ဆယ်စုနှစ်တစ်ခုအတွင်း ရန်ကုန်ဆေးရုံကြီးတွင် ရိုးတွင်းခြင်ဆီအစားထိုးကုသမှု (၂၉) ဦး အောင်မြင်

1734

သန့်မင်းအိမ်(NP News)-ဖေဖော်ဝါရီ ၁၆
ဆယ်စုနှစ်တစ်ခုဖြစ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း ရန်ကုန်ဆေးရုံကြီးတွင် ရိုးတွင်းခြင်ဆီအစားထိုးကုသမှု (၂၉) ဦး အောင်မြင် ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါ အထူးကုဌာန ရိုးတွင်းခြင်ဆီ အစားထိုးကုသဌာန(Bone marrow Transplant Centre) သို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း၌ ဆေးရုံတက်ရောက်ခဲ့သော ခြင်ဆီကင်ဆာလူနာ (၄) ဦးအား ခြင်ဆီ အစားထိုးကုသခြင်းကို အောင်မြင်စွာဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ခြင်ဆီအစားထိုးကုသခြင်းကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ်ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများ၊ အထောက် အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြ ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း လူနာ(၄) ဦးမှာ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ်မှ (၆၃) နှစ်အရွယ် အမျိုးသား (၁) ဦး၊ ရန်ကုန်တိုင်းဒေသ ကြီး မရမ်းကုန်းမြို့နယ်မှ (၄၆) နှစ်အရွယ် အမျိုးသား (၁) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် မှ (၄၇) နှစ်အရွယ် အမျိုးသား (၁) ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် မှ (၆၂) နှစ်အရွယ် အမျိုးသား (၁) ဦးတို့ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီ အစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် (၃) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၃) ဦး၊ ၂၀၁၈ ခုနှစ် တွင် (၄) ဦး၊ ၂၀၁၉ ခုနှစ်တွင် (၁) ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် (၁) ဦး အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ခုနစ်ထပ်ကုသဆောင် သစ် ဖွင့်လှစ်ခဲ့ရာ သွေးရောဂါအထူးကု ဌာန၌ ရိုးတွင်းခြင်ဆီအစားထိုးကုသဌာန ကို ပိုမိုပြည့်စုံ ကောင်းမွန်သောဌာနအဖြစ် တိုးချဲ့ထည့်သွင်း တည်ဆောက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှု ပိုမိုဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် (၃) ဦး၊ ၂၀၂၅ ခုနှစ်အတွင်း လူနာ (၁၀) ဦးနှင့် ၂၀၂၆ ခုနှစ် ယခုအချိန်အထိ လူနာ (၄) ဦး ကုသနိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း စုစုပေါင်း လူနာ (၂၉) ဦးကို ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်းကို ရေး ကုန်ကျစရိတ်များစွာ ကုန်ကျနိုင်ပြီး ပြည်ပနိုင်ငံများတွင် ပြုလုပ်ပါက ကျန်းမာ ပြည်သူများ ကျန်းမာရေးကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်း၌ ခြင်ဆီအစားထိုးကုသမှုများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။