ယခု ရွေးကောက်ပွဲသည် ယခင် ရွေးကောက်ပွဲများထက် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော် အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိ

 124

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၄

ယခု ရွေးကောက်ပွဲသည် ယခင် ရွေးကောက်ပွဲများထက် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော် အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး ၏ ပြောကြား ချက်အရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) နံနက် ၉ နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဖြစ်စေရေး ဆောင်ရွက်ခဲ့ ကြောင်း၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များကို ယခင်ရွေးကောက်ပွဲများနှင့်မတူဘဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြီးကြပ်စောင့်ကြည့်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲအပိုင်းလိုက် နိုင်ငံရေးပါတီများအား အကြောင်းကြားစာများပေးပို့စေခဲ့ပြီး လာရောက်ကြည့်ရှုသည့် ကိုယ်စားလှယ်စာရင်းများကိုပါ တင်ပြစေခဲ့ပါကြောင်း၊ ရွေးကောက်ပွဲ မဲမသမာမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၃) ပိုင်းလုံးတွင် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းရှိပြီး မဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိ၍ မဲပေးမှုရာခိုင်နှုန်း ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းကျော်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲအပိုင်းလိုက် ထုတ်ပြန်ကြေညာပေးခဲ့ပြီး အနိုင်ရကိုယ်စားလှယ်စာရင်းများအပြင် FPTP မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ၊ PR မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်တွက်ချက်မှုပုံစံတို့နှင့်အတူ ပါတီအလိုက် ကိုယ်စားလှယ်ရရှိမှုအခြေအနေများကို တစ်ပြိုင်နက် ထုတ်ပြန်ကြေညာပေးနိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲရုံတစ်ရုံချင်းစီအလိုက် စာရင်းများကိုပါရယူ၍ ရလဒ်တွက်ချက်ခြင်းများကို ကော်မရှင်အဖွဲ့ခွဲများနည်းတူဆောင်ရွက်ခဲ့ပြီး စနစ်တကျထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲရလဒ်အသေးစိတ်များကို နိုင်ငံရေးပါတီများမှခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ လေ့လာကြည့်ရှုနိုင်ရန် ပွင့်လင်းမြင်သာစွာ ခင်းကျင်းပြသထားပါကြောင်း၊ မိမိပါတီ၊ မိမိကိုယ်စားလှယ်လောင်းများ နစ်နာမှုရှိသည်ဟုယူဆပါက သတ်မှတ်ကာလအတွင်း ကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်း ပြောကြားသည်။

ကိုယ်စားလှယ်များကိုဖိတ်ကြား၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအပိုင်းလိုက် ပိုမိုပြည့်စုံ၍ စနစ်တကျဖြစ်စေရန်၊ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွယ်ကူအဆင်ပြေစွာ မဲပေးနိုင်ရေးနှင့် လိုအပ်မှုများမရှိစေရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်တွင်းပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ နိုင်ငံတကာသံရုံးများမှ ကိုယ်စားလှယ်များကိုဖိတ်ကြား၍ ရွေးကောက်ပွဲအပိုင်းအားလုံးကို စောင့်ကြည့်လေ့လာခဲ့ကြပြီး လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ၊ ပွင့်လင်းမြင်သာသည့်ရွေးကောက်ပွဲ၊ ဒီမိုကရေစီစံနှုန်းများနှင့်အညီ အောင်မြင်သည့်ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါကြောင်း၊ နိုင်ငံတကာနှင့်ပြည်တွင်းသတင်းမီဒီယာများမှ သတင်းမီဒီယာများကလည်း ရွေးကောက်ပွဲတွင် လွတ်လပ်စွာသတင်းရယူခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများ၏ စည်းကမ်းစနစ်တကျဖြင့် အဆင်ပြေစွာ လာရောက်မဲပေးခဲ့မှုများကို ရိုက်ကူးထုတ်လွှင့်ဖော်ပြခဲ့ကြကြောင်း ပြောကြားသည်။

ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံးခြင်းအားဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပါတီအရေအတွက်မြင့်မားလာပါကြောင်း၊ နိုင်ငံရေးပါတီ ၃၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင် နိုင်ငံရေးပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ်လောင်းများသာ ရွေးကောက်ခံခဲ့ရသော်လည်း ယခုရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီ ၅၇ ပါတီအနက် နိုင်ငံရေးပါတီ ၃၁ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် ၁ ဦးတို့ ရွေးကောက်တင်မြှောက်ခံခဲ့ရပါကြောင်း၊ ထို့ကြောင့် ယခင်ရွေးကောက်ပွဲများထက် တိုင်းရင်းသားပါတီများ၊ ပါတီငယ်များ လွှတ်တော်အတွင်း ကိုယ်စားပြုခွင့် ပိုမိုရရှိလာကြောင်း ပြောကြားသည်။

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးစီးသွားသော်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သည့် အမြဲတမ်းရှင်သန်နေသည့် မဲဆန္ဒရှင်စာရင်းဖြစ်စေရေး ဆောင်ရွက်ခြင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲအပေါ်တွင် အားသာချက်၊ အားနည်းချက်များကိုလည်း ပြန်လည်သုံးသပ်လျက်ရှိပြီး ဥပဒေ၊ နည်းဥပဒေပြင်ဆင်ရေးအပါအဝင် လိုအပ်ချက်များကို ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားမည့် ကိုယ်စားလှယ်နေရာများနှင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သည့် မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမည့်အချိန်တွင် အဆင်သင့်ဖြစ်နေစေရေး နိုင်ငံရေးပါတီများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် စဉ်ဆက်မပြတ်ထိတွေ့နေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ရွေးချယ်မခံရသည့် နိုင်ငံရေးပါတီများအနေဖြင့်လည်း လွှတ်တော်ပြင်ပအမျိုးသားနိုင်ငံရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူလူထုအကျိုး၊ မဲဆန္ဒရှင်များ၏အကျိုးကို ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကိုရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းလည်း ပြောကြားသည်။

Zawgyi version:

ယခု ေ႐ြးေကာက္ပြဲသည္ ယခင္ ေ႐ြးေကာက္ပြဲမ်ားထက္ တိုင္းရင္းသားပါတီမ်ား၊ ပါတီငယ္မ်ား လႊတ္ေတာ္ အတြင္း ကိုယ္စားျပဳခြင့္ ပိုမိုရရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒ ဦးသန္းစိုး ၏ ေျပာၾကား ခ်က္အရ သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႏိုင္ငံေရးပါတီမ်ားေတြ႕ဆုံပြဲကို ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၁၃ ရက္) နံနက္ ၉ နာရီက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံး၊ အစည္းအေဝးခန္းမ၌ ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
ျပည္တြင္းျပည္ပမွ ဆႏၵမဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္မ်ား မဲေပးပိုင္ခြင့္မဆုံးရႈံးေစရန္အတြက္ ႀကိဳတင္ဆႏၵမဲ ေပးျခင္းလုပ္ငန္းမ်ားကို ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ စနစ္တက်ျဖစ္ေစေရး ေဆာင္႐ြက္ခဲ့ ေၾကာင္း၊ ႀကိဳတင္မဲေပးျခင္းလုပ္ငန္းစဥ္မ်ားကို ယခင္ေ႐ြးေကာက္ပြဲမ်ားႏွင့္မတူဘဲ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္မွ ႀကီးၾကပ္ေစာင့္ၾကည့္ျခင္းမ်ားေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ႀကိဳတင္မဲေပးျခင္းႏွင့္စပ္လ်ဥ္း၍ ေ႐ြးေကာက္ပြဲအပိုင္းလိုက္ ႏိုင္ငံေရးပါတီမ်ားအား အေၾကာင္းၾကားစာမ်ားေပးပို႔ေစခဲ့ၿပီး လာေရာက္ၾကည့္ရႈသည့္ ကိုယ္စားလွယ္စာရင္းမ်ားကိုပါ တင္ျပေစခဲ့ပါေၾကာင္း၊ ေ႐ြးေကာက္ပြဲ မဲမသမာမႈမျဖစ္ေစေရး အေလးထားေဆာင္႐ြက္ခဲ့ေၾကာင္း ေျပာၾကားသည္။
၂၀၂၅ ခုႏွစ္ ဒီဇင္ဘာ ၂၈ ရက္မွ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီ ၂၅ ရက္အထိ က်င္းပခဲ့သည့္ ေ႐ြးေကာက္ပြဲအပိုင္း (၃) ပိုင္းလုံးတြင္ မဲေပးပိုင္ခြင့္ရွိသည့္ မဲဆႏၵရွင္စုစုေပါင္း ၂၄ ဒသမ ၂၂ သန္းရွိၿပီး မဲေပးသူ ၁၃ ဒသမ ၁၄ သန္းေက်ာ္ရွိ၍ မဲေပးမႈရာခိုင္ႏႈန္း ၅၄ ဒသမ ၂၂ ရာခိုင္ႏႈန္းေက်ာ္ျဖစ္ေၾကာင္း၊ ေ႐ြးေကာက္ပြဲရလဒ္မ်ားကို ေ႐ြးေကာက္ပြဲအပိုင္းလိုက္ ထုတ္ျပန္ေၾကညာေပးခဲ့ၿပီး အႏိုင္ရကိုယ္စားလွယ္စာရင္းမ်ားအျပင္ FPTP မဲဆႏၵနယ္မ်ားတြင္ ကိုယ္စားလွယ္တစ္ဦးခ်င္း ဆႏၵမဲရရွိမႈအေျခအေန၊ PR မဲဆႏၵနယ္မ်ားတြင္ ကိုယ္စားလွယ္တြက္ခ်က္မႈပုံစံတို႔ႏွင့္အတူ ပါတီအလိုက္ ကိုယ္စားလွယ္ရရွိမႈအေျခအေနမ်ားကို တစ္ၿပိဳင္နက္ ထုတ္ျပန္ေၾကညာေပးႏိုင္ခဲ့ေၾကာင္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ မဲ႐ုံတစ္႐ုံခ်င္းစီအလိုက္ စာရင္းမ်ားကိုပါရယူ၍ ရလဒ္တြက္ခ်က္ျခင္းမ်ားကို ေကာ္မရွင္အဖြဲ႕ခြဲမ်ားနည္းတူေဆာင္႐ြက္ခဲ့ၿပီး စနစ္တက်ထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားရွိ မဲဆႏၵနယ္အလိုက္ ေ႐ြးေကာက္ပြဲရလဒ္အေသးစိတ္မ်ားကို ႏိုင္ငံေရးပါတီမ်ားမွေခါင္းေဆာင္မ်ား၊ ကိုယ္စားလွယ္မ်ားႏွင့္တာဝန္ရွိသူမ်ား ေလ့လာၾကည့္ရႈႏိုင္ရန္ ပြင့္လင္းျမင္သာစြာ ခင္းက်င္းျပသထားပါေၾကာင္း၊ မိမိပါတီ၊ မိမိကိုယ္စားလွယ္ေလာင္းမ်ား နစ္နာမႈရွိသည္ဟုယူဆပါက သတ္မွတ္ကာလအတြင္း ကန႔္ကြက္လႊာတင္သြင္းႏိုင္ေၾကာင္း ေျပာၾကားသည္။
ကိုယ္စားလွယ္မ်ားကိုဖိတ္ၾကား၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲအပိုင္းလိုက္ ပိုမိုျပည့္စုံ၍ စနစ္တက်ျဖစ္ေစရန္၊ မဲ႐ုံမ်ားတြင္ မဲဆႏၵရွင္ျပည္သူမ်ား လြယ္ကူအဆင္ေျပစြာ မဲေပးႏိုင္ေရးႏွင့္ လိုအပ္မႈမ်ားမရွိေစရန္ ေဆာင္႐ြက္ေပးခဲ့ပါေၾကာင္း၊ ျပည္တြင္းျပည္ပမွ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူမ်ား၊ ႏိုင္ငံတကာသံ႐ုံးမ်ားမွ ကိုယ္စားလွယ္မ်ားကိုဖိတ္ၾကား၍ ေ႐ြးေကာက္ပြဲအပိုင္းအားလုံးကို ေစာင့္ၾကည့္ေလ့လာခဲ့ၾကၿပီး လြတ္လပ္ၿပီးတရားမွ်တေသာ ေ႐ြးေကာက္ပြဲ၊ ပြင့္လင္းျမင္သာသည့္ေ႐ြးေကာက္ပြဲ၊ ဒီမိုကေရစီစံႏႈန္းမ်ားႏွင့္အညီ ေအာင္ျမင္သည့္ေ႐ြးေကာက္ပြဲအျဖစ္ အသိအမွတ္ျပဳခဲ့ၾကပါေၾကာင္း၊ ႏိုင္ငံတကာႏွင့္ျပည္တြင္းသတင္းမီဒီယာမ်ားမွ သတင္းမီဒီယာမ်ားကလည္း ေ႐ြးေကာက္ပြဲတြင္ လြတ္လပ္စြာသတင္းရယူခဲ့ၾကၿပီး မဲဆႏၵရွင္ျပည္သူမ်ား၏ စည္းကမ္းစနစ္တက်ျဖင့္ အဆင္ေျပစြာ လာေရာက္မဲေပးခဲ့မႈမ်ားကို ႐ိုက္ကူးထုတ္လႊင့္ေဖာ္ျပခဲ့ၾကေၾကာင္း ေျပာၾကားသည္။
ေရာေႏွာထားေသာ ကိုယ္စားလွယ္အခ်ိဳးက်စနစ္ (MMP) က်င့္သုံးျခင္းအားျဖင့္ ေ႐ြးေကာက္တင္ေျမႇာက္ခံရသည့္ ပါတီအေရအတြက္ျမင့္မားလာပါေၾကာင္း၊ ႏိုင္ငံေရးပါတီ ၃၂ ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ၂၀၁၀ ေ႐ြးေကာက္ပြဲႏွင့္ ပါတီ ၉၁ ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတို႔တြင္ ႏိုင္ငံေရးပါတီ ၂၂ ပါတီမွ ကိုယ္စားလွယ္ေလာင္းမ်ားသာ ေ႐ြးေကာက္ခံခဲ့ရေသာ္လည္း ယခုေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့သည့္ ႏိုင္ငံေရးပါတီ ၅၇ ပါတီအနက္ ႏိုင္ငံေရးပါတီ ၃၁ ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တစ္သီးပုဂၢလလႊတ္ေတာ္ကိုယ္စားလွယ္ ၁ ဦးတို႔ ေ႐ြးေကာက္တင္ေျမႇာက္ခံခဲ့ရပါေၾကာင္း၊ ထို႔ေၾကာင့္ ယခင္ေ႐ြးေကာက္ပြဲမ်ားထက္ တိုင္းရင္းသားပါတီမ်ား၊ ပါတီငယ္မ်ား လႊတ္ေတာ္အတြင္း ကိုယ္စားျပဳခြင့္ ပိုမိုရရွိလာေၾကာင္း ေျပာၾကားသည္။
ေကာ္မရွင္အေနျဖင့္ ေ႐ြးေကာက္ပြဲက်င္းပၿပီးစီးသြားေသာ္လည္း ဆက္လက္ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားျဖစ္သည့္ အၿမဲတမ္းရွင္သန္ေနသည့္ မဲဆႏၵရွင္စာရင္းျဖစ္ေစေရး ေဆာင္႐ြက္ျခင္း၊ က်င္းပၿပီးစီးခဲ့သည့္ ေ႐ြးေကာက္ပြဲအေပၚတြင္ အားသာခ်က္၊ အားနည္းခ်က္မ်ားကိုလည္း ျပန္လည္သုံးသပ္လ်က္ရွိၿပီး ဥပေဒ၊ နည္းဥပေဒျပင္ဆင္ေရးအပါအဝင္ လိုအပ္ခ်က္မ်ားကို ျပင္ဆင္ေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လစ္လပ္သြားမည့္ ကိုယ္စားလွယ္ေနရာမ်ားႏွင့္ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရွိခဲ့သည့္ မဲဆႏၵနယ္မ်ားအတြက္ ၾကားျဖတ္ေ႐ြးေကာက္ပြဲက်င္းပေပးမည့္အခ်ိန္တြင္ အဆင္သင့္ျဖစ္ေနေစေရး ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မဲဆႏၵရွင္ျပည္သူမ်ားႏွင့္ စဥ္ဆက္မျပတ္ထိေတြ႕ေနရန္ လိုအပ္မည္ျဖစ္ပါေၾကာင္း၊ ကိုယ္စားလွယ္ေ႐ြးခ်ယ္မခံရသည့္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္လည္း လႊတ္ေတာ္ျပင္ပအမ်ိဳးသားႏိုင္ငံေရး ဆက္လက္ေဆာင္႐ြက္သြားရမည္ျဖစ္ၿပီး ျပည္သူလူထုအက်ိဳး၊ မဲဆႏၵရွင္မ်ား၏အက်ိဳးကို ေဆာင္႐ြက္ေပးျခင္းျဖင့္ ျပည္သူလူထု၏ ေထာက္ခံအားေပးမႈကိုရရွိေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္းလည္း ေျပာၾကားသည္။

Related news

© 2021. All rights reserved.