက္က စစ္ ေၾကာင္းထိုးရင္ ဒီေကာင္ေတြကဆုတ္သြားတယ္။ ၿပီး ရင္ျပန္ဝင္လာတယ္။ အဲဒီလိုပုံစံမ်ိဳးျဖစ္ေနတာ"ဟု အျခား ေဒသခံတစ္ဦးကဆိုသည္။
ထို႔ေနာက္ ယင္းလမ္းပိုင္းလုံၿခဳံေရးႏွင့္ပတ္ သက္၍ တပ္မေတာ္က ကုန္ကားမ်ား ျဖတ္သန္းျခင္းကို ယာယီပိတ္ထားေၾကာင္းသိရသည္။ တပ္မေတာ္ဘက္ ကပိတ္ေသာအခါ PDF တို႔ဘက္ကလည္း တစ္ေက်ာ့ ျပန္ ကုန္ကားမ်ားကို ျဖတ္သန္းခြင့္မျပဳျခင္းတို႔ရွိလာ သည္။ ထိုအခါ ကုန္ကားတန္းတို႔သည္ ႏွစ္ဖက္တြင္ ရွိေနၾကေတာ့သည္။
" ကားေတြကို PDF က ပိတ္ေတာ့မယ္ဆိုရင္ PDF နဲ႔ပတ္သက္တဲ့သူေတြက ထမင္းေတြ၊ ဟင္း ေတြ အကုန္လုံးေလွာင္ထားတာ။ ေရသန႔္တစ္ဘူးဆို (၄၀ဝဝ)ေလာက္ေပးၿပီး ဝယ္ေသာက္ရတယ္။ အဲဒီ ေတာ့ သူတို႔ ေရာင္းစရာပစၥည္းကုန္ရင္ ျပန္ဖြင့္ေပး တယ္။ သူတို႔ ေရာင္းစရာပစၥည္း အမ်ားႀကီးက်န္ရင္ လမ္းကိုပိတ္ထားတာ။ ျပည္သူက အနာကအနာပဲ" ဟု ေဒသခံတစ္ဦးကဆိုသည္။
တပ္မေတာ္က လမ္းပိတ္ထားသည့္အခါ အခ်ိဳ႕ PDF မ်ားက ကြင္းလမ္းမ်ားမွေမာင္းခိုင္းျခင္းမ်ိဳး လည္းရွိသည္။ ေဆာင္းပါးတစ္ေနရာတြင္ေဖာ္ျပထား ေသာ ၎တို႔ ၏ ေငြရလြယ္ေသာလမ္းမ်ားျဖစ္သည္။
" အဆင္းကားေတြကေတာ့ သြားတယ္။ ျမစ္ႀကီး နားကေန မႏၲေလးကိုဆင္းတဲ့ကားေတြေတာ့ PDF ကခြင့္ျပဳတယ္။ လႊဲဆိပ္ရဲ႕ေတာင္ဘက္နားမွာ မွန္နီပင္ ဆိုတာရွိတယ္။ မွန္နီပင္-လက္ပံကြၽန္း-ေျမမြန္ကေန မွ အေရွ႕ဘက္ကိုျပန္လွည့္ရတာ။ မဟာေဗာဓိၿမိဳင္ ဆရာေတာ္ႀကီး ေက်ာင္းေပါက္ဝကေနျဖတ္သြားရ တာ။ အဲဒီကေနမွ စက်င္၊ စက်င္ကေနမွ တေရာ္ကိုင္း။ ၿပီးမွ ဗ်ဴဟာလမ္းကိုျပန္ထြက္တာ။ အဲဒီကမွ ကန႔္ဘ လူနယ္ေက်ာ္ခါနီးေတာ့ ကိုးပင္ကပိတ္ထားေတာ့ ခင္ဦးလမ္းဆုံကေန အေရွ႕ကိုျပန္ထြက္တာ။ ဒီဟာက PDF ေတြရဲ႕ကြင္းလမ္းေပါ့" ဟု အျခား ေဒသခံတစ္ဦး ကဆိုသည္။
လက္ရွိအေနအထားအရ ႏွစ္ဖက္ ေပးမျဖတ္ ေသာအေျခအေနတြင္ PDF တို႔က ကန႔္ဘလူၿမိဳ႕ႏွင့္ ကြၽန္းလွၿမိဳ႕တို႔သို႔ဝင္မည့္ ကုန္တင္ကားမ်ားကို အဝင္ မခံျခင္းမ်ိဳးရွိေနျပန္ေၾကာင္း ၎ကဆိုသည္။
" ၿပီးခဲ့တဲ့ ရက္(၂၀)ေလာက္က ကန႔္ဘလူၿမိဳ႕ ေပၚနဲ႔ ကြၽန္းလွၿမိဳ႕ေပၚကိုဝင္တဲ့ကားေတြကိုေလ။ အဲဒီ ကားေပၚကိုတင္တဲ့ပစၥည္းေတြကို PDF ဝသုန္ဆိုတဲ့ ေကာင္က အကုန္သိမ္းလိုက္တာ။ ကားေပၚမွာပါတဲ့ ပစၥည္းဟူသမွ်၊ လွ်ပ္စစ္ပစၥည္းဟူသမွ် အကုန္သိမ္း တာ။ မီးစက္ေတြ၊ ဆိုလာေတြ၊ ဘက္ထရီေတြမီးနဲ႔ ပတ္သက္ရင္ ပါဝါဘဏ္ကအစ အကုန္သိမ္းတာ"ဟု ၎ကဆိုသည္။
လက္ရွိ ကုန္ကားမ်ားကိုပိတ္ထားသည့္အတြက္ တစ္ဖက္တြင္ PDF တို႔ ရန္ပုံေငြ ေလ်ာ့နည္းသြားေသာ အေျခအေနျဖစ္သည္။
" တပ္က ဘာလို႔ပိတ္ထားသလဲဆိုတာ သိရ တာေတာ့ PDF ေတြက ရန္ပုံေငြနည္းသြားတာေပါ့။ အဲဒါကိုျဖတ္ေတာက္တဲ့သေဘာ ပိတ္လိုက္တာ။ မဟုတ္ရင္ ဝင္ေငြက သိန္းေပါင္း ေသာင္းခ်ီတယ္။ PDFေတြမရေတာ့ဘူးေပါ့"ဟု ၎ကဆိုသည္။ ထိုသို႔လမ္းပိတ္ထားရာ PDF ဘက္ကဖြင့္ပါက ကြင္း လမ္းမွသြားႏိုင္မည္ျဖစ္ေသာ္လည္း ယင္းကြင္းလမ္း မ်ားမွာ လမ္းၾကမ္းမ်ားျဖစ္သည့္အတြက္ လမ္းအသုံး ျပဳခြင့္ရျခင္းႏွင့္ ကားထိခိုက္မည့္အေရးမွာ မကာမိေၾကာင္း ၎ကဆိုသည္။ ကြင္းလမ္းကို ကားသမား မ်ားေရွာင္လာၾက၏။
" ပ်က္မွာနဲ႔ကြင္းရတာနဲ႔ မကာမိဘူးဗ်။ ကြင္း လမ္းက ေတာ္ေတာ္ဆိုးတာကိုး။ တခ်ိဳ႕ေနရာေတြက တအားေစာင္းတာ။ တခ်ိဳ႕ေနရာေတြက ဗြက္ေတြ ကြၽံ တာ။ တံတားမရွိဘူးေလ။ ေခ်ာင္း၊ ေျမာင္းေတြက တံ တားမရွိေတာ့ ေမာင္းလိုက္ေရာ။ ေမာင္းလိုက္ရင္ ကြၽံ ေရာ။ ကြၽံရင္ ဘယ္လိုမွလုပ္မရဘူး။ ကုန္ေတြျပန္ခ်ရ တယ္။ ကုန္က်စရိတ္ေတြမ်ားတယ္။ ၿပီးေတာ့ ထြန္ စက္နဲ႔ဆြဲတယ္။ ထြန္စက္နဲ႔က်ေတာ့ ငါးသိန္းခြဲ၊ ခုနစ္ သိန္း အဲဒီလိုေတာင္းတာ။ ေဘာက္ခ်ာေလးလည္း ျဖတ္ခဲ့ရတယ္။ တပ္နဲ႔ေတြ႕ေတာ့ ေဘာက္ခ်ာဝွက္ေပါ့" ဟု ၎ကဆိုသည္။
လက္ရွိတြင္ လိပ္ခဲတည္းလည္းအေျခအေနျဖစ္ ေၾကာင္းသိရသည္။ ႏွစ္ဖက္ပိတ္ဆို႔ထားသည့္အေျခ အေနတြင္ PDF တို႔က ကြင္းလမ္းကို သြားလာေစခ်င္ လိုဟန္တူေသာ္လည္း ျပည္သူတို႔က ကြင္းလမ္းကို ေၾကာက္ေနရာ ယင္းမွာ PDF တို႔အတြက္ ႏွစ္ခါနာဆို သကဲ့သို႔ျဖစ္လာသည္။
" ဘယ္ကားသမားမွ လမ္းမေကာင္းတဲ့ဆီက မသြားခ်င္ဘူး။ PDF ကလည္း သူတို႔ဆီကသြားေစခ်င္ တယ္။ အခု လမ္းပိတ္ထားတဲ့အတြက္ ကားသမား ေတြကေတာ့ အခက္အခဲရွိတာေပါ့။ ကုန္ကားေတြ ပိတ္ေနတာကေတာ့ ေတာ္ေတာ္ေလးၾကာၿပီ။ အဓိက ေတာ့ ႐ိုး႐ိုးေလးစဥ္းစားၾကည့္ရင္ အေျဖသိႏိုင္တယ္။ ကြၽန္ေတာ္တို႔က လမ္းေကာင္းေကာင္းနဲ႔ အရင္လိုသြား ခ်င္တယ္။ အဲဒါက ကြၽန္ေတာ္တို႔လိုခ်င္တာပါ"ဟု ကုန္တင္ကားယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ေ႐ႊဘို-ျမစ္ႀကီးနားလမ္းတြင္ ကုန္ ကားမ်ားပိတ္ေနသည့္အတြက္ ျမစ္ႀကီးနား၏ အေထြ ေထြစားေသာက္ကုန္ေဈးႏႈန္းမ်ားတြင္ သိသာထင္ရွား ေသာ႐ိုက္ခတ္မႈရွိေနသည္။ တစ္ဖန္ ယင္းလမ္းေၾကာ ကို ျဖတ္သန္းခြင့္ေပးပါကလည္း PDF တို႔က ကြင္း လမ္းမွေမာင္းခိုင္းျခင္း၊ ဂိတ္ေၾကးေကာက္ျခင္းတို႔ ေၾကာင့္ အက်ိဳးသက္ေရာက္မႈအျဖစ္ ကုန္ေဈးႏႈန္း ႀကီးျမင့္ျခင္းတို႔ရွိေနသည္။
" တရားဝင္ကုန္ေတြ မႏၲေလးကေန ျမစ္ႀကီးနား ကို ဟိုေပးဒီေပးနဲ႔ သိန္း(၁၅ဝ)ေလာက္ကုန္တယ္။ (၁၂)ဘီးကားဆို။ ဥပမာ ၾကက္စာကားဗ်ာ ဒါေတြကို ေတာင္ ျမစ္ႀကီးနားေရာက္ရင္ သိန္း(၁၅၀)ကုန္တယ္။ အဆင္မေျပဘူးေလ"ဟု လုပ္ငန္းရွင္တစ္ဦးကဆို သည္။
ယခင္က နာရီပိုင္းမွ်သာၾကာေသာခရီးသည္ ယခု ယင္းလမ္းေပၚ သူပုန္တို႔ရွိလာေသာအခါ ရက္ ပိုင္း ၾကာလာသည္။ ရက္ပိုင္းၾကာၿပီး ကုန္က်စရိတ္ မတက္လွ်င္လည္း ကိစၥမရွိ။ သို႔ေသာ္ ရက္ပိုင္းၾကာ ၿပီး ကုန္က်စရိတ္တက္လာျခင္းသည္ ယခင္က သကာေလာင္းထားသည့္ ျပည္ေထာင္စုအက်ိဳးျပဳ လမ္းမႀကီးမွာ ေဆးခါးႀကီးျဖစ္လာခဲ့သည္။ သို႔ေသာ္ သာမန္ျပည္သူတို႔မွာ ေ႐ြးခ်ယ္စရာကား မရွိပါ။

Related news

© 2021. All rights reserved.