အမေရိကန်နဲ့ဆွေးနွေးမယ့် အီရန်နိုင်ငံခြားရေးဝန်ကြီးအကြောင်း တစေ့တစောင်း

618

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီလ ၁၃
အမေရိကန်နိုင်ငံနဲ့ အီရန်နိုင်ငံကြားတင်းမာမှုများရှိနေချိန်မှာပဲ နှစ်နိုင်ငံကြား အဆင့်မြင့် သံ တမန်ရေးရာဆွေးနွေးပွဲတစ်ရပ်ကို မကြာခင် ကျင်းပ သွားဖွယ်ရှိနေပါတယ်။ အဲဒီဆွေးနွေးပွဲက အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရသစ်လက်ထက် မှာ အီရန်နိုင်ငံနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့ ပထမ ဆုံးနဲ့ အရေးပါဆုံးသော ခြေလှမ်းတစ်ခုဖြစ်လာဖွယ် ရှိနေပါတယ်။ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် ကိုယ်တိုင်ကလည်း အမေရိကန်နဲ့ နျူကလီးယား ဆိုင်ရာ ဆွေးနွေးပွဲများ စတင်ပြုလုပ်ဖို့ ပြီးခဲ့တဲ့ရက် ပိုင်းမှာ တရားဝင်အမိန့်ပေးလိုက်ပြီး အဲဒီဆွေးနွေးပွဲ များက "နျူကလီးယားအရေးကိစ္စ(Nuclear File)"တစ်ခုတည်းအပေါ်မှာသာ ကန့်သတ်ထားဖွယ် ရှိနေပါတယ်။
အမေရိကန်သမ္မတရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ အထူးသံတမန် စတိဗ်ဝစ်ကော့ဖ်Steve Witkoff) နဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အရာချီ (Abbas Araqchi) တို့ဟာ တူရကီနိုင်ငံ အစ္စ တန်ဘူလ်မြို့မှာ မျက်နှာချင်းဆိုင် တွေ့ဆုံကြဖွယ်ရှိနေပြီး အဲဒီတွေ့ဆုံဆွေးနွေးပွဲက နှစ်နိုင်ငံစလုံးအတွက် အရေးပါလျက်ရှိနေပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲ အတွင်း သဘောတူညီမှုမရဘူးဆိုရင် ဆိုးရွားမှုတွေ ဖြစ်လာဖွယ်ရှိနေတယ်လို့လည်း အမေရိကန်သမ္မတ က ထပ်မံသတိပေးထားပါတယ်။ အဲဒီတွေ့ဆုံဆွေး နွေးပွဲတွေကို ဦးဆောင်ဆွေးနွေးမယ့် အီရန်နိုင်ငံခြား ရေးဝန်ကြီး အာဘတ်စ်အရာချီအတွက်တော့ ဖိအား တွေအောက်ကနေ ဆွေးနွေးရမှာဖြစ်ပါတယ်။ အာ ဘတ်စ်အရာချီဟာ အီရန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် (၂၀၂၄)ခုနှစ် ဩဂုတ်လမှာ စတင်တာဝန်ယူခဲ့ပြီး ယခင်က အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းဟာ အီရန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်မယူခင် ဖင်လန်၊ ဂျပန်နိုင်ငံတို့ရဲ့ အီရန်သံအမတ်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။
အာဘတ်စ်အရာချီကို (၁၉၆၂)ခုနှစ် ဒီဇင် ဘာလမှာ အီရန်နိုင်ငံ တီဟီရန်မြို့တွင်မွေးဖွားခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ School of International Relations တက္ကသိုလ် ကနေ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ သလို Islamic Azad တက္ကသိုလ်ကနေ နိုင်ငံရေး သိပ္ပံဘာသာရပ်နဲ့ မဟာဘွဲ့ထပ်မံရရှိခဲ့ကာ University of Kent တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ထပ်မံရရှိထားပါတယ်။
အာဘတ်စ်အရာချီဟာ (၁၉၈၉)ခုနှစ်က နေ လက်ရှိအချိန်အထိ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန မှာ အငယ်တန်းအရာရှိကနေ ဝန်ကြီးအဖြစ် ရာထူး တွေ မြင့်တက်လာခဲ့သူလည်းဖြစ်ပါတယ်။
၎င်းဟာ အစ္စာလမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC မှာ အီရန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် အဖြစ်တာဝန်ယူခဲ့ဖူးသလို Institute for Political and International Studies (IPIS) မှာလည်း အထွေထွေဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူဖြစ်ပါ တယ်။ အာဘတ်စ်အရာချီဟာ အီရန်နိုင်ငံခြားရေးဝန် ကြီးဌာနမှာ နှစ်ပေါင်း (၄၀)နီးပါးကြာ တာဝန်ယူချိန် အတွင်း မတူညီတဲ့ ရာထူးအမျိုးမျိုးနဲ့တာဝန်ယူခဲ့ရာ အတွေ့ကြုံရင့်ကျက်သူတစ်ဦးလို့ဆိုနိုင်ပါတယ်။ ၎င်းဟာ အီရန်သမ္မတဟောင်း ဟက်ဆန် ရိုဟာနီလက် ထက်တုန်းကပြုလုပ်ခဲ့ဖူးတဲ့ အီရန်နဲ့အမေရိကန်အ ပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံ (၅)နိုင်ငံကြားပြု လုပ်တဲ့ နျူကလီးယားဆွေးနွေးပွဲကို ပါဝင်ခဲ့ဖူးသူ လည်းဖြစ်ပါတယ်။ အာဘတ်စ်အရာချီဟာ (၂၀၁၃)ခုနှစ်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ယူခဲ့ပြီး အီရန်နဲ့ အမေရိကန်နိုင်ငံကြားပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲများကို ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ အီရန်သမ္မတ အီဘရာ ဟင် ရိုင်စီလက်ထက်မှာလည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဓိကအရေးပါသူဖြစ်ခဲ့ပြီး လက်ရှိသမ္မတ မာဆွတ် ပီဇက်ရှ် ကီယန်လက်ထဲမှာလည်း အီရန်နိုင် ငံရဲ့ နိုင်ငံတကာမျက်နှာစာမှာ အဓိကအရေးပါသူအ ဖြစ်ဆက်ရှိနေခဲ့ပါတယ်။ အာဘတ်စ်အရာချီဟာ (၂၀၂၄)ခုနှစ်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး အီရန်နိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍကို အဓိကမောင်းနှင်ခဲ့သူဖြစ်ပါ တယ်။ အသက်(၆၃)နှစ်အရွယ်ရှိ အာဘတ်စ်အရာချီ ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီးနောက် အီရန်နိုင်ငံရဲ့ နိုင်ငံတကာဆိုင်ရာမူဝါဒများကို အစိုးရနှင့်အတူ စီမံကိန်းရေးဆွဲ၊ အကောင်အထည် ဖော်ခြင်း၊ အမျိုးသားအကျိုးစီးပွား(national interest) ကို ဦးစားပေးထိန်းသိမ်းခြင်းသံတမန်ရေး ဆက် ဆံရေးကို စီမံခန့်ခွဲခြင်း၊ တခြားနိုင်ငံတွေံနဲ့ သံတမန် ရေး၊ မဟာမိတ်ဆက်ဆံရေးကို ထိန်းသိမ်းတိုးတက် စေခြင်း၊ နျူကလီးယားအရေးအပြင်၊ စီးပွားရေးပိတ် ဆို့မှု(sanctions)၊ လုံခြုံရေးကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို အဓိက ဦး ဆောင်လုပ်ကိုင်ခဲ့ရပါတယ်။ ၎င်းဟာ နျူကလီးယား သဘောတူညီချက် (JCPOA) ဆွေးနွေးပွဲများမှာ အဓိက ညှိနှိုင်းရေးသမားအဖြစ်ပါဝင်ခဲ့သလို အမေရိ ကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ခက်ခဲတဲ့ဆွေး နွေးမှုတွေကို စိတ်ရှည်သည်းခံမှုနဲ့ ကိုင်တွယ် ဖြေရှင်း ခဲ့သူလည်းဖြစ်ပါတယ်။ အာဘတ်စ်အရာချီဟာ နိုင်ငံ တကာဥပဒေ၊ သံတမန်ရေးထုံးစံတွေကို နက်နက်ရှိုင်း ရှိုင်းနားလည်သူဖြစ်တဲ့အတွက် ဆွေးနွေးပြောဆိုရာမှာ ဥပဒေဘောင်အတွင်းကနေ အီရန်အကျိုးစီးပွားကို ကာကွယ်တတ်သူလည်းဖြစ်ပါတယ်။ ၎င်းဟာ အီရန် နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ဦးစားပေးသူဖြစ် တဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်တာဝန်ယူချိန် အတွင်းမှာ အီရန်နိုင်ငံကို ဝေဖန်ပြစ်တင်ခဲ့တဲ့ အမေရိ ကန်၊ ဂျာမနီ၊ ဗြိတိန်အစိုးရတို့ကိုလည်း တုံ့ပြန် ဝေဖန် ခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ ဆွေးနွေးပြောဆိုရာမှာ စကားပြောပုံ တည်ငြိမ်အေးဆေးမှုရှိသလို တုံ့ပြန်မှု လွန်ကဲမှုမရှိဘဲ တည်ငြိမ်မှုအပြည့်ရှိတဲ့ သံတမန်ရေး ပုံစံမျိုးကို ဖော်ဆောင်သူလည်းဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးချိန်အတွင်း အကျပ်အတည်းများရှိနေချိန်မှာ လည်း အာဘတ်စ်အရာချီဟာ တင်းမာမှုတွေမဖြစ် အောင်ထိန်းနိုင်တဲ့စွမ်းရည်ရှိသလို အရှေ့အလယ်ပိုင်း ဒေသရဲ့ နိုင်ငံရေး၊ ဘာသာရေး၊ လုံခြုံရေး အပြန်အ လှန်ဆက်နွှယ်မှုတွေကို နားလည်သူလည်းဖြစ်ပါ တယ်။ အာဘတ်စ်အရာချီဟာ ရုရှား၊ တရုတ်၊ အာရပ် နိုင်ငံတွေနဲ့ဆက်ဆံရေးကိုချဲ့ထွင်နိုင်ခဲ့ပြီး နိုင်ငံရဲ့ မျက်နှာစာ(face of the state) ဖြစ်တယ်လို့ ရှုမြင်သုံးသပ်ခံရသူလည်းဖြစ်ပါတယ်။
၎င်းဟာ အီရန်နိုင်ငံရှိ နိုင်ငံရေးသမားတွေ ကြားမှာ သဘောထားတင်းမာသူမဟုတ်ဘဲ ပျော့ ပျောင်းတဲ့နည်းလမ်းကိုကိုင်တွယ်သူဖြစ်ပါတယ်။ စိတ်ရှည်ပြီး တည်ငြိမ်သူဖြစ်တဲ့အတွက် အာဘတ်စ် အရာချီဟာ အနောက်နိုင်ငံတွေနဲ့ ခက်ခဲတဲ့ ဆွေးနွေး ပွဲတွေမှာတောင် စိတ်ရှည်ရှည် နားထောင်နိုင်စွမ်းရှိ သူဖြစ်ပြီး စကားပြောရာမှာ အလွန်အကျွံ စိတ်လှုပ်ရှား မှုမပြဘဲ အခက်အခဲပြဿနာတွေကို အေးအေးဆေး ဆေးနဲ့ ကိုင်တွယ်တတ်သူလည်းဖြစ်ပါတယ်။ စိတ် ရှည်သည်းခံမှုရှိပေမယ့် အာဘတ်စ်အရာချီဟာ အီ ရန်ရဲ့ အခွင့်အရေး၊ အချုပ်အခြာအာဏာပိုင်မှု (sovereignty) နဲ့ အမျိုးသားအကျိုးစီးပွားကိုထိခိုက်လာ ရင်တော့ တင်းမာစွာ ရပ်တည်တတ်သူဖြစ်ပါတယ်။ ၎င်းဟာ မီဒီယာရှေ့မှာ ပြင်းထန်တဲ့မိန့်ခွန်းတွေ များ များစားစားသိပ်မပြောဘဲ နောက်ကွယ်မှာ ညှိနှိုင်းမှု လုပ်တဲ့သဘောထား ရှိပါတယ်။ အီရန်မီဒီယာတွေက အာဘတ်စ်အရာချီဟာ သံတမန်ရေးအရ ဆွေးနွေး ပြောဆိုရာမှာ " စကားလှလှပြောခြင်း"ထက် ရလဒ် ထွက်အောင်လုပ်တတ်သူအဖြစ် ချီးကျူးရေးသားထား ပါတယ်။ ၎င်းဟာ သံတမန်ရေး စေ့စပ်ဆွေးနွေးခြင်း အပါအဝင် နိုင်ငံတကာ သံတမန်ရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေးနဲ့ပတ်သက်တဲ့စာအုပ်တွေ ဆောင်းပါး တွေကို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အာဘတ်စ်အရာချီဟာ အီရန်နဲ့အမေရိကန်နိုင်ငံကြား ဖြစ်ပွားလျက်ရှိနေတဲ့ တင်းမာမှုတွေ၊ အငြင်းပွားမှုတွေကိုဖြေလျှော့နိုင် အောင် ရှေ့တန်းက ဦးဆောင်ကြိုးပမ်းရမယ့်သူတစ် ဦးဖြစ်တဲ့အတွက် ၎င်းရဲ့ စွမ်းဆောင်ရည်တွေဟာ အီရန်နိုင်ငံနဲ့ အီရန်ပြည်သူတွေအတွက် အဓိက အရေးပါလျက်ရှိနေပါတယ်။ နိုင်ငံအချင်းချင်း စစ် မက်မဖြစ်ပွားဖို့အတွက် သံတမန်ရေးဟာ အဓိက အရေးကြီးအခန်းကဏ္ဍက ပါဝင်လျက်ရှိနေပြီး သံတ မန်ရေးအရ စေ့စပ်ဆွေးနွေးမှုတွေမအောင်မြင်ဘူး ဆိုရင် နိုင်ငံများကြားမှာ တင်းမာမှုတွေ၊ အငြင်းပွားမှု တွေနဲ့ စစ်မက်ဖြစ်ပွားမှုတွေ ဖြစ်လာလေ့ရှိနေပါတယ်။ အာဘတ်စ်အရာချီ အီရန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူချိန်အတွင်း အမေရိကန်နဲ့ အီရန်နိုင်ငံကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေ အဆုံးသတ်နိုင်အောင် သံတမန်ရေးနည်းလမ်းနဲ့ အောင်မြင်စွာ ဆွေးနွေးအ ဖြေရှာနိုင်မှာလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့် ရမှာလည်းဖြစ်ပါတယ်။ ၎င်းဟာ အမေရိကန်နဲ့ အီရန် နိုင်ငံကြားဖြစ်ပွားလျက်ရှိနေတဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေမှာ ကိုယ်စားလှယ်အဖြစ် ပါဝင်မှု၊ ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ခဲ့သူဖြစ်ရာ အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးပွဲတွေအတွက် အတွေ့ အကြုံရှိသူဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ဒေါ်နယ် ထရမ့် သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း အီရန်နိုင်ငံ ရဲ့ နျူကလီးယားအရေးကိစ္စဟာ အငြင်းပွားဖွယ်ရှိနေ ရာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အရာချီက အီရန်ရဲ့ နျူကလီးယားရည်ရွယ်ချက်တွေကို အမေရိ ကန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံ နားလည်အောင် ကြိုးပမ်းပေးနိုင်မှာလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ ေဆြးေႏြးမယ့္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအေၾကာင္း တေစ့တေစာင္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီလ ၁၃
အေမရိကန္ႏိုင္ငံနဲ႔ အီရန္ႏိုင္ငံၾကားတင္းမာမႈမ်ားရွိေနခ်ိန္မွာပဲ ႏွစ္ႏိုင္ငံၾကား အဆင့္ျမင့္ သံ တမန္ေရးရာေဆြးေႏြးပြဲတစ္ရပ္ကို မၾကာခင္ က်င္းပ သြားဖြယ္ရွိေနပါတယ္။ အဲဒီေဆြးေႏြးပြဲက အေမရိ ကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အစိုးရသစ္လက္ထက္ မွာ အီရန္ႏိုင္ငံနဲ႔ တိုက္႐ိုက္ထိေတြ႕ဆက္ဆံတဲ့ ပထမ ဆုံးနဲ႔ အေရးပါဆုံးေသာ ေျခလွမ္းတစ္ခုျဖစ္လာဖြယ္ ရွိေနပါတယ္။ အီရန္သမၼတ မာဆြတ္ ပီဇက္ရွ္ကီယန္ ကိုယ္တိုင္ကလည္း အေမရိကန္နဲ႔ န်ဴကလီးယား ဆိုင္ရာ ေဆြးေႏြးပြဲမ်ား စတင္ျပဳလုပ္ဖို႔ ၿပီးခဲ့တဲ့ရက္ ပိုင္းမွာ တရားဝင္အမိန႔္ေပးလိုက္ၿပီး အဲဒီေဆြးေႏြးပြဲ မ်ားက "န်ဴကလီးယားအေရးကိစၥ(Nuclear File)"တစ္ခုတည္းအေပၚမွာသာ ကန႔္သတ္ထားဖြယ္ ရွိေနပါတယ္။
အေမရိကန္သမၼတရဲ႕ အေရွ႕အလယ္ပိုင္း ဆိုင္ရာ အထူးသံတမန္ စတိဗ္ဝစ္ေကာ့ဖ္Steve Witkoff) နဲ႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္ အရာခ်ီ (Abbas Araqchi) တို႔ဟာ တူရကီႏိုင္ငံ အစၥ တန္ဘူလ္ၿမိဳ႕မွာ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံၾကဖြယ္ရွိေနၿပီး အဲဒီေတြ႕ဆုံေဆြးေႏြးပြဲက ႏွစ္ႏိုင္ငံစလုံးအတြက္ အေရးပါလ်က္ရွိေနပါတယ္။ အဲဒီေတြ႕ဆုံေဆြးေႏြးပြဲ အတြင္း သေဘာတူညီမႈမရဘူးဆိုရင္ ဆိုး႐ြားမႈေတြ ျဖစ္လာဖြယ္ရွိေနတယ္လို႔လည္း အေမရိကန္သမၼတ က ထပ္မံသတိေပးထားပါတယ္။ အဲဒီေတြ႕ဆုံေဆြး ေႏြးပြဲေတြကို ဦးေဆာင္ေဆြးေႏြးမယ့္ အီရန္ႏိုင္ငံျခား ေရးဝန္ႀကီး အာဘတ္စ္အရာခ်ီအတြက္ေတာ့ ဖိအား ေတြေအာက္ကေန ေဆြးေႏြးရမွာျဖစ္ပါတယ္။ အာ ဘတ္စ္အရာခ်ီဟာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ (၂၀၂၄)ခုႏွစ္ ဩဂုတ္လမွာ စတင္တာဝန္ယူခဲ့ၿပီး ယခင္က အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆို ခြင့္ရွိသူအျဖစ္ တာဝန္ယူခဲ့သူလည္းျဖစ္ပါတယ္။ ၎ဟာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္တာဝန္မယူခင္ ဖင္လန္၊ ဂ်ပန္ႏိုင္ငံတို႔ရဲ႕ အီရန္သံအမတ္ႀကီးအျဖစ္တာဝန္ယူခဲ့ဖူးသူလည္းျဖစ္ပါတယ္။
အာဘတ္စ္အရာခ်ီကို (၁၉၆၂)ခုႏွစ္ ဒီဇင္ ဘာလမွာ အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕တြင္ေမြးဖြားခဲ့ၿပီး အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဖြင့္လွစ္ထားတဲ့ School of International Relations တကၠသိုလ္ ကေန ႏိုင္ငံတကာဆက္ဆံေရးဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့ သလို Islamic Azad တကၠသိုလ္ကေန ႏိုင္ငံေရး သိပၸံဘာသာရပ္နဲ႔ မဟာဘြဲ႕ထပ္မံရရွိခဲ့ကာ University of Kent တကၠသိုလ္ကေန ေဒါက္တာဘြဲ႕ ထပ္မံရရွိထားပါတယ္။
အာဘတ္စ္အရာခ်ီဟာ (၁၉၈၉)ခုႏွစ္က ေန လက္ရွိအခ်ိန္အထိ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန မွာ အငယ္တန္းအရာရွိကေန ဝန္ႀကီးအျဖစ္ ရာထူး ေတြ ျမင့္တက္လာခဲ့သူလည္းျဖစ္ပါတယ္။
၎ဟာ အစၥာလမၼစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ OIC မွာ အီရန္ႏိုင္ငံဆိုင္ရာကိုယ္စားလွယ္ အျဖစ္တာဝန္ယူခဲ့ဖူးသလို Institute for Political and International Studies (IPIS) မွာလည္း အေထြေထြဒါ႐ိုက္တာအျဖစ္ တာဝန္ယူခဲ့သူျဖစ္ပါ တယ္။ အာဘတ္စ္အရာခ်ီဟာ အီရန္ႏိုင္ငံျခားေရးဝန္ ႀကီးဌာနမွာ ႏွစ္ေပါင္း (၄၀)နီးပါးၾကာ တာဝန္ယူခ်ိန္ အတြင္း မတူညီတဲ့ ရာထူးအမ်ိဳးမ်ိဳးနဲ႔တာဝန္ယူခဲ့ရာ အေတြ႕ႀကဳံရင့္က်က္သူတစ္ဦးလို႔ဆိုႏိုင္ပါတယ္။ ၎ဟာ အီရန္သမၼတေဟာင္း ဟက္ဆန္ ႐ိုဟာနီလက္ ထက္တုန္းကျပဳလုပ္ခဲ့ဖူးတဲ့ အီရန္နဲ႔အေမရိကန္အ ပါအဝင္ ကမာၻ႔အင္အားႀကီးႏိုင္ငံ (၅)ႏိုင္ငံၾကားျပဳ လုပ္တဲ့ န်ဴကလီးယားေဆြးေႏြးပြဲကို ပါဝင္ခဲ့ဖူးသူ လည္းျဖစ္ပါတယ္။ အာဘတ္စ္အရာခ်ီဟာ (၂၀၁၃)ခုႏွစ္မွာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး နဲ႔ ေျပာေရးဆိုခြင့္ရွိသူအျဖစ္တာဝန္ယူခဲ့ၿပီး အီရန္နဲ႔ အေမရိကန္ႏိုင္ငံၾကားျပဳလုပ္ခဲ့တဲ့ ေဆြးေႏြးပြဲမ်ားကို ပါဝင္ခဲ့သူလည္းျဖစ္ပါတယ္။ အီရန္သမၼတ အီဘရာ ဟင္ ႐ိုင္စီလက္ထက္မွာလည္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕အဓိကအေရးပါသူျဖစ္ခဲ့ၿပီး လက္ရွိသမၼတ မာဆြတ္ ပီဇက္ရွ္ ကီယန္လက္ထဲမွာလည္း အီရန္ႏိုင္ ငံရဲ႕ ႏိုင္ငံတကာမ်က္ႏွာစာမွာ အဓိကအေရးပါသူအ ျဖစ္ဆက္ရွိေနခဲ့ပါတယ္။ အာဘတ္စ္အရာခ်ီဟာ (၂၀၂၄)ခုႏွစ္မွာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ၿပီး အီရန္ႏိုင္ငံနဲ႔ပတ္သက္တဲ့ ႏိုင္ငံတကာ ဆက္ဆံေရးက႑ကို အဓိကေမာင္းႏွင္ခဲ့သူျဖစ္ပါ တယ္။ အသက္(၆၃)ႏွစ္အ႐ြယ္ရွိ အာဘတ္စ္အရာခ်ီ ဟာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္တာဝန္ယူခဲ့ၿပီးေနာက္ အီရန္ႏိုင္ငံရဲ႕ ႏိုင္ငံတကာဆိုင္ရာမူဝါဒမ်ားကို အစိုးရႏွင့္အတူ စီမံကိန္းေရးဆြဲ၊ အေကာင္အထည္ ေဖာ္ျခင္း၊ အမ်ိဳးသားအက်ိဳးစီးပြား(national interest) ကို ဦးစားေပးထိန္းသိမ္းျခင္းသံတမန္ေရး ဆက္ ဆံေရးကို စီမံခန႔္ခြဲျခင္း၊ တျခားႏိုင္ငံေတြံနဲ႔ သံတမန္ ေရး၊ မဟာမိတ္ဆက္ဆံေရးကို ထိန္းသိမ္းတိုးတက္ ေစျခင္း၊ န်ဴကလီးယားအေရးအျပင္၊ စီးပြားေရးပိတ္ ဆို႔မႈ(sanctions)၊ လုံၿခဳံေရးကိစၥေတြနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈေတြကို အဓိက ဦး ေဆာင္လုပ္ကိုင္ခဲ့ရပါတယ္။ ၎ဟာ န်ဴကလီးယား သေဘာတူညီခ်က္ (JCPOA) ေဆြးေႏြးပြဲမ်ားမွာ အဓိက ညႇိႏႈိင္းေရးသမားအျဖစ္ပါဝင္ခဲ့သလို အေမရိ ကန္အပါအဝင္ အေနာက္ႏိုင္ငံေတြနဲ႔ ခက္ခဲတဲ့ေဆြး ေႏြးမႈေတြကို စိတ္ရွည္သည္းခံမႈနဲ႔ ကိုင္တြယ္ ေျဖရွင္း ခဲ့သူလည္းျဖစ္ပါတယ္။ အာဘတ္စ္အရာခ်ီဟာ ႏိုင္ငံ တကာဥပေဒ၊ သံတမန္ေရးထုံးစံေတြကို နက္နက္ရႈိင္း ရႈိင္းနားလည္သူျဖစ္တဲ့အတြက္ ေဆြးေႏြးေျပာဆိုရာမွာ ဥပေဒေဘာင္အတြင္းကေန အီရန္အက်ိဳးစီးပြားကို ကာကြယ္တတ္သူလည္းျဖစ္ပါတယ္။ ၎ဟာ အီရန္ ႏိုင္ငံရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားကို ဦးစားေပးသူျဖစ္ တဲ့အတြက္ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္တာဝန္ယူခ်ိန္ အတြင္းမွာ အီရန္ႏိုင္ငံကို ေဝဖန္ျပစ္တင္ခဲ့တဲ့ အေမရိ ကန္၊ ဂ်ာမနီ၊ ၿဗိတိန္အစိုးရတို႔ကိုလည္း တုံ႔ျပန္ ေဝဖန္ ခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ ေဆြးေႏြးေျပာဆိုရာမွာ စကားေျပာပုံ တည္ၿငိမ္ေအးေဆးမႈရွိသလို တုံ႔ျပန္မႈ လြန္ကဲမႈမရွိဘဲ တည္ၿငိမ္မႈအျပည့္ရွိတဲ့ သံတမန္ေရး ပုံစံမ်ိဳးကို ေဖာ္ေဆာင္သူလည္းျဖစ္ပါတယ္။ ေတြ႕ဆုံ ေဆြးေႏြးခ်ိန္အတြင္း အက်ပ္အတည္းမ်ားရွိေနခ်ိန္မွာ လည္း အာဘတ္စ္အရာခ်ီဟာ တင္းမာမႈေတြမျဖစ္ ေအာင္ထိန္းႏိုင္တဲ့စြမ္းရည္ရွိသလို အေရွ႕အလယ္ပိုင္း ေဒသရဲ႕ ႏိုင္ငံေရး၊ ဘာသာေရး၊ လုံၿခဳံေရး အျပန္အ လွန္ဆက္ႏႊယ္မႈေတြကို နားလည္သူလည္းျဖစ္ပါ တယ္။ အာဘတ္စ္အရာခ်ီဟာ ႐ုရွား၊ တ႐ုတ္၊ အာရပ္ ႏိုင္ငံေတြနဲ႔ဆက္ဆံေရးကိုခ်ဲ႕ထြင္ႏိုင္ခဲ့ၿပီး ႏိုင္ငံရဲ႕ မ်က္ႏွာစာ(face of the state) ျဖစ္တယ္လို႔ ရႈျမင္သုံးသပ္ခံရသူလည္းျဖစ္ပါတယ္။
၎ဟာ အီရန္ႏိုင္ငံရွိ ႏိုင္ငံေရးသမားေတြ ၾကားမွာ သေဘာထားတင္းမာသူမဟုတ္ဘဲ ေပ်ာ့ ေပ်ာင္းတဲ့နည္းလမ္းကိုကိုင္တြယ္သူျဖစ္ပါတယ္။ စိတ္ရွည္ၿပီး တည္ၿငိမ္သူျဖစ္တဲ့အတြက္ အာဘတ္စ္ အရာခ်ီဟာ အေနာက္ႏိုင္ငံေတြနဲ႔ ခက္ခဲတဲ့ ေဆြးေႏြး ပြဲေတြမွာေတာင္ စိတ္ရွည္ရွည္ နားေထာင္ႏိုင္စြမ္းရွိ သူျဖစ္ၿပီး စကားေျပာရာမွာ အလြန္အကြၽံ စိတ္လႈပ္ရွား မႈမျပဘဲ အခက္အခဲျပႆနာေတြကို ေအးေအးေဆး ေဆးနဲ႔ ကိုင္တြယ္တတ္သူလည္းျဖစ္ပါတယ္။ စိတ္ ရွည္သည္းခံမႈရွိေပမယ့္ အာဘတ္စ္အရာခ်ီဟာ အီ ရန္ရဲ႕ အခြင့္အေရး၊ အခ်ဳပ္အျခာအာဏာပိုင္မႈ (sovereignty) နဲ႔ အမ်ိဳးသားအက်ိဳးစီးပြားကိုထိခိုက္လာ ရင္ေတာ့ တင္းမာစြာ ရပ္တည္တတ္သူျဖစ္ပါတယ္။ ၎ဟာ မီဒီယာေရွ႕မွာ ျပင္းထန္တဲ့မိန႔္ခြန္းေတြ မ်ား မ်ားစားစားသိပ္မေျပာဘဲ ေနာက္ကြယ္မွာ ညႇိႏႈိင္းမႈ လုပ္တဲ့သေဘာထား ရွိပါတယ္။ အီရန္မီဒီယာေတြက အာဘတ္စ္အရာခ်ီဟာ သံတမန္ေရးအရ ေဆြးေႏြး ေျပာဆိုရာမွာ " စကားလွလွေျပာျခင္း"ထက္ ရလဒ္ ထြက္ေအာင္လုပ္တတ္သူအျဖစ္ ခ်ီးက်ဴးေရးသားထား ပါတယ္။ ၎ဟာ သံတမန္ေရး ေစ့စပ္ေဆြးေႏြးျခင္း အပါအဝင္ ႏိုင္ငံတကာ သံတမန္ေရးနဲ႔ ႏိုင္ငံတကာ ဆက္ဆံေရးနဲ႔ပတ္သက္တဲ့စာအုပ္ေတြ ေဆာင္းပါး ေတြကို ေရးသားခဲ့သူလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာ အာဘတ္စ္အရာခ်ီဟာ အီရန္နဲ႔အေမရိကန္ႏိုင္ငံၾကား ျဖစ္ပြားလ်က္ရွိေနတဲ့ တင္းမာမႈေတြ၊ အျငင္းပြားမႈေတြကိုေျဖေလွ်ာ့ႏိုင္ ေအာင္ ေရွ႕တန္းက ဦးေဆာင္ႀကိဳးပမ္းရမယ့္သူတစ္ ဦးျဖစ္တဲ့အတြက္ ၎ရဲ႕ စြမ္းေဆာင္ရည္ေတြဟာ အီရန္ႏိုင္ငံနဲ႔ အီရန္ျပည္သူေတြအတြက္ အဓိက အေရးပါလ်က္ရွိေနပါတယ္။ ႏိုင္ငံအခ်င္းခ်င္း စစ္ မက္မျဖစ္ပြားဖို႔အတြက္ သံတမန္ေရးဟာ အဓိက အေရးႀကီးအခန္းက႑က ပါဝင္လ်က္ရွိေနၿပီး သံတ မန္ေရးအရ ေစ့စပ္ေဆြးေႏြးမႈေတြမေအာင္ျမင္ဘူး ဆိုရင္ ႏိုင္ငံမ်ားၾကားမွာ တင္းမာမႈေတြ၊ အျငင္းပြားမႈ ေတြနဲ႔ စစ္မက္ျဖစ္ပြားမႈေတြ ျဖစ္လာေလ့ရွိေနပါတယ္။ အာဘတ္စ္အရာခ်ီ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူခ်ိန္အတြင္း အေမရိကန္နဲ႔ အီရန္ႏိုင္ငံၾကား ျဖစ္ပြားေနတဲ့ အျငင္းပြားမႈေတြ အဆုံးသတ္ႏိုင္ေအာင္ သံတမန္ေရးနည္းလမ္းနဲ႔ ေအာင္ျမင္စြာ ေဆြးေႏြးအ ေျဖရွာႏိုင္မွာလားဆိုတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ ရမွာလည္းျဖစ္ပါတယ္။ ၎ဟာ အေမရိကန္နဲ႔ အီရန္ ႏိုင္ငံၾကားျဖစ္ပြားလ်က္ရွိေနတဲ့ န်ဴကလီးယားအေရးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးပြဲေတြမွာ ကိုယ္စားလွယ္အျဖစ္ ပါဝင္မႈ၊ ဦးေဆာင္ေဆြးေႏြးသူအျဖစ္ပါဝင္ခဲ့သူျဖစ္ရာ အေမရိကန္နဲ႔ ေစ့စပ္ေဆြးေႏြးပြဲေတြအတြက္ အေတြ႕ အႀကဳံရွိသူျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ေဒၚနယ္ ထရမ့္ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း အီရန္ႏိုင္ငံ ရဲ႕ န်ဴကလီးယားအေရးကိစၥဟာ အျငင္းပြားဖြယ္ရွိေန ရာ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အရာခ်ီက အီရန္ရဲ႕ န်ဴကလီးယားရည္႐ြယ္ခ်က္ေတြကို အေမရိ ကန္အပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းက လက္ခံ နားလည္ေအာင္ ႀကိဳးပမ္းေပးႏိုင္မွာလားဆိုတာ ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။