မြောက်ကိုရီးယား၌ ခေါင်းဆောင်အသစ် ထပ်မံပေါ်ပေါက်လာရန် ရှိနေ

475

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၄
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် သမီးဖြစ်သူ ဂျူအေကို ၎င်း၏နေရာဆက်ခံမည့်သူအဖြစ် ရွေးချယ်လိုက်ကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးက ထောက်လှမ်းရေးအေဂျင်စီများ၏ သတင်းအချက် လက်များကို ကိုးကားပြီး ထုတ်ဖော်ပြောဆို လိုက်သည်။
ကင်ဂျုံအန်တို့မိသားစုသည် မြောက်ကိုရီးယားနိုင်ငံကို ဆယ်စု နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပြီး နိုင်ငံအတွင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အဓိက တည်ဆောက်လျက်ရှိနေကြောင်းသိရသည်။
ဂျူအေသည် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်အသစ်ဖြစ်လာမည့်သူအဖြစ် ကာလ အတန်ကြာ ထင်ကြေးပေးခံ နေရသူဖြစ်သည်။ တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေး အေဂျင်စီက ဂျူအေသည် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်အသစ်ဖြစ်လာမည့်သူဖြစ်ကြောင်း ပြောသည်။
ဂျူအေသည် မြောက်ကိုရီးယားနိုင်ငံ၏ အစိုးရမူဝါဒများကို ဆွေးနွေးခြင်းများလုပ်ဆောင်လျက်ရှိနေကြောင်းသိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့သွားရောက်ချိန်အတွင်း သမီးဖြစ်သူ ဂျူအေကိုလည်း ခေါ်ဆောင်သွားခဲ့ဖူးကြောင်းသိရသည်။
ဂျူအေသည် မြောက်ကိုရီးယားနိုင်ငံ၏ ခေါင်းဆောင်အသစ်ဖြစ်လာမည့်သူအဖြစ် ပိုမိုရေ ပန်းစားလာခဲ့သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောသည်။ ဂျူအေသည် ယခုလအတွင်းကျင်းပမည့် ပါတီထိပ်သီးအစည်းအဝေးကို တက်ရောက်မှုရှိ မရှိ ဆိုသည့် အချက်ကို အတိအကျမသိသေးကြောင်းသိရသည်။
မြောက်ကိုရီးယားခေါင်းဆောင်သည် အသက် (၁၃)နှစ်အရွယ်ရှိ သမီးဖြစ်သူကို ၎င်း၏နေရာကိုဆက်ခံနိုင်ရန် လေ့ကျင့်ပေးခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်း ရေးအဖွဲ့က ပြောသည်။
တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ‘ဂျူအေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်တပ်အခမ်းအနား အပါ အဝင် အစိုးရအခမ်းအနားပွဲများကိုတက်ရောက်ခဲ့တယ်။ အစိုးရမူဝါဒတွေနဲ့ပတ်သက်ပြီးလည်း အကြံပေးပြောဆိုတာ တွေရှိနေတယ်’ ဟုပြောသည်။
ဂျူအေသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ဇနီးဖြစ်သူရိဆိုဂျူတို့၏ သမီးဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က ကင်ဂျုံအန်တွင် သားအကြီးဆုံးရှိနေသော်လည်း အဆိုပါသားနှင့်ပတ်သက်ပြီး ဘယ်သူမှမသိသလို မြောက်ကိုရီးယားမီဒီယာများတွင် ဖော်ပြခံရခြင်းမျိုး မရှိသေးကြောင်း သိရသည်။

Zawgyi version:
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္သည္ သမီးျဖစ္သူ ဂ်ဴေအကို ၎၏ေနရာဆက္ခံမည့္သူအျဖစ္ ေ႐ြးခ်ယ္လိုက္ေၾကာင္း ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္တစ္ဦးက ေထာက္လွမ္းေရးေအဂ်င္စီမ်ား၏ သတင္းအခ်က္ လက္မ်ားကို ကိုးကားၿပီး ထုတ္ေဖာ္ေျပာဆို လိုက္သည္။
ကင္ဂ်ဳံအန္တို႔မိသားစုသည္ ေျမာက္ကိုရီးယားႏိုင္ငံကို ဆယ္စု ႏွစ္ေပါင္းမ်ားစြာအုပ္ခ်ဳပ္ခဲ့ၿပီး ႏိုင္ငံအတြင္း ပုဂၢိဳလ္ေရးကိုးကြယ္မႈကို အဓိက တည္ေဆာက္လ်က္ရွိေနေၾကာင္းသိရသည္။
ဂ်ဴေအသည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ ေခါင္းေဆာင္အသစ္ျဖစ္လာမည့္သူအျဖစ္ ကာလ အတန္ၾကာ ထင္ေၾကးေပးခံ ေနရသူျဖစ္သည္။ ေတာင္ကိုရီးယားအမ်ိဳးသားေထာက္လွမ္းေရး ေအဂ်င္စီက ဂ်ဴေအသည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ ေခါင္းေဆာင္အသစ္ျဖစ္လာမည့္သူျဖစ္ေၾကာင္း ေျပာသည္။
ဂ်ဴေအသည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ အစိုးရမူဝါဒမ်ားကို ေဆြးေႏြးျခင္းမ်ားလုပ္ေဆာင္လ်က္ရွိေနေၾကာင္းသိရသည္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္သည္ ၿပီးခဲ့သည့္ႏွစ္တြင္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ခ်ိန္အတြင္း သမီးျဖစ္သူ ဂ်ဴေအကိုလည္း ေခၚေဆာင္သြားခဲ့ဖူးေၾကာင္းသိရသည္။
ဂ်ဴေအသည္ ေျမာက္ကိုရီးယားႏိုင္ငံ၏ ေခါင္းေဆာင္အသစ္ျဖစ္လာမည့္သူအျဖစ္ ပိုမိုေရ ပန္းစားလာခဲ့သည္ဟု ေတာင္ကိုရီးယား ေထာက္လွမ္းေရး ေအဂ်င္စီက ေျပာသည္။ ဂ်ဴေအသည္ ယခုလအတြင္းက်င္းပမည့္ ပါတီထိပ္သီးအစည္းအေဝးကို တက္ေရာက္မႈရွိ မရွိ ဆိုသည့္ အခ်က္ကို အတိအက်မသိေသးေၾကာင္းသိရသည္။
ေျမာက္ကိုရီးယားေခါင္းေဆာင္သည္ အသက္ (၁၃)ႏွစ္အ႐ြယ္ရွိ သမီးျဖစ္သူကို ၎၏ေနရာကိုဆက္ခံႏိုင္ရန္ ေလ့က်င့္ေပးခဲ့ေၾကာင္း ေတာင္ကိုရီးယားေထာက္လွမ္း ေရးအဖြဲ႕က ေျပာသည္။
ေတာင္ကိုရီးယားေထာက္လွမ္းေရးအဖြဲ႕က ‘ဂ်ဴေအဟာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ စစ္တပ္အခမ္းအနား အပါ အဝင္ အစိုးရအခမ္းအနားပြဲမ်ားကိုတက္ေရာက္ခဲ့တယ္။ အစိုးရမူဝါဒေတြနဲ႔ပတ္သက္ၿပီးလည္း အႀကံေပးေျပာဆိုတာ ေတြရွိေနတယ္’ ဟုေျပာသည္။
ဂ်ဴေအသည္ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ႏွင့္ ဇနီးျဖစ္သူရိဆိုဂ်ဴတို႔၏ သမီးျဖစ္ေၾကာင္းသိရသည္။ ေတာင္ကိုရီးယားေထာက္လွမ္းေရးအဖြဲ႕က ကင္ဂ်ဳံအန္တြင္ သားအႀကီးဆုံးရွိေနေသာ္လည္း အဆိုပါသားႏွင့္ပတ္သက္ၿပီး ဘယ္သူမွမသိသလို ေျမာက္ကိုရီးယားမီဒီယာမ်ားတြင္ ေဖာ္ျပခံရျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။