မြန်မာ့ပဲစင်းငုံ အိန္ဒိယဈေးကွက်အတွင်းပြိုင်ဆိုင်နေရ

341

ကိုဖြိုး(NP News) ဖေဖေါ်ဝါရီ -၁၆
အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံသည် ဆူဒန်နှင့် မိုဇမ်ဘစ်ပဲစင်းငုံများနှင့် ဈေးကွက်ဝေစုရရှိရေး ယှဉ်ပြိုင်နေရကြောင်း သိရသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံသည် ပြီးခဲ့သည့်ရက်သတ္တပတ်နှင့် နှိုင်းယှဉ်လျှင် တစ်တန်လျှင် (၅) ဒေါ်လာမှ (၂၀) ဒေါ်လာအကြား ဈေးနှုန်းကျဆင်းသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ် အိန္ဒိယဈေးကွက် CNF ဈေးနှုန်းများမှာ ပဲစင်းငုံ (၂၀၂၅ Crop) တစ်တန်လျှင် ဒေါ်လာ (၉၀၀)၊ ပဲစင်းငုံ (၂၀၂၆ Crop) တစ်တန်လျှင် ဒေါ်လာ (၉၂၅)၊ ဆူဒန်ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ (၉၂၅) နှင့် မိုဇမ်ဘစ်ပဲစင်းငုံတစ်တန်လျှင်ဒေါ်လာ (၇၅၀) ဝန်းကျင် အသီးသီးရှိခဲ့သော်လည်း ယခုရက်သတ္တပတ်တွင် မြန်မာပဲစင်းငုံ (၂၀၂၅ Crop) မှာ တစ်တန်လျှင် (၈၉၅) ဒေါ်လာ၊ ပဲစင်းငုံ (၂၀၂၆ Crop) မှာ တစ်တန်လျှင် (၉၀၅) ဒေါ်လာသို့ ဈေးနှုန်းပြောင်းလဲသွားခဲ့ကြောင်း သိရသည်။
အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံဈေး ကျရိပ်သန်းနေသော်လည်း မြန်မာနိုင်ငံမှ ပြည်ပသို့ ရောင်းချသည့် FOB (Free On Board) ဈေးမှာ ငြိမ်နေပြီး ပြည်တွင်းဈေးသာ အနည်းငယ် အပြောင်းအလဲရှိနေကြောင်း သိရသည်။
ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးမှာ ပဲစင်းငုံ(နီ) (၂၀၂၅-၂၆ Crop) တစ်တန်လျှင် (၈၆၀ မှ ၈၇၀) ဒေါ်လာဝန်းကျင်နှင့် ပဲစင်းငုံ (၂၀၂၄-၂၅ Crop) တစ်တန်လျှင် (၈၂၀ မှ ၈၃၀) ဒေါ်လာ ဝန်းကျင်ရှိသည်။
ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ(နီ) (၂၀၂၆ Crop) ပြည်တွင်းဈေးသည် တစ်တန်လျှင် ကျပ် (၃၂) သိန်းမှ ကျပ် (၃၁) သိန်း (၆) သောင်းသို့ ကျဆင်းခဲ့ပြီးနောက် ကျပ် (၃၂) သိန်းသို့ ပြန်လည်မြင့်တက်လာသည်။ မန္တလေးဈေးကွက်တွင်မူ ပဲစင်းငုံ(နီ)သစ်မှာ တစ်တန်လျှင် ကျပ် (၃,၀၉၂,၀၀၀) ကျော်ဖြင့် ဈေးငြိမ်နေသည်။

Zawgyi Version:
ျမန္မာ့ပဲစင္းငုံ အိႏၵိယေဈးကြက္အတြင္းၿပိဳင္ဆိုင္ေနရ
ကိုၿဖိဳး(NP News) ေဖေဖၚဝါရီ -၁၆
အိႏၵိယေဈးကြက္တြင္ ျမန္မာပဲစင္းငုံသည္ ဆူဒန္ႏွင့္ မိုဇမ္ဘစ္ပဲစင္းငုံမ်ားႏွင့္ ေဈးကြက္ေဝစုရရွိေရး ယွဥ္ၿပိဳင္ေနရေၾကာင္း သိရသည္။
အိႏၵိယေဈးကြက္တြင္ ျမန္မာပဲစင္းငုံသည္ ၿပီးခဲ့သည့္ရက္သတၱပတ္ႏွင့္ ႏႈိင္းယွဥ္လွ်င္ တစ္တန္လွ်င္ (၅) ေဒၚလာမွ (၂၀) ေဒၚလာအၾကား ေဈးႏႈန္းက်ဆင္းသြားခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္အပတ္ အိႏၵိယေဈးကြက္ CNF ေဈးႏႈန္းမ်ားမွာ ပဲစင္းငုံ (၂၀၂၅ Crop) တစ္တန္လွ်င္ ေဒၚလာ (၉၀၀)၊ ပဲစင္းငုံ (၂၀၂၆ Crop) တစ္တန္လွ်င္ ေဒၚလာ (၉၂၅)၊ ဆူဒန္ပဲစင္းငုံတစ္တန္လွ်င္ ေဒၚလာ (၉၂၅) ႏွင့္ မိုဇမ္ဘစ္ပဲစင္းငုံတစ္တန္လွ်င္ေဒၚလာ (၇၅၀) ဝန္းက်င္ အသီးသီးရွိခဲ့ေသာ္လည္း ယခုရက္သတၱပတ္တြင္ ျမန္မာပဲစင္းငုံ (၂၀၂၅ Crop) မွာ တစ္တန္လွ်င္ (၈၉၅) ေဒၚလာ၊ ပဲစင္းငုံ (၂၀၂၆ Crop) မွာ တစ္တန္လွ်င္ (၉၀၅) ေဒၚလာသို႔ ေဈးႏႈန္းေျပာင္းလဲသြားခဲ့ေၾကာင္း သိရသည္။
အိႏၵိယေဈးကြက္တြင္ ျမန္မာပဲစင္းငုံေဈး က်ရိပ္သန္းေနေသာ္လည္း ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ေရာင္းခ်သည့္ FOB (Free On Board) ေဈးမွာ ၿငိမ္ေနၿပီး ျပည္တြင္းေဈးသာ အနည္းငယ္ အေျပာင္းအလဲရွိေနေၾကာင္း သိရသည္။
ပဲစင္းငုံ ျပည္ပေရာင္းခ်သည့္ FOB ေဈးမွာ ပဲစင္းငုံ(နီ) (၂၀၂၅-၂၆ Crop) တစ္တန္လွ်င္ (၈၆၀ မွ ၈၇၀) ေဒၚလာဝန္းက်င္ႏွင့္ ပဲစင္းငုံ (၂၀၂၄-၂၅ Crop) တစ္တန္လွ်င္ (၈၂၀ မွ ၈၃၀) ေဒၚလာ ဝန္းက်င္ရွိသည္။
ရန္ကုန္ေဈးကြက္တြင္ ပဲစင္းငုံ(နီ) (၂၀၂၆ Crop) ျပည္တြင္းေဈးသည္ တစ္တန္လွ်င္ က်ပ္ (၃၂) သိန္းမွ က်ပ္ (၃၁) သိန္း (၆) ေသာင္းသို႔ က်ဆင္းခဲ့ၿပီးေနာက္ က်ပ္ (၃၂) သိန္းသို႔ ျပန္လည္ျမင့္တက္လာသည္။ မႏၲေလးေဈးကြက္တြင္မူ ပဲစင္းငုံ(နီ)သစ္မွာ တစ္တန္လွ်င္ က်ပ္ (၃,၀၉၂,၀၀၀) ေက်ာ္ျဖင့္ ေဈးၿငိမ္ေနသည္။