“အကယ်ဒမီက နတ်ကြီးသလား’’ (အနုပညာ သုံးသပ်ဆောင်းပါး)

 363

အိဖြူ (NP News)
NP News သတင်းဌာနရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “(၂၀၂၅)ခုနှစ် အကယ်ဒမီ ဆုစာရင်းကြေညာမှုအပြီး နောက်ဆက်တွဲအခြေအနေတွေ”အပေါ် သုံးသပ် ရေးသားဖော်ပြပေးပါမယ်။
အကယ်ဒမီရွှေစင်ရုပ်တုက ‘နတ်ကြီးတယ်’ ဆိုတဲ့အပြောမျိုးကို ကြားဖူးကြပါလိမ့်မယ်။ ကျွန်မတို့ ဗုဒ္ဓဘာသာ ဝင်တွေရဲ့ကိုးကွယ်ယုံကြည်မှုအရ ကံ၊ ကံ ၏အကျိုး၊ ကံတရားက မိမိတို့ဘက်ရပ်တည်နေမှု၊ နတ် ‘မ’ ခြင်း၊ နတ် ‘ကိုင်’ ခြင်း စတဲ့စကားမျိုးတွေလည်း ကြားဖူးကြပါလိမ့်မယ်။ ဒါပေမဲ့ ကံဆိုတာ လူကပြုလုပ်တာဖြစ်ပြီး၊ မိမိတို့ရဲ့ ကြိုးစားအားထုတ်မှု ကြောင့် ပိုင်ဆိုင်ခွင့်ရရှိလာတဲ့ရာခိုင်နှုန်းက (၈၀) ရာ ခိုင်နှုန်းအထက်မှာရှိပါတယ်။
အကယ်ဒမီဆုဟာ နတ်ကြီးတယ်လို့ အနုပညာရှင်တိုင်းနှုတ်ဖျားက ပြောလေ့ရှိကြပေမယ့် (၂၀၂၅) ခုနှစ် အကယ်ဒမီဆုပေးပွဲအခမ်းအနားပြီးဆုံးချိန်မှာတော့ အကယ်ဒမီဆုက နတ်ကြီး/မကြီး ဆိုတဲ့အဖြေကို ရှင်းရှင်းလင်းလင်း သိခွင့်ရရှိခဲ့ပြီဖြစ်ပါ တယ်။ ဥပမာ အနုပညာရှင်တိုင်း နတ်ကြီးတယ်လို့ဆို လေ့ရှိကြတဲ့ အကယ်ဒမီဆုဟာ (၂၀၂၅)ခုနှစ် ဆန် ခါတင်စာရင်းဝင် ‘နတ်ဝင်သည်’ ရုပ်ရှင်ဇာတ်ကားနဲ့ ‘မြစ်လက်တက်ပေမယ့် ရေစီးကကြမ်းတယ်’ဆိုတဲ့ နတ်၊ ဝိညာဉ်၊ ပရလောကနဲ့ဆက်စပ်တဲ့ဇာတ်ကား တွေအတွက်တော့ အလေးမသာခဲ့ပေ။
(၂၀၂၅)ခုနှစ်အတွက် အကယ်ဒမီဆု အကဲဖြတ်ရွေးချယ်ရေးအဖွဲ့ ရုံတင်ဇာတ်ကားတွေကို ကြည့်ရှုစိစစ်နေစဉ် အချိန်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာဦးကြည်စိုးထွန်းနှုတ်က ထုတ်ဖော်ပြောဆိုလိုက်တဲ့ ‘မိန်းမလျာ ဇာတ်ကားတွေနဲ့ နတ်ဇာတ်ကားတွေကိုမပေးသင့်ကြောင်း’ အဓိပ္ပာယ် သက်ရောက်စေတဲ့ပြောဆိုမှုတွေနဲ့ (၂၀၂၄) ခုနှစ်မှာ အကယ်ဒမီရရှိပြီးသားမို့ ဒီနှစ်ပေးဖို့သင့်ပါ့မလားဆို တဲ့ပြောဆိုမှုတွေက အကဲဖြတ်ရွေးချယ်‌ ရေးအဖွဲ့ရဲ့ စဉ်း စားတွေးခေါ်မှုအပေါ်လွှမ်းမိုးမှုရှိခဲ့ပြီး လူကြီးအကြိုက် လိုက်ကာ ဆုံးဖြတ်ပေးခဲ့ရမှုတချို့ရှိနိုင်ခဲ့ကြောင်း ဝါရင့် အနုပညာ ရှင်ကြီးတွေကိုယ်တိုင်က ထောက်ပြပြောဆို ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေလောကမှာ ရုပ်ရှင်သရုပ်ဆောင်တွေအတွက် ချီးမြှင့်ဂုဏ်ပြုတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားက ပရိသတ်စိတ်ဝင် စားမှုအများဆုံးနဲ့ ဝေဖန်ခံရမှုများလေ့ရှိတဲ့ ပွဲအခမ်းအနားတစ်ခုဖြစ်ပါ တယ်။
ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ (၂၀၂၅)ခုနှစ်အ တွက် အကယ်ဒမီဆုချီးမြှင့်ပွဲမှာတော့ ပွဲမကျင်းပခင် (၄၈)နာရီအတွင်း ‘အမျိုးသားဇာတ်ဆောင်ဆု မြင့်မြတ်၊ အမျိုးသမီးဇာတ်ဆောင်ဆု ရတနာဗို၊ အမျိုး သမီးဇာတ်ပို့ဆုကို ခိုင်နှင်းဝေ’တို့ ရရှိမှာဖြစ်ကြောင်းကြိုတင်သတင်းပေါက်ကြားခဲ့ရုံမက ‘ဝတ်မှုံရွှေရည်ရဲ့ နတ်ဝင်သည်နဲ့ နေတိုးရဲ့မြစ်လက်တက်ပေမယ့် ရေ စီးကကြမ်းတယ်’က မိန်းမလျာဇာတ်ကားနဲ့ နတ်က တော်ကားတွေမို့ မပေးခြင်းဖြစ်တဲ့အပြင် ၎င်းတို့နှစ်ဦးက (၂၀၂၄) ခုနှစ်ကရရှိခဲ့ပြီးသားမို့ (၂၀၂၅)ခုနှစ်မှာ တစ်ခါမှမရရှိရသေးတဲ့သူတွေကိုသာ ဦးစားပေးရမှာ ဖြစ်တယ်’ ဆိုတဲ့စကား တွေဟာ အနုပညာအသိုင်းအ ဝိုင်းကြားကထွက်ပေါ်ခဲ့တဲ့ စကားလုံးတွေသာဖြစ်ပါတယ်။
ဒါကြောင့်လည်း အကယ်ဒမီဆုဆိုတာ တကယ်ပဲနတ်ကြီးသလားနဲ့ နတ်တွေက အကဲဖြတ် စိစစ်ရေးအဖွဲ့များ ဖြစ်နေမလားဆိုတာ မေးခွန်းထုတ် စရာဖြစ်စေခဲ့ပါပြီ။ ဒီနေရာမှာ ပုဂ္ဂိုလ်စွဲမရှိ ထောက်ပြရရင် မြင့်မြတ်နဲ့ ရတနာဗို တို့အတွက် အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့ထိုက်တန်တာကို ငြင်းစရာမရှိပါ။ မြင့်မြတ် အကယ်ဒမီဆုရရှိခဲ့တဲ့ မြေစာ ဇာတ်ကားက စည်ပင်ဝန်ထမ်းတွေကို ကိုယ်စားပြုထားခြင်းဖြစ်တာမို့ သာမန်အခြေခံလူတန်းစားနဲ့တစ်သားတည်းကျစေ ခဲ့ပါတယ်။ အကယ်ဒမီဆု ဆွတ်ခူးရရှိဖို့ဆို ဒရာမာ ဇာတ်ကားတွေက အရင်ကတည်းက အလေးသာခဲ့ပေမယ့် နတ်၊ ဝိညာဉ်နဲ့ ပတ်သက်တဲ့ဇာတ်ကားတွေကို လျစ်လျူရှုပြီး အိမ်ထောင်ရေးဖောက်ပြန်တဲ့ ပြည့်တန်ဆာဇာတ်အိမ်နဲ့ ဇာတ် ကားတွေကို ဦးစားပေးထား ရွေးချယ်ခြင်းက လူအများထောက်ပြစရာဖြစ်လာခဲ့ပါပြီ။
ရုပ်ရှင်ဇာတ်ကားတစ်ကားကြာချိန်အရ (၂) နာရီ (၃၀)မိနစ်အတွင်းမှာ သင်ခန်းစာအဖြစ်ထည့် သွင်းပြသလေ့ ရှိတဲ့ ဇာတ်ဝင်ခန်းက (၁၀)မိနစ်နဲ့ (၁၅)မိနစ်အတွင်းသာထည့်သွင်းဖော်ပြလေ့ရှိတာမို့ ရုပ်ရှင်ဖန်တီးထုတ်လုပ်သူတွေ အနေနဲ့ မိမိတို့ရဲ့ဇာတ်လမ်း၊ ဇာတ်အိမ်ရည်ရွယ်ချက်နဲ့ ပြည်သူလူထုကိုပေးကျွေးမယ့် အသိပညာရသကို ဘယ်လိုအရာ တွေပေး မှာလဲနဲ့ မိမိတို့ရဲ့ဇာတ်ကားကိုကြည့်ရှုမိပါက လူထုအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်နိုင်မလဲ ဆိုတာကို ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။
ရုပ်ရှင်အသိပညာရှင် အတတ်ပညာရှင်တ ချို့ကလည်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်လာပြီဖြစ်သလို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရေးအကဲဖြတ် အဖွဲ့ကို ရုပ်ရှင်လောက သားအချင်းချင်းက ရွေးချယ်ဆုံးဖြတ်ခြင်းမျိုးထက် နယ်ပယ်အသီးသီးကပညာရှင် ကြီးတွေကိုဖိတ်ကြားကာ ရုပ်ရှင်သရုပ် ဆောင်တွေနဲ့ပတ် သက်ဆက်နွှယ်မှုမရှိတဲ့ ပညာရှင်ကြီးတွေနဲ့ အကယ်ဒမီများရှင်တွေနဲ့သာ ဖွဲ့စည်းထားသင့်ကြောင်း၊ အဆို ပါအဖွဲ့အပေါ်မှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌအပါအဝင် တခြားပုဂ္ဂိုလ်တစ်ဦးဦးရဲ့ လွှမ်းမိုးမှု မပါဝင်ဘဲ ရွေးချယ်ဆုံးဖြတ်နိုင်အောင် ဖွဲ့စည်းထားသင့်ကြောင်း အကြံပြုလျက်ရှိ ပါတယ်။ (၂၀၂၆) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်တစ်သက်တာဆုကို ရုပ်ရှင် သရုပ်ဆောင်၊ ဒါရိုက်တာ အသက် (၉၃) နှစ်အရွယ် ဦးဌေးအောင်(မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက)၊ အသက်(၉၄)နှစ်အရွယ် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်လေးဆွေ၊ အသက်(၈၁)နှစ်အရွယ် ဒါရိုက်တာ ဦးကြည်စိုးထွန်း(မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့်နာယက)တို့က ရရှိခဲ့ကြပါတယ်။
ရုပ်ရှင်တစ်သက်တာဆု ဖြစ်ပေါ်လာရခြင်းမှာ ဒါရိုက်တာဦးကြည်စိုးထွန်းရဲ့ဦးဆောင်မှုကြောင့် ၎င်းရဲ့ ဆရာဖြစ်သူ ဒါရိုက်တာမောင်တင်ယု အသက် (၉၀) ပြည့်နှစ်မှာ စတင်ချီးမြှင့်ဖို့ စီစဉ်ခဲ့ကြခြင်းဖြစ်ပြီး ဒါရိုက်တာ မောင် တင်ယုက အသက်(၉၂)နှစ်မှာ ကွယ် လွန်ခဲ့ပါတယ်။ ရုပ်ရှင်တစ်သက်တာဆုရှင်တွေအဖြစ် ဂန္ထဝင်အနုပညာရှင် စည်သူ ဒေါက်တာဗိုလ်ကလေး တင့်အောင် အသက်(၁၀ဝ) (ကွယ်လွန်)၊ အကယ် ဒမီဆုရှင် စွယ်စုံရပညာရှင် ဒေါ်မြင့်မြင့်ခင် အသက် (၉၂)နှစ် (အနုပညာသက်တမ်း ၇၇ နှစ်)၊ အကယ် ဒမီများရှင် ဦးညွန့်ဝင်း(ကွယ်လွန်)၊ အကယ်ဒမီ ဦးအောင်လွင်၊ ဒါရိုက်တာစည်သူ ဦးအောင်မြင့်မြတ်၊ စည်သူဒေါ်နွဲ့နွဲ့စန်း၊ အကယ်ဒမီ ပန်းချီစိုးမိုး၊ စွယ်စုံ အနုပညာရှင် အကယ် ဒမီများရှင် ဝါဝါဝင်းရွှေ၊ အကယ်ဒမီ ခင်သန်းနု အစရှိတဲ့ ဝါရင့်အနုပညာရှင် အတတ်ပညာရှင်ကြီးတွေကို ရုပ်ရှင် တစ်သက်တာ ဆုများ ချီးမြှင့်ဂုဏ်ပြုခဲ့ပြီးဖြစ်ပါတယ်။ ရုပ်ရှင်တစ် သက်တာဆုအတွက် ရွေးချယ်ချီးမြှင့်ရာ သတ်မှတ် နှုန်းထားများမှာ အနုပညာသက်တမ်း နှစ်(၅၀)ပြည့် မြောက်ထားသူ၊ အသက်(၈၀)နှစ်နဲ့အထက်ရှိသူ ဝါရင့် အနုပညာ ရှင်ကြီးများအနက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)က အကဲဖြတ်စိစစ်ရေးအဖွဲ့တွေရဲ့ စံချိန်သတ်မှတ် ချက်တွေနဲ့ကိုက်ညီမှုရှိသူကို တစ်နှစ်လျှင် တစ်ဦးမှသုံးဦးအထိ ရွေးချယ်ချီးမြှင့်ခြင်းဖြစ် တယ်လို့ သိရှိရပါတယ်။
(၂၀၂၅) ခုနှစ်အတွက် ရုပ်ရှင်တည်းဖြတ် ဆုကို “မြို့ပြထဲကလမ်းမ”ဇာတ်ကားဖြင့် ခွန်၊ ရုပ် ရှင်ဇာတ်òန်းဆုကို “မောင့်မိဖုရား”ဇာတ်ကားဖြင့် သီလံ၊ ရုပ်ရှင်ဇာတ်ကားဆုကို “ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး”ဇာတ်ကားက ရရှိခဲ့ပါတယ်။
ရုပ်ရှင်ဓာတ်ပုံဆုကို “နှင်းပွင့်စေရာ” ဇာတ်ကားနဲ့ သားကျော်၊ ရုပ်ရှင်တေးဂီတဆုကို “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်”ဇာတ်ကားနဲ့ ဟန်ထူးဇင်၊ ရုပ်ရှင်အသံဆုကို “နတ်ဝင်သည်” ဇာတ်ကားနဲ့ ကိုဂျိုး၊ ရုပ်ရှင် ဒါရိုက်တာဆုကို “ဗြောသံ”ဇာတ်ကားနဲ့ အကယ်ဒမီ ဒါရိုက်တာ ဩရသတို့က ထိုက်တန်စွာရရှိခဲ့ကြပါတယ်။ အမျိုးသမီး ဇာတ်ပို့ ဆုကို “မောင့်မိဖုရား”နဲ့ ခိုင်နှင်းဝေ၊ အမျိုးသားဇာတ် ပို့ဆုကို “မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်”နဲ့ နေမျိုးအောင်၊ အကောင်းဆုံး ရုပ်ရှင် အမျိုးသမီးဇာတ် ဆောင်ဆုကို “မောင့်မိဖုရား” ဇာတ်ကားနဲ့ ရတနာဗို၊ အမျိုးသား ဇာတ်ဆောင်ဆုကို “မြေစာ”ဇာတ်ကားနဲ့ အကယ်ဒမီမြင့်မြတ်တို့က ရရှိခဲ့ပါတယ်။
မြန်မာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအ နားကိုတက်ရောက်လာကြတဲ့ အနုပညာရှင်တွေထဲမှ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုအကြီး တန်းဆုကို ထပ်ဆင့်အကယ်ဒမီ နေတိုး၊ အကောင်းဆုံး အမျိုးသမီး ဝတ်စား ဆင်ယင်မှု အကြီးတန်းဆု ထပ်ဆင့်အကယ်ဒမီ မေသန်းနု၊ အကောင်းဆုံး အမျိုး သားဝတ်စားဆင်ယင်မှု အငယ်တန်းဆု ကောင်း မြတ်စံ၊ အကောင်းဆုံးအမျိုးသမီး ဝတ်စားဆင်ယင်မှု အငယ်တန်းဆု ရတနာဗိုတို့က ရရှိခဲ့ကြပါတယ်။ မင်း သမီးရတနာဗိုက ကံထူးလှစွာပဲ အစပိုင်းမှာ ဖက်ရှင် ဆုနဲ့နှစ်သိမ့်ခံရပြီလို့ ကြည့်ရှုသူလူအများက ထင်မှတ် ခဲ့ကြပေမယ့် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီနေရာမှာ စိတ်မကောင်းစရာသတင်းအဖြစ် ထပ်ဆင့်အကယ်ဒမီမင်းသမီး ဖွေးဖွေးကတော့ အကယ်ဒမီ ရွှေစင်ရုပ်တုနဲ့လည်း လွဲချော်ခဲ့ရသလို တစ်ဦးတည်းသော မောင်ဖြစ်သူ အေဒင်ဦး(အသက် ၃၄)နှစ် ကွယ်လွန် သွားတာကြောင့် ဖေဖော်ဝါရီလ (၇)ရက်နေ့မှာပဲ မောင်ဖြစ်သူကို အပြီးတိုင်ဆုံးရှုံး လိုက်ရတာဖြစ်ပါတယ်။ (၂၀၂၅) ခုနှစ်အတွက် ဗခေိနာပ သြာငညအေ စာရင်းဝင်ဇာတ် ကားများအနက် “မောင့်မိဖုရား”ဇာတ်ကားက ဇာတ်òန်းဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ် ပို့ဆုနဲ့ (၃)ဆုတိတိရရှိခဲ့ပြီး၊ “မြစ်လက်တက်ပေ မဲ့ရေစီးကကြမ်းတယ်” ဇာတ်ကားက တေးဂီတဆု၊ အမျိုးသားဇာတ်ပို့ဆု (၂)ဆုရရှိခဲ့ကာ “နှင်းပွင့် စေရာ”၊ “နတ်ဝင်သည်”၊ “မြို့ပြထဲကလမ်းမ များ”၊ “ပန်းမြိုင်လယ်ကဥယျာဉ်မှူး”၊ “ဗြောသံ”၊ “မြေစာ” ဇာတ်ကားတို့က အကယ်ဒမီထူးချွန် ဆုတစ်ဆုစီနဲ့သာ ကျေနပ်ခဲ့ကြရတာဖြစ်ပါတယ်။ (၂၀၂၅)ခုနှစ်အတွက် အကယ်ဒမီရွှေစင်ရုပ်တု ပေါင်း(၁၈)ဆုအတွက် နိုင်ငံတော် အစိုးရက အကယ်ဒမီ ရွှေစင်ရုပ်တုတစ်ခုလျှင် ရွှေကြယ် (၅) ကျပ်သားစီ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။
(၂၀၂၅)ခုနှစ်အတွင်း မြန်မာရုပ်ရှင် (၇၂)ကားကို ရုံတင်ပြသခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဇာတ်ကား(၂၂)ကားကို ထပ်မံ ကြည့်ရှုအကဲဖြတ်ခဲ့ရာ Academy Nominat စာရင်းမှာ ဇာတ်ကား (၉)ကားဖော်ပြခံခဲ့ရပါတယ်။ (၂၀၂၅)ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားအောင်မြင် စွာဖြစ်မြောက်ရေးအတွက် မြန်မာနိုင်ငံ အစည်းအရုံး(ဗဟို)မှ ကြီးမှူးကျင်းပကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးမောင်မောင်အုန်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနဲ့တကွ ဌာနဆိုင် ရာအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များ၊ ရုပ်ရှင်အသိညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ အနုပညာ ရှင် များ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။
(၂၀၂၅)ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားက ဖေဖော်ဝါရီလ (၇)ရက် စနေနေ့ ညနေ(၅)နာရီ မိနစ်(၃၀)အချိန် မှစ၍ ည (၁၀)နာရီ မိနစ်(၃၀)အချိန်အထိ နေပြည်တော်ကောင်စီနယ်မြေ MICC-1 မှာ ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version:
“အကယ္ဒမီက နတ္ႀကီးသလား’’
(အႏုပညာ သုံးသပ္ေဆာင္းပါး)
အိျဖဴ (NP News)
NP News သတင္းဌာနရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “(၂၀၂၅)ခုႏွစ္ အကယ္ဒမီ ဆုစာရင္းေၾကညာမႈအၿပီး ေနာက္ဆက္တြဲအေျခအေနေတြ”အေပၚ သုံးသပ္ ေရးသားေဖာ္ျပေပးပါမယ္။
အကယ္ဒမီေ႐ႊစင္႐ုပ္တုက ‘နတ္ႀကီးတယ္’ ဆိုတဲ့အေျပာမ်ိဳးကို ၾကားဖူးၾကပါလိမ့္မယ္။ ကြၽန္မတို႔ ဗုဒၶဘာသာ ဝင္ေတြရဲ႕ကိုးကြယ္ယုံၾကည္မႈအရ ကံ၊ ကံ ၏အက်ိဳး၊ ကံတရားက မိမိတို႔ဘက္ရပ္တည္ေနမႈ၊ နတ္ ‘မ’ ျခင္း၊ နတ္ ‘ကိုင္’ ျခင္း စတဲ့စကားမ်ိဳးေတြလည္း ၾကားဖူးၾကပါလိမ့္မယ္။ ဒါေပမဲ့ ကံဆိုတာ လူကျပဳလုပ္တာျဖစ္ၿပီး၊ မိမိတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈ ေၾကာင့္ ပိုင္ဆိုင္ခြင့္ရရွိလာတဲ့ရာခိုင္ႏႈန္းက (၈၀) ရာ ခိုင္ႏႈန္းအထက္မွာရွိပါတယ္။
အကယ္ဒမီဆုဟာ နတ္ႀကီးတယ္လို႔ အႏုပညာရွင္တိုင္းႏႈတ္ဖ်ားက ေျပာေလ့ရွိၾကေပမယ့္ (၂၀၂၅) ခုႏွစ္ အကယ္ဒမီဆုေပးပြဲအခမ္းအနားၿပီးဆုံးခ်ိန္မွာေတာ့ အကယ္ဒမီဆုက နတ္ႀကီး/မႀကီး ဆိုတဲ့အေျဖကို ရွင္းရွင္းလင္းလင္း သိခြင့္ရရွိခဲ့ၿပီျဖစ္ပါ တယ္။ ဥပမာ အႏုပညာရွင္တိုင္း နတ္ႀကီးတယ္လို႔ဆို ေလ့ရွိၾကတဲ့ အကယ္ဒမီဆုဟာ (၂၀၂၅)ခုႏွစ္ ဆန္ ခါတင္စာရင္းဝင္ ‘နတ္ဝင္သည္’ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ‘ျမစ္လက္တက္ေပမယ့္ ေရစီးကၾကမ္းတယ္’ဆိုတဲ့ နတ္၊ ဝိညာဥ္၊ ပရေလာကနဲ႔ဆက္စပ္တဲ့ဇာတ္ကား ေတြအတြက္ေတာ့ အေလးမသာခဲ့ေပ။
(၂၀၂၅)ခုႏွစ္အတြက္ အကယ္ဒမီဆု အကဲျဖတ္ေ႐ြးခ်ယ္ေရးအဖြဲ႕ ႐ုံတင္ဇာတ္ကားေတြကို ၾကည့္ရႈစိစစ္ေနစဥ္ အခ်ိန္မွာ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဒါ႐ိုက္တာဦးၾကည္စိုးထြန္းႏႈတ္က ထုတ္ေဖာ္ေျပာဆိုလိုက္တဲ့ ‘မိန္းမလ်ာ ဇာတ္ကားေတြနဲ႔ နတ္ဇာတ္ကားေတြကိုမေပးသင့္ေၾကာင္း’ အဓိပၸာယ္ သက္ေရာက္ေစတဲ့ေျပာဆိုမႈေတြနဲ႔ (၂၀၂၄) ခုႏွစ္မွာ အကယ္ဒမီရရွိၿပီးသားမို႔ ဒီႏွစ္ေပးဖို႔သင့္ပါ့မလားဆို တဲ့ေျပာဆိုမႈေတြက အကဲျဖတ္ေ႐ြးခ်ယ္‌ ေရးအဖြဲ႕ရဲ႕ စဥ္း စားေတြးေခၚမႈအေပၚလႊမ္းမိုးမႈရွိခဲ့ၿပီး လူႀကီးအႀကိဳက္ လိုက္ကာ ဆုံးျဖတ္ေပးခဲ့ရမႈတခ်ိဳ႕ရွိႏိုင္ခဲ့ေၾကာင္း ဝါရင့္ အႏုပညာ ရွင္ႀကီးေတြကိုယ္တိုင္က ေထာက္ျပေျပာဆို ခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံရဲ႕ ႐ုပ္ရွင္၊ သဘင္၊ ဂီတ၊ စာေပေလာကမွာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြအတြက္ ခ်ီးျမႇင့္ဂုဏ္ျပဳတဲ့ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားက ပရိသတ္စိတ္ဝင္ စားမႈအမ်ားဆုံးနဲ႔ ေဝဖန္ခံရမႈမ်ားေလ့ရွိတဲ့ ပြဲအခမ္းအနားတစ္ခုျဖစ္ပါ တယ္။
ၿပီးဆုံးသြားခဲ့ၿပီျဖစ္တဲ့ (၂၀၂၅)ခုႏွစ္အ တြက္ အကယ္ဒမီဆုခ်ီးျမႇင့္ပြဲမွာေတာ့ ပြဲမက်င္းပခင္ (၄၈)နာရီအတြင္း ‘အမ်ိဳးသားဇာတ္ေဆာင္ဆု ျမင့္ျမတ္၊ အမ်ိဳးသမီးဇာတ္ေဆာင္ဆု ရတနာဗို၊ အမ်ိဳး သမီးဇာတ္ပို႔ဆုကို ခိုင္ႏွင္းေဝ’တို႔ ရရွိမွာျဖစ္ေၾကာင္းႀကိဳတင္သတင္းေပါက္ၾကားခဲ့႐ုံမက ‘ဝတ္မႈံေ႐ႊရည္ရဲ႕ နတ္ဝင္သည္နဲ႔ ေနတိုးရဲ႕ျမစ္လက္တက္ေပမယ့္ ေရ စီးကၾကမ္းတယ္’က မိန္းမလ်ာဇာတ္ကားနဲ႔ နတ္က ေတာ္ကားေတြမို႔ မေပးျခင္းျဖစ္တဲ့အျပင္ ၎တို႔ႏွစ္ဦးက (၂၀၂၄) ခုႏွစ္ကရရွိခဲ့ၿပီးသားမို႔ (၂၀၂၅)ခုႏွစ္မွာ တစ္ခါမွမရရွိရေသးတဲ့သူေတြကိုသာ ဦးစားေပးရမွာ ျဖစ္တယ္’ ဆိုတဲ့စကား ေတြဟာ အႏုပညာအသိုင္းအ ဝိုင္းၾကားကထြက္ေပၚခဲ့တဲ့ စကားလုံးေတြသာျဖစ္ပါတယ္။
ဒါေၾကာင့္လည္း အကယ္ဒမီဆုဆိုတာ တကယ္ပဲနတ္ႀကီးသလားနဲ႔ နတ္ေတြက အကဲျဖတ္ စိစစ္ေရးအဖြဲ႕မ်ား ျဖစ္ေနမလားဆိုတာ ေမးခြန္းထုတ္ စရာျဖစ္ေစခဲ့ပါၿပီ။ ဒီေနရာမွာ ပုဂၢိဳလ္စြဲမရွိ ေထာက္ျပရရင္ ျမင့္ျမတ္နဲ႔ ရတနာဗို တို႔အတြက္ အကယ္ဒမီ ေ႐ႊစင္႐ုပ္တုနဲ႔ထိုက္တန္တာကို ျငင္းစရာမရွိပါ။ ျမင့္ျမတ္ အကယ္ဒမီဆုရရွိခဲ့တဲ့ ေျမစာ ဇာတ္ကားက စည္ပင္ဝန္ထမ္းေတြကို ကိုယ္စားျပဳထားျခင္းျဖစ္တာမို႔ သာမန္အေျခခံလူတန္းစားနဲ႔တစ္သားတည္းက်ေစ ခဲ့ပါတယ္။ အကယ္ဒမီဆု ဆြတ္ခူးရရွိဖို႔ဆို ဒရာမာ ဇာတ္ကားေတြက အရင္ကတည္းက အေလးသာခဲ့ေပမယ့္ နတ္၊ ဝိညာဥ္နဲ႔ ပတ္သက္တဲ့ဇာတ္ကားေတြကို လ်စ္လ်ဴရႈၿပီး အိမ္ေထာင္ေရးေဖာက္ျပန္တဲ့ ျပည့္တန္ဆာဇာတ္အိမ္နဲ႔ ဇာတ္ ကားေတြကို ဦးစားေပးထား ေ႐ြးခ်ယ္ျခင္းက လူအမ်ားေထာက္ျပစရာျဖစ္လာခဲ့ပါၿပီ။
႐ုပ္ရွင္ဇာတ္ကားတစ္ကားၾကာခ်ိန္အရ (၂) နာရီ (၃၀)မိနစ္အတြင္းမွာ သင္ခန္းစာအျဖစ္ထည့္ သြင္းျပသေလ့ ရွိတဲ့ ဇာတ္ဝင္ခန္းက (၁၀)မိနစ္နဲ႔ (၁၅)မိနစ္အတြင္းသာထည့္သြင္းေဖာ္ျပေလ့ရွိတာမို႔ ႐ုပ္ရွင္ဖန္တီးထုတ္လုပ္သူေတြ အေနနဲ႔ မိမိတို႔ရဲ႕ဇာတ္လမ္း၊ ဇာတ္အိမ္ရည္႐ြယ္ခ်က္နဲ႔ ျပည္သူလူထုကိုေပးေကြၽးမယ့္ အသိပညာရသကို ဘယ္လိုအရာ ေတြေပး မွာလဲနဲ႔ မိမိတို႔ရဲ႕ဇာတ္ကားကိုၾကည့္ရႈမိပါက လူထုအတြက္ ဘယ္ေလာက္အထိ အက်ိဳးသက္ေရာက္ႏိုင္မလဲ ဆိုတာကို ထည့္သြင္းစဥ္းစားဖို႔လိုအပ္ပါတယ္။
႐ုပ္ရွင္အသိပညာရွင္ အတတ္ပညာရွင္တ ခ်ိဳ႕ကလည္း ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးအကဲျဖတ္အဖြဲ႕ကို ျပန္လည္ဖြဲ႕စည္းဖို႔ လိုအပ္လာၿပီျဖစ္သလို ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေ႐ြးခ်ယ္ေရးအကဲျဖတ္ အဖြဲ႕ကို ႐ုပ္ရွင္ေလာက သားအခ်င္းခ်င္းက ေ႐ြးခ်ယ္ဆုံးျဖတ္ျခင္းမ်ိဳးထက္ နယ္ပယ္အသီးသီးကပညာရွင္ ႀကီးေတြကိုဖိတ္ၾကားကာ ႐ုပ္ရွင္သ႐ုပ္ ေဆာင္ေတြနဲ႔ပတ္ သက္ဆက္ႏႊယ္မႈမရွိတဲ့ ပညာရွင္ႀကီးေတြနဲ႔ အကယ္ဒမီမ်ားရွင္ေတြနဲ႔သာ ဖြဲ႕စည္းထားသင့္ေၾကာင္း၊ အဆို ပါအဖြဲ႕အေပၚမွာလည္း ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း အ႐ုံးဥကၠ႒အပါအဝင္ တျခားပုဂၢိဳလ္တစ္ဦးဦးရဲ႕ လႊမ္းမိုးမႈ မပါဝင္ဘဲ ေ႐ြးခ်ယ္ဆုံးျဖတ္ႏိုင္ေအာင္ ဖြဲ႕စည္းထားသင့္ေၾကာင္း အႀကံျပဳလ်က္ရွိ ပါတယ္။ (၂၀၂၆) ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္တစ္သက္တာဆုကို ႐ုပ္ရွင္ သ႐ုပ္ေဆာင္၊ ဒါ႐ိုက္တာ အသက္ (၉၃) ႏွစ္အ႐ြယ္ ဦးေဌးေအာင္(ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးနာယက)၊ အသက္(၉၄)ႏွစ္အ႐ြယ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေဒၚခင္ေလးေဆြ၊ အသက္(၈၁)ႏွစ္အ႐ြယ္ ဒါ႐ိုက္တာ ဦးၾကည္စိုးထြန္း(ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒ႏွင့္နာယက)တို႔က ရရွိခဲ့ၾကပါတယ္။
႐ုပ္ရွင္တစ္သက္တာဆု ျဖစ္ေပၚလာရျခင္းမွာ ဒါ႐ိုက္တာဦးၾကည္စိုးထြန္းရဲ႕ဦးေဆာင္မႈေၾကာင့္ ၎ရဲ႕ ဆရာျဖစ္သူ ဒါ႐ိုက္တာေမာင္တင္ယု အသက္ (၉၀) ျပည့္ႏွစ္မွာ စတင္ခ်ီးျမႇင့္ဖို႔ စီစဥ္ခဲ့ၾကျခင္းျဖစ္ၿပီး ဒါ႐ိုက္တာ ေမာင္ တင္ယုက အသက္(၉၂)ႏွစ္မွာ ကြယ္ လြန္ခဲ့ပါတယ္။ ႐ုပ္ရွင္တစ္သက္တာဆုရွင္ေတြအျဖစ္ ဂႏၴဝင္အႏုပညာရွင္ စည္သူ ေဒါက္တာဗိုလ္ကေလး တင့္ေအာင္ အသက္(၁၀ဝ) (ကြယ္လြန္)၊ အကယ္ ဒမီဆုရွင္ စြယ္စုံရပညာရွင္ ေဒၚျမင့္ျမင့္ခင္ အသက္ (၉၂)ႏွစ္ (အႏုပညာသက္တမ္း ၇၇ ႏွစ္)၊ အကယ္ ဒမီမ်ားရွင္ ဦးၫြန႔္ဝင္း(ကြယ္လြန္)၊ အကယ္ဒမီ ဦးေအာင္လြင္၊ ဒါ႐ိုက္တာစည္သူ ဦးေအာင္ျမင့္ျမတ္၊ စည္သူေဒၚႏြဲ႕ႏြဲ႕စန္း၊ အကယ္ဒမီ ပန္းခ်ီစိုးမိုး၊ စြယ္စုံ အႏုပညာရွင္ အကယ္ ဒမီမ်ားရွင္ ဝါဝါဝင္းေ႐ႊ၊ အကယ္ဒမီ ခင္သန္းႏု အစရွိတဲ့ ဝါရင့္အႏုပညာရွင္ အတတ္ပညာရွင္ႀကီးေတြကို ႐ုပ္ရွင္ တစ္သက္တာ ဆုမ်ား ခ်ီးျမႇင့္ဂုဏ္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ ႐ုပ္ရွင္တစ္ သက္တာဆုအတြက္ ေ႐ြးခ်ယ္ခ်ီးျမႇင့္ရာ သတ္မွတ္ ႏႈန္းထားမ်ားမွာ အႏုပညာသက္တမ္း ႏွစ္(၅၀)ျပည့္ ေျမာက္ထားသူ၊ အသက္(၈၀)ႏွစ္နဲ႔အထက္ရွိသူ ဝါရင့္ အႏုပညာ ရွင္ႀကီးမ်ားအနက္ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး (ဗဟို)က အကဲျဖတ္စိစစ္ေရးအဖြဲ႕ေတြရဲ႕ စံခ်ိန္သတ္မွတ္ ခ်က္ေတြနဲ႔ကိုက္ညီမႈရွိသူကို တစ္ႏွစ္လွ်င္ တစ္ဦးမွသုံးဦးအထိ ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္းျဖစ္ တယ္လို႔ သိရွိရပါတယ္။
(၂၀၂၅) ခုႏွစ္အတြက္ ႐ုပ္ရွင္တည္းျဖတ္ ဆုကို “ၿမိဳ႕ျပထဲကလမ္းမ”ဇာတ္ကားျဖင့္ ခြန္၊ ႐ုပ္ ရွင္ဇာတ္òန္းဆုကို “ေမာင့္မိဖုရား”ဇာတ္ကားျဖင့္ သီလံ၊ ႐ုပ္ရွင္ဇာတ္ကားဆုကို “ပန္းၿမိဳင္လယ္မွ ဥယ်ာဥ္မႉး”ဇာတ္ကားက ရရွိခဲ့ပါတယ္။
႐ုပ္ရွင္ဓာတ္ပုံဆုကို “ႏွင္းပြင့္ေစရာ” ဇာတ္ကားနဲ႔ သားေက်ာ္၊ ႐ုပ္ရွင္ေတးဂီတဆုကို “ျမစ္လက္တက္ေပမဲ့ ေရစီးကၾကမ္းတယ္”ဇာတ္ကားနဲ႔ ဟန္ထူးဇင္၊ ႐ုပ္ရွင္အသံဆုကို “နတ္ဝင္သည္” ဇာတ္ကားနဲ႔ ကိုဂ်ိဳး၊ ႐ုပ္ရွင္ ဒါ႐ိုက္တာဆုကို “ေျဗာသံ”ဇာတ္ကားနဲ႔ အကယ္ဒမီ ဒါ႐ိုက္တာ ဩရသတို႔က ထိုက္တန္စြာရရွိခဲ့ၾကပါတယ္။ အမ်ိဳးသမီး ဇာတ္ပို႔ ဆုကို “ေမာင့္မိဖုရား”နဲ႔ ခိုင္ႏွင္းေဝ၊ အမ်ိဳးသားဇာတ္ ပို႔ဆုကို “ျမစ္လက္တက္ေပမဲ့ ေရစီးကၾကမ္းတယ္”နဲ႔ ေနမ်ိဳးေအာင္၊ အေကာင္းဆုံး ႐ုပ္ရွင္ အမ်ိဳးသမီးဇာတ္ ေဆာင္ဆုကို “ေမာင့္မိဖုရား” ဇာတ္ကားနဲ႔ ရတနာဗို၊ အမ်ိဳးသား ဇာတ္ေဆာင္ဆုကို “ေျမစာ”ဇာတ္ကားနဲ႔ အကယ္ဒမီျမင့္ျမတ္တို႔က ရရွိခဲ့ပါတယ္။
ျမန္မာ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအ နားကိုတက္ေရာက္လာၾကတဲ့ အႏုပညာရွင္ေတြထဲမွ အေကာင္းဆုံး အမ်ိဳးသားဝတ္စားဆင္ယင္မႈအႀကီး တန္းဆုကို ထပ္ဆင့္အကယ္ဒမီ ေနတိုး၊ အေကာင္းဆုံး အမ်ိဳးသမီး ဝတ္စား ဆင္ယင္မႈ အႀကီးတန္းဆု ထပ္ဆင့္အကယ္ဒမီ ေမသန္းႏု၊ အေကာင္းဆုံး အမ်ိဳး သားဝတ္စားဆင္ယင္မႈ အငယ္တန္းဆု ေကာင္း ျမတ္စံ၊ အေကာင္းဆုံးအမ်ိဳးသမီး ဝတ္စားဆင္ယင္မႈ အငယ္တန္းဆု ရတနာဗိုတို႔က ရရွိခဲ့ၾကပါတယ္။ မင္း သမီးရတနာဗိုက ကံထူးလွစြာပဲ အစပိုင္းမွာ ဖက္ရွင္ ဆုနဲ႔ႏွစ္သိမ့္ခံရၿပီလို႔ ၾကည့္ရႈသူလူအမ်ားက ထင္မွတ္ ခဲ့ၾကေပမယ့္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုပါ သိမ္းပိုက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒီေနရာမွာ စိတ္မေကာင္းစရာသတင္းအျဖစ္ ထပ္ဆင့္အကယ္ဒမီမင္းသမီး ေဖြးေဖြးကေတာ့ အကယ္ဒမီ ေ႐ႊစင္႐ုပ္တုနဲ႔လည္း လြဲေခ်ာ္ခဲ့ရသလို တစ္ဦးတည္းေသာ ေမာင္ျဖစ္သူ ေအဒင္ဦး(အသက္ ၃၄)ႏွစ္ ကြယ္လြန္ သြားတာေၾကာင့္ ေဖေဖာ္ဝါရီလ (၇)ရက္ေန႔မွာပဲ ေမာင္ျဖစ္သူကို အၿပီးတိုင္ဆုံးရႈံး လိုက္ရတာျဖစ္ပါတယ္။ (၂၀၂၅) ခုႏွစ္အတြက္ ဗေခိနာပ ၾသာငညေအ စာရင္းဝင္ဇာတ္ ကားမ်ားအနက္ “ေမာင့္မိဖုရား”ဇာတ္ကားက ဇာတ္òန္းဆု၊ အမ်ိဳးသမီးဇာတ္ေဆာင္ဆု၊ အမ်ိဳးသမီးဇာတ္ ပို႔ဆုနဲ႔ (၃)ဆုတိတိရရွိခဲ့ၿပီး၊ “ျမစ္လက္တက္ေပ မဲ့ေရစီးကၾကမ္းတယ္” ဇာတ္ကားက ေတးဂီတဆု၊ အမ်ိဳးသားဇာတ္ပို႔ဆု (၂)ဆုရရွိခဲ့ကာ “ႏွင္းပြင့္ ေစရာ”၊ “နတ္ဝင္သည္”၊ “ၿမိဳ႕ျပထဲကလမ္းမ မ်ား”၊ “ပန္းၿမိဳင္လယ္ကဥယ်ာဥ္မႉး”၊ “ေျဗာသံ”၊ “ေျမစာ” ဇာတ္ကားတို႔က အကယ္ဒမီထူးခြၽန္ ဆုတစ္ဆုစီနဲ႔သာ ေက်နပ္ခဲ့ၾကရတာျဖစ္ပါတယ္။ (၂၀၂၅)ခုႏွစ္အတြက္ အကယ္ဒမီေ႐ႊစင္႐ုပ္တု ေပါင္း(၁၈)ဆုအတြက္ ႏိုင္ငံေတာ္ အစိုးရက အကယ္ဒမီ ေ႐ႊစင္႐ုပ္တုတစ္ခုလွ်င္ ေ႐ႊၾကယ္ (၅) က်ပ္သားစီ ေပးအပ္ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ပါတယ္။
(၂၀၂၅)ခုႏွစ္အတြင္း ျမန္မာ႐ုပ္ရွင္ (၇၂)ကားကို ႐ုံတင္ျပသခဲ့ၿပီး ဒုတိယအႀကိမ္အျဖစ္ ဇာတ္ကား(၂၂)ကားကို ထပ္မံ ၾကည့္ရႈအကဲျဖတ္ခဲ့ရာ Academy Nominat စာရင္းမွာ ဇာတ္ကား (၉)ကားေဖာ္ျပခံခဲ့ရပါတယ္။ (၂၀၂၅)ခုႏွစ္ ျမန္မာ့ ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားေအာင္ျမင္ စြာျဖစ္ေျမာက္ေရးအတြက္ ျမန္မာႏိုင္ငံ အစည္းအ႐ုံး(ဗဟို)မွ ႀကီးမႉးက်င္းပကာ ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး၊ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံ ေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ ႀကီး ဦးေမာင္ေမာင္အုန္း၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း အ႐ုံး(ဗဟို)ဥကၠ႒ ဦးၾကည္စိုးထြန္းနဲ႔တကြ ဌာနဆိုင္ ရာအသီးသီးက တာဝန္ရွိပုဂၢိဳလ္မ်ား၊ ႐ုပ္ရွင္အသိညာရွင္၊ အတတ္ပညာရွင္ႀကီးမ်ား၊ အႏုပညာ ရွင္ မ်ား တက္ေရာက္ခ်ီးျမႇင့္ခဲ့ၾကပါတယ္။
(၂၀၂၅)ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ ထူးခြၽန္ဆု ခ်ီးျမႇင့္ပြဲအခမ္းအနားက ေဖေဖာ္ဝါရီလ (၇)ရက္ စေနေန႔ ညေန(၅)နာရီ မိနစ္(၃၀)အခ်ိန္ မွစ၍ ည (၁၀)နာရီ မိနစ္(၃၀)အခ်ိန္အထိ ေနျပည္ေတာ္ေကာင္စီနယ္ေျမ MICC-1 မွာ က်င္းပခဲ့ျခင္း ျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.