တစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက် သုံးသပ်ချက်

506

ပြည့်ဖြိုး (NP News) ဖေဖေါ်ဝါရီ -၁၅
ယခုတစ်ပတ်အတွင်း မြန်မာ့စီးပွားရေးဈေးကွက်အတွင်း ထူးခြားသောသတင်းများထွက်ပေါ်ခဲ့ပြီး ရွှေဈေးကွက် အတွင်း လုပ်ငန်းရှင်အချို့ ဖမ်းဆီးအရေးယူခဲ့သည်။ နောက်ဆက်တွဲအနေဖြင့် အခေါက်ရွှေရောင်း ဝယ်မှုများရပ်နား သွားပြီး လက်ရှိတွင် အခေါက်ရွှေ ဈေးကွက် ရပ်နားထားကြောင်း ရန်ကုန်ရွှေဈေးကွက် အတွင်းမှသိရသည်။
ပြည်တွင်း အခေါက်ရွှေဈေးသည် နိုင်ငံတကာ ဈေးကွက်နှင့်အပြိုင် မြင့်တက်နေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ(၁၀) ရက်ပေါက်ဈေးများအရ ကမ္ဘာ့ရွှေဈေးကွက်တွင် တစ်အောင်စလျှင် (၅၀၄၇)ဒေါ်လာပေါက်ဈေးရှိ ပြီးပြည်တွင်း အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် (၁၀၆) သိန်း (၅၀ဝဝဝ)အထိ ပေါက်ဈေးများဖြစ် ပေါ်နေသည်။ နိုင်ငံခြားငွေလဲ နှုန်းမှာတည်ငြိမ်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၃၉၈၅)ကျပ် ပေါက် ဈေးရှိနေရာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းများ ကျဆင်းနေခြင်းဖြစ်သည်။
ဗဟိုဘဏ်၏လက်ရှိငွေကြေးဆိုင်ရာမူဝါဒများကို ထုတ်ပြန်ပြောကြားခဲ့ရာ ဈေးကွက်အတွင်း သက် ရောက်မှုမြင့် တက်နေသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းသို့ ရောက်ရှိစေရန် ထိန်းကျောင်းနေ ကြောင်း ဖေဖော်ဝါရီ (၅) ရက်တွင် ကုန်သည်/စက်မှုအသင်းချုပ်၌ပြုလုပ်ခဲ့သည့် “အသိပညာမြှင့်တင်ရေးရှင်း လင်းဆွေး နွေးပွဲ”တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်း အခြေခံကုန်ဈေးနှုန်းဈေးကွက်အတွင်း ကုန်ဈေးနှုန်းများ အပြောင်းအလဲမရှိသော်လည်း ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်။ ပွင့်လင်းရာသီ ရောက်နေပြီဖြစ်သော်လည်း အခြေခံကုန်စည်ဈေး နှုန်းများမှာ ပြည်ပသွင်း ကုန်ဈေးနှုန်းများနှင့် အခြား ကုန်ကျစရိတ်များကြောင့် ဈေးနှုန်းမြင့်တက်နေဆဲဖြစ် သည်။ ပြည်တွင်းဈေးကွက်အတွင်း စက်သုံးဆီနှင့် စားအုန်းဆီဈေးနှုန်းများ ဆက်လက်တည်ငြိမ်နေပြီး (၂)နှစ်အတွင်း အနိမ့်ဆုံးအခြေအနေဖြင့် ရပ်တည် နေသည်။ ဗဟိုဘဏ်မှ စက်သုံးဆီနှင့် စားအုံးဆီတင် သွင်းသောလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ် လာများ ဆက်တိုက်ထုတ်ရောင်းပေးနေရာ ကုန်စည် ပြတ်လပ်ခြင်းမဖြစ်နိုင်ကြောင်း သိရသည်။
စားအုန်းဆီ တရားဝင်ဖြန့်ဖြူးသောဈေးမှာ တစ်ပိဿာလျှင် (၆၀၆၀)ကျပ်ဖြင့်ရောင်းချနေပြီး ပြင်ပ မှောင်ခို ဈေးကွက်အတွင်း တစ်ပိဿာလျှင် (၁၂၀ဝဝ) ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရသည်။ အခြား ပြည်ပမှတင်သွင်းသည့် လူသုံးကုန်ဈေးကွက်များမှာ သွင်းကုန်ပါမစ်ကန့်သတ်မှုများကြောင့် ကုန်ဈေးနှုန်း များမြင့်တက်နေပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံထုတ် ကုန်စည်များဖြစ်ကြောင်း သိရသည်။ ကုန်စည်စီးဆင်း မှုများနှေးကွေးနေချိန်ဖြစ်သော်လည်း ပြည်တွင်းငွေ လဲနှုန်းများတည်ငြိမ်နေသဖြင့် ပို့ကုန်/သွင်းကုန်လုပ် ငန်းများ ပုံမှန်လည်ပတ်နေကြောင်းသိရသည်။
လတ်တလော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ အတက်ဈေးဖြင့်ဆက်လက်ရပ်တည်နေပြီး အသားငါး အများစုမှာ ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရသည်။ ထူးခြားချက်အနေဖြင့် ကုန်စိမ်းဈေးကွက်အတွင်း ဈေးနှုန်းများကျ ဆင်းခြင်းမရှိဘဲ ကုန်စည်အ များစုမှာ ယခင်တက်ဈေးအတိုင်း ရောင်းချနေကြောင်း သိရသည်။
(ပြည်တွင်း ရွှေဈေးကွက်ငြိမ်သက်နေ)
ပြည်တွင်းရွှေဈေးကွက်အတွင်း နိုင်ငံတကာရွှေ ဈေးများနှင့်အပြိုင် ပြည်တွင်းရွှေဈေးများ မြင့်တက်နေပြီး အခေါက်ရွှေဈေးမှာ စံချိန်တင်ပေါက်ဈေးများ ဖြစ်ပေါ်နေသည်။ ယခုတစ်ပတ်အတွင်း အတက်အကျ လျင်မြန်စွာဖြစ်ပေါ် ခဲ့ သောဈေးကွက်မှာ ရွှေဈေး ကွက်ဖြစ်ပြီး တစ်ပတ်အတွင်း အတက်အကျ (၅၀ဝဝဝ)မှ (၂၅၀ဝဝဝ)ခန့်အထိဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။ ရွှေဈေးကွက်သည် အခေါက်ရွှေတစ် ကျပ်သားလျှင် ဖေဖော်ဝါရီ(၄)ရက်တွင် (၁၀၄)သိန်း ရှိနေရာမှ တဖြည်းဖြည်းမြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ (၇) ရက်တွင် (၁၀၅)သိန်း (၅၀ဝဝဝ)အထိ အမြင့်ဆုံး ဈေးဖြင့် ဈေးကွက်ပိတ်ခဲ့သည်။ ဖေဖော်ဝါရီ (၉) ရက်ဈေးကွက်ပြန်လည်ဖွင့်လှစ်ချိန်တွင် ဈေးနှုန်းများ ဆက်လက်မြင့် တက်လာပြီး အခေါက်ရွှေတစ်ကျပ် သားလျှင် (၁၀၆)သိန်းအထိပေါက်ဈေးရှိနေရာ လက် ရှိ ဖေဖော်ဝါရီ (၁၀)ရက်တွင် (၁၀၆)သိန်း(၅၀ဝဝဝ) ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်းသိရသည်။
တစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးမှာလည်း တစ် အောင်စလျှင် (၄၅၀ဝ) ဒေါ်လာဝန်းကျင်မှ ပြန်လည် မြင့်တက် လာပြီး လက်ရှိတွင် (၅၀၄၀)ဒေါ်လာဝန်း ကျင်ဖြင့် အတက်ဈေးသို့ရောက်ရှိနေခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးနှုန်းများမှာ အလွန်အမင်းကျဆင်းနိုင်ခြေ မရှိသောကြောင့် လာမည့်တစ်ပတ်အတွင်း ပြည်တွင်း ရွှေဈေးများ ကျဆင်းနိုင်ခြေမရှိပေ။ ပြည်တွင်းငွေလဲ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးသည် တစ်ဒေါ်လာလျှင် (၄၀ဝဝ)ကျပ်အောက်တွင်သာ ဆက်လက်ရပ်တည်နေပြီး အတက်အကျ အနည်း ငယ်သာရှိကြောင်းသိရသည်။ လက်ရှိ အမေရိကန်ဒေါ် လာဈေးသည် မြန်မာနိုင်ငံဗဟိုဘဏ်၏ အွန်လိုင်း အိတ်ချိန်ဈေးဖြင့်နှိုင်းယှဉ်ပါက ဈေးကွာခြားမှုအနည်း ငယ်သာရှိကြောင်း တွေ့နိုင်သည်။
ဗဟိုဘဏ်အွန်လိုင်းအိတ်ချိန်းဈေးမှာ တစ်ဒေါ်လာလျှင် (၃၆၅၄)ကျပ်ပေါက်ဈေးရှိပြီး ပြင်ပဒေါ်လာ ဈေးမှာ (၃၉၈၅)ကျပ်ဖြစ်သည်။ ဈေးကွာခြားချက်အနေဖြင့် (၃၃၁)ကျပ်ဝန်းကျင်သာရှိသဖြင့် ဒေါ်လာဈေးများ ယခင်နှစ် များကဲ့သို့ အလျင်အမြန်မြင့်တက် ခြင်းများမရှိနိုင်ကြောင်းသိရသည်။ ပြင်ပငွေလဲဈေး ကွက်အတွင်း တရုတ်ယွမ် ငွေများနှင့် ထိုင်းဘတ်ငွေ ဈေးနှုန်းများလည်း တည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ပုံမှန်သာရှိကြောင်းသိရသည်။ ပြည်ပမှတင်သွင်းနေသော စက်သုံးဆီနှင့်စားအုန်းဆီဈေးများမှာ အကျ ပိုင်းသို့ရောက်ရှိနေသောကြောင့် အခြေခံ ပြည်သူများ အဆင်ပြေနေကြောင်းသိရသည်။ စက်သုံးဆီဈေးတွင် ဓာတ်ဆီဈေးမှာ ရန်ကုန်ပေါက်ဈေး တစ်လီတာလျှင် (၂၅၀ဝ)ကျပ်အောက်သို့ကျဆင်းနေရာ နှစ်နှစ်ဝန်း ကျင်အတွင်း အနိမ့်ဆုံးဈေးဖြစ်ကြောင်းသိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီနှင့်စားအုံးဆီတင်သွင်းသောလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာများ ဆက်တိုက်ထုတ်ရောင်းပေးနေရာ ကုန်စည်ပြတ် လပ်ခြင်းမဖြစ်နိုင်ကြောင်းသိရသည်။ စားအုန်းဆီဈေးမှာ တရားဝင် ဖြန့်ဖြူးသောဈေးမှာ တစ်ပိဿာလျှင် (၆၂၀ဝ)ကျပ်ဖြင့်ရောင်းချနေပြီး ပြင်ပမှောင်ခိုဈေး ကွက်အတွင်း တစ်ပိဿာလျှင် (၁၂၀ဝဝ)ဝန်းကျင် ပေါက်ဈေးရှိကြောင်းသိရသည်။
(ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ အရေးယူခံရခြင်း)
ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများ သိုလှောင်ရောင်းဝယ်သည့် ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ(၁)နှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးအရေး ယူပြီးနောက် ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက် ရွှေအရောင်း အဝယ်ငြိမ်သက်နေကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ရွှေဆိုင်များတွင် ရွှေအထည်ပစ္စည်း များအရောင်းအဝယ်ရှိနေသော်လည်း အခေါက်ရွှေ ရောင်းဝယ်မှုကို ရပ်နားထားကြောင်းသိရသည်။ ရွှေဆိုင်အချို့မှာ ဖွင့်လှစ်ထားခြင်းများရှိသော်လည်း ဈေးကွက်အခြေ အနေကိုစောင့်ကြည့်နေခြင်းများရှိပြီး လက်ရှိတွင်မူ အခေါက်ရွှေရောင်းဝယ်ခြင်းများကို လုပ်ဆောင်ခြင်းမရှိသေး ကြောင်း သိရသည်။ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ၏ ဖေဖော်ဝါရီ (၁၀)ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည့် သတ်မှတ်ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ် ကျပ်သားလျှင် ကျပ် (၆၉)သိန်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရွှေတုံးရွှေခဲများ သိုလှောင်ရောင်းဝယ်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများ အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ(၁)နှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီး အရေးယူလိုက်ကြောင်း ဖေဖော်ဝါရီ (၅) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ထူးခြားချက်အနေဖြင့် ဒေါ်လာ၊ ရွှေအစရှိသည့် ဈေးကစားသည့်နေရာများသို့ ငွေကြေးများ မရောက်ရှိစေရန် ငွေထုတ်ခြင်းကို ထိန်းကျောင်းနေ ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေကပြောကြားသည်။ ဖေဖော်ဝါရီ (၅) ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ် သည့် အသိပညာမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဘဏ် များမှငွေထုတ်ယူသည့်အပိုင်းတွင် အကန့်အသတ် များရှိနေရာ ဈေးကွက်အတွင်း ငွေကြေးလှည့်ပတ်စီး ဆင်းမှု အားနည်းနေကြောင်းသိရသည်။
(အခြေခံကုန်စည်ဈေးနှုန်းများ)
စီပီကြက် တစ်ဆယ်သား (၂၀ဝဝ-၂၁၀ဝ) ကျပ်ဈေးဖြင့် ဈေးအနည်းငယ် ပြန်မြင့်တက်သည်။ စီပီကြက် ပေါင်တစ်ပိုင်း (၄၀ဝဝ)ကျပ်၊ ကြက်ရင်ပုံ တစ်ပိုင်း (၅၀ဝဝ-၆၀ဝဝ)ကျပ် ဈေးရှိသည်။ ကြက် ခြေထောက်သုံးချောင်း (၁၀ဝဝ)ကျပ်၊ ကြက်တောင် ပံသုံးခု (၁၀ဝဝ)ကျပ်၊ ကြက်ခေါင်းတစ်ခု (၅၀ဝ) ကျပ်ဈေးရှိသည်။ ကြက်နီမ တစ်ဆယ်သား (၂၅၀ဝ၀ ကျပ်၊ ဗမာကြက် တစ်ဆယ်သား (၃၃၀ဝ-၃၅၀ဝ) ကျပ်ဈေးများဖြင့် ပုံမှန်အတိုင်းရှိသည်။ အကောင် လိုက်ဈေးနှုန်းများတွင် စီပီကြက်တစ်ကောင် (၁၅၀ဝဝ) ကျပ်၊ ဒံပေါက်ကြက်တစ်ကောင် (၁၇၀ဝဝ) ကျပ်၊ ကြက်နီ မတစ်ကောင် (၁၅၀ဝဝ-၂၀ဝဝဝ) ကျပ်၊ ဗမာကြက်တစ်ကောင် (၃၀ဝဝဝ-၃၃၀ဝဝ) ကျပ်ဈေးများဖြင့် အမြင့်ဈေး နှုန်းများတွင် ရှိကြသည်။
ဘဲသားမှာ တစ်ဆယ်သား (၄၂၀ဝ-၄၅၀ဝ)ကျပ်ဝန်း ကျင်ဈေးနှုန်းများဖြင့် ပုံမှန်အတိုင်း အမြင့်ဈေးတွင် ရှိသည်။
အမဲသားဈေးမှာ အမြင့်ဈေးဖြစ်ပြီး အမဲမိုးခိုသား တစ်ဆယ်သား (၃၈၀ဝ)ကျပ်၊ အမဲသားတစ်ဆယ် သား (၃၆၀ဝ)ကျပ်၊ အမဲကလီစာ တစ်ဆယ်သား (၃၀ဝဝ) ကျပ်၊ အမဲအူကြမ်း တစ်ဆယ်သား (၂၈၀ဝ) ကျပ်ဈေး များအသီးသီးရှိကြသည်။ ကျန်သည့်အသား ဈေးများလည်း အမြင့်ဈေးများဖြင့် ပုံမှန်အတိုင်းရှိကြသည်။ ဆန်ဈေးများက ပုံမှန်အတိုင်းရှိနေသော်လည်း တစ်ဆိုင်နှင့်တစ်ဆိုင် ဆန်သားအရည်အသွေးမတူ၊ဈေးနှုန်းမတူညီမှုများရှိ လာသည်။ ဆင်းသုခ တစ်ပြည် (၄၈၀ဝ-၅၀ဝဝ) ကျပ်၊ ဆင်း သွယ် တစ်ပြည် (၅၀ဝဝ-၅၂၀ဝ) ကျပ်၊ ဇီယာတစ်ပြည် (၄၅၀ဝ-၄၇၀ဝ)ကျပ်၊ မနောသုခ တစ်ပြည် (၅၂၀ဝ)ကျပ်၊ ရက် (၉၀)ဆန်တစ်ပြည် (၅၀ဝဝ-၅၅၀ဝ)ကျပ်၊ ပခန်းတစ်ပြည် (၄၀ဝဝ-၄၅၀ဝ)ကျပ် ဈေးများရှိကြသည်။ ဧရာဝတီပေါ်ဆန်း(အသစ်) တစ်ပြည် (၅၅၀ဝ-၅၈၀ဝ) ကျပ်၊ ပေါ်ဆန်းမွှေး(ရှယ်) တစ်ပြည် (၆၀ဝဝ) ကျပ်၊ ကြားပျံတစ်ပြည် (၆၀ဝဝ-၆၅၀ဝ) ကျပ်၊ ကြားပျံ(ထူးရှယ်)တစ်ပြည် (၇၀ဝဝ)ကျပ်၊ ပုသိမ်ပေါ်ဆန်းမွှေး တစ်ပြည် (၇၀ဝဝ-၇၅၀ဝ) ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်ပြည် (၈၀ဝဝ-၈၅၀ဝ) ကျပ်ဈေးနှင့် (၉၀ဝဝ)ကျပ်ဈေးများအထိ အသီးသီးရှိကြသည်။ စားသုံးဆီရည်ညွှန်းဈေးမှာ (၆၂၀ဝ)ကျပ်ဈေးရှိသည်။
ပြင်ပတွင် ပဲရောဆီအဖြစ်ရောင်းချသည့်ဆီများမှာ တစ်ပိဿာ (၁၄၀ဝဝ) ကျပ်ဈေးရှိသည်။ မြေပဲဆီ တစ်ပိဿာ(၂၄၀ဝဝ)ကျပ်၊ နှမ်းဆီတစ်ပိဿာ (၂၂၀ဝဝ) ကျပ်ဈေးများရှိသည်။ ပန်းဂေါ်ဖီတစ်ပွင့် (၇၀ဝ-၁၀ဝဝ)ကျပ်၊ ပန်းဂေါ်ဖီစိမ်းတစ်ပွင့် (၁၀ဝ၀ -၁၅၀ဝ) ကျပ်၊ ဂေါ်ဖီတစ်ထုပ် (၁၀ဝဝ)ကျပ်ဈေး များဖြင့် ပေါပေါများများတွေ့ရသည်။ ရာသီပေါ် မရမ်း သီးတစ်ဆယ်သား (၁၀ဝဝ-၁၂၀ဝ) ကျပ်ဈေးရှိသည်။
ခရမ်းချဉ်သီးတစ်ဆယ်သား (၅၀ဝ) ကျပ်၊ ကိုင်း ခရမ်းချဉ်သီးတစ်ဆယ်သား (၆၀ဝ-၇၀ဝ)ကျပ်ဈေး ဖြင့် အမြင့်ဈေးတွင်ရှိသည်။ မုန်လာဥဖြူ တစ်စည်း (၁၀ဝဝ)ကျပ်၊ မုန်လာဥနီ တစ်ဆယ်သား (၁၀ဝဝ) ကျပ်၊ ပြောင်းဖူးတစ်ဖူး (၅၀ဝဝ)ကျပ် ဈေးများရှိသည်။ မုန်ညင်းဖြူတစ်ထုပ် (၁၀ဝဝ)ကျပ်၊ မုန်ညင်းဝါ တစ် စည်း (၈၀ဝ)ကျပ်ဈေးဖြင့် အနည်းငယ်ဈေးကျပြီး မုန်ညင်းပုတိုတစ်စည်း (၄၀ဝ)ကျပ်၊ မုန်ညင်းရွက် တစ်စည်း (၅၀ဝ)ကျပ်ဈေးတို့ဖြင့် ပုံမှန်အတိုင်းရှိ သည်။ ရွှေပဲတစ်ဆယ်သား (၂၅၀ဝ)ကျပ်၊ ငရုတ်ပွ တစ်ဆယ်သား (၁၅၀ဝ)ကျပ်ဈေးဖြင့် ဈေးအမြင့်တွင် ရှိသည်။ ကိုက်လန်ရွက်တစ်စည်း (၁၂၀ဝ)ကျပ်၊ ဖရုံ ညွန့်တစ်စည်း (၁၅၀ဝ)ကျပ်၊ ကင်မွန်းချဉ်ရွက် တစ် စည်း (၁၀ဝဝ) ကျပ်၊ မန်ကျည်းရွက်တစ်ပုံ (၁၀ဝဝ) ကျပ်ဈေးတို့ရှိကြသည်။ ပဲပင်ပေါက်တစ်ဆယ်သား (၆၀ဝ)ကျပ်၊ ပဲပြားတစ်တွဲ (၁၀ဝဝ)ကျပ်၊ မျှစ်တစ် ဆယ်သား (၇၀ဝ-၈၀ဝ) ကျပ်ဈေးတို့ဖြင့် ပုံမှန်ဈေးအတိုင်းရှိသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္ သုံးသပ္ခ်က္
ျပည့္ၿဖိဳး (NP News) ေဖေဖၚဝါရီ -၁၅
ယခုတစ္ပတ္အတြင္း ျမန္မာ့စီးပြားေရးေဈးကြက္အတြင္း ထူးျခားေသာသတင္းမ်ားထြက္ေပၚခဲ့ၿပီး ေ႐ႊေဈးကြက္ အတြင္း လုပ္ငန္းရွင္အခ်ိဳ႕ ဖမ္းဆီးအေရးယူခဲ့သည္။ ေနာက္ဆက္တြဲအေနျဖင့္ အေခါက္ေ႐ႊေရာင္း ဝယ္မႈမ်ားရပ္နား သြားၿပီး လက္ရွိတြင္ အေခါက္ေ႐ႊ ေဈးကြက္ ရပ္နားထားေၾကာင္း ရန္ကုန္ေ႐ႊေဈးကြက္ အတြင္းမွသိရသည္။
ျပည္တြင္း အေခါက္ေ႐ႊေဈးသည္ ႏိုင္ငံတကာ ေဈးကြက္ႏွင့္အၿပိဳင္ ျမင့္တက္ေနျခင္းျဖစ္ၿပီး ေဖေဖာ္ဝါရီ(၁၀) ရက္ေပါက္ေဈးမ်ားအရ ကမာၻ႔ေ႐ႊေဈးကြက္တြင္ တစ္ေအာင္စလွ်င္ (၅၀၄၇)ေဒၚလာေပါက္ေဈးရွိ ၿပီးျပည္တြင္း အေခါက္ေ႐ႊေဈးသည္ တစ္က်ပ္သားလွ်င္ (၁၀၆) သိန္း (၅၀ဝဝဝ)အထိ ေပါက္ေဈးမ်ားျဖစ္ ေပၚေနသည္။ ႏိုင္ငံျခားေငြလဲ ႏႈန္းမွာတည္ၿငိမ္ေနၿပီး အေမရိကန္တစ္ေဒၚလာလွ်င္ (၃၉၈၅)က်ပ္ ေပါက္ ေဈးရွိေနရာ ယခင္တစ္ပတ္ႏွင့္ႏႈိင္းယွဥ္ပါက ေဈးႏႈန္းမ်ား က်ဆင္းေနျခင္းျဖစ္သည္။
ဗဟိုဘဏ္၏လက္ရွိေငြေၾကးဆိုင္ရာမူဝါဒမ်ားကို ထုတ္ျပန္ေျပာၾကားခဲ့ရာ ေဈးကြက္အတြင္း သက္ ေရာက္မႈျမင့္ တက္ေနသည္။ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကို ျဖစ္သင့္ျဖစ္ထိုက္သည့္ေဈးႏႈန္းသို႔ ေရာက္ရွိေစရန္ ထိန္းေက်ာင္းေန ေၾကာင္း ေဖေဖာ္ဝါရီ (၅) ရက္တြင္ ကုန္သည္/စက္မႈအသင္းခ်ဳပ္၌ျပဳလုပ္ခဲ့သည့္ “အသိပညာျမႇင့္တင္ေရးရွင္း လင္းေဆြး ေႏြးပြဲ”တြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္တြင္း အေျခခံကုန္ေဈးႏႈန္းေဈးကြက္အတြင္း ကုန္ေဈးႏႈန္းမ်ား အေျပာင္းအလဲမရွိေသာ္လည္း ေဈးႏႈန္းမ်ား ျမင့္တက္ေနဆဲျဖစ္သည္။ ပြင့္လင္းရာသီ ေရာက္ေနၿပီျဖစ္ေသာ္လည္း အေျခခံကုန္စည္ေဈး ႏႈန္းမ်ားမွာ ျပည္ပသြင္း ကုန္ေဈးႏႈန္းမ်ားႏွင့္ အျခား ကုန္က်စရိတ္မ်ားေၾကာင့္ ေဈးႏႈန္းျမင့္တက္ေနဆဲျဖစ္ သည္။ ျပည္တြင္းေဈးကြက္အတြင္း စက္သုံးဆီႏွင့္ စားအုန္းဆီေဈးႏႈန္းမ်ား ဆက္လက္တည္ၿငိမ္ေနၿပီး (၂)ႏွစ္အတြင္း အနိမ့္ဆုံးအေျခအေနျဖင့္ ရပ္တည္ ေနသည္။ ဗဟိုဘဏ္မွ စက္သုံးဆီႏွင့္ စားအုံးဆီတင္ သြင္းေသာလုပ္ငန္းရွင္မ်ားအတြက္ အေမရိကန္ေဒၚ လာမ်ား ဆက္တိုက္ထုတ္ေရာင္းေပးေနရာ ကုန္စည္ ျပတ္လပ္ျခင္းမျဖစ္ႏိုင္ေၾကာင္း သိရသည္။
စားအုန္းဆီ တရားဝင္ျဖန႔္ျဖဴးေသာေဈးမွာ တစ္ပိႆာလွ်င္ (၆၀၆၀)က်ပ္ျဖင့္ေရာင္းခ်ေနၿပီး ျပင္ပ ေမွာင္ခို ေဈးကြက္အတြင္း တစ္ပိႆာလွ်င္ (၁၂၀ဝဝ) ဝန္းက်င္ေပါက္ေဈးရွိေၾကာင္းသိရသည္။ အျခား ျပည္ပမွတင္သြင္းသည့္ လူသုံးကုန္ေဈးကြက္မ်ားမွာ သြင္းကုန္ပါမစ္ကန႔္သတ္မႈမ်ားေၾကာင့္ ကုန္ေဈးႏႈန္း မ်ားျမင့္တက္ေနၿပီး အဓိကအားျဖင့္ ထိုင္းႏိုင္ငံထုတ္ ကုန္စည္မ်ားျဖစ္ေၾကာင္း သိရသည္။ ကုန္စည္စီးဆင္း မႈမ်ားေႏွးေကြးေနခ်ိန္ျဖစ္ေသာ္လည္း ျပည္တြင္းေငြ လဲႏႈန္းမ်ားတည္ၿငိမ္ေနသျဖင့္ ပို႔ကုန္/သြင္းကုန္လုပ္ ငန္းမ်ား ပုံမွန္လည္ပတ္ေနေၾကာင္းသိရသည္။
လတ္တေလာ အေျခခံစားေသာက္ကုန္ေဈးႏႈန္းမ်ားမွာ အတက္ေဈးျဖင့္ဆက္လက္ရပ္တည္ေနၿပီး အသားငါး အမ်ားစုမွာ ေဈးႏႈန္းတည္ၿငိမ္ေနေၾကာင္းသိရသည္။ ထူးျခားခ်က္အေနျဖင့္ ကုန္စိမ္းေဈးကြက္အတြင္း ေဈးႏႈန္းမ်ားက် ဆင္းျခင္းမရွိဘဲ ကုန္စည္အ မ်ားစုမွာ ယခင္တက္ေဈးအတိုင္း ေရာင္းခ်ေနေၾကာင္း သိရသည္။
(ျပည္တြင္း ေ႐ႊေဈးကြက္ၿငိမ္သက္ေန)
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ႏိုင္ငံတကာေ႐ႊ ေဈးမ်ားႏွင့္အၿပိဳင္ ျပည္တြင္းေ႐ႊေဈးမ်ား ျမင့္တက္ေနၿပီး အေခါက္ေ႐ႊေဈးမွာ စံခ်ိန္တင္ေပါက္ေဈးမ်ား ျဖစ္ေပၚေနသည္။ ယခုတစ္ပတ္အတြင္း အတက္အက် လ်င္ျမန္စြာျဖစ္ေပၚ ခဲ့ ေသာေဈးကြက္မွာ ေ႐ႊေဈး ကြက္ျဖစ္ၿပီး တစ္ပတ္အတြင္း အတက္အက် (၅၀ဝဝဝ)မွ (၂၅၀ဝဝဝ)ခန႔္အထိျဖစ္ ေပၚခဲ့ေၾကာင္း သိရသည္။ ေ႐ႊေဈးကြက္သည္ အေခါက္ေ႐ႊတစ္ က်ပ္သားလွ်င္ ေဖေဖာ္ဝါရီ(၄)ရက္တြင္ (၁၀၄)သိန္း ရွိေနရာမွ တျဖည္းျဖည္းျမင့္တက္ခဲ့ရာ ေဖေဖာ္ဝါရီ (၇) ရက္တြင္ (၁၀၅)သိန္း (၅၀ဝဝဝ)အထိ အျမင့္ဆုံး ေဈးျဖင့္ ေဈးကြက္ပိတ္ခဲ့သည္။ ေဖေဖာ္ဝါရီ (၉) ရက္ေဈးကြက္ျပန္လည္ဖြင့္လွစ္ခ်ိန္တြင္ ေဈးႏႈန္းမ်ား ဆက္လက္ျမင့္ တက္လာၿပီး အေခါက္ေ႐ႊတစ္က်ပ္ သားလွ်င္ (၁၀၆)သိန္းအထိေပါက္ေဈးရွိေနရာ လက္ ရွိ ေဖေဖာ္ဝါရီ (၁၀)ရက္တြင္ (၁၀၆)သိန္း(၅၀ဝဝဝ) ဝန္းက်င္သာ ေပါက္ေဈးရွိေၾကာင္းသိရသည္။
တစ္ပတ္အတြင္း ကမာၻ႔ေ႐ႊေဈးမွာလည္း တစ္ ေအာင္စလွ်င္ (၄၅၀ဝ) ေဒၚလာဝန္းက်င္မွ ျပန္လည္ ျမင့္တက္ လာၿပီး လက္ရွိတြင္ (၅၀၄၀)ေဒၚလာဝန္း က်င္ျဖင့္ အတက္ေဈးသို႔ေရာက္ရွိေနျခင္းျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးႏႈန္းမ်ားမွာ အလြန္အမင္းက်ဆင္းႏိုင္ေျခ မရွိေသာေၾကာင့္ လာမည့္တစ္ပတ္အတြင္း ျပည္တြင္း ေ႐ႊေဈးမ်ား က်ဆင္းႏိုင္ေျခမရွိေပ။ ျပည္တြင္းေငြလဲ ေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈးသည္ တစ္ေဒၚလာလွ်င္ (၄၀ဝဝ)က်ပ္ေအာက္တြင္သာ ဆက္လက္ရပ္တည္ေနၿပီး အတက္အက် အနည္း ငယ္သာရွိေၾကာင္းသိရသည္။ လက္ရွိ အေမရိကန္ေဒၚ လာေဈးသည္ ျမန္မာႏိုင္ငံဗဟိုဘဏ္၏ အြန္လိုင္း အိတ္ခ်ိန္ေဈးျဖင့္ႏႈိင္းယွဥ္ပါက ေဈးကြာျခားမႈအနည္း ငယ္သာရွိေၾကာင္း ေတြ႕ႏိုင္သည္။
ဗဟိုဘဏ္အြန္လိုင္းအိတ္ခ်ိန္းေဈးမွာ တစ္ေဒၚလာလွ်င္ (၃၆၅၄)က်ပ္ေပါက္ေဈးရွိၿပီး ျပင္ပေဒၚလာ ေဈးမွာ (၃၉၈၅)က်ပ္ျဖစ္သည္။ ေဈးကြာျခားခ်က္အေနျဖင့္ (၃၃၁)က်ပ္ဝန္းက်င္သာရွိသျဖင့္ ေဒၚလာေဈးမ်ား ယခင္ႏွစ္ မ်ားကဲ့သို႔ အလ်င္အျမန္ျမင့္တက္ ျခင္းမ်ားမရွိႏိုင္ေၾကာင္းသိရသည္။ ျပင္ပေငြလဲေဈး ကြက္အတြင္း တ႐ုတ္ယြမ္ ေငြမ်ားႏွင့္ ထိုင္းဘတ္ေငြ ေဈးႏႈန္းမ်ားလည္း တည္ၿငိမ္လ်က္ရွိၿပီး အေရာင္းအဝယ္ပုံမွန္သာရွိေၾကာင္းသိရသည္။ ျပည္ပမွတင္သြင္းေနေသာ စက္သုံးဆီႏွင့္စားအုန္းဆီေဈးမ်ားမွာ အက် ပိုင္းသို႔ေရာက္ရွိေနေသာေၾကာင့္ အေျခခံ ျပည္သူမ်ား အဆင္ေျပေနေၾကာင္းသိရသည္။ စက္သုံးဆီေဈးတြင္ ဓာတ္ဆီေဈးမွာ ရန္ကုန္ေပါက္ေဈး တစ္လီတာလွ်င္ (၂၅၀ဝ)က်ပ္ေအာက္သို႔က်ဆင္းေနရာ ႏွစ္ႏွစ္ဝန္း က်င္အတြင္း အနိမ့္ဆုံးေဈးျဖစ္ေၾကာင္းသိရသည္။
ဗဟိုဘဏ္မွ စက္သုံးဆီႏွင့္စားအုံးဆီတင္သြင္းေသာလုပ္ငန္းရွင္မ်ားအတြက္ အေမရိကန္ေဒၚလာမ်ား ဆက္တိုက္ထုတ္ေရာင္းေပးေနရာ ကုန္စည္ျပတ္ လပ္ျခင္းမျဖစ္ႏိုင္ေၾကာင္းသိရသည္။ စားအုန္းဆီေဈးမွာ တရားဝင္ ျဖန႔္ျဖဴးေသာေဈးမွာ တစ္ပိႆာလွ်င္ (၆၂၀ဝ)က်ပ္ျဖင့္ေရာင္းခ်ေနၿပီး ျပင္ပေမွာင္ခိုေဈး ကြက္အတြင္း တစ္ပိႆာလွ်င္ (၁၂၀ဝဝ)ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္းသိရသည္။
(ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ အေရးယူခံရျခင္း)
ေဈးကစားရန္ရည္႐ြယ္ခ်က္ျဖင့္ ေ႐ႊတုံးေ႐ႊခဲမ်ား သိုေလွာင္ေရာင္းဝယ္သည့္ ရန္ကုန္ေ႐ႊအသင္းဥကၠ႒၊ ဒုဥကၠ႒(၁)ႏွင့္ အတြင္းေရးမႉးတို႔ကို ဖမ္းဆီးအေရး ယူၿပီးေနာက္ ရန္ကုန္ေ႐ႊေဈးကြက္အတြင္း အေခါက္ ေ႐ႊအေရာင္း အဝယ္ၿငိမ္သက္ေနေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊဆိုင္မ်ားတြင္ ေ႐ႊအထည္ပစၥည္း မ်ားအေရာင္းအဝယ္ရွိေနေသာ္လည္း အေခါက္ေ႐ႊ ေရာင္းဝယ္မႈကို ရပ္နားထားေၾကာင္းသိရသည္။ ေ႐ႊဆိုင္အခ်ိဳ႕မွာ ဖြင့္လွစ္ထားျခင္းမ်ားရွိေသာ္လည္း ေဈးကြက္အေျခ အေနကိုေစာင့္ၾကည့္ေနျခင္းမ်ားရွိၿပီး လက္ရွိတြင္မူ အေခါက္ေ႐ႊေရာင္းဝယ္ျခင္းမ်ားကို လုပ္ေဆာင္ျခင္းမရွိေသး ေၾကာင္း သိရသည္။ ဓာတ္သတၱဳ (ေ႐ႊ) ရည္ၫႊန္းေဈးသတ္မွတ္ေရးေကာ္မတီ၏ ေဖေဖာ္ဝါရီ (၁၀)ရက္ မြန္းလြဲပိုင္းတြင္ ထုတ္ျပန္ထားသည့္ သတ္မွတ္ေ႐ႊေဈးႏႈန္းမွာ အေခါက္ေ႐ႊ တစ္ က်ပ္သားလွ်င္ က်ပ္ (၆၉)သိန္းျဖစ္ေၾကာင္းသိရသည္။
ျပည္တြင္းေ႐ႊေဈးကြက္ မတည္မၿငိမ္ျဖစ္ေစရန္ ေ႐ႊတုံးေ႐ႊခဲမ်ား သိုေလွာင္ေရာင္းဝယ္မႈျဖင့္ ရန္ကုန္ တိုင္းေဒသႀကီး အဖိုးတန္သတၱဳ(ေ႐ႊ) ေရာင္းဝယ္သူမ်ား အသင္းဥကၠ႒၊ ဒုဥကၠ႒(၁)ႏွင့္ အတြင္းေရးမႉးတို႔ကို ဖမ္းဆီး အေရးယူလိုက္ေၾကာင္း ေဖေဖာ္ဝါရီ (၅) ရက္ ညပိုင္းတြင္ သတင္းထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ ထူးျခားခ်က္အေနျဖင့္ ေဒၚလာ၊ ေ႐ႊအစရွိသည့္ ေဈးကစားသည့္ေနရာမ်ားသို႔ ေငြေၾကးမ်ား မေရာက္ရွိေစရန္ ေငြထုတ္ျခင္းကို ထိန္းေက်ာင္းေန ျခင္းျဖစ္သည္ဟု ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္း ေဆြကေျပာၾကားသည္။ ေဖေဖာ္ဝါရီ (၅) ရက္က ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ ျပဳလုပ္ သည့္ အသိပညာျမႇင့္တင္ေရး ရွင္းလင္းေဆြးေႏြးပြဲတြင္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာၾကားခဲ့ျခင္းျဖစ္သည္။ လက္ရွိတြင္ ဘဏ္ မ်ားမွေငြထုတ္ယူသည့္အပိုင္းတြင္ အကန႔္အသတ္ မ်ားရွိေနရာ ေဈးကြက္အတြင္း ေငြေၾကးလွည့္ပတ္စီး ဆင္းမႈ အားနည္းေနေၾကာင္းသိရသည္။
(အေျခခံကုန္စည္ေဈးႏႈန္းမ်ား)
စီပီၾကက္ တစ္ဆယ္သား (၂၀ဝဝ-၂၁၀ဝ) က်ပ္ေဈးျဖင့္ ေဈးအနည္းငယ္ ျပန္ျမင့္တက္သည္။ စီပီၾကက္ ေပါင္တစ္ပိုင္း (၄၀ဝဝ)က်ပ္၊ ၾကက္ရင္ပုံ တစ္ပိုင္း (၅၀ဝဝ-၆၀ဝဝ)က်ပ္ ေဈးရွိသည္။ ၾကက္ ေျခေထာက္သုံးေခ်ာင္း (၁၀ဝဝ)က်ပ္၊ ၾကက္ေတာင္ ပံသုံးခု (၁၀ဝဝ)က်ပ္၊ ၾကက္ေခါင္းတစ္ခု (၅၀ဝ) က်ပ္ေဈးရွိသည္။ ၾကက္နီမ တစ္ဆယ္သား (၂၅၀ဝ၀ က်ပ္၊ ဗမာၾကက္ တစ္ဆယ္သား (၃၃၀ဝ-၃၅၀ဝ) က်ပ္ေဈးမ်ားျဖင့္ ပုံမွန္အတိုင္းရွိသည္။ အေကာင္ လိုက္ေဈးႏႈန္းမ်ားတြင္ စီပီၾကက္တစ္ေကာင္ (၁၅၀ဝဝ) က်ပ္၊ ဒံေပါက္ၾကက္တစ္ေကာင္ (၁၇၀ဝဝ) က်ပ္၊ ၾကက္နီ မတစ္ေကာင္ (၁၅၀ဝဝ-၂၀ဝဝဝ) က်ပ္၊ ဗမာၾကက္တစ္ေကာင္ (၃၀ဝဝဝ-၃၃၀ဝဝ) က်ပ္ေဈးမ်ားျဖင့္ အျမင့္ေဈး ႏႈန္းမ်ားတြင္ ရွိၾကသည္။
ဘဲသားမွာ တစ္ဆယ္သား (၄၂၀ဝ-၄၅၀ဝ)က်ပ္ဝန္း က်င္ေဈးႏႈန္းမ်ားျဖင့္ ပုံမွန္အတိုင္း အျမင့္ေဈးတြင္ ရွိသည္။
အမဲသားေဈးမွာ အျမင့္ေဈးျဖစ္ၿပီး အမဲမိုးခိုသား တစ္ဆယ္သား (၃၈၀ဝ)က်ပ္၊ အမဲသားတစ္ဆယ္ သား (၃၆၀ဝ)က်ပ္၊ အမဲကလီစာ တစ္ဆယ္သား (၃၀ဝဝ) က်ပ္၊ အမဲအူၾကမ္း တစ္ဆယ္သား (၂၈၀ဝ) က်ပ္ေဈး မ်ားအသီးသီးရွိၾကသည္။ က်န္သည့္အသား ေဈးမ်ားလည္း အျမင့္ေဈးမ်ားျဖင့္ ပုံမွန္အတိုင္းရွိၾကသည္။ ဆန္ေဈးမ်ားက ပုံမွန္အတိုင္းရွိေနေသာ္လည္း တစ္ဆိုင္ႏွင့္တစ္ဆိုင္ ဆန္သားအရည္အေသြးမတူ၊ေဈးႏႈန္းမတူညီမႈမ်ားရွိ လာသည္။ ဆင္းသုခ တစ္ျပည္ (၄၈၀ဝ-၅၀ဝဝ) က်ပ္၊ ဆင္း သြယ္ တစ္ျပည္ (၅၀ဝဝ-၅၂၀ဝ) က်ပ္၊ ဇီယာတစ္ျပည္ (၄၅၀ဝ-၄၇၀ဝ)က်ပ္၊ မေနာသုခ တစ္ျပည္ (၅၂၀ဝ)က်ပ္၊ ရက္ (၉၀)ဆန္တစ္ျပည္ (၅၀ဝဝ-၅၅၀ဝ)က်ပ္၊ ပခန္းတစ္ျပည္ (၄၀ဝဝ-၄၅၀ဝ)က်ပ္ ေဈးမ်ားရွိၾကသည္။ ဧရာဝတီေပၚဆန္း(အသစ္) တစ္ျပည္ (၅၅၀ဝ-၅၈၀ဝ) က်ပ္၊ ေပၚဆန္းေမႊး(ရွယ္) တစ္ျပည္ (၆၀ဝဝ) က်ပ္၊ ၾကားပ်ံတစ္ျပည္ (၆၀ဝဝ-၆၅၀ဝ) က်ပ္၊ ၾကားပ်ံ(ထူးရွယ္)တစ္ျပည္ (၇၀ဝဝ)က်ပ္၊ ပုသိမ္ေပၚဆန္းေမႊး တစ္ျပည္ (၇၀ဝဝ-၇၅၀ဝ) က်ပ္၊ ေ႐ႊဘိုေပၚဆန္းတစ္ျပည္ (၈၀ဝဝ-၈၅၀ဝ) က်ပ္ေဈးႏွင့္ (၉၀ဝဝ)က်ပ္ေဈးမ်ားအထိ အသီးသီးရွိၾကသည္။ စားသုံးဆီရည္ၫႊန္းေဈးမွာ (၆၂၀ဝ)က်ပ္ေဈးရွိသည္။
ျပင္ပတြင္ ပဲေရာဆီအျဖစ္ေရာင္းခ်သည့္ဆီမ်ားမွာ တစ္ပိႆာ (၁၄၀ဝဝ) က်ပ္ေဈးရွိသည္။ ေျမပဲဆီ တစ္ပိႆာ(၂၄၀ဝဝ)က်ပ္၊ ႏွမ္းဆီတစ္ပိႆာ (၂၂၀ဝဝ) က်ပ္ေဈးမ်ားရွိသည္။ ပန္းေဂၚဖီတစ္ပြင့္ (၇၀ဝ-၁၀ဝဝ)က်ပ္၊ ပန္းေဂၚဖီစိမ္းတစ္ပြင့္ (၁၀ဝ၀ -၁၅၀ဝ) က်ပ္၊ ေဂၚဖီတစ္ထုပ္ (၁၀ဝဝ)က်ပ္ေဈး မ်ားျဖင့္ ေပါေပါမ်ားမ်ားေတြ႕ရသည္။ ရာသီေပၚ မရမ္း သီးတစ္ဆယ္သား (၁၀ဝဝ-၁၂၀ဝ) က်ပ္ေဈးရွိသည္။
ခရမ္းခ်ဥ္သီးတစ္ဆယ္သား (၅၀ဝ) က်ပ္၊ ကိုင္း ခရမ္းခ်ဥ္သီးတစ္ဆယ္သား (၆၀ဝ-၇၀ဝ)က်ပ္ေဈး ျဖင့္ အျမင့္ေဈးတြင္ရွိသည္။ မုန္လာဥျဖဴ တစ္စည္း (၁၀ဝဝ)က်ပ္၊ မုန္လာဥနီ တစ္ဆယ္သား (၁၀ဝဝ) က်ပ္၊ ေျပာင္းဖူးတစ္ဖူး (၅၀ဝဝ)က်ပ္ ေဈးမ်ားရွိသည္။ မုန္ညင္းျဖဴတစ္ထုပ္ (၁၀ဝဝ)က်ပ္၊ မုန္ညင္းဝါ တစ္ စည္း (၈၀ဝ)က်ပ္ေဈးျဖင့္ အနည္းငယ္ေဈးက်ၿပီး မုန္ညင္းပုတိုတစ္စည္း (၄၀ဝ)က်ပ္၊ မုန္ညင္း႐ြက္ တစ္စည္း (၅၀ဝ)က်ပ္ေဈးတို႔ျဖင့္ ပုံမွန္အတိုင္းရွိ သည္။ ေ႐ႊပဲတစ္ဆယ္သား (၂၅၀ဝ)က်ပ္၊ င႐ုတ္ပြ တစ္ဆယ္သား (၁၅၀ဝ)က်ပ္ေဈးျဖင့္ ေဈးအျမင့္တြင္ ရွိသည္။ ကိုက္လန္႐ြက္တစ္စည္း (၁၂၀ဝ)က်ပ္၊ ဖ႐ုံ ၫြန႔္တစ္စည္း (၁၅၀ဝ)က်ပ္၊ ကင္မြန္းခ်ဥ္႐ြက္ တစ္ စည္း (၁၀ဝဝ) က်ပ္၊ မန္က်ည္း႐ြက္တစ္ပုံ (၁၀ဝဝ) က်ပ္ေဈးတို႔ရွိၾကသည္။ ပဲပင္ေပါက္တစ္ဆယ္သား (၆၀ဝ)က်ပ္၊ ပဲျပားတစ္တြဲ (၁၀ဝဝ)က်ပ္၊ မွ်စ္တစ္ ဆယ္သား (၇၀ဝ-၈၀ဝ) က်ပ္ေဈးတို႔ျဖင့္ ပုံမွန္ေဈးအတိုင္းရွိသည္။