အစိုးရအပြောင်းအလဲမတိုင်မီ မြိတ်ရှိ ငါးလေလံဈေးစီမံကိန်း စတင်နိုင်

 180

Pearl (NP News) - ဖေဖော်ဝါရီလ ၁၃

အစိုးရအပြောင်းအလဲမတိုင်မီ ငါးလေ လံဈေး စီမံကိန်းတည်ဆောက်ခွင့်လုပ်ငန်းများ စတင် ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း မြိတ်ကော်ပိုရေးရှင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလိမိတတ်နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ပြောသည်။
နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးနှင့် စက်မှုဇုန်စီမံကိန်းကို တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စုတွင် ဖော်ဆောင်ရန်ပြီးခဲ့သည့် (၂၀၂၃) ခုနှစ်က တနင်္သာရီ တိုင်းအစိုးရအဖွဲ့နှင့် မြိတ်ကော်ပိုရေးရှင်း အများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမိတက်တို့ကြားဖြစ် မြောက်နိုင်စွမ်း ရှိ/မရှိ လေ့လာဆန်းစစ်ဆောင်ရွက် ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုး၍ လေ့လာ ဆန်းစစ်ဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် အဆိုပါစီမံကိန်းအတွက် မြေနေရာကို မူအားဖြင့် သဘောတူရရှိထားပြီးဖြစ်ကြောင်းသိရ သည်။
" အခုက မြေယာကိစ္စတွေ ပို့ဆက်ဝန်ကြီး ဌာနမှာတင်တယ်။ မြေယာလုပ်ပိုင်ခွင့်တွေ ကျရင် တော့ စတင် အကောင်အထည်ဖော်လို့ရပြီပေါ့နော်။ အခုက မြေယာလုပ်ပိုင်ခွင့် အခြေအနေတွေ တင် ထားတုန်း ရှိသေးတယ်။ မူအရတော့ ခွင့်ပြုထားပြီးပြီ။ အောက်မှာတော့ ဝန်ကြီးဌာနအလိုက် လုပ်ရမှာလေး တွေရှိတယ်။ မြေကိစ္စပြတ်မှ လုပ်လို့ရမယ်။ ဝန်ကြီး ဌာနတွေက လုပ်ခိုင်းတာတွေ ပြန်တင်ပြထားတယ်" ဟု ပြောသည်။
အဆိုပါ စီမံကိန်းတည်ဆောက်ရေး အတွက် (၈) နှစ်ခန့် ကြာမြင့်မည်ဖြစ်ပြီး ယခုအစိုးရ အပြောင်းအလဲမတိုင်မီ မြေယာကိစ္စများ၊ စီမံကိန်း တည် ဆောက်ခွင့်များကို အကောင်အထည်ဖော် ဆောင် ရွက်နိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
" ကျွန်တော်တို့က မြေယာကိစ္စတွေရော ၊ စီမံကိန်းတည်ဆောက်ခွင့်တွေရော ဒီအစိုးရသက် တမ်းထဲမှာပဲ တော်တော်များများ လုပ်သွားဖို့ရှိတာ ပေါ့နော်။ စီမံကိန်းမှာ ကျွန်တော်တို့ (Phase) ၄ ခုနဲ့တည်ဆောက်မယ်။ တည်ဆောက်ရေးကာလက တော့ (၈) နှစ်လို့မှန်းထားပါတယ်" ဟု ပြောသည်။
အဆိုပါစီမံကိန်း၏ဧရိယာသည် (၆၅၉ ဒသမ ၅၃ ဧက) မြန်မာငွေကျပ် သန်းပေါင်း (၂) သိန်း (၆)သောင်းကျော် ကုန်ကျနိုင်ပြီး စီမံကိန်းကိုအကောင်အထည်ဖော်နိုင်ပါက ဒေသတွင်းအလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်ပြီး နိုင်ငံတော်ဘဏ္ဍာအတွက် နိုင်ငံခြား ဝင်ငွေနှင့် အခွန်အခများ ပိုမိုရရှိလာနိုင်ကြောင်း သိရသည်။
" ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း များလာမယ်။ ကျွန်တော်တို့ကုန်တွေကို သေချာ Storage လုပ်နိုင်မယ်။ တစ်ဖက်က ဈေးနှိမ်ပြီးဝယ် တာကနေ၊ ဝယ်သူဈေးကွက်ကနေ ရောင်းသူဈေး ကွက်ကို ပြောင်းလဲလာမှာပေါ့လေ။ တနင်္သာရီတိုင်း ရေထွက်ကုန်က အမေရိကန်ဒေါ်လာ သန်း (၃၀ဝ) ကျော်ရှိတယ်။ တစ်နိုင်ငံလုံးထွက်တာတော့ (၇၂၅) သန်းပေါ့နော်။ ရန်ကုန်က ထွက်တာ သန်း (၃၀ဝ) ပေါ့။ ကျန်တဲ့တိုင်းနဲ့ပြည်နယ်က (၁၀ဝ) ကျော် ထွက်တာပေါ့" ဟု ပြောသည်။

Zawgyi Version;
အစိုးရအေျပာင္းအလဲမတိုင္မီ ၿမိတ္ရွိ ငါးေလလံေဈးစီမံကိန္း စတင္ႏိုင္
Pearl (NP News) - ေဖေဖာ္ဝါရီလ ၁၃
အစိုးရအေျပာင္းအလဲမတိုင္မီ ငါးေလ လံေဈး စီမံကိန္းတည္ေဆာက္ခြင့္လုပ္ငန္းမ်ား စတင္ ေဆာင္႐ြက္ႏိုင္ဖြယ္ရွိေၾကာင္း ၿမိတ္ေကာ္ပိုေရးရွင္း အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလိမိတတ္ႏွင့္ နီးစပ္သူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ေျပာသည္။
ႏိုင္ငံတကာအဆင့္မီ အျပည္ျပည္ဆိုင္ရာ ငါးေလလံေဈးႏွင့္ စက္မႈဇုန္စီမံကိန္းကို တနသၤာရီ တိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕ စႏၵဝတ္ေက်း႐ြာအုပ္စုတြင္ ေဖာ္ေဆာင္ရန္ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္က တနသၤာရီ တိုင္းအစိုးရအဖြဲ႕ႏွင့္ ၿမိတ္ေကာ္ပိုေရးရွင္း အမ်ားႏွင့္ သက္ဆိုင္ေသာ ကုမၸဏီလိမိတက္တို႔ၾကားျဖစ္ ေျမာက္ႏိုင္စြမ္း ရွိ/မရွိ ေလ့လာဆန္းစစ္ေဆာင္႐ြက္ ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာ ေရးထိုး၍ ေလ့လာ ဆန္းစစ္ေဆာင္႐ြက္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ၿပီး လက္ရွိတြင္ အဆိုပါစီမံကိန္းအတြက္ ေျမေနရာကို မူအားျဖင့္ သေဘာတူရရွိထားၿပီးျဖစ္ေၾကာင္းသိရ သည္။
" အခုက ေျမယာကိစၥေတြ ပို႔ဆက္ဝန္ႀကီး ဌာနမွာတင္တယ္။ ေျမယာလုပ္ပိုင္ခြင့္ေတြ က်ရင္ ေတာ့ စတင္ အေကာင္အထည္ေဖာ္လို႔ရၿပီေပါ့ေနာ္။ အခုက ေျမယာလုပ္ပိုင္ခြင့္ အေျခအေနေတြ တင္ ထားတုန္း ရွိေသးတယ္။ မူအရေတာ့ ခြင့္ျပဳထားၿပီးၿပီ။ ေအာက္မွာေတာ့ ဝန္ႀကီးဌာနအလိုက္ လုပ္ရမွာေလး ေတြရွိတယ္။ ေျမကိစၥျပတ္မွ လုပ္လို႔ရမယ္။ ဝန္ႀကီး ဌာနေတြက လုပ္ခိုင္းတာေတြ ျပန္တင္ျပထားတယ္" ဟု ေျပာသည္။
အဆိုပါ စီမံကိန္းတည္ေဆာက္ေရး အတြက္ (၈) ႏွစ္ခန႔္ ၾကာျမင့္မည္ျဖစ္ၿပီး ယခုအစိုးရ အေျပာင္းအလဲမတိုင္မီ ေျမယာကိစၥမ်ား၊ စီမံကိန္း တည္ ေဆာက္ခြင့္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္ႏိုင္ဖြယ္ရွိေၾကာင္းလည္း သိရသည္။
" ကြၽန္ေတာ္တို႔က ေျမယာကိစၥေတြေရာ ၊ စီမံကိန္းတည္ေဆာက္ခြင့္ေတြေရာ ဒီအစိုးရသက္ တမ္းထဲမွာပဲ ေတာ္ေတာ္မ်ားမ်ား လုပ္သြားဖို႔ရွိတာ ေပါ့ေနာ္။ စီမံကိန္းမွာ ကြၽန္ေတာ္တို႔ (Phase) ၄ ခုနဲ႔တည္ေဆာက္မယ္။ တည္ေဆာက္ေရးကာလက ေတာ့ (၈) ႏွစ္လို႔မွန္းထားပါတယ္" ဟု ေျပာသည္။
အဆိုပါစီမံကိန္း၏ဧရိယာသည္ (၆၅၉ ဒသမ ၅၃ ဧက) ျမန္မာေငြက်ပ္ သန္းေပါင္း (၂) သိန္း (၆)ေသာင္းေက်ာ္ ကုန္က်ႏိုင္ၿပီး စီမံကိန္းကိုအေကာင္အထည္ေဖာ္ႏိုင္ပါက ေဒသတြင္းအလုပ္အကိုင္မ်ားစြာ ဖန္တီးေပးႏိုင္ၿပီး ႏိုင္ငံေတာ္ဘ႑ာအတြက္ ႏိုင္ငံျခား ဝင္ေငြႏွင့္ အခြန္အခမ်ား ပိုမိုရရွိလာႏိုင္ေၾကာင္း သိရသည္။
" ေဒသတြင္းအလုပ္အကိုင္အခြင့္အလမ္း မ်ားလာမယ္။ ကြၽန္ေတာ္တို႔ကုန္ေတြကို ေသခ်ာ Storage လုပ္ႏိုင္မယ္။ တစ္ဖက္က ေဈးႏွိမ္ၿပီးဝယ္ တာကေန၊ ဝယ္သူေဈးကြက္ကေန ေရာင္းသူေဈး ကြက္ကို ေျပာင္းလဲလာမွာေပါ့ေလ။ တနသၤာရီတိုင္း ေရထြက္ကုန္က အေမရိကန္ေဒၚလာ သန္း (၃၀ဝ) ေက်ာ္ရွိတယ္။ တစ္ႏိုင္ငံလုံးထြက္တာေတာ့ (၇၂၅) သန္းေပါ့ေနာ္။ ရန္ကုန္က ထြက္တာ သန္း (၃၀ဝ) ေပါ့။ က်န္တဲ့တိုင္းနဲ႔ျပည္နယ္က (၁၀ဝ) ေက်ာ္ ထြက္တာေပါ့" ဟု ေျပာသည္။

Related news

© 2021. All rights reserved.