အမျိုးသမီးတစ်ဦးအား တရုတ်မယားအဖြစ် ရောင်းစားရန်စီစဉ်သူများကို အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ်ချမှတ်

 128

ထိုက်စံ (NP News)- ဖေဖော်ဝါရီ ၁၃
အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယား အဖြစ် ပို့ဆောင်ရောင်းစားရန်စီစဉ်ဆောင်ရွက်ခဲ့ကြ သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ ၊ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသည် Online ကျွဲဂိမ်းကစားခဲ့ရာမှ ငွေကျပ်သိန်း (၃၀) အကြွေး တင်ခဲ့သဖြင့် မိခင်၏နေအိမ်အား ပေါင်နှံ၍ အကြွေး ဆပ်ခဲ့ရာ (၆)လကြာသည်အထိ အကြွေးမဆပ်နိုင်သေးသဖြင့် နေအိမ်အပေါင်ဆုံးတော့မည်ဖြစ်သောကြောင့် အလုပ်ရှာဖွေခဲ့ကြောင်းသိရသည်။
ထိုသို့ရှာဖွေစဉ် မူဆယ်မြို့တွင်နေထိုင်သည့် မချိုမာစိန် (ခ)မဗိုက် ၊ မဇင်နွယ်လတ် (ခ)မဇင်တို့နှင့် ချိတ်ဆက် မိပြီး တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း (၈၀) ရရှိမည်၊ တစ်နှစ်ပေါင်းသင်းနေထိုင်ရ မည်ဟု ပြောဆိုစည်းရုံး၍ မူဆယ်မြို့သို့လာရောက် ရန် လမ်းခရီးစရိတ်များထုတ်ပေး၍ ခေါ်ဆောင်ခဲ့ ကြောင်း သိရသည်။
ထို့နောက် အလုပ်ရှာသူအမျိုးသမီးမှ မူဆယ်မြို့သို့ရောက်သောအခါ ၎င်းအား ဓာတ်ပုံ/ ဗီဒီယိုများရိုက်ကူး၍ တရုတ်နိုင်ငံ ရွှေလီမြို့ နေသူ ပွဲစား ဂျာဆိုင်(ခ)ကချင်မ ထံ ပို့ပေးခဲ့ပြီး မူဆယ် မြို့ ဗဟိုဆေးရုံတွင် ဆေးစစ်ပေးခဲ့ရာ အလုပ်ရှာသူအမျိုးသမီးမှ တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူပါက တရုတ်ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရမည်ကို ကြောက်လန့် ကြောင်း မချိုမာစိန် (ခ)မဗိုက် ကိုပြောခဲ့ကြောင်း သိရသည်။
ထိုသို့ပြောခဲ့သဖြင့် မချိုမာစိန် (ခ)မဗိုက် မှ တရုတ် ယောက်ျားမယူပါက လမ်းခရီးကုန်ကျစရိတ်များ ပြန်လည်ပေးလျော်ရမည်ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ ရွှေလီမြို့နေ ပွဲစား ဂျာဆိုင်(ခ) ကချင်မ ထံ ပို့ဆောင်ရန် စီစဉ်ပြီးဖြစ်ကြောင်း ပြောသဖြင့် အလုပ်ရှာသူအမျိုးသမီမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ Hot Line ဖုန်းနံပါတ်သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မချိုမာစိန် (ခ)မဗိုက် ၊ မဇင်နွယ်လတ် (ခ)မဇင် တို့မှ ကျူးလွန်ကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၇)လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ မူဆယ်မြို့ မရဲစခန်း (ပ)၁၉၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး (ဖေဖော်ဝါရီ ၁၀ ရက်)က မူဆယ်ခရိုင်တရားရုံးမှ မချိုမာစိန်(ခ)မဗိုက် နှင့် မဇင်နွယ်လတ် (ခ)မဇင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်နေသူ ဂျာဆိုင်(ခ)ကချင်မ ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
အမ်ိဳးသမီးတစ္ဦးအား တ႐ုတ္မယားအျဖစ္ ေရာင္းစားရန္စီစဥ္သူမ်ားကို အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀)ႏွစ္ခ်မွတ္
ထိုက္စံ (NP News)- ေဖေဖာ္ဝါရီ ၁၃
အမ်ိဳးသမီးတစ္ဦးကို တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္ဇနီးမယား အျဖစ္ ပို႔ေဆာင္ေရာင္းစားရန္စီစဥ္ေဆာင္႐ြက္ခဲ့ၾက သူမ်ားကို လူကုန္ကူးမႈျဖင့္ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္စီ ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရသိရသည္။
ျဖစ္စဥ္မွာ ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕ ၊ အမွတ္(၂)ရပ္ကြက္ေန အမ်ိဳးသမီးတစ္ဦးသည္ Online ကြၽဲဂိမ္းကစားခဲ့ရာမွ ေငြက်ပ္သိန္း (၃၀) အေႂကြး တင္ခဲ့သျဖင့္ မိခင္၏ေနအိမ္အား ေပါင္ႏွံ၍ အေႂကြး ဆပ္ခဲ့ရာ (၆)လၾကာသည္အထိ အေႂကြးမဆပ္ႏိုင္ေသးသျဖင့္ ေနအိမ္အေပါင္ဆုံးေတာ့မည္ျဖစ္ေသာေၾကာင့္ အလုပ္ရွာေဖြခဲ့ေၾကာင္းသိရသည္။
ထိုသို႔ရွာေဖြစဥ္ မူဆယ္ၿမိဳ႕တြင္ေနထိုင္သည့္ မခ်ိဳမာစိန္ (ခ)မဗိုက္ ၊ မဇင္ႏြယ္လတ္ (ခ)မဇင္တို႔ႏွင့္ ခ်ိတ္ဆက္ မိၿပီး တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္ေယာက္်ားယူပါက ေငြက်ပ္သိန္း (၈၀) ရရွိမည္၊ တစ္ႏွစ္ေပါင္းသင္းေနထိုင္ရ မည္ဟု ေျပာဆိုစည္း႐ုံး၍ မူဆယ္ၿမိဳ႕သို႔လာေရာက္ ရန္ လမ္းခရီးစရိတ္မ်ားထုတ္ေပး၍ ေခၚေဆာင္ခဲ့ ေၾကာင္း သိရသည္။
ထို႔ေနာက္ အလုပ္ရွာသူအမ်ိဳးသမီးမွ မူဆယ္ၿမိဳ႕သို႔ေရာက္ေသာအခါ ၎အား ဓာတ္ပုံ/ ဗီဒီယိုမ်ား႐ိုက္ကူး၍ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ ေနသူ ပြဲစား ဂ်ာဆိုင္(ခ)ကခ်င္မ ထံ ပို႔ေပးခဲ့ၿပီး မူဆယ္ ၿမိဳ႕ ဗဟိုေဆး႐ုံတြင္ ေဆးစစ္ေပးခဲ့ရာ အလုပ္ရွာသူအမ်ိဳးသမီးမွ တ႐ုတ္ႏိုင္ငံတြင္ တ႐ုတ္ေယာက္်ားယူပါက တ႐ုတ္ရဲတပ္ဖြဲ႕ဝင္မ်ား ဖမ္းဆီးခံရမည္ကို ေၾကာက္လန႔္ ေၾကာင္း မခ်ိဳမာစိန္ (ခ)မဗိုက္ ကိုေျပာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေျပာခဲ့သျဖင့္ မခ်ိဳမာစိန္ (ခ)မဗိုက္ မွ တ႐ုတ္ ေယာက္်ားမယူပါက လမ္းခရီးကုန္က်စရိတ္မ်ား ျပန္လည္ေပးေလ်ာ္ရမည္ျဖစ္ေၾကာင္း ႏွင့္ တ႐ုတ္ႏိုင္ငံ ေ႐ႊလီၿမိဳ႕ေန ပြဲစား ဂ်ာဆိုင္(ခ) ကခ်င္မ ထံ ပို႔ေဆာင္ရန္ စီစဥ္ၿပီးျဖစ္ေၾကာင္း ေျပာသျဖင့္ အလုပ္ရွာသူအမ်ိဳးသမီမွ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ Hot Line ဖုန္းနံပါတ္သို႔ ဆက္သြယ္အကူအညီေတာင္းခံခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မခ်ိဳမာစိန္ (ခ)မဗိုက္ ၊ မဇင္ႏြယ္လတ္ (ခ)မဇင္ တို႔မွ က်ဴးလြန္ေၾကာင္း စိစစ္ေပၚေပါက္သျဖင့္ အမွတ္(၁၇)လူကုန္ ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(မူဆယ္)မွ တရားလိုျပဳလုပ္တိုင္တန္းခဲ့ရာ မူဆယ္ၿမိဳ႕ မရဲစခန္း (ပ)၁၉၂/၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)/၄၄ ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ၿပီး (ေဖေဖာ္ဝါရီ ၁၀ ရက္)က မူဆယ္ခ႐ိုင္တရား႐ုံးမွ မခ်ိဳမာစိန္(ခ)မဗိုက္ ႏွင့္ မဇင္ႏြယ္လတ္ (ခ)မဇင္ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈(က)အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္စီ က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး တိမ္းေရွာင္ေနသူ ဂ်ာဆိုင္(ခ)ကခ်င္မ ကို ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၈၇/၈၈ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.