မန္တလေးတွင် PDF (၁၅၀) ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

535

Pearl (NP News) - ဖေဖော်ဝါရီ ၁၃
မန္တလေးတွင် PDF (၁၅၀) ဦး လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့သည့် PDF အဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၅၀ ဦးတို့သည် သေနတ် ၁၈ လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့( ဖေဖော်ဝါရီလ ၁၃ရက်)၊ မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြသူများမှ ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်ခဲယမ်းများကို တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး တာဝန်ရှိသူများက ထောက်ပံ့ငွေများပေးကာ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက် က လည်း MDY PDF အဖွဲ့ဝင် အမျိုးသား ၁၄၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီးဖြစ်သည်။

Zawgyi Version:
မႏၲေလးတြင္ PDF ၁၅၀ ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္
Pearl (NP News) - ေဖေဖာ္ဝါရီ ၁၃
မႏၲေလးတြင္ PDF ၁၅၀ ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ထိုသို႔ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာခဲ့သည့္ PDF အဖြဲ႕ဝင္ အမ်ိဳးသား ၁၄၁ ဦးႏွင့္ အမ်ိဳးသမီး ၉ ဦး၊ စုစုေပါင္း ၁၅၀ ဦးတို႔သည္ ေသနတ္ ၁၈ လက္၊ ခဲယမ္းမ်ားႏွင့္အတူ အလင္းဝင္ေရာက္ခဲ့ျခင္းျဖစ္ၿပီး တာဝန္ရွိသူမ်ားက ႀကိဳဆိုလက္ခံ၍ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံပြဲကို ယေန႔( ေဖေဖာ္ဝါရီလ ၁၃ရက္)၊ မနက္ပိုင္းက မႏၲေလးတိုင္းေဒသႀကီး အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တြင္ ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အခမ္းအနားတြင္ ဥပေဒေဘာင္ အတြင္းျပန္လည္ဝင္ေရာက္ခဲ့ၾကသူမ်ားမွ ၎တို႔ႏွင့္အတူ ပါရွိလာသည့္ လက္နက္ခဲယမ္းမ်ားကို တာဝန္ရွိသူတစ္ဦးက လက္ခံရယူခဲ့ၿပီး တာဝန္ရွိသူမ်ားက ေထာက္ပံ့ေငြမ်ားေပးကာ မိဘအုပ္ထိန္းသူမ်ားထံ လႊဲေျပာင္းေပးအပ္ ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ ၂၃ရက္ က လည္း MDY PDF အဖြဲ႕ဝင္ အမ်ိဳးသား ၁၄၁ ဦးႏွင့္ အမ်ိဳးသမီး ၈ ဦးတို႔သည္ လက္နက္၊ ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ားက်န္ရွိေနေသးေၾကာင္း သိရွိရၿပီး ဥပေဒေဘာင္အတြင္း ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာခ႐ိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္ သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံကာ လိုအပ္သည့္ ကူညီေထာက္ပံ့မႈမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္းႏွင့္ လက္နက္/ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြမ်ား ေပးအပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားၿပီးျဖစ္သည္။