အချိန်တစ်နာရီအတွင်း စက္ကူလေယာဉ် (၂၅၀) ခုခေါက်ပြီး ဂင်းနစ်စံချိန်သစ်တင်ရန် ကြိုးပမ်းခဲ့သည့် အမျိုးသား

 122

Pika (NP News) - ဖေဖော်ဝါရီ ၁၆

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှအမျိုးသားတစ်ဦးသည် အချိန်တစ်နာရီအတွင်း စက္ကူ လေယာဉ်(၂၅၀)ခုအထိခေါက်ပြခဲ့ပြီးနောက် ဂင်းနစ် စံချိန်တစ်ခုရရှိအောင်ကြိုးပမ်းခဲ့ကြောင်းသိရသည်။ ရစ်ချာ့ဒ်ဆိုသည့်အမျိုးသားသည် အချိန် (၁) မိနစ်လျှင် ပျမ်းမျှစက္ကူလေယာဉ်(၄)စင်းခေါက်ခြင်းဖြင့် ဂင်းနစ်စံချိန်တစ်ခုရရှိအောင် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရစ်ချာ့ဒ်သည် သတ်မှတ်ထားသောအချိန်အတွင်း စက္ကူလေယာဉ် (၂၅၀) ခုကို ခေါက်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်ရန် သတ်မှတ်ထားသော စက္ကူလေယာဉ်(၂၀ဝ)ခုရည်မှန်းချက်ကို ကျော်လွန်သွားခဲ့ ကြောင်းလည်းသိရသည်။ ထို့ပြင် ယင်းစက္ကူလေယာဉ်များအားလုံးက ပျံသန်းနိုင်ကြောင်း သေချာစေရန် အတွက် ဂင်းနစ်စံချိန်အဖွဲ့တာဝန်ရှိသူတစ်ဦးက တရားဝင် စမ်းသပ်မှုများကိုလုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ရစ်ချာ့ဒ်၏ ဂင်းနစ်စံချိန်တင်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်သည့် သက်သေ အ ထောက်အထားများကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြထားပြီးပြီဖြစ်ပြီး တရားဝင်အတည်ပြုမှု များကို စောင့်ဆိုင်းလျက်ရှိကြောင်းလည်းသိရသည်။ ရစ်ချာ့ဒ်က “ဒီဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းမှုက အ ရမ်းကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ရဲ့ကြိုးပမ်းမှုက ဂင်းနစ်စံချိန်သစ်တစ်ခုတင်နိုင် မယ်လို့ ယုံကြည်ပါတယ်”ဟုပြောဆိုခဲ့သည်။

Zawgyi Version;
အခ်ိန္တစ္နာရီအတြင္း စကၠဴေလယာဥ္ (၂၅၀) ခုေခါက္ၿပီး ဂင္းနစ္စံခ်ိန္သစ္တင္ရန္ ႀကိဳးပမ္းခဲ့သည့္ အမ်ိဳးသား
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆
အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္မွအမ်ိဳးသားတစ္ဦးသည္ အခ်ိန္တစ္နာရီအတြင္း စကၠဴ ေလယာဥ္(၂၅၀)ခုအထိေခါက္ျပခဲ့ၿပီးေနာက္ ဂင္းနစ္ စံခ်ိန္တစ္ခုရရွိေအာင္ႀကိဳးပမ္းခဲ့ေၾကာင္းသိရသည္။ ရစ္ခ်ာ့ဒ္ဆိုသည့္အမ်ိဳးသားသည္ အခ်ိန္ (၁) မိနစ္လွ်င္ ပ်မ္းမွ်စကၠဴေလယာဥ္(၄)စင္းေခါက္ျခင္းျဖင့္ ဂင္းနစ္စံခ်ိန္တစ္ခုရရွိေအာင္ ႀကိဳးပမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ရစ္ခ်ာ့ဒ္သည္ သတ္မွတ္ထားေသာအခ်ိန္အတြင္း စကၠဴေလယာဥ္ (၂၅၀) ခုကို ေခါက္ႏိုင္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္သစ္တင္ရန္ သတ္မွတ္ထားေသာ စကၠဴေလယာဥ္(၂၀ဝ)ခုရည္မွန္းခ်က္ကို ေက်ာ္လြန္သြားခဲ့ ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ယင္းစကၠဴေလယာဥ္မ်ားအားလုံးက ပ်ံသန္းႏိုင္ေၾကာင္း ေသခ်ာေစရန္ အတြက္ ဂင္းနစ္စံခ်ိန္အဖြဲ႕တာဝန္ရွိသူတစ္ဦးက တရားဝင္ စမ္းသပ္မႈမ်ားကိုလုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရသည္။
လက္ရွိအခ်ိန္တြင္ ရစ္ခ်ာ့ဒ္၏ ဂင္းနစ္စံခ်ိန္တင္ရန္ ႀကိဳးပမ္းမႈႏွင့္ပတ္သက္သည့္ သက္ေသ အ ေထာက္အထားမ်ားကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ တင္ျပထားၿပီးၿပီျဖစ္ၿပီး တရားဝင္အတည္ျပဳမႈ မ်ားကို ေစာင့္ဆိုင္းလ်က္ရွိေၾကာင္းလည္းသိရသည္။ ရစ္ခ်ာ့ဒ္က “ဒီဂင္းနစ္စံခ်ိန္တင္ဖို႔ ႀကိဳးပမ္းမႈက အ ရမ္းေကာင္းတယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ကြၽန္ေတာ္ရဲ႕ႀကိဳးပမ္းမႈက ဂင္းနစ္စံခ်ိန္သစ္တစ္ခုတင္ႏိုင္ မယ္လို႔ ယုံၾကည္ပါတယ္”ဟုေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.