အာတိတ်ဒေသတွင် တည်ရှိနေမှုကို အားကောင်းလာစေရန်အတွက် မစ်ရှင်တစ်ခုကို နေတိုးအဖွဲ့စတင်

108

Pika (NP News)- ဖေဖေါ်ဝါရီ ၁၄
အာတိတ်ဒေသတွင် ၎င်း၏တည်ရှိနေမှုကို အားကောင်းလာစေရန်အတွက် မစ်ရှင်တစ်ခုကို စတင်လိုက်ပြီဖြစ် ကြောင်း နေတိုးအဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂရင်းလန်းကျွန်းကိုရယူလိုမှု နှင့်အတူ နေတိုးအဖွဲ့ အတွင်း ပြင်းထန်သောတင်းမာမှုများကိုလျှော့ချရန် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆို ပါမစ်ရှင်ကို စတင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Arctic Sentry အမည်ရှိ မစ်ရှင်အသစ်သည် ဒိန်းမတ်နိုင်ငံ၏ “Arctic Endurance on Greenland’’ ကဲ့သို့သော လေ့ကျင့်ခန်းများအပါအဝင် ဒေသတွင်းတွင် နေတိုးအဖွဲ့မိတ်ဖက် များ၏ စစ်ရေးတည်ရှိမှုတိုး မြှင့်လာမှုကို ညှိနှိုင်းဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း နေတိုးအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။
နေတိုး၏ ဥရောပဆိုင်ရာ မဟာမိတ်တပ်မှူးချုပ် အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး Alexus G. Grynkewich က ‘Arctic Sentry မစ်ရှင်ဟာ ကမ္ဘာ့မဟာဗျူဟာအရ အရေးပါဆုံးနဲ့ ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုအရှိဆုံးဒေသတွေက ထဲကတစ်ခုမှာ ၎င်းရဲ့အဖွဲ့ဝင်တွေကို ကာကွယ်ဖို့နဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ နေတိုးအဖွဲ့ရဲ့ကတိကဝတ်တွေကို အ လေးပေးဖော်ပြနေသည်။
ဒီမစ်ရှင်က ကျွန်တော် တို့ရဲ့နယ်မြေကိုကာကွယ်ဖို့နဲ့ အာတိတ်နဲ့မြောက်ပိုင်း ဒေသ လုံခြုံမှု ရှိနေစေဖို့ နေတိုးအဖွဲ့ရဲ့စွမ်းအားတွေကို အသုံးချသွားမှာပဲဖြစ်ပါတယ်’ဟုပြောဆိုခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်မာ့ခ်ရူတီတို့သည် ပြီးခဲ့သည့်လအတွင်း ဒါးဗို့စ်မြို့တွင် ဆွေးနွေးမှု များလုပ် ဆောင်ခဲ့ပြီးနောက် ယင်းမစ်ရှင်ကို နေတိုးအဖွဲ့က စတင်ခဲ့ခြင်းဖြစ်သည်။

Zawgyi version;
အာတိတ္ေဒသတြင္ ၎၏တည္ရွိေနမႈကို အားေကာင္းလာေစရန္အတြက္ မစ္ရွင္တစ္ခုကို စတင္လိုက္ၿပီျဖစ္ ေၾကာင္း ေနတိုးအဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့သည္။
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ဂရင္းလန္းကြၽန္းကိုရယူလိုမႈ ႏွင့္အတူ ေနတိုးအဖြဲ႕ အတြင္း ျပင္းထန္ေသာတင္းမာမႈမ်ားကိုေလွ်ာ့ခ်ရန္ သေဘာတူညီခ်က္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ အဆို ပါမစ္ရွင္ကို စတင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
Arctic Sentry အမည္ရွိ မစ္ရွင္အသစ္သည္ ဒိန္းမတ္ႏိုင္ငံ၏ “Arctic Endurance on Greenland’’ ကဲ့သို႔ေသာ ေလ့က်င့္ခန္းမ်ားအပါအဝင္ ေဒသတြင္းတြင္ ေနတိုးအဖြဲ႕မိတ္ဖက္ မ်ား၏ စစ္ေရးတည္ရွိမႈတိုး ျမႇင့္လာမႈကို ညႇိႏႈိင္းေဆာင္႐ြက္သြားလိမ့္မည္ျဖစ္ေၾကာင္း ေနတိုးအဖြဲ႕က ထုတ္ျပန္ေၾကညာခဲ့သည္။
ေနတိုး၏ ဥေရာပဆိုင္ရာ မဟာမိတ္တပ္မႉးခ်ဳပ္ အေမရိကန္ ေလတပ္ဗိုလ္ခ်ဳပ္ႀကီး Alexus G. Grynkewich က ‘Arctic Sentry မစ္ရွင္ဟာ ကမာၻ႔မဟာဗ်ဴဟာအရ အေရးပါဆုံးနဲ႔ ပတ္ဝန္းက်င္ဆိုင္ရာစိန္ေခၚမႈအရွိဆုံးေဒသေတြက ထဲကတစ္ခုမွာ ၎ရဲ႕အဖြဲ႕ဝင္ေတြကို ကာကြယ္ဖို႔နဲ႔ တည္ၿငိမ္မႈကို ထိန္းသိမ္းဖို႔ ေနတိုးအဖြဲ႕ရဲ႕ကတိကဝတ္ေတြကို အ ေလးေပးေဖာ္ျပေနပါတယ္။
ဒီမစ္ရွင္က ကြၽန္ေတာ္ တို႔ရဲ႕နယ္ေျမကိုကာကြယ္ဖို႔နဲ႔ အာတိတ္နဲ႔ေျမာက္ပိုင္း ေဒသ လုံၿခဳံမႈ ရွိေနေစဖို႔ ေနတိုးအဖြဲ႕ရဲ႕စြမ္းအားေတြကို အသုံးခ်သြားမွာပဲျဖစ္ပါတယ္’ဟုေျပာဆိုခဲ့သည္။
အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္ႏွင့္ ေနတိုးအဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္မာ့ခ္႐ူတီတို႔သည္ ၿပီးခဲ့သည့္လအတြင္း ဒါးဗို႔စ္ၿမိဳ႕တြင္ ေဆြးေႏြးမႈ မ်ားလုပ္ ေဆာင္ခဲ့ၿပီးေနာက္ ယင္းမစ္ရွင္ကို ေနတိုးအဖြဲ႕က စတင္ခဲ့ျခင္းျဖစ္သည္။