အညာဒေသတွင် ဆယ်စုနှစ် (၃) ခုကြာ ပျောက်ကွယ်နေသည့် တောရိုင်းတိရစ္ဆာန်ငယ်များ ပြန်လည် ထွက်ပေါ်လာ

 2581

သန့်ဇင်(NP News) -ဖေဖော်ဝါရီ ၁၆
မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ဆယ်စုနှစ်(၃)ခုကြာ ပျောက်ကွယ်နေသည့် တောရိုင်းတိရစ္ဆာန်ငယ်များကို ပြန်တွေ့ရှိလာရကြောင်း အညာဒေသတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ရေနံ့သာဒင်္ဂါးက NP News သို့ ပြောသည်။
ယခင်က ရခိုင်ရိုးမတောင်တန်းများတွင် အတွေ့ရများသော တောရိုင်းတိရစ္ဆာန်ငယ်များသည် ယခုအခါ အညာဒေသတွင် ရေကန်များတူးဖော်ကာ ရေအရင်းအမြစ်ပေါများလာခြင်းကြောင့် ရွှေ့ပြောင်း အခြေချလာခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
“အဲဒီမျိုးစိတ်တွေက ညပိုင်းကိုထွက်တာဗျ။ ရခိုင်အခေါ်က ခဲဝါပေါ့။ ကျွန်တော်တို့ အညာအ ခေါ်တော့ ခွေးအပေါ့။ ကျွန်တော်တို့က အခုရေကန်တွေတူးတယ်ဆိုတော့ အဓိကရေပေါလာတော့ ဒီ ဘက်တွေမှာများလာတယ်။ အရင်တုန်းကမတွေ့တာတော့ ကြာပြီဗျ။ နှစ်(၂၀) (၃၀) လောက်ဟသွားပြီ ဗျ။ အရင်တုန်းက ခွေးအတွေကို တချို့ကပြောတာက ရခိုင်ရိုးမဘက်တွေမှာ ခွေးအတွေ တအား အူတာ တဲ့။ အခုရခိုင်ရိုးမဘက်တွေမှာ သိပ်မတွေ့ရတော့ဘူးတဲ့။ ပြောရရင်တော့ ဒီ ဘက်တွေလည်းဆင်းလာ တယ်နဲ့ တူပါတယ်”ဟု ရေနံသာဒင်္ဂါးကပြောသည်။
ထို့ပြင် ယင်းဒေသတွင် ကြောင်အိုးစည်ကဲ့သို့သော တောရိုင်းမျိုးစိတ်များအပြင် ယခင်ကအတွေ့ နည်းသော ငှက်မျိုးစိတ်များကိုလည်း ပြန်လည်တွေ့မြင်လာရပြီဖြစ်ကြောင်း ၎င်းကဆိုသည်။ “ရေကြည် ရာမြတ်နုရာရွေ့လာတယ်ထင်တယ်။ ဟိုနေ့ကမှတွေ့တာ။ ကျွန်တော်ဆိုရင် အရင်က မြင်ကိုမမြင်ဖူးဘူး။ ဒီမျိုးစိတ်အပြင် ကြောင်အိုးစည်လည်း တွေ့လာရတယ်။ ကျွန်တော်တို့ ပရဟိတ ဥယျာဉ်မှာဆိုရင်တော့ လင်းယုန်တို့ သိမ်းငှက်တို့လည်း ပြန်မြင်လာရတယ်”ဟု ၎င်းကပြောသည်။
ထို့ကြောင့် အညာဒေသတွင် ကွယ်ပျောက် လုဆဲဖြစ်နေသည့် တောရိုင်းမျိုးစိတ်ငယ်များ ပြန် လည်တွေ့ရှိလာမှုအပေါ် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုအပ်ကြောင်းလည်း ၎င်းကအကြံပြုထားသည်။

ZAwgyi Version:
အညာေဒသတြင္ ဆယ္စုႏွစ္ (၃) ခုၾကာ ေပ်ာက္ကြယ္ေနသည့္ ေတာ႐ိုင္းတိရစာၦန္ငယ္မ်ား ျပန္လည္ ထြက္ေပၚလာ
သန႔္ဇင္(NP News) -ေဖေဖာ္ဝါရီ ၁၆
ျမန္မာႏိုင္ငံအလယ္ပိုင္း မေကြးတိုင္းေဒသႀကီး ေရနံေခ်ာင္းၿမိဳ႕နယ္တြင္ ဆယ္စုႏွစ္(၃)ခုၾကာ ေပ်ာက္ကြယ္ေနသည့္ ေတာ႐ိုင္းတိရစာၦန္ငယ္မ်ားကို ျပန္ေတြ႕ရွိလာရေၾကာင္း အညာေဒသတြင္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနသူ ေရနံ႔သာဒဂၤါးက NP News သို႔ ေျပာသည္။
ယခင္က ရခိုင္႐ိုးမေတာင္တန္းမ်ားတြင္ အေတြ႕ရမ်ားေသာ ေတာ႐ိုင္းတိရစာၦန္ငယ္မ်ားသည္ ယခုအခါ အညာေဒသတြင္ ေရကန္မ်ားတူးေဖာ္ကာ ေရအရင္းအျမစ္ေပါမ်ားလာျခင္းေၾကာင့္ ေ႐ႊ႕ေျပာင္း အေျခခ်လာျခင္းျဖစ္ႏိုင္ေၾကာင္း ၎ကဆိုသည္။
“အဲဒီမ်ိဳးစိတ္ေတြက ညပိုင္းကိုထြက္တာဗ်။ ရခိုင္အေခၚက ခဲဝါေပါ့။ ကြၽန္ေတာ္တို႔ အညာအ ေခၚေတာ့ ေခြးအေပါ့။ ကြၽန္ေတာ္တို႔က အခုေရကန္ေတြတူးတယ္ဆိုေတာ့ အဓိကေရေပါလာေတာ့ ဒီ ဘက္ေတြမွာမ်ားလာတယ္။ အရင္တုန္းကမေတြ႕တာေတာ့ ၾကာၿပီဗ်။ ႏွစ္(၂၀) (၃၀) ေလာက္ဟသြားၿပီ ဗ်။ အရင္တုန္းက ေခြးအေတြကို တခ်ိဳ႕ကေျပာတာက ရခိုင္႐ိုးမဘက္ေတြမွာ ေခြးအေတြ တအား အူတာ တဲ့။ အခုရခိုင္႐ိုးမဘက္ေတြမွာ သိပ္မေတြ႕ရေတာ့ဘူးတဲ့။ ေျပာရရင္ေတာ့ ဒီ ဘက္ေတြလည္းဆင္းလာ တယ္နဲ႔ တူပါတယ္”ဟု ေရနံသာဒဂၤါးကေျပာသည္။
ထို႔ျပင္ ယင္းေဒသတြင္ ေၾကာင္အိုးစည္ကဲ့သို႔ေသာ ေတာ႐ိုင္းမ်ိဳးစိတ္မ်ားအျပင္ ယခင္ကအေတြ႕ နည္းေသာ ငွက္မ်ိဳးစိတ္မ်ားကိုလည္း ျပန္လည္ေတြ႕ျမင္လာရၿပီျဖစ္ေၾကာင္း ၎ကဆိုသည္။ “ေရၾကည္ ရာျမတ္ႏုရာေ႐ြ႕လာတယ္ထင္တယ္။ ဟိုေန႔ကမွေတြ႕တာ။ ကြၽန္ေတာ္ဆိုရင္ အရင္က ျမင္ကိုမျမင္ဖူးဘူး။ ဒီမ်ိဳးစိတ္အျပင္ ေၾကာင္အိုးစည္လည္း ေတြ႕လာရတယ္။ ကြၽန္ေတာ္တို႔ ပရဟိတ ဥယ်ာဥ္မွာဆိုရင္ေတာ့ လင္းယုန္တို႔ သိမ္းငွက္တို႔လည္း ျပန္ျမင္လာရတယ္”ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ အညာေဒသတြင္ ကြယ္ေပ်ာက္ လုဆဲျဖစ္ေနသည့္ ေတာ႐ိုင္းမ်ိဳးစိတ္ငယ္မ်ား ျပန္ လည္ေတြ႕ရွိလာမႈအေပၚ ေဒသခံမ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕မ်ားက ဆက္လက္ထိန္းသိမ္းေစာင့္ေရွာက္သြားရန္လိုအပ္ေၾကာင္းလည္း ၎ကအႀကံျပဳထားသည္။

Related news

© 2021. All rights reserved.