မလေးရှားမှာ ၂ဝ၂၆ ခုနှစ် နှစ်စအတွင်း တီဘီရောဂါအစုအဝေးသစ် ၁ဝ ခု နီးပါးတွေ့ရှိ၊ ဂျိုဟိုးမှာ ကူးစက်ခံရသူ အများဆုံးဖြစ်နေ

 167

ရောင်နီ (NP News) - ဖေဖော်ဝါရီလ ၁၃

မလေးရှားနိုင်ငံမှာ ၂၀၂၆ ခုနှစ်၊ နှစ်စအတွင်းမှာပဲ တီဘီရောဂါ (TB) အစုအဝေးသစ် ၁ဝ ခုနီးပါးကို စတင် ဖော်ထုတ်တွေ့ရှိထားပြီး ကူးစက်ပျံ့ပွားမှုတွေဖြစ်နေတယ်လို့ ကျန်းမာရေးဝန်ကြီး ဒါတက်ခ်ဆီရီဇူလ်ကီ ဖလိုင်အားမို့ က ပြောကြားပါတယ်။
ဖေဖော်ဝါရီ ၁ဝ ရက်က ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ကွာလာလန်ဂတ်လွှတ်တော်အမတ်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာမှာ ကျန်းမာရေးဝန်ကြီးက ယခုလို ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြည်နယ်အလိုက် ကူးစက်မှုနှုန်းတွေကတော့ ဆီလန်ဂေါမှာ အစုအဝေး အများဆုံးအဖြစ် ၄ ခုထိ တွေ့ရှိထားပြီး လူနာ ၁ဝ ဦးထိ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဂျိုဟိုး မှာတော့ အစုအဝေး ၁ ခုသာ တွေ့ရှိရပေမယ့် လူနာပေါင်း ၃၇ ဦး အထိ ရှိကာ အကြီးမားဆုံး ကူးစက်မှုအဖြစ် မှတ်တမ်းတင် ထားပါတယ်။ ကီဒါ နဲ့ ကီလန်တန် ပြည်နယ်မှာတော့ အစုအဝေး ၂ ခုစီ ထပ်မံတွေ့ရှိထားတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဂျိုဟိုးပြည်နယ်၊ ကိုတာတင်ဂီ ရှိ အစုအဝေးဟာ တစ်နိုင်ငံလုံးအတွက် သတိပြုဖွယ်ရာဖြစ်ရပ်ဖြစ်ပြီး အသက် ၇၂ နှစ်အရွယ် ကုရ်အာန်ဘာသာရေးဆရာမတစ်ဦးထံမှတစ်ဆင့် ကျောင်းသား ၂၉ ဦးနဲ့ လူကြီး ၈ ဦးထိ ရောဂါကူးစက်ခဲ့တယ်လို့ ဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။
အစိုးရအနေနဲ့ တီဘီရောဂါသတင်းအချက်အလက်စနစ် (TBIS 2018) လမ်းညွှန်ချက်တွေနဲ့အညီ အန္တရာယ်ရှိ နိုင်တဲ့ အုပ်စုတွေဖြစ်တဲ့ ဘော်ဒါကျောင်းတွေ၊ အကျဉ်းထောင်တွေ နဲ့ အလုပ်သမားအဆောင်တွေမှာ အထူးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ချောင်းဆိုး၊ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်နိုင်ပြီး ရင်ဘတ်ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ သလိပ်စစ်ဆေးခြင်းနဲ့ အဏုကြည့်မှန် ပြောင်းနဲ့ ပိုးမွှားရှာဖွေခြင်းတို့မှ ရောဂါပိုးကို ရှာဖွေနိုင်တယ်လို့ သိရပါတယ်။ တီဘီရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ အတွက် ရောဂါပိုးရှိသူတွေကို စောစီးစွာ ကုသမှုပေးခြင်း၊ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိ တွေ့ခဲ့သူတွေကိုလည်း တီဘီပိုး ရှိ၊ မရှိ စစ်ဆေးခြင်း၊ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူတွေ အနေနဲ့ ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နဲ့ နှာခေါင်းကို စနစ်တကျ ဖုံးအုပ်ဖို့နဲ့ ရောဂါလက္ခဏာရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။

Zawgyi Version;
မေလးရွားမွာ ၂ဝ၂၆ ခုႏွစ္ ႏွစ္စအတြင္း တီဘီေရာဂါအစုအေဝးသစ္ ၁ဝ ခု နီးပါးေတြ႕ရွိ၊ ဂ်ိဳဟိုးမွာ ကူးစက္ခံရသူ အမ်ားဆုံးျဖစ္ေန
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီလ ၁၃
မေလးရွားႏိုင္ငံမွာ ၂၀၂၆ ခုႏွစ္၊ ႏွစ္စအတြင္းမွာပဲ တီဘီေရာဂါ (TB) အစုအေဝးသစ္ ၁ဝ ခုနီးပါးကို စတင္ ေဖာ္ထုတ္ေတြ႕ရွိထားၿပီး ကူးစက္ပ်ံ႕ပြားမႈေတြျဖစ္ေနတယ္လို႔ က်န္းမာေရးဝန္ႀကီး ဒါတက္ခ္ဆီရီဇူလ္ကီ ဖလိုင္အားမို႔ က ေျပာၾကားပါတယ္။
ေဖေဖာ္ဝါရီ ၁ဝ ရက္က က်င္းပတဲ့ လႊတ္ေတာ္အစည္းအေဝးမွာ ကြာလာလန္ဂတ္လႊတ္ေတာ္အမတ္ရဲ႕ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားရာမွာ က်န္းမာေရးဝန္ႀကီးက ယခုလို ထည့္သြင္းေျပာၾကားလိုက္ျခင္းျဖစ္ပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ ျပည္နယ္အလိုက္ ကူးစက္မႈႏႈန္းေတြကေတာ့ ဆီလန္ေဂါမွာ အစုအေဝး အမ်ားဆုံးအျဖစ္ ၄ ခုထိ ေတြ႕ရွိထားၿပီး လူနာ ၁ဝ ဦးထိ ရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ဂ်ိဳဟိုး မွာေတာ့ အစုအေဝး ၁ ခုသာ ေတြ႕ရွိရေပမယ့္ လူနာေပါင္း ၃၇ ဦး အထိ ရွိကာ အႀကီးမားဆုံး ကူးစက္မႈအျဖစ္ မွတ္တမ္းတင္ ထားပါတယ္။ ကီဒါ နဲ႔ ကီလန္တန္ ျပည္နယ္မွာေတာ့ အစုအေဝး ၂ ခုစီ ထပ္မံေတြ႕ရွိထားတယ္လို႔ သိရပါတယ္။ အထူးသျဖင့္ ဂ်ိဳဟိုးျပည္နယ္၊ ကိုတာတင္ဂီ ရွိ အစုအေဝးဟာ တစ္ႏိုင္ငံလုံးအတြက္ သတိျပဳဖြယ္ရာျဖစ္ရပ္ျဖစ္ၿပီး အသက္ ၇၂ ႏွစ္အ႐ြယ္ ကုရ္အာန္ဘာသာေရးဆရာမတစ္ဦးထံမွတစ္ဆင့္ ေက်ာင္းသား ၂၉ ဦးနဲ႔ လူႀကီး ၈ ဦးထိ ေရာဂါကူးစက္ခဲ့တယ္လို႔ ဝန္ႀကီးက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။
အစိုးရအေနနဲ႔ တီဘီေရာဂါသတင္းအခ်က္အလက္စနစ္ (TBIS 2018) လမ္းၫႊန္ခ်က္ေတြနဲ႔အညီ အႏၲရာယ္ရွိ ႏိုင္တဲ့ အုပ္စုေတြျဖစ္တဲ့ ေဘာ္ဒါေက်ာင္းေတြ၊ အက်ဥ္းေထာင္ေတြ နဲ႔ အလုပ္သမားအေဆာင္ေတြမွာ အထူးစစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ ေရာဂါလကၡဏာေတြအေနနဲ႔ ေခ်ာင္းဆိုး၊ ဖ်ားျခင္း၊ ကိုယ္အေလးခ်ိန္က်ျခင္းတို႔ျဖစ္ႏိုင္ၿပီး ရင္ဘတ္ဓာတ္မွန္ (X-ray) ႐ိုက္ျခင္း၊ သလိပ္စစ္ေဆးျခင္းနဲ႔ အဏုၾကည့္မွန္ ေျပာင္းနဲ႔ ပိုးမႊားရွာေဖြျခင္းတို႔မွ ေရာဂါပိုးကို ရွာေဖြႏိုင္တယ္လို႔ သိရပါတယ္။ တီဘီေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ အတြက္ ေရာဂါပိုးရွိသူေတြကို ေစာစီးစြာ ကုသမႈေပးျခင္း၊ ေရာဂါပိုးရွိသူနဲ႔ အနီးကပ္ထိ ေတြ႕ခဲ့သူေတြကိုလည္း တီဘီပိုး ရွိ၊ မရွိ စစ္ေဆးျခင္း၊ ႀကိဳတင္ကာကြယ္ေဆး တိုက္ေကြၽးျခင္းတို႔ ျပဳလုပ္ေပးေနတယ္လို႔ သိရပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနကေတာ့ ျပည္သူေတြ အေနနဲ႔ ေခ်ာင္းဆိုး၊ ႏွာေခ်တဲ့အခါ ပါးစပ္နဲ႔ ႏွာေခါင္းကို စနစ္တက် ဖုံးအုပ္ဖို႔နဲ႔ ေရာဂါလကၡဏာရွိပါက နီးစပ္ရာက်န္းမာေရးဌာနမ်ားသို႔ အျမန္ဆုံးဆက္သြယ္ၾကရန္ တိုက္တြန္းႏႈိးေဆာ္ထားပါတယ္။

Related news

© 2021. All rights reserved.