Rice Export Zone ဧက(၂)သိန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး (၃)ခု ၌ အကောင်အထည်ဖော်နေ

309

စော(NP News) - ဖေဖော်ဝါရီလ ၁၃
Rice Export Zone များကို နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာ ဝတီတိုင်းဒေသကြီးတို့တွင် ဧက(၂)သိန်းဝန်းကျင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ပို့ကုန်(၂)ဆ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တောင်သူလယ်သမားအဖွဲ့အစည်း၊ ပို့ကုန်ကုမ္ပဏီများနှင့်ပူးပေါင်းကာ Rice Export Zone များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
" အခု ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော်ကောင်စီမှာ စတင်ပြီးတော့ ဆောင်ရွက်နေပါပြီ။ အချို့နေရာတွေမှာ ညှိနှိုင်းနေတယ်။ ဆွေးနွေးနေတယ်ပေါ့နော်။ တောင်သူလယ်သမားတွေနဲ့ ပို့ကုန်ကုမ္ပဏီတွေနဲ့ပေါ့။ သူတို့အသေးစိတ်ညှိနှိုင်းနေတယ်။ တချို့နေရာတွေမှာတော့ စပြီးတော့တောင် စိုက်ပျိုးနေတဲ့အနေအထားဖြစ်ပါပြီ။ ကျွန်တော်တို့သတ်မှတ်ထားတဲ့အတိုင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နွေစပါးမှာတော့ ခန့်မှန်းတာ ဧက (၂)သိန်း နဲ့ (၂)သိန်းဝန်းကျင်လောက်တော့ လုပ်နိုင်မယ်ပေါ့။ လာမယ့် မိုးစပါးကိုတော့ တော်တော်ကို ဦးစား ပေးပြီးတော့ ပြင်ဆင်နေပါတယ်။
ဧက (၃၄၀ဝဝဝ)က လျာထားတာပေါ့။ ဒါပေမဲ့ အခုဧက(၂)သိန်းဝန်း ကျင်နဲ့(၃)သိန်းဝန်းကျင်လောက် လုပ်နိုင်မှာပေါ့။ ညှိနှိုင်းနေတာဖြစ်တဲ့အတွက် အသေးစိတ်တော့ မသိသေးဘူးပေါ့" ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
Rice Export Zone တွင် နွေစပါးအတွက် ရက် (၉၀)၊ ဧည့်မထ၊ ငစိန် GW 11 နှင့် အောင် နိုင်တိုး စသည့် မျိုးစေ့များကို စိုက်ပျိုးသွားမည်ဖြစ်ပြီး လက်ရှိတွင် Export Company ပေါင်း(၂၀)ခန့်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
" Export Zone ကျတော့ ပုံမှန်စိုက်ပျိုးထုတ်လုပ်တဲ့ဟာ သက်သက်မဟုတ်ဘူး။ သူကကျတော့ အဓိကကျတော့ ပိုးသတ်ဆေးဓာတ်ကြွင်းတွေ မရှိအောင် လုပ်မယ့်အစီအစဉ်တွေပေါ့။ နောက်တစ်ခုကတော့ အထွက်နှုန်းကောင်းအောင်လုပ်မယ့်ဟာတွေပေါ့။ မျိုးကလည်း မျိုးကောင်းမျိုးသန့် တကယ့် Export ဈေးကွက်က ကြိုက်တဲ့မျိုးကိုသုံးဖို့ ဒါတွေပါနေတာပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ Export Zone အတွင်းရှိ တောင်သူများအား တစ်ဧကလျှင် ကျပ် (၄၅၀,ဝဝဝ) နှုန်းဖြင့် စိုက်ပျိုးထုတ်လုပ်မှု အထောက်အကူပြု ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ(၃၁)ရက်က ရန်ကုန်တိုင်း ဒေသကြီးအတွင်း Rice Export Zoneတွင် ပါဝင် သော တောင်သူများအတွက် စိုက်ပျိုးစရိတ်၊ ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
Rice Export Zone ဧက(၂)သိန္းကို ေနျပည္ေတာ္ႏွင့္ တိုင္းေဒသႀကီး (၃)ခု ၌
အေကာင္အထည္ေဖာ္ေန
ေစာ(NP News) - ေဖေဖာ္ဝါရီလ ၁၃
Rice Export Zone မ်ားကို ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ဧရာ ဝတီတိုင္းေဒသႀကီးတို႔တြင္ ဧက(၂)သိန္းဝန္းက်င္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ထံမွ သိရသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ပို႔ကုန္(၂)ဆ တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ရန္အတြက္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၏ ဦးေဆာင္မႈျဖင့္ ေတာင္သူလယ္သမားအဖြဲ႕အစည္း၊ ပို႔ကုန္ကုမၸဏီမ်ားႏွင့္ပူးေပါင္းကာ Rice Export Zone မ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရသည္။
" အခု ဧရာဝတီတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္းနဲ႔ ေနျပည္ေတာ္ေကာင္စီမွာ စတင္ၿပီးေတာ့ ေဆာင္႐ြက္ေနပါၿပီ။ အခ်ိဳ႕ေနရာေတြမွာ ညႇိႏႈိင္းေနတယ္။ ေဆြးေႏြးေနတယ္ေပါ့ေနာ္။ ေတာင္သူလယ္သမားေတြနဲ႔ ပို႔ကုန္ကုမၸဏီေတြနဲ႔ေပါ့။ သူတို႔အေသးစိတ္ညႇိႏႈိင္းေနတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ စၿပီးေတာ့ေတာင္ စိုက္ပ်ိဳးေနတဲ့အေနအထားျဖစ္ပါၿပီ။ ကြၽန္ေတာ္တို႔သတ္မွတ္ထားတဲ့အတိုင္း ဧရာဝတီတိုင္း၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္းနဲ႔ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ေကာင္စီမွာ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ေႏြစပါးမွာေတာ့ ခန႔္မွန္းတာ ဧက (၂)သိန္း နဲ႔ (၂)သိန္းဝန္းက်င္ေလာက္ေတာ့ လုပ္ႏိုင္မယ္ေပါ့။ လာမယ့္ မိုးစပါးကိုေတာ့ ေတာ္ေတာ္ကို ဦးစား ေပးၿပီးေတာ့ ျပင္ဆင္ေနပါတယ္။
ဧက (၃၄၀ဝဝဝ)က လ်ာထားတာေပါ့။ ဒါေပမဲ့ အခုဧက(၂)သိန္းဝန္း က်င္နဲ႔(၃)သိန္းဝန္းက်င္ေလာက္ လုပ္ႏိုင္မွာေပါ့။ ညႇိႏႈိင္းေနတာျဖစ္တဲ့အတြက္ အေသးစိတ္ေတာ့ မသိေသးဘူးေပါ့" ဟု ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ ဥကၠ႒ ဦးရဲမင္းေအာင္က ေျပာသည္။
Rice Export Zone တြင္ ေႏြစပါးအတြက္ ရက္ (၉၀)၊ ဧည့္မထ၊ ငစိန္ GW 11 ႏွင့္ ေအာင္ ႏိုင္တိုး စသည့္ မ်ိဳးေစ့မ်ားကို စိုက္ပ်ိဳးသြားမည္ျဖစ္ၿပီး လက္ရွိတြင္ Export Company ေပါင္း(၂၀)ခန႔္ျဖင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။
" Export Zone က်ေတာ့ ပုံမွန္စိုက္ပ်ိဳးထုတ္လုပ္တဲ့ဟာ သက္သက္မဟုတ္ဘူး။ သူကက်ေတာ့ အဓိကက်ေတာ့ ပိုးသတ္ေဆးဓာတ္ႂကြင္းေတြ မရွိေအာင္ လုပ္မယ့္အစီအစဥ္ေတြေပါ့။ ေနာက္တစ္ခုကေတာ့ အထြက္ႏႈန္းေကာင္းေအာင္လုပ္မယ့္ဟာေတြေပါ့။ မ်ိဳးကလည္း မ်ိဳးေကာင္းမ်ိဳးသန႔္ တကယ့္ Export ေဈးကြက္က ႀကိဳက္တဲ့မ်ိဳးကိုသုံးဖို႔ ဒါေတြပါေနတာေပါ့" ဟု ၎က ဆက္လက္ေျပာသည္။
အဆိုပါ Export Zone အတြင္းရွိ ေတာင္သူမ်ားအား တစ္ဧကလွ်င္ က်ပ္ (၄၅၀,ဝဝဝ) ႏႈန္းျဖင့္ စိုက္ပ်ိဳးထုတ္လုပ္မႈ အေထာက္အကူျပဳ ပံ့ပိုးကူညီသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္၏ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီ(၃၁)ရက္က ရန္ကုန္တိုင္း ေဒသႀကီးအတြင္း Rice Export Zoneတြင္ ပါဝင္ ေသာ ေတာင္သူမ်ားအတြက္ စိုက္ပ်ိဳးစရိတ္၊ ဓာတ္ေျမဩဇာႏွင့္ မ်ိဳးေစ့ခ်ကိရိယာမ်ား ေပးအပ္ခဲ့ေၾကာင္း သိရသည္။