ရန်ကုန်မြို့ သမိုင်းလမ်းဆုံအနီးရှိ စက်ဘီးအပိုပစ္စည်းဆိုင်မီးလောင်ကာ အသက် (၆၀) အရွယ် အမျိုးသမီး (၂) ဦးသေဆုံး

778

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ သမိုင်းလမ်းဆုံအနီး၊ ရထားသံလမ်းဘေးရှိ စက်ဘီးအပိုပစ္စည်းဆိုင်တွင် ယနေ့( ဖေဖော်ဝါရီ ၁၅ ရက်) နံနက် ၃ နာရီခွဲဝန်းကျင်က မီးလောင်မှုဖြစ်ပွားကာ အသက် (၆၀) အရွယ် အမျိုးသမီး (၂) ဦးသေဆုံး သွားခဲ့ ကြောင်း ရွှေရောင်သမိုင်းလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
“သမိုင်းလမ်းဆုံနားက စက်ဘီးအပိုပစ္စည်းနဲ့ ကုန်မာရောင်းတဲ့ဆိုင်မှာ လောင်သွားတာပေါ့။ (၂) ထပ်လုံးချင်းအိမ်ဆိုင်ပေါ့။ အပေါ်ထပ် ကတော့ အိမ်လိုနေတယ်။ အောက်ကတော့ ဆိုင်လို့သိရတယ်ပေါ့နော်။ အဲဒီမှာ မီးလောင်တာ။ မီးလောင်မှုဖြစ်စဉ်ကိုတော့ မီးသတ်တပ် ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲပါ။ အဲဒီလိုဆိုတော့ ကျွန်တော်တို့တော့ ပြောဖို့ခက်ပါသေးတယ်”ဟု ၎င်းကပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ်အပေါ်တွင် အိပ်နေသော အသက် (၆၀) အရွယ် ညီအစ်မ (၂) ဦးမှာ မီးလောင်ပြင်အတွင်း သေဆုံးသွား ခဲ့ရကြောင်း သိရသည်။
“အဲဒီမှာ ဆိုင်ရဲ့အပေါ်ထပ်မှာ ညအိပ်နေတဲ့ အသက် (၆၀) ဝန်းကျင်ရှိတဲ့ အမျိုးသမီး (၂) ဦး။ ညီအစ်မ (၂) ဦးလို့သိရပါတယ်။ သူတို့ကတော့ စိတ်မကောင်းစွာနဲ့ပဲ မီးလောင်မှုမှာ အသက်ဆုံးရှုံးသွားပါတယ်။ မီးကတော့ နာရီဝက်လောက်နေတော့ ငြှိမ်းသွားပါတယ်။ ကုန်မာပစ္စည်း တွေနဲ့ စက်ဘီးပစ္စည်းတွေနဲ့ သင်္ဘောဆေးတို့ပါတော့ လောင်ကျမ်းအားတော့ မြန်သွားတာပေါ့နော်”ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
အလားတူ ၁၀ နာရီ ၂၄ မိနစ်အချိန်ခန့်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြိုနယ်၊ ကျုံမရေကျေးရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပွင့်လင်းရာသီရောက်ရှိလာသည့်အတွက် မီးလောင်မှုမဖြစ်ပွားစေရန် လျှပ်စစ်မီးသုံးစွဲရာတွင်လည်း အထူးသတိထားကာ စနစ်တကျသုံးစွဲကြရန်လည်း ရွှေရောင်သမိုင်းလူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုထားသည်။
“ဒီရက်ပိုင်းမှာ မီးလောင်မှုတွေ ခပ်စိတ်စိတ်လေးဖြစ်လာတယ်။ ရန်ကုန်မြို့မှာလေ။ ရန်ကုန်မြို့မှမဟုတ်ပါဘူး မြန်မာနိုင်ငံတချို့နေရာတွေ မှာလည်း မီးလောင်မှုတွေဖြစ်ပွားတာတွေရှိတယ်။ အဓိကတော့ မီးလောင်မှုဆိုတာ လူပေါ့ဆလို့ဖြစ်တာများပါတယ်။ အဲဒီတော့လျှပ်စစ် မီးသုံး စွဲတာတွေ မီးသုံးစွဲတာကို စနစ်တကျလေးသုံးရင်ကောင်းမယ်လို့တော့ ယူဆပါတယ်။ ဟင်းချက်ပြီးတဲ့အခါ မီးသုံးပဲအခါမှာလည်း မီးခလုပ်တွေပိတ်ဖို့။ တစ်နေရာရာသွားတဲ့အခါမှာလည်း မိန်းကိုစနစ်တကျချဖို့။ မီးပြတ်တောက်သွားတဲ့အခါမှာလည်း သေချာပိတ်ဖို့ အထူးလိုအပ်ပါတယ်”ဟု ၎င်းက အကြံပြုထားသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕ သမိုင္းလမ္းဆုံအနီးရွိ စက္ဘီးအပိုပစၥည္းဆိုင္မီးေလာင္ကာ အသက္ (၆၀) အ႐ြယ္ အမ်ိဳးသမီး (၂) ဦးေသဆုံး
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၅
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္၊ အမွတ္ (၂) ရပ္ကြက္၊ သမိုင္းလမ္းဆုံအနီး၊ ရထားသံလမ္းေဘးရွိ စက္ဘီးအပိုပစၥည္းဆိုင္တြင္ ယေန႔( ေဖေဖာ္ဝါရီ ၁၅ ရက္) နံနက္ ၃ နာရီခြဲဝန္းက်င္က မီးေလာင္မႈျဖစ္ပြားကာ အသက္ (၆၀) အ႐ြယ္ အမ်ိဳးသမီး (၂) ဦးေသဆုံး သြားခဲ့ ေၾကာင္း ေ႐ႊေရာင္သမိုင္းလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
“သမိုင္းလမ္းဆုံနားက စက္ဘီးအပိုပစၥည္းနဲ႔ ကုန္မာေရာင္းတဲ့ဆိုင္မွာ ေလာင္သြားတာေပါ့။ (၂) ထပ္လုံးခ်င္းအိမ္ဆိုင္ေပါ့။ အေပၚထပ္ ကေတာ့ အိမ္လိုေနတယ္။ ေအာက္ကေတာ့ ဆိုင္လို႔သိရတယ္ေပါ့ေနာ္။ အဲဒီမွာ မီးေလာင္တာ။ မီးေလာင္မႈျဖစ္စဥ္ကိုေတာ့ မီးသတ္တပ္ ဖြဲ႕က စုံစမ္းစစ္ေဆးေနဆဲပါ။ အဲဒီလိုဆိုေတာ့ ကြၽန္ေတာ္တို႔ေတာ့ ေျပာဖို႔ခက္ပါေသးတယ္”ဟု ၎ကေျပာသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ ေနအိမ္အေပၚတြင္ အိပ္ေနေသာ အသက္ (၆၀) အ႐ြယ္ ညီအစ္မ (၂) ဦးမွာ မီးေလာင္ျပင္အတြင္း ေသဆုံးသြား ခဲ့ရေၾကာင္း သိရသည္။
“အဲဒီမွာ ဆိုင္ရဲ႕အေပၚထပ္မွာ ညအိပ္ေနတဲ့ အသက္ (၆၀) ဝန္းက်င္ရွိတဲ့ အမ်ိဳးသမီး (၂) ဦး။ ညီအစ္မ (၂) ဦးလို႔သိရပါတယ္။ သူတို႔ကေတာ့ စိတ္မေကာင္းစြာနဲ႔ပဲ မီးေလာင္မႈမွာ အသက္ဆုံးရႈံးသြားပါတယ္။ မီးကေတာ့ နာရီဝက္ေလာက္ေနေတာ့ ျငႇိမ္းသြားပါတယ္။ ကုန္မာပစၥည္း ေတြနဲ႔ စက္ဘီးပစၥည္းေတြနဲ႔ သေဘၤာေဆးတို႔ပါေတာ့ ေလာင္က်မ္းအားေတာ့ ျမန္သြားတာေပါ့ေနာ္”ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။
အလားတူ ၁၀ နာရီ ၂၄ မိနစ္အခ်ိန္ခန႔္ကလည္း ရန္ကုန္တိုင္းေဒသႀကီး၊ ခရမ္းၿမိဳနယ္၊ က်ဳံမေရေက်း႐ြာတြင္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပြင့္လင္းရာသီေရာက္ရွိလာသည့္အတြက္ မီးေလာင္မႈမျဖစ္ပြားေစရန္ လွ်ပ္စစ္မီးသုံးစြဲရာတြင္လည္း အထူးသတိထားကာ စနစ္တက်သုံးစြဲၾကရန္လည္း ေ႐ႊေရာင္သမိုင္းလူမႈကူညီကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက အႀကံျပဳထားသည္။
“ဒီရက္ပိုင္းမွာ မီးေလာင္မႈေတြ ခပ္စိတ္စိတ္ေလးျဖစ္လာတယ္။ ရန္ကုန္ၿမိဳ႕မွာေလ။ ရန္ကုန္ၿမိဳ႕မွမဟုတ္ပါဘူး ျမန္မာႏိုင္ငံတခ်ိဳ႕ေနရာေတြ မွာလည္း မီးေလာင္မႈေတြျဖစ္ပြားတာေတြရွိတယ္။ အဓိကေတာ့ မီးေလာင္မႈဆိုတာ လူေပါ့ဆလို႔ျဖစ္တာမ်ားပါတယ္။ အဲဒီေတာ့လွ်ပ္စစ္ မီးသုံး စြဲတာေတြ မီးသုံးစြဲတာကို စနစ္တက်ေလးသုံးရင္ေကာင္းမယ္လို႔ေတာ့ ယူဆပါတယ္။ ဟင္းခ်က္ၿပီးတဲ့အခါ မီးသုံးပဲအခါမွာလည္း မီးခလုပ္ေတြပိတ္ဖို႔။ တစ္ေနရာရာသြားတဲ့အခါမွာလည္း မိန္းကိုစနစ္တက်ခ်ဖို႔။ မီးျပတ္ေတာက္သြားတဲ့အခါမွာလည္း ေသခ်ာပိတ္ဖို႔ အထူးလိုအပ္ပါတယ္”ဟု ၎က အႀကံျပဳထားသည္။