ဗန်းမောက်မြို့နယ်အတွင်းကျေးရွာများတွင် အဓမ္မလူသစ်စုဆောင်းကြောင်း ကောလဟာလများကြောင့် ဒေသခံများ ပြန်လည်မဝင်ရဲဖြစ်နေ

 110

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းကျေးရွာများတွင် လက်နက်ကိုင်အဖွဲ့များက အဓမ္မလူသစ် စုဆောင်းကြောင်း ကောလဟာလများကြောင့် ဒေသခံများ ပြန်လည်ဝင်ရဲဖြစ်နေကြောင်း ဗန်းမောက်မြို့မှ စစ်ဘေးရှောင်ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
တပ်မတော်က ဗန်းမောက်မြို့ပြန်လည်ရရှိရန် စစ်ဆင်ရေး ကာက (၄) လကျော်ကြာမြင့်ခဲ့ပြီး ဖေဖော်ဝါရီ (၈) ရက် တွင် ဗန်းမောက်မြို့အား အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဗန်းမောက်မြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း မြို့နယ်အတွင်းကျေးရွာများတွင် လက်နက်ကိုင်အဖွဲ့များ အဓမ္မဖမ်းဆီး လူသစ် စုဆောင်းခြင်းများလုပ်ဆောင်နေသည်ဟူသော ကောလဟာလများလည်းထွက်ပေါ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာသူရွာသားတွေက မဝင်ရဲတာတွေရှိတယ်။ ကျွန်တော်တို့ ကတူးလူမျိုးလက်နက်ကိုင်အဖွဲ့တွေကလည်း ဆွဲတယ်။ တစ်ဖက်ကလည်း ဆွဲမယ်လို့ကြားတယ်။ အဲဒါကြောင့် မဝင်ရဲသေးဘူး။ ပေါ်တာဆွဲရင်တော့ နောက်ကျ ရင် နာမည်တပ်ပြီး မီဒီယာကနေပြောမယ်လို့ ကျွန်တော်တို့ ထုတ်ပြန်ထားတယ်။ ဒီထက်လုပ်လာရင်တော့ အတိအကျနာမည်တပ်ပြီးလုပ်မှာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဗန်းမောက်မြို့ပေါ်နှင့် အနောက်ဘက်ခြမ်းကို တပ်မတော်က ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း မြို့အရှေ့ ဘက်နှင့် တောင်ဘက်ရှိ ကျေးရွာများမှာမူ လက်နက်ကိုင်အဖွဲ့များလက်ထဲတွင်ရှိနေဆဲဖြစ်၍ တစ်မြို့နယ်လုံးကို အလုံးစုံစိုးမိုးနိုင်ခြင်းမရှိသေးကြောင်းလည်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ဆီကတော့ ဇလုံတောင်ဘက်ကတော့ အရင်တည်းက ထိန်းချုပ်ထားတာပေါ။ ဗန်းမောက် တောင်ဘက်ကရွာတွေလည်း မရသေးဘူး။ ဗန်းမောက်မြို့အရှေ့ဘက်ကလည်း မြို့ထွက်တာနဲ့ ကျွဲတောကြီးတို့ ဘာတို့ရှိတယ်။ သူတို့မရသေးဘူး။ ဗန်းမောက်အနောက်ပိုင်းက ဒေသရယ်။ ဗန်းမောက်မြို့ရယ်။ ဗန်းမောက်တစ်မြို့နယ်လုံးကို ထိန်းနိုင်တာတော့မဟုတ်သေးဘူး။ စက်တောဘက်ကတော့ အနောက်ဘက်ခြမ်း ဆိုတော့ သိမ်းပြီးသွားပြီ။ အဲဒီရွာတွေက အကုန်လုံးသူတို့လက်ထဲမှာ။ အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းတော့ ကျန်သေးတာပေါ့။ အခုဖြစ်နေတာလည်း တောင်ဘက်နဲ့ အရှေ့ဘက်မှာ” ဟု ၎င်းက ပြောသည်။
ဗန်းမောက်မြို့ပြန်လည်ရှိရေး တပ်မတော်ပြန်လည်တိုက်ခိုက်ခဲ့ရာတွင်လည် တိုက်ပွဲကြီးငယ် (၆၉) ကြိမ်ဖြစ်ပွား ခဲ့ပြီး လက်နက်မျိုးစုံ(၂၇) လက်နက်ခဲယမ်း၊ ဗုံးသီးများ၊ ရုပ်အလောင်းများနှင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့များက ဗန်းမောက်မြို့အတွင်း နေရပ်စွန့်ဒေသပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးနှင့် မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံများနှင့်အတူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ဗန္းေမာက္ၿမိဳ႕နယ္အတြင္းေက်း႐ြာမ်ားတြင္ အဓမၼလူသစ္စုေဆာင္းေၾကာင္း ေကာလဟာလမ်ားေၾကာင့္ ေဒသခံမ်ား ျပန္လည္မဝင္ရဲျဖစ္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၄
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဗန္းေမာက္ၿမိဳ႕နယ္အတြင္းေက်း႐ြာမ်ားတြင္ လက္နက္ကိုင္အဖြဲ႕မ်ားက အဓမၼလူသစ္ စုေဆာင္းေၾကာင္း ေကာလဟာလမ်ားေၾကာင့္ ေဒသခံမ်ား ျပန္လည္ဝင္ရဲျဖစ္ေနေၾကာင္း ဗန္းေမာက္ၿမိဳ႕မွ စစ္ေဘးေရွာင္ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
တပ္မေတာ္က ဗန္းေမာက္ၿမိဳ႕ျပန္လည္ရရွိရန္ စစ္ဆင္ေရး ကာက (၄) လေက်ာ္ၾကာျမင့္ခဲ့ၿပီး ေဖေဖာ္ဝါရီ (၈) ရက္ တြင္ ဗန္းေမာက္ၿမိဳ႕အား အလုံးစုံျပန္လည္ သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဗန္းေမာက္ၿမိဳ႕အား တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ကာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနေသာ္လည္း ၿမိဳ႕နယ္အတြင္းေက်း႐ြာမ်ားတြင္ လက္နက္ကိုင္အဖြဲ႕မ်ား အဓမၼဖမ္းဆီး လူသစ္ စုေဆာင္းျခင္းမ်ားလုပ္ေဆာင္ေနသည္ဟူေသာ ေကာလဟာလမ်ားလည္းထြက္ေပၚေနေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။
“႐ြာသူ႐ြာသားေတြက မဝင္ရဲတာေတြရွိတယ္။ ကြၽန္ေတာ္တို႔ ကတူးလူမ်ိဳးလက္နက္ကိုင္အဖြဲ႕ေတြကလည္း ဆြဲတယ္။ တစ္ဖက္ကလည္း ဆြဲမယ္လို႔ၾကားတယ္။ အဲဒါေၾကာင့္ မဝင္ရဲေသးဘူး။ ေပၚတာဆြဲရင္ေတာ့ ေနာက္က် ရင္ နာမည္တပ္ၿပီး မီဒီယာကေနေျပာမယ္လို႔ ကြၽန္ေတာ္တို႔ ထုတ္ျပန္ထားတယ္။ ဒီထက္လုပ္လာရင္ေတာ့ အတိအက်နာမည္တပ္ၿပီးလုပ္မွာ” ဟု ၎က ေျပာသည္။
လက္ရွိတြင္ ဗန္းေမာက္ၿမိဳ႕ေပၚႏွင့္ အေနာက္ဘက္ျခမ္းကို တပ္မေတာ္က ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေသာ္လည္း ၿမိဳ႕အေရွ႕ ဘက္ႏွင့္ ေတာင္ဘက္ရွိ ေက်း႐ြာမ်ားမွာမူ လက္နက္ကိုင္အဖြဲ႕မ်ားလက္ထဲတြင္ရွိေနဆဲျဖစ္၍ တစ္ၿမိဳ႕နယ္လုံးကို အလုံးစုံစိုးမိုးႏိုင္ျခင္းမရွိေသးေၾကာင္းလည္း ၎ကဆိုသည္။
“ကြၽန္ေတာ္တို႔ဆီကေတာ့ ဇလုံေတာင္ဘက္ကေတာ့ အရင္တည္းက ထိန္းခ်ဳပ္ထားတာေပါ။ ဗန္းေမာက္ ေတာင္ဘက္က႐ြာေတြလည္း မရေသးဘူး။ ဗန္းေမာက္ၿမိဳ႕အေရွ႕ဘက္ကလည္း ၿမိဳ႕ထြက္တာနဲ႔ ကြၽဲေတာႀကီးတို႔ ဘာတို႔ရွိတယ္။ သူတို႔မရေသးဘူး။ ဗန္းေမာက္အေနာက္ပိုင္းက ေဒသရယ္။ ဗန္းေမာက္ၿမိဳ႕ရယ္။ ဗန္းေမာက္တစ္ၿမိဳ႕နယ္လုံးကို ထိန္းႏိုင္တာေတာ့မဟုတ္ေသးဘူး။ စက္ေတာဘက္ကေတာ့ အေနာက္ဘက္ျခမ္း ဆိုေတာ့ သိမ္းၿပီးသြားၿပီ။ အဲဒီ႐ြာေတြက အကုန္လုံးသူတို႔လက္ထဲမွာ။ အေရွ႕ဘက္ျခမ္းနဲ႔ ေတာင္ဘက္ျခမ္းေတာ့ က်န္ေသးတာေပါ့။ အခုျဖစ္ေနတာလည္း ေတာင္ဘက္နဲ႔ အေရွ႕ဘက္မွာ” ဟု ၎က ေျပာသည္။
ဗန္းေမာက္ၿမိဳ႕ျပန္လည္ရွိေရး တပ္မေတာ္ျပန္လည္တိုက္ခိုက္ခဲ့ရာတြင္လည္ တိုက္ပြဲႀကီးငယ္ (၆၉) ႀကိမ္ျဖစ္ပြား ခဲ့ၿပီး လက္နက္မ်ိဳးစုံ(၂၇) လက္နက္ခဲယမ္း၊ ဗုံးသီးမ်ား၊ ႐ုပ္အေလာင္းမ်ားႏွင့္ အၾကမ္းဖက္လုပ္ငန္းမ်ား လုပ္ေဆာင္ရာတြင္ အသုံးျပဳသည့္ ေဖာက္ခြဲေရးဆက္စပ္ ပစၥည္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားက ဗန္းေမာက္ၿမိဳ႕အတြင္း ေနရပ္စြန႔္ေဒသျပည္သူမ်ား ျပန္လည္ဝင္ေရာက္ ေနထိုင္ႏိုင္ေရးႏွင့္ ၿမိဳ႕ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားကို ေဒသခံမ်ားႏွင့္အတူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.