ဆောင်းကုန်ခါနီး မန္တလေးတွင် ယနေ့နံနက်ပိုင်း အအေးဓာတ် ပြန်ပိုလာ

 563

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၁၃
မန္တလေးမြို့တွင် ယနေ့ ဖေဖော်ဝါရီ ၁၃ရက် နံနက်ပိုင်း၌ ဆောင်းရာသီ အအေးဓာတ် သိသာစွာပိုလာပြီး လာမည့် ဖေဖော်ဝါရီ ၁၈ရက်အထိ အအေးပိုလာမည့် ဒေသများတွင်လည်း မန္တလေးတိုင်းဒေသကြီးပါဝင်နေသည်။
အထူးသဖြင့် နံနက်လင်းခါနီးအချိန်၌ အအေးဓာတ်သိသာစွာပိုနေခြင်းဖြစ်ပြီး မကြာမီ နွေရာသီသို့ရောက်ရှိတော့မည်ဖြစ်သောကြောင့် ရာသီအကူးအပြောင်း ဖျားနာခြင်းများမဖြစ်စေရန် သတိပြုနေထိုင်နေရကြောင်း မန္တလေးမြို့ခံများက ပြောကြသည်။
“မန္တလေးမှာ အအေးဓာတ်လျော့နေတာ ရက်တပတ်လောက်ရှိပြီ။ ဒီနေ့မနက်ကျမှ လင်းခါနီးအချိန် အရမ်းကိုပြန်အေးလာတာပါ။ ‌ဆောင်းတွင်းပြီးပြီထင်ပြီး သိမ်းလိုက်တဲ့အနွေးထည်လေးတွေတောင် ပြန်ထုတ်ဝတ်နေရတယ်။ ရာသီအကူးအပြောင်းမှာ ဖျားနာမှာတော့စိုးရိမ်ရတယ်။ ဖျားလို့ ဆေးခန်းသွားရင် ဆေးတလုံးထိုးရင်ကို အနည်းဆုံး တသောင်းကျပ်မို့လို့ မဖျားရဲအောင်ပါပဲ”ဟု မြို့ခံတဦးက ဆိုပါသည်။
ယနေ့မှစ၍ဖေဖော်ဝါရီ ၁၈ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ညအပူချိန်များ လျော့ကျပြီး အအေးပိုနိုင်ကြောင်း၊ အထူးအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၈ရက်အတွင်း ညအပူချိန်များသည် ပုံမှန်အပူချိန်အောက်သို့ သိသိသာသာ လျော့ကျကာ သိသိသာသာ အအေးပိုနိုင်ကြောင်း ဒေါက်တာ စိုင်းခွန်အာကာ (စီမံညွှန်ကြားရေးမှူး)၊ အဆင့်မြင့်သုတေသနမိုးလေဝသပညာရှင်၊ မိုးလေဝသမြန်မာက ခန့်မှန်းထားသည်။

Zawgyi Version:
ေဆာင္းကုန္ခါနီး မႏၲေလးတြင္ ယေန႔နံနက္ပိုင္း အေအးဓာတ္ ျပန္ပိုလာ
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ -၁၃
မႏၲေလးၿမိဳ႕တြင္ ယေန႔ ေဖေဖာ္ဝါရီ ၁၃ရက္ နံနက္ပိုင္း၌ ေဆာင္းရာသီ အေအးဓာတ္ သိသာစြာပိုလာၿပီး လာမည့္ ေဖေဖာ္ဝါရီ ၁၈ရက္အထိ အေအးပိုလာမည့္ ေဒသမ်ားတြင္လည္း မႏၲေလးတိုင္းေဒသႀကီးပါဝင္ေနသည္။
အထူးသျဖင့္ နံနက္လင္းခါနီးအခ်ိန္၌ အေအးဓာတ္သိသာစြာပိုေနျခင္းျဖစ္ၿပီး မၾကာမီ ေႏြရာသီသို႔ေရာက္ရွိေတာ့မည္ျဖစ္ေသာေၾကာင့္ ရာသီအကူးအေျပာင္း ဖ်ားနာျခင္းမ်ားမျဖစ္ေစရန္ သတိျပဳေနထိုင္ေနရေၾကာင္း မႏၲေလးၿမိဳ႕ခံမ်ားက ေျပာၾကသည္။
“မႏၲေလးမွာ အေအးဓာတ္ေလ်ာ့ေနတာ ရက္တပတ္ေလာက္ရွိၿပီ။ ဒီေန႔မနက္က်မွ လင္းခါနီးအခ်ိန္ အရမ္းကိုျပန္ေအးလာတာပါ။ ‌ေဆာင္းတြင္းၿပီးၿပီထင္ၿပီး သိမ္းလိုက္တဲ့အေႏြးထည္ေလးေတြေတာင္ ျပန္ထုတ္ဝတ္ေနရတယ္။ ရာသီအကူးအေျပာင္းမွာ ဖ်ားနာမွာေတာ့စိုးရိမ္ရတယ္။ ဖ်ားလို႔ ေဆးခန္းသြားရင္ ေဆးတလုံးထိုးရင္ကို အနည္းဆုံး တေသာင္းက်ပ္မို႔လို႔ မဖ်ားရဲေအာင္ပါပဲ”ဟု ၿမိဳ႕ခံတဦးက ဆိုပါသည္။
ယေန႔မွစ၍ေဖေဖာ္ဝါရီ ၁၈ ရက္အတြင္း ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္း ေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ညအပူခ်ိန္မ်ား ေလ်ာ့က်ၿပီး အေအးပိုႏိုင္ေၾကာင္း၊ အထူးအားျဖင့္ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးတို႔တြင္ ေဖေဖာ္ဝါရီ ၁၄ ရက္မွ ၁၈ရက္အတြင္း ညအပူခ်ိန္မ်ားသည္ ပုံမွန္အပူခ်ိန္ေအာက္သို႔ သိသိသာသာ ေလ်ာ့က်ကာ သိသိသာသာ အေအးပိုႏိုင္ေၾကာင္း ေဒါက္တာ စိုင္းခြန္အာကာ (စီမံၫႊန္ၾကားေရးမႉး)၊ အဆင့္ျမင့္သုေတသနမိုးေလဝသပညာရွင္၊ မိုးေလဝသျမန္မာက ခန႔္မွန္းထားသည္။

Related news

© 2021. All rights reserved.