အာဇာနည်ကုန်းဗုံးဖောက်ခွဲမှုမှ တရားခံကို ဖမ်းဆီးပေးခဲ့သူ ဓားစန်းရီ အသက် (၉၃) နှစ်တွင် ကွယ်လွန်

 614

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၃

ရန်ကုန်မြို့ရှိ အာဇာနည်ကုန်းကို (၁၉၈၃) ခုနှစ်က မြောက်ကိုရီးယားအေ့ဂျင့်များလာရောက် ဗုံးဖောက်ခွဲမှုမှ တရားခံကို ဖမ်းဆီးပေးခဲ့သူ ဓားစန်းရီသည် ယမန်နေ့(ဖေဖော်ဝါရီ ၁၂ ရက်)ည ၁၀ နာရီ ၁၃ မိနစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဒေါ်စန်းရီ (ခေါ်) ဓားစန်းရီကို ၁၉၃၃ ခုနှစ်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၉၃)နှစ်အရွယ်ရှိပြီဖြစ်ကြောင်း သိရသည်။
(၁၉၈၃) ခုနှစ်၊ အောက်တိုဘာ ၉ ရက်က မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ် အား လုပ်ကြံသတ်ဖြတ်ရန် မြောက်ကိုရီးယား အေးဂျင့်များက ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ဗုံးထောင်ဖောက်ခွဲမှုကျူးလွန်သူ (၃) ဦးအနက် တစ်ဦးကို ရန်ကုန်မြစ်ကမ်းပါးတွင် ဓားစန်းရီက တစ်ဦးတည်းဝင်ရောက်ဖမ်းဆီးခဲ့သူအဖြစ် နာမည်ကျော်ကြားသူဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်က ဂုဏ်ပြုဆုမှတ်တမ်းလွှာနှင့် ဆုငွေများပေးအပ်ခဲ့သော်လည်း အသက်ကြီးမြင့်လာပြီးနောက် ဆင်းရဲချို့တဲ့စွာနှင့် ကွယ်လွန်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် ၎င်း၏ရုပ်အလောင်းကို ပုဇွန်ထောင်မြို့နယ်ရှိ နေအိမ်တွင်ထားရှိပြီး သင်္ဂြိုလ်မည့်အချိန်နှင့် နေရက်ကို တိတိကျကျမသိ ရသေးပေ။

Zawgyi Version:
အာဇာနည္ကုန္းဗုံးေဖာက္ခြဲမႈမွ တရားခံကို ဖမ္းဆီးေပးခဲ့သူ ဓားစန္းရီ အသက္ (၉၃)တြင္ ကြယ္လြန္
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၃

ရန္ကုန္ၿမိဳ႕ရွိ အာဇာနည္ကုန္းကို (၁၉၈၃) ခုႏွစ္က ေျမာက္ကိုရီးယားေအ့ဂ်င့္မ်ားလာေရာက္ ဗုံးေဖာက္ခြဲမႈမွ တရားခံကို ဖမ္းဆီးေပးခဲ့သူ ဓားစန္းရီသည္ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၂ ရက္)ည ၁၀ နာရီ ၁၃ မိနစ္တြင္ ကြယ္လြန္သြားခဲ့ေၾကာင္း သိရသည္။
ေဒၚစန္းရီ (ေခၚ) ဓားစန္းရီကို ၁၉၃၃ ခုႏွစ္က ပဲခူးတိုင္းေဒသႀကီး၊ ဒိုက္ဦးၿမိဳ႕နယ္၊ ေဖာင္ေတာ္သီေက်း႐ြာတြင္ ေမြးဖြားခဲ့ျခင္းျဖစ္ၿပီး ကြယ္လြန္ခ်ိန္တြင္ အသက္ (၉၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။
(၁၉၈၃) ခုႏွစ္၊ ေအာက္တိုဘာ ၉ ရက္က ျမန္မာႏိုင္ငံသို႔ အလည္အပတ္ေရာက္ရွိေနေသာ ေတာင္ကိုရီးယား သမၼတ ခ်န္ဒူးဝမ္ အား လုပ္ႀကံသတ္ျဖတ္ရန္ ေျမာက္ကိုရီးယား ေအးဂ်င့္မ်ားက ရန္ကုန္ၿမိဳ႕ရွိ အာဇာနည္ဗိမာန္တြင္ ဗုံးေထာင္ေဖာက္ခြဲမႈက်ဴးလြန္သူ (၃) ဦးအနက္ တစ္ဦးကို ရန္ကုန္ျမစ္ကမ္းပါးတြင္ ဓားစန္းရီက တစ္ဦးတည္းဝင္ေရာက္ဖမ္းဆီးခဲ့သူအျဖစ္ နာမည္ေက်ာ္ၾကားသူျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္က ဂုဏ္ျပဳဆုမွတ္တမ္းလႊာႏွင့္ ဆုေငြမ်ားေပးအပ္ခဲ့ေသာ္လည္း အသက္ႀကီးျမင့္လာၿပီးေနာက္ ဆင္းရဲခ်ိဳ႕တဲ့စြာႏွင့္ ကြယ္လြန္ခဲ့ရေၾကာင္း သိရသည္။
လက္ရွိတြင္ ၎၏႐ုပ္အေလာင္းကို ပုဇြန္ေထာင္ၿမိဳ႕နယ္ရွိ ေနအိမ္တြင္ထားရွိၿပီး သၿဂႋဳလ္မည့္အခ်ိန္ႏွင့္ ေနရက္ကို တိတိက်က်မသိ ရေသးေပ။

Related news

© 2021. All rights reserved.