ကြက်သွန်နီဈေးကျဆင်းနေခြင်းကြောင့်စိုက်ပျိုးသူများအခက်ကြုံနေ

 150

ကိုဖြိုး(NP News)- ဖေဖေါ်ဝါရီ ၁၄

နွေကြက်သွန်အသစ်ပေါ်ရန် အချိန်နီးကပ်လာစဉ် ပြည်တွင်းဈေးကွက်တွင်ကြက်သွန်နီ ဈေးကျဆင်းနေခြင်းက စိုက်ပျိုးသူတောင်သူများအတွက် ဆုံးရှုံးမှုများစေသည်ဟု ကုန်သည်အချို့ ကပြောသည်။

ပြီးခဲ့သည့်နှစ်တွင် ဈေးကျဆင်းမှုကြောင့် ဆုံးရှုံးမှုများကြုံခဲ့ရသော်လည်း ယခုနှစ်ဈေးကွက်မျှော်လင့်ချက်ဖြင့် စွန့်စားစိုက်ပျိုးခဲ့သောတောင်သူများအတွက် လက်ရှိကြက်သွန်ဈေးက စိတ်ပျက်အားလျော့စေသည်ဟု မကွေးတိုင်းမှ ကုန်သည်တစ်ဦးကဆိုသည်။

လက်ရှိ မိုးကြက်သွန်က ဈေးကွက်၀င်နေပြီး နယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိသာ ပျှမ်းမျှ ကျပ် (၁,၅၀၀) ၀န်းကျင်သာ ဈေးဖွင့်နိုင်ကြောင်း မကွေးတိုင်းမှ ကုန်သည်ကပြောသည်။

ရန်ကုန်နှင့်မန္တလေးဈေးကွက်အတွင်း လူကြိုက်များသည့် မြစ်သားကြက်သွန်မှာ ဖေဖော်ဝါရီ ပထမပတ်အတွင်း တစ်ပိဿာလျှင် (၂၄၀၀) ကျပ်၊ လတ်ကြီး တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ လတ်သန့်တစ်ပိဿာ (၂၄၀၀) ကျပ်၊ လတ်ချော တစ်ပိဿာ (၂၀၀၀) ကျပ် စသည်ဖြင့် ပေါက်စျေးအသီးသီးဖြစ်နေကြောင်း သိရသည်။

“တူးဖော်ချိန်ဈေးကျတာက သိပ်တော့အဆန်းကြီးမဟုတ်ဘူးပေါ့၊ ဒါပေမယ့်လည်း ဒီနှစ်က အခြေအနေ နည်းနည်းယိုင်တော့ တောင်သူတွေသောကရောက်နေကြတာ၊ ဒီဈေးနဲ့ဆိုရင် စိုက်စရိတ်တောင်မကျေတဲ့ တောင်သူတွေရှိတယ်၊ စိုက်စရိတ်က တစ်ပိဿာကို ကျပ်(၁၅၀၀)နဲ့ (၁၈၀၀)ကြားရှိတယ်၊ အထွက်ကောင်းအသီး ကောင်းမှ အဆင်ပြေတာ” ဟု မြစ်သားဒေသမှ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။

ရာသီပေါ်ချိန်စကတည်းက ဈေးကွက်သို့အလုံးအရင်းဖြင့် ဝင်ရောက်နေပြီး လက်ရှိပေါက်ဈေးမှာ စိုက်ပျိုးစရိတ်ပင် မကျေနိုင်သော အခြေအနေမျိုးဖြစ်နေကြောင်း၊ တောင်သူများဘက်မှလည်း အလောတကြီးဖြင့် တူးဖော်ရောင်းချခြင်းမျိုး မပြုကြရန် ကုန်သည်အချို့ကတိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းကြီး (၃) တိုင်းတွင် စိုက်ပျိုးသည့် ကြက်သွန်နီ ပြည်တွင်းစားသုံးမှုသာမက ထိုင်း၊ မလေးရှား၊ ဖီလစ်ပိုင်၊ ဗီဘယက်နမ် နိုင်ငံတို့ကိုတင်ပို့ရောင်းချသည်။ လက်ရှိ မြန်မာကြက်သွန်၀ယ်ယူနေသည့် ပြည်ပနိုင်ငံများက ပြည်တွင်းဈေးကျဆင်းမှုအပေါ်စောင့်ကြည့်ပြီး အ၀ယ်လျော့နည်းနေသည့် အခြေအနေမျိုးကြုံနေရသည်။

ထို့အပြင် ကြက်သွန်အသစ်ပေါ်ရန်နီးလာသဖြင့် ကုန်သည်နှင့် တောင်သူကြီးများမှ သိုလှောင်ကြက်သွန်များ ထုတ်ရောင်းမှုများခြင်းကလည်း ကြက်သွန်နီဈေးကျရန် တွန်းအားဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ပြည်တွင်းဈေးဆက်တိုက်မြင့်တက်ခဲ့သော ကြက်သွန်နီမှာယခုနှစ်ဆန်းပိုင်းမှစတင်ပြီး ဈေးပြန်ကျလာသည်။

ေႏြၾကက္သြန္အသစ္ေပၚရန္ အခ်ိန္နီးကပ္လာစဥ္ ျပည္တြင္းေဈးကြက္တြင္ၾကက္သြန္နီ ေဈးက်ဆင္းေနျခင္းက စိုက္ပ်ိဳးသူေတာင္သူမ်ားအတြက္ ဆုံးရႈံးမႈမ်ားေစသည္ဟု ကုန္သည္အခ်ိဳ႕ ကေျပာသည္။
ၿပီးခဲ့သည့္ႏွစ္တြင္ ေဈးက်ဆင္းမႈေၾကာင့္ ဆုံးရႈံးမႈမ်ားႀကဳံခဲ့ရေသာ္လည္း ယခုႏွစ္ေဈးကြက္ေမွ်ာ္လင့္ခ်က္ျဖင့္ စြန႔္စားစိုက္ပ်ိဳးခဲ့ေသာေတာင္သူမ်ားအတြက္ လက္ရွိၾကက္သြန္ေဈးက စိတ္ပ်က္အားေလ်ာ့ေစသည္ဟု မေကြးတိုင္းမွ ကုန္သည္တစ္ဦးကဆို သည္။
လက္ရွိ မိုးၾကက္သြန္က ေဈးကြက္၀င္ေနၿပီး နယ္ေဈးကြက္တြင္ ၾကက္သြန္နီတစ္ပိသာ ပွ်မ္းမွ် က်ပ္ (၁,၅၀၀) ၀န္းက်င္သာ ေဈးဖြင့္ႏိုင္ေၾကာင္း မေကြးတိုင္းမွ ကုန္သည္ကေျပာသည္။
ရန္ကုန္ႏွင့္မႏၲေလးေဈးကြက္အတြင္း လူႀကိဳက္မ်ားသည့္ ျမစ္သားၾကက္သြန္မွာ ေဖေဖာ္ဝါရီ ပထမပတ္အတြင္း တစ္ပိႆာလွ်င္ (၂၄၀၀) က်ပ္၊ လတ္ႀကီး တစ္ပိႆာလွ်င္ (၂၅၀၀) က်ပ္၊ လတ္သန္႔တစ္ပိႆာ (၂၄၀၀) က်ပ္၊ လတ္ေခ်ာ တစ္ပိႆာ (၂၀၀၀) က်ပ္ စသည္ျဖင့္ ေပါက္ေစ်းအသီးသီးျဖစ္ေနေၾကာင္း သိရသည္။
“တူးေဖာ္ခ်ိန္ေဈးက်တာက သိပ္ေတာ့အဆန္းႀကီးမဟုတ္ဘူးေပါ့၊ ဒါေပမယ့္လည္း ဒီႏွစ္က အေျခအေန နည္းနည္းယိုင္ေတာ့ ေတာင္သူေတြေသာကေရာက္ေနၾကတာ၊ ဒီေဈးနဲ႔ဆိုရင္ စိုက္စရိတ္ေတာင္မေက်တဲ့ ေတာင္သူေတြရွိတယ္၊ စိုက္စရိတ္က တစ္ပိႆာကို က်ပ္(၁၅၀၀)နဲ႔ (၁၈၀၀)ၾကားရွိတယ္၊ အထြက္ေကာင္းအသီး ေကာင္းမွ အဆင္ေျပတာ” ဟု ျမစ္သားေဒသမွ ၾကက္သြန္စိုက္ေတာင္သူတစ္ဦးက ေျပာသည္။
ရာသီေပၚခ်ိန္စကတည္းက ေဈးကြက္သို႔အလုံးအရင္းျဖင့္ ဝင္ေရာက္ေနၿပီး လက္ရွိေပါက္ေဈးမွာ စိုက္ပ်ိဳးစရိတ္ပင္ မေက်ႏိုင္ေသာ အေျခအေနမ်ိဳးျဖစ္ေနေၾကာင္း၊ ေတာင္သူမ်ားဘက္မွလည္း အေလာတႀကီးျဖင့္ တူးေဖာ္ေရာင္းခ်ျခင္းမ်ိဳး မျပဳၾကရန္ ကုန္သည္အခ်ိဳ႕ကတိုက္တြန္းေျပာဆိုသည္။
ျမန္မာႏိုင္ငံအလယ္ပိုင္း မႏၲေလး၊ မေကြး၊ စစ္ကိုင္းတိုင္းႀကီး (၃) တိုင္းတြင္ စိုက္ပ်ိဳးသည့္ ၾကက္သြန္နီ ျပည္တြင္းစားသုံးမႈသာမက ထိုင္း၊ မေလးရွား၊ ဖီလစ္ပိုင္၊ ဗီဘယက္နမ္ ႏိုင္ငံတို႔ကိုတင္ပို႔ေရာင္းခ်သည္။ လက္ရွိ ျမန္မာၾကက္သြန္၀ယ္ယူေနသည့္ ျပည္ပႏိုင္ငံမ်ားက ျပည္တြင္းေဈးက်ဆင္းမႈအေပၚေစာင့္ၾကည့္ၿပီး အ၀ယ္ေလ်ာ့နည္းေနသည့္ အေျခအေနမ်ိဳးႀကဳံေနရသည္။
ထို႔အျပင္ ၾကက္သြန္အသစ္ေပၚရန္နီးလာသျဖင့္ ကုန္သည္ႏွင့္ ေတာင္သူႀကီးမ်ားမွ သိုေလွာင္ၾကက္သြန္မ်ား ထုတ္ေရာင္းမႈမ်ားျခင္းကလည္း ၾကက္သြန္နီေဈးက်ရန္ တြန္းအားျဖစ္သည္။ ထို႔ေၾကာင့္ ၿပီးခဲ့သည့္ႏွစ္ကုန္ပိုင္း ျပည္တြင္းေဈးဆက္တိုက္ျမင့္တက္ခဲ့ေသာ ၾကက္သြန္နီမွာယခုႏွစ္ဆန္းပိုင္းမွစတင္ၿပီး ေဈးျပန္က်လာသည္။

Related news

© 2021. All rights reserved.