ယနေ့မှစ၍ ခြောက်ရက်ကြာ ရန်ကုန်မှ ဒလသို့ YBS များ စမ်းသပ်ပြေးဆွဲနေ

 610

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၁၃
ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်) မှစ၍ ဖေဖော်ဝါရီ ၁၈ ရက်အထိ ရန်ကုန်မှ ဒလသို့ YBS များ စမ်းသပ်ပြေးဆွဲနေကြောင်းYRTCမှ တာဝန်ရှိသူတစ်ဦးက ကပြောကြားသည်။
အဆိုပါ ပြေးဆွဲမှုကို YUPT နှင့် YBPC ကုမ္ပဏီပိုင် ယာဉ်များဖြင့် စမ်းသပ်ပြေးဆွဲနေကြောင်း သိရသည်။
"စမ်းသပ်ပြေးဆွဲနေတုန်းပါရှင့်။ နံပါတ်နဲ့မဟုတ်ဘဲ ဗိုလ်တထောင်-ဒလ၊ဆူးလေ- ဒလ ဒီလိုနာမည်နဲ့ပါ။ ယာဉ်စီးခ (၄၀၀) ပါ။အချိန်က အတိကျမရှိဘူး။ပုံမှန်ကားဆွဲချိန်တွေပါပဲ။၁၈ နောက်ပိုင်းတော့ အခြေအနေကောင်းရင် ဆက်လက်ပြေးဆွဲမယ်ရှင့်"ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြေးဆွဲပေးမည့် လမ်းကြောင်းများအနေဖြင့် ဆူးလေ - ဒလ - ဆူးလေ လမ်းကြောင်းတွင်
ဆူးလေ (မြို့တော်ခန်းမ)မှ လမ်း ၃၀ (အနော်ရထာလမ်း)၊ကုန်ဈေးတန်း (အနော်ရထာလမ်း)၊လသာ (အနော်ရထာလမ်း)၊အရေးပေါ်ဌာန (လမ်းမတော်လမ်း)၊ ဘုန်းကြီးလမ်း၊ ဒလတံတား၊ ဒလတွံတေးလမ်းဆုံ၊ကျောင်းရှေ့ (အထက၄)၊ဒလတွံတေးလမ်းဆုံ၊ဒလတံတား၊ဘုန်းကြီးလမ်း၊သရက်တော (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊အရေးပေါ်ဌာန (လမ်းမတော်လမ်း)၊ညောင်ပင်လေးဈေး (ကမ်းနားလမ်း)၊ လသာ (ကမ်းနားလမ်း)၊၆ ထပ်ရုံး (ကမ်းနားလမ်း)ဆူးလေ (မြို့တော်ခန်းမ)အထိဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်တထောင်ဘုရား - ဒလ - ဆူးလေလမ်းကြောင်းတွင် ဗိုလ်တထောင်ဘုရား (YUPT Gate)မှ ဗိုလ်တထောင်ဘုရားလမ်း၊လမ်း ၅၀ (ကုန်သည်လမ်း)၊ဘိုကလေးဈေး (ကုန်သည်လမ်း)၊ ပန်းဆိုးတန်း (ကုန်သည်လမ်း)၊လမ်း ၃၀ (ကုန်သည်လမ်း)၊လသာ (ကမ်းနားလမ်း)၊ညောင်ပင်လေးဈေး (ကမ်းနားလမ်း)၊၁၅ လမ်း (ကမ်းနားလမ်း)မော်တင် (ကမ်းနားလမ်း)၊ကီလီ (ကမ်းနားလမ်း)၊သခင်မြပန်းခြံ (အောင်ရတနာလမ်း)၊ဗဟိုရ်စည် (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ဘုန်းကြီးလမ်း၊ ဒလတံတား၊ဒလတွံတေးလမ်းဆုံ၊ဒလဂိတ်ဖျား(ပန်ဝါလမ်းအနီး)၊ဒလတွံတေးလမ်းဆုံ၊ဒလတံတား၊ဘုန်းကြီးလမ်း၊သရက်တော (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ဆေးရုံကြီး (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ ဗိုလ်ချုပ်ဈေး (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ပန်းဆိုးတန်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊အိုးအိမ် (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ ၄၆ လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊လမ်း ၅၀ (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊၅၀ ကွေ့ (ဗိုလ်တထောင်ဘုရားလမ်း)၊ကုန်သည်လမ်း၊ဗိုလ်တထောင်ဈေးလမ်း၊ကမ်းနားလမ်း၊ ဗိုလ်တထောင်ဘုရား (YUPT Gate)အထိ သတ်မှတ်ထားကြောင်းသိရသည်။

Zawgyi Version:
ယေန႔မွစ၍ ေျခာက္ရက္ၾကာ ရန္ကုန္မွ ဒလသို႔ YBS မ်ား စမ္းသပ္ေျပးဆြဲေန
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ -၁၃
ယေန႔(ေဖေဖာ္ဝါရီ ၁၃ ရက္) မွစ၍ ေဖေဖာ္ဝါရီ ၁၈ ရက္အထိ ရန္ကုန္မွ ဒလသို႔ YBS မ်ား စမ္းသပ္ေျပးဆြဲေနေၾကာင္းYRTCမွ တာဝန္ရွိသူတစ္ဦးက ကေျပာၾကားသည္။
အဆိုပါ ေျပးဆြဲမႈကို YUPT ႏွင့္ YBPC ကုမၸဏီပိုင္ ယာဥ္မ်ားျဖင့္ စမ္းသပ္ေျပးဆြဲေနေၾကာင္း သိရသည္။
"စမ္းသပ္ေျပးဆြဲေနတုန္းပါရွင့္။ နံပါတ္နဲ႔မဟုတ္ဘဲ ဗိုလ္တေထာင္-ဒလ၊ဆူးေလ- ဒလ ဒီလိုနာမည္နဲ႔ပါ။ ယာဥ္စီးခ (၄၀၀) ပါ။အခ်ိန္က အတိက်မရွိဘူး။ပုံမွန္ကားဆြဲခ်ိန္ေတြပါပဲ။၁၈ ေနာက္ပိုင္းေတာ့ အေျခအေနေကာင္းရင္ ဆက္လက္ေျပးဆြဲမယ္ရွင့္"ဟု အဆိုပါ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ေျပးဆြဲေပးမည့္ လမ္းေၾကာင္းမ်ားအေနျဖင့္ ဆူးေလ - ဒလ - ဆူးေလ လမ္းေၾကာင္းတြင္
ဆူးေလ (ၿမိဳ႕ေတာ္ခန္းမ)မွ လမ္း ၃၀ (အေနာ္ရထာလမ္း)၊ကုန္ေဈးတန္း (အေနာ္ရထာလမ္း)၊လသာ (အေနာ္ရထာလမ္း)၊အေရးေပၚဌာန (လမ္းမေတာ္လမ္း)၊ ဘုန္းႀကီးလမ္း၊ ဒလတံတား၊ ဒလတြံေတးလမ္းဆုံ၊ေက်ာင္းေရွ႕ (အထက၄)၊ဒလတြံေတးလမ္းဆုံ၊ဒလတံတား၊ဘုန္းႀကီးလမ္း၊သရက္ေတာ (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊အေရးေပၚဌာန (လမ္းမေတာ္လမ္း)၊ေညာင္ပင္ေလးေဈး (ကမ္းနားလမ္း)၊ လသာ (ကမ္းနားလမ္း)၊၆ ထပ္႐ုံး (ကမ္းနားလမ္း)ဆူးေလ (ၿမိဳ႕ေတာ္ခန္းမ)အထိျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဗိုလ္တေထာင္ဘုရား - ဒလ - ဆူးေလလမ္းေၾကာင္းတြင္ ဗိုလ္တေထာင္ဘုရား (YUPT Gate)မွ ဗိုလ္တေထာင္ဘုရားလမ္း၊လမ္း ၅၀ (ကုန္သည္လမ္း)၊ဘိုကေလးေဈး (ကုန္သည္လမ္း)၊ ပန္းဆိုးတန္း (ကုန္သည္လမ္း)၊လမ္း ၃၀ (ကုန္သည္လမ္း)၊လသာ (ကမ္းနားလမ္း)၊ေညာင္ပင္ေလးေဈး (ကမ္းနားလမ္း)၊၁၅ လမ္း (ကမ္းနားလမ္း)ေမာ္တင္ (ကမ္းနားလမ္း)၊ကီလီ (ကမ္းနားလမ္း)၊သခင္ျမပန္းၿခံ (ေအာင္ရတနာလမ္း)၊ဗဟိုရ္စည္ (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊ဘုန္းႀကီးလမ္း၊ ဒလတံတား၊ဒလတြံေတးလမ္းဆုံ၊ဒလဂိတ္ဖ်ား(ပန္ဝါလမ္းအနီး)၊ဒလတြံေတးလမ္းဆုံ၊ဒလတံတား၊ဘုန္းႀကီးလမ္း၊သရက္ေတာ (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊ေဆး႐ုံႀကီး (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊ ဗိုလ္ခ်ဳပ္ေဈး (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊ပန္းဆိုးတန္း (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊အိုးအိမ္ (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊ ၄၆ လမ္း (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊လမ္း ၅၀ (ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း)၊၅၀ ေကြ႕ (ဗိုလ္တေထာင္ဘုရားလမ္း)၊ကုန္သည္လမ္း၊ဗိုလ္တေထာင္ေဈးလမ္း၊ကမ္းနားလမ္း၊ ဗိုလ္တေထာင္ဘုရား (YUPT Gate)အထိ သတ္မွတ္ထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.