တရားမဝင်ငါးဖမ်းရန်ကြိုးပမ်းသည့် တရုတ်ငါးဖမ်းလှေကို ဂျပန်အာဏာပိုင်များ ဖမ်းဆီး

41

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၄
အာရှအင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေချိန်တွင် ဂျပန်အာဏာပိုင်များက ဂျပန်ရေပိုင်နက် (EEZ) အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်ငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အဆိုပါဖမ်းဆီးမှုက ၂၀၂၂ ခုနှစ်နောက်ပိုင်း တရုတ်ငါးဖမ်းလှေကို ဂျပန်အာဏာပိုင်များက ပထမဆုံးအကြိမ် ဖမ်းဆီးအရေးယူလိုက်ခြင်းဖြစ်ရာ နှစ်နိုငံကြား သံတမန်ရေးရာ အကဲဆတ်တဲ့အခြေအနေကို ပိုပြီး ဆိုးရွား သွားဖွယ်ရှိသည်ဟု သိရသည်။
ဂျပန်ငါးလုပ်ငန်းအေဂျင်စီက အခင်းဖြစ်ပွားရာနေရာသည် နာဂါဆာကီစီရင်စု ၊ မဲရှီးမားကျွန်း၏တောင်ဘက် ရေမိုင် ၈၉.၄ မိုင်ခန့်အကွာရှိ ဂျပန်သီးသန့်စီးပွားရေးဇုန် (EEZ) ထဲတွင်ဖြစ်ကြောင်း၊ အသက် ၄၇ နှစ်အရွယ် တရုတ်လူမျိုး ကပ္ပတိန်ဦးစီးသည့် ငါးဖမ်းလှေကို ရပ်တန့်စစ်ဆေးရန် အမိန့်ပေးခဲ့သော်လည်း လှေက မရပ်ဘဲ ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဂျပန်အာဏာပိုင်များက ''တရုတ်ငါးဖမ်းလှေဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ လိုက်လံပြီး ဖမ်းဆီးခဲ့ရတယ်။ ငါးဖမ်းလှေကို သိမ်းဆည်းပြီး ကပ္ပတိန်ကိုပါ ချက်ချင်း ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ လှေပေါ်မှာ ကပ္ပတိန် အပါအဝင် သင်္ဘောသား ၁၁ ဦး ပါဝင်တယ်'' ဟု သတင်းထုတ်ပြန်ထားသည်။
အထူးသဖြင့် ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီက "တရုတ်နိုင်ငံသည် တရုတ်တိုင်ပေ( ထိုင်ဝမ်)ကို စစ်ရေးအရ တိုက်ခိုက်လာမည်ဆိုလျှင် ဂျပန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည့်အကြောင်း" ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြောကြားခဲ့ရာ နှစ်နိုင်ငံကြား အပြန်အလှန်ဝေဖန်မှုများမြင်တက်ခဲ့ပြီး ဆက်ဆံရေးက အေးစက်ခဲ့ရကြောင်း သိရသည်။
ဂျပန်ဝန်ကြီးချုပ်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တရုတ်ဘက်ကလည်း ဂျပန်ရေထွက်ကုန်တင်သွင်းမှုတွေကို ပိတ်ပင်ထားသလို၊ စစ်ရေးအရ အရေးပါတဲ့ မြေရှားသတ္တုများအား ဂျပန်နိုင်ငံထံ တင်ပို့မှု ကန့်သတ်မည်ဖြစ် ကြောင်း ခြိမ်းခြောက်ထားသည်။
ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး ကီဟာမက “နိုင်ငံခြားသင်္ဘောတွေက ကျွန်တော်တို့ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းလုပ်ငန်းများကို ကာကွယ်တားဆီးသွားမှာဖြစ်သလို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားပါမယ်" ဟု ပြောသည်။

Zawgyi Version;
တရားမဝင္ငါးဖမ္းရန္ႀကိဳးပမ္းသည့္ တ႐ုတ္ငါးဖမ္းေလွကို ဂ်ပန္အာဏာပိုင္မ်ား ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၄
အာရွအင္အားႀကီး ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္တြင္ ဂ်ပန္အာဏာပိုင္မ်ားက ဂ်ပန္ေရပိုင္နက္ (EEZ) အတြင္း တရားမဝင္ ဝင္ေရာက္လာသည့္ တ႐ုတ္ငါးဖမ္းေလွတစ္စီးကို ဖမ္းဆီးလိုက္ေၾကာင္း သိရသည္။ အဆိုပါဖမ္းဆီးမႈက ၂၀၂၂ ခုႏွစ္ေနာက္ပိုင္း တ႐ုတ္ငါးဖမ္းေလွကို ဂ်ပန္အာဏာပိုင္မ်ားက ပထမဆုံးအႀကိမ္ ဖမ္းဆီးအေရးယူလိုက္ျခင္းျဖစ္ရာ ႏွစ္ႏိုငံၾကား သံတမန္ေရးရာ အကဲဆတ္တဲ့အေျခအေနကို ပိုၿပီး ဆိုး႐ြား သြားဖြယ္ရွိသည္ဟု သိရသည္။
ဂ်ပန္ငါးလုပ္ငန္းေအဂ်င္စီက အခင္းျဖစ္ပြားရာေနရာသည္ နာဂါဆာကီစီရင္စု ၊ မဲရွီးမားကြၽန္း၏ေတာင္ဘက္ ေရမိုင္ ၈၉.၄ မိုင္ခန႔္အကြာရွိ ဂ်ပန္သီးသန႔္စီးပြားေရးဇုန္ (EEZ) ထဲတြင္ျဖစ္ေၾကာင္း၊ အသက္ ၄၇ ႏွစ္အ႐ြယ္ တ႐ုတ္လူမ်ိဳး ကပၸတိန္ဦးစီးသည့္ ငါးဖမ္းေလွကို ရပ္တန႔္စစ္ေဆးရန္ အမိန႔္ေပးခဲ့ေသာ္လည္း ေလွက မရပ္ဘဲ ထြက္ေျပးရန္ ႀကိဳးပမ္းခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
ဂ်ပန္အာဏာပိုင္မ်ားက ''တ႐ုတ္ငါးဖမ္းေလွဟာ ထြက္ေျပးဖို႔ ႀကိဳးစားခဲ့တယ္။ လိုက္လံၿပီး ဖမ္းဆီးခဲ့ရတယ္။ ငါးဖမ္းေလွကို သိမ္းဆည္းၿပီး ကပၸတိန္ကိုပါ ခ်က္ခ်င္း ဖမ္းဆီးလိုက္တာျဖစ္ပါတယ္။ ေလွေပၚမွာ ကပၸတိန္ အပါအဝင္ သေဘၤာသား ၁၁ ဦး ပါဝင္တယ္'' ဟု သတင္းထုတ္ျပန္ထားသည္။
အထူးသျဖင့္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီက "တ႐ုတ္ႏိုင္ငံသည္ တ႐ုတ္တိုင္ေပ( ထိုင္ဝမ္)ကို စစ္ေရးအရ တိုက္ခိုက္လာမည္ဆိုလွ်င္ ဂ်ပန္က စစ္ေရးအရ ဝင္ေရာက္စြက္ဖက္မည့္အေၾကာင္း" ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက ေျပာၾကားခဲ့ရာ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ေဝဖန္မႈမ်ားျမင္တက္ခဲ့ၿပီး ဆက္ဆံေရးက ေအးစက္ခဲ့ရေၾကာင္း သိရသည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္၏ ေျပာဆိုခ်က္ႏွင့္ပတ္သက္ၿပီး တ႐ုတ္ဘက္ကလည္း ဂ်ပန္ေရထြက္ကုန္တင္သြင္းမႈေတြကို ပိတ္ပင္ထားသလို၊ စစ္ေရးအရ အေရးပါတဲ့ ေျမရွားသတၱဳမ်ားအား ဂ်ပန္ႏိုင္ငံထံ တင္ပို႔မႈ ကန႔္သတ္မည္ျဖစ္ ေၾကာင္း ၿခိမ္းေျခာက္ထားသည္။
ဂ်ပန္အစိုးရအဖြဲ႕ အတြင္းေရးမႉး ကီဟာမက “ႏိုင္ငံျခားသေဘၤာေတြက ကြၽန္ေတာ္တို႔ေရပိုင္နက္အတြင္း တရားမဝင္ ငါးဖမ္းလုပ္ငန္းမ်ားကို ကာကြယ္တားဆီးသြားမွာျဖစ္သလို ျပတ္ျပတ္သားသား အေရးယူ ေဆာင္႐ြက္သြားပါမယ္" ဟု ေျပာသည္။