(၁၆)သင်းရှုံးထွက်အဆင့်အတွက် တိုက်ပွဲဝင်ဖို့ရှိနေတဲ့ ချန်ပီယံလိဂ် အင်အားကြီးကလပ်များ

 121

ရဲထက် (NP News) - ဖေဖော်ဝါရီ ၁၆

(၂၀၂၅ - ၂၀၂၆) ခုနှစ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ (၁၆)အသင်း ရှုံးထွက်အဆင့်ကို တက် ရောက်ထားတဲ့ အသင်း(၈)သင်းဖြစ်တဲ့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ စပို့တင်း၊ မန်စီးတီး၊ ဘာစီလိုနာ၊ ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ စပါးစ်အသင်းတို့ရရှိထားပြီဖြစ်ပါတယ်။ ဒါပေမဲ့ (၁၆)ရှုံးထွက်အဆင့်ကို ထပ်မံ တက်လှမ်းနိုင်ဖို့ အသင်း(၈)သင်း လိုအပ်‌နေတဲ့အနေအထားမှာ နောက်ထပ်ဘယ်အသင်းတွေက ချန်ပီ ယံလိဂ်ရဲ့ (၁၆)သင်းရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်မလဲဆိုတာက တကယ်ကိုစိတ်ဝင်စားစရာ ကောင်းတဲ့ပွဲစဉ်တွေဖြစ်လာဖို့ရှိနေပါတယ်။ ဒါ့ပြင် ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီး ရဲလ်မက်ဒရစ်အသင်းအနေနဲ့ လက်ရှိချန်ပီယံလိဂ်ရဲ့ ချန်ပီယံအသင်းဖြစ်တဲ့ PSG အသင်းတို့ကလည်း (၁၆)သင်းရှုံးထွက်အဆင့်ကို PlayOffs ပြန်ကစားရဖို့ရှိနေတာကြောင့် စောင့်ကြည့်ချင်စရာကောင်းတဲ့ ပွဲကောင်းတွေဖြစ်လာဖို့လည်းရှိနေပါတယ်။ ဒါကြောင့် NP News ကနေ ချန်ပီယံ လိဂ်ပွဲစဉ် PlayOffs ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါတယ်။

ဘင်ဖီကာ Vs ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘင်ဖီကာ ၄-၂ ရီးရဲလ်မက်ဒရစ်(၂၉ -၁-၂၀၂၆))
ဘင်ဖီကာ ၅-၂ ရီးရဲလ်မက်ဒရစ် (၂၈ - ၇ -၂၀၁၂)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဘင်ဖီကာ ၂ - ၂ ရီးရဲလ်မက်ဒရစ်
ဘင်ဖီကာ ၂ - ၃ ရီးရဲလ်မက်ဒရစ်

ဒီနှစ်သင်းရဲ့ ပွဲစဉ်ကတော့ ချန်ပီယံလိဂ် ညချမ်းရဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်တဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီရာသီမှာ အမ် ဘတ်ပီရဲ့ ခြေစွမ်းတွေကောင်းလာတယ်ဆိုပေမယ့် နည်းပြအလွန်ဆိုလက်ထက်မှာ ခြေစွမ်းပိုင်းသိသိ သာသာကျဆင်းသွားခဲ့ပြီး ပြည်တွင်းဖလား(၂)လုံးဖြစ်တဲ့ စပိန်ဘုရင့်ဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့ကို ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းဆီကို လက်လွှတ် ထားခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် နည်းပြ အလွန်ဆိုကို နည်းပြရာထူးကနေထုတ်ပယ်ပြီးနောက်ပိုင်းမှာတော့ နိုင်ပွဲတွေဆက်နေတဲ့အသင်းဖြစ်ပါ တယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ ရုန်းကန်နေရဆဲဖြစ်ပြီး ဘင်ဖီကာအသင်းနဲ့ ယှဉ်ပြိုင်မယ့် (၁၆) ရှုံး ထွက်အဆင့်ကို တက်လှမ်းနိုင်မယ့် အိမ်ကွင်း-အဝေးကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတစ်ခုရရှိအောင် ပုံ ဖော်နိုင်ဖို့လိုအပ်နေပါတယ်။ တကယ်လို့သာ စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိရင်တော့ ချန်ပီယံလိဂ်ရဲ့ အအောင် မြင်ဆုံး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက် ဒရစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်နဲ့ပဲ လှည့် ပြန်ခဲ့ရတော့မယ့် မှတ်တမ်းဆိုးတစ်ခုကို ပိုင်ဆိုင်သွားမှာလည်းဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ပြဿနာက အမ်ဘတ်ပီနဲ့ ဗီနစ်ဇီယက်တို့ကြားက အချိတ်အဆက်မမိမှုတွေအပြင် နည်းပြအလွန်ဆို လက်ထက်က လူငယ်တွေကို နေရာပေးမှု များပြားလွန်တာကလည်း အသင်းရဲ့ပုံရိပ်ကို အနည်းငယ် ထိခိုက်ခဲ့သလို ဖြစ်စေခဲ့ပါတယ်။ ဒါ့ပြင် နည်းပြနဲ့ ကစားသမားတွေကြားက အဆင်မပြေမှုတွေကြောင့် လည်း ဒီရာသီမှာ ပြိုင်ပွဲစုံအပြင် ပြည်တွင်းလာလီဂါဖလားပြိုင်ပွဲမှာပါ ဘာစီလိုနာအသင်းနဲ့ အပြိုင် အဆိုင် ဖြစ်နေပါတယ်။ ဘင်ဖီကာအသင်းကလည်း ချန်ပီယံလိဂ်မှာ အစဉ်အလာရှိတဲ့ အသင်းဖြစ်တဲ့ အပြင် ပေါ်တူဂီလိဂ်မှာလည်း ချန်ပီယံလမ်းကြောင်းပေါ်မှာရှိ နေတဲ့အသင်းဖြစ်ပါတယ်။ ဒါ့ပြင် ရီးရဲလ် မက်ဒရစ် အသင်းနဲ့ ဒီရာသီမှာ အုပ်စုတွင်းပွဲစဉ်ထိပ်တိုက်တွေ့ဆုံမှုမှာ (၄)ဂိုး(၂)ဂိုးနဲ့ အနိုင်ရရှိထားတာ ကြောင့် ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ ရလဒ်ကောင်းတစ်ခုကို နှစ် သင်းလုံးအတွက် အခွင့်အရေးရှိနေပါတယ်။ ဒါကြောင့် နှစ်သင်းရဲ့ ပထမအကျော့ ပွဲစဉ်က ဘင်ဖီကာ အိမ်ကွင်းဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ် အနေနဲ့ နိုင်ပွဲရဖို့ခက်ခဲလာဖွယ်ရှိပြီး နိုင်မယ်ဆိုရင်တောင် (၁)ဂိုးအကွာနဲ့သာ ကပ်နိုင်ပါမယ်။ အပြန် အလှန် သွင်းဂိုးနိုင်ပြီး သရေလည်းကျသွားနိုင်ပါတယ်။


မိုနာကို Vs PSG
နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မိုနာကို ၄ - ၂ PSG (၂၉ - ၁၁ -၂၀၂၅)
PSG ၄ - ၁ မိုနာကို (၈ - ၂ -၂၀၂၅)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
မိုနာကို ၁ - ၂ PSG
မိုနာကို ၁ - ၃ PSG

ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ပြင်သစ်လီဂူးရဲ့အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ အသင်းတွေဖြစ်ပါတယ်။ PSG အသင်းဟာ ခြေစွမ်းပိုင်းအရကြည့်ရင် ဒီရာသီမှာ ပြည်တွင်းလိဂ် ပြိုင်ပွဲဖြစ် တဲ့ လီဂူးမှာ ရမှတ်(၂)မှတ်သာ ဖြတ်ထားနိုင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း (၁၆)သင်းရှုံးထွက်အဆင့်ကို တိုက်ရိုက်ရရှိအောင် စွမ်းဆောင်ထားနိုင်ခြင်းမရှိတာကြောင့် ပြီးခဲ့တဲ့နှစ်က ခြေစွမ်းပိုင်းတွေကို ပြန်လည် ရရှိနိုင်ဖို့ မသေချာတဲ့အနေအထားမျိုးမှာရှိနေပါတယ်။ ဒါ့ပြင် PSG အသင်းဟာ ပရီးမီးယားလိဂ် ကလပ် အသင်းတွေနဲ့ ရင်ဆိုင်ရာမှာ နိုင်ပွဲရဖို့ခက်ခဲနေတတ်တာကိုတွေ့ရပြီး ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် အသင်း(၄)သင်းအထိ (၁၆)သင်း ရှုံးထွက်အဆင့်မှာ ပါဝင်နေတဲ့အပြင် Playoffs ပြိုင် မယ့်အသင်းတွေထဲ မှာလည်း ပရီးမီးယားလိဂ်အသင်း(၁)သင်းပါဝင် နေပါတယ်။ ဒါကြောင့် PSG အသင်းရဲ့ ဒီရာသီချန်ပီယံ လိဂ် ခရီးလမ်းဟာ ထင်သလောက်လွယ်ကူနေမှာ မဟုတ်တာ သေချာနေပါတယ်။ ဒါပေမဲ့ နည်းပြ အင်းန ရစ် လက်ထက်မှာ အကောင်းဆုံးအမြင့်ပျံနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ် ဆုဖလားကိုပါ အသင်းရဲ့ သမိုင်း တစ်လျှောက်ပထမဆုံးရယူနိုင်ခဲ့တဲ့ PSG အသင်းအနေနဲ့ လက်ရှိလူစာရင်းမှာလည်း ချန်ပီယံလိဂ် ရရှိခဲ့ ချိန်က ကစားသမားအများစု ရှိနေသေးတာကို တွေ့ရပါတယ်။ နောက်တစ်ချက်က PSG အသင်းဟာ ပြည်တွင်း လိဂ်ပြိုင်ပွဲက အသင်းတွေကို နိုင်ပွဲ ပိုရထားတဲ့အပြင် ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာလည်း အိမ်ကွင်းရော အဝေးကွင်းမှာပါ ခြေစွမ်းအသာနဲ့ကစားပြီး နိုင်ပွဲရလေ့ရှိတာကို တွေ့ရပါတယ်။ မိုနာကို အသင်းအနေနဲ့ လည်း PSG အသင်းကို ပြင်သစ်စူပါဖလားပြိုင်ပွဲမှာ အရှုံးပေးခဲ့ရပြီး ဖလားကို လက်လွှတ် လိုက်ရတာကြောင့် အခုလို ထိပ်တိုက်တွေ့ဆုံမှာ PSG အသင်းကို ဖြုတ်ချနိုင်ဖို့ ခြေကုန်ထုတ်ကစား လာ ဖို့ရှိနေပါတယ်။ ဒီပွဲစဉ်က (၁၆)သင်းရှုံးထွက် အဆင့်ကို တက်လှမ်းနိုင်ဖို့ဆိုတာတွေအပြင် ပြည်တွင်းလိဂ် က အသင်းနှစ်သင်းရဲ့ ပြင်းထန်ပြိုင်ဆိုင်မှုတွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။ ဒါကြောင့် ပထမအကျော့ ပွဲစဉ်မှာ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနေပြီး (၁)ဂိုးလောက်အကွာနဲ့သာ PSG အသင်းက နိုင် ပါမယ်။

ဒေါ့မွန် Vs အတ္တလန်တာ
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
အတ္တလန်တာ ၁ - ၁ ဒေါ့မွန် (၂၃ - ၂ -၂၀၁၈)
ဒေါ့မွန် ၃ - ၂ အတ္တလန်တာ (၁၆ - ၂ -၂၀၁၈)

NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ဒေါ့မွန် ၂ - ၁ အတ္တလန်တာ
ဒေါ့မွန် ၃ - ၂ အတ္တလန်တာ

ဒေါ့မွန်အသင်းက ဘွန်ဒက်လီဂါမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အပြိုင် ချန်ပီယံဆုကို အနီးကပ် ဖိအားပေးနေတဲ့အသင်းဖြစ်ပြီး အတ္တလန်တာ အသင်းကတော့ အီတလီ စီးရီးအေမှာ ခြေစွမ်းကောင်း တွေ ပြသထားနိုင်ပြီး ဥရောပဝင်ခွင့်တစ်နေရာကို ရယူထားတဲ့အသင်းတွေဖြစ်ပါတယ်။ ဒါ့ပြင် နှစ်သင်း လုံးဟာ ချန်ပီယံလိဂ်မှာ တူတူတန်တန် ခြေစွမ်ကောင်းတွေ ပြသထားနိုင်တဲ့အသင်းတွေဖြစ်ပြီး ဒေါ့မွန် အသင်းကတော့ ချန်ပီယံလိဂ်ဖိုင်နယ်ကို (၂၀၂၄) ခုနှစ်မှာ တက်ရောက်နိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ လူငယ် အရည်အသွေးမြင့် ကစားသမားကောင်းများစွာကို မွေးထုတ်ပေးနေတဲ့အသင်းဖြစ်ပြီး လီဝန် ဒေါစကီး၊ ဟာလန်း၊ ဘယ်လင်ဟမ်၊ ဆန်ချိုတို့အပြင် အခြားသော ကစားသမားကောင်းတွေကိုပါ မွေး ထုတ်ပေးနိုင်ခဲ့တဲ့ ကလပ်အသင်းလည်းဖြစ်ပါတယ်။ ဒါ့ပြင် ဒေါ့မွန်အသင်းအနေနဲ့ ဒီရာသီမှာ ပြည်တွင်း ဖလားပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အပြိုင် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ရှိနေတဲ့အပြင် ချန်ပီယံလိဂ် မှာလည်း (၁၆)သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ ကြိုးစားကစားရဖို့ရှိနေပါတယ်။ အတ္တလန်တာ အသင်းကတော့ ယူရိုပါလိဂ်ချန်ပီယံဖြစ်ခဲ့တာကြောင့် ချန်ပီယံလိဂ်ကို ဒီရာသီမှာ ပြန်လည်ယှဉ် ပြိုင်ခွင့် ရရှိထားတဲ့အသင်းလည်းဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ သာမန်ခြေစွမ်းလောက်သာ ပြထားနိုင်တဲ့အသင်း လို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် ဒေါ့မွန်အသင်းထက် ခြေစွမ်းပိုင်းမှာရော ရလဒ်ပိုင်းမှာပါ လိုအပ်ချက်ရှိ နေတဲ့ အသင်းဖြစ်ပြီး အီတလီစီးရီးအေမှာလည်း ဥရောပဝင်ခွင့်ရရှိဖို့ ရုန်းကန်နေရတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ရဲ့ ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ အိမ်ကွင်းအားသာချက်ရှိနေတဲ့ ဒေါ့မွန် အသင်းက အသားစီးရယူနိုင်ဖို့ရှိနေပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ ဒေါ့မွန်အသင်းက (၁)ဂိုး လောက် အကွာနဲ့ နိုင်ပါမယ်။

ကလပ်ဘရူ Vs အက်သလက်တီကို

ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ကလပ်ဘရူ ဝ- ဝ အက်သလက်(၁၂-၁၀ -၂၀၂၂)
ကလပ်ဘရူ ၂ - ဝ အက်သလက်(၅ - ၁၀ -၂၀၂၂)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ကလပ်ဘရူ ၁ -၁ အက်သလက်တီကို
ကလပ်ဘရူ ၂ - ၂ အက်သလက်တီကို

စပိန်လာလီဂါရဲ့ အသင်းကောင်း တစ်သင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ချန်ပီ ယံလိဂ်မှာ ကြမ်းတမ်းတဲ့ကစားပုံနဲ့ ဖျက်ထုတ် မှုတွေကြောင့် ပြိုင်ဘက်အသင်းတွေအတွက်နိုင် ပွဲရဖို့ ခက်ခဲတဲ့အသင်းအဖြစ် အသိအမှတ်ပြုရလောက်တဲ့အထိ မာကျောတဲ့အသင်းဖြစ်ပါတယ်။ နည်းပြ ဆီမြွန်နီလက်ထက်မှာ အကောင်းဆုံးသော ခြေစွမ်းတွေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို ကျော် ဖြတ်ပြပြီး လာလီဂါချန်ပီယံဆုကို ရယူထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ကလပ်ဘရူ အသင်းကတော့ ဘယ်လ်ဂျီယံလိဂ်နဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး ပြည်တွင်းလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို စိန် ခေါ်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ပထမအကျော့ ပွဲစဉ်မှာ ကလပ်ဘရူအသင်းရဲ့ အိမ်ကွင်း ဖြစ် တာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျဖို့များပြီး ဒုတိယအကျော့ရောက်မှသာ ပွဲအဖြေကို အဆုံးအဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။

၁၈ - ၂ - ၂၀၂၆ (ဗုဒ္ဓဟူးနေ့ )
နံနက် (၂း၃၀) ဘင်ဖီကာ Vs ရီးရဲလ်မက်ဒရစ်
နံနက် (၂း၃၀) ဒေါ့မွန် Vs အတ္တလန်တာ
နံနက် (၂း၃၀) မိုနာကို Vs PSG
၁၉ - ၂ - ၂၀၂၆ (ဗုဒ္ဓဟူးနေ့ )
နံနက် (၂း၃၀) ကလပ်ဘရူ Vs အက်သလက်တီကို

Zawgyi Version;
(၁၆)သင္းရႈံးထြက္အဆင့္အတြက္ တိုက္ပြဲဝင္ဖို႔ရွိေနတဲ့ ခ်န္ပီယံလိဂ္ အင္အားႀကီးကလပ္မ်ား
ရဲထက္ (NP News) - ေဖေဖာ္ဝါရီ ၁၆
(၂၀၂၅ - ၂၀၂၆) ခုႏွစ္အတြက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကေတာ့ (၁၆)အသင္း ရႈံးထြက္အဆင့္ကို တက္ ေရာက္ထားတဲ့ အသင္း(၈)သင္းျဖစ္တဲ့ အာဆင္နယ္၊ ဘိုင္ယန္ျမဴးနစ္၊ စပို႔တင္း၊ မန္စီးတီး၊ ဘာစီလိုနာ၊ ခ်ဲလ္ဆီး၊ လီဗာပူးလ္နဲ႔ စပါးစ္အသင္းတို႔ရရွိထားၿပီျဖစ္ပါတယ္။ ဒါေပမဲ့ (၁၆)ရႈံးထြက္အဆင့္ကို ထပ္မံ တက္လွမ္းႏိုင္ဖို႔ အသင္း(၈)သင္း လိုအပ္‌ေနတဲ့အေနအထားမွာ ေနာက္ထပ္ဘယ္အသင္းေတြက ခ်န္ပီ ယံလိဂ္ရဲ႕ (၁၆)သင္းရႈံးထြက္အဆင့္ကို တက္လွမ္းသြားႏိုင္မလဲဆိုတာက တကယ္ကိုစိတ္ဝင္စားစရာ ေကာင္းတဲ့ပြဲစဥ္ေတြျဖစ္လာဖို႔ရွိေနပါတယ္။ ဒါ့ျပင္ ခ်န္ပီယံလိဂ္ရဲ႕ အေအာင္ျမင္ဆုံးအသင္းျဖစ္တဲ့ ရီး ရဲလ္မက္ဒရစ္အသင္းအေနနဲ႔ လက္ရွိခ်န္ပီယံလိဂ္ရဲ႕ ခ်န္ပီယံအသင္းျဖစ္တဲ့ PSG အသင္းတို႔ကလည္း (၁၆)သင္းရႈံးထြက္အဆင့္ကို PlayOffs ျပန္ကစားရဖို႔ရွိေနတာေၾကာင့္ ေစာင့္ၾကည့္ခ်င္စရာေကာင္းတဲ့ ပြဲေကာင္းေတြျဖစ္လာဖို႔လည္းရွိေနပါတယ္။ ဒါေၾကာင့္ NP News ကေန ခ်န္ပီယံ လိဂ္ပြဲစဥ္ PlayOffs ပြဲစဥ္ေတြထဲက အေကာင္းဆုံးပြဲစဥ္ေတြကို ေ႐ြးခ်ယ္သုံးသပ္ေပးသြားခ်င္ပါတယ္။

ဘင္ဖီကာ Vs ရီးရဲလ္မက္ဒရစ္

ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘင္ဖီကာ ၄-၂ ရီးရဲလ္မက္ဒရစ္(၂၉ -၁-၂၀၂၆))
ဘင္ဖီကာ ၅-၂ ရီးရဲလ္မက္ဒရစ္ (၂၈ - ၇ -၂၀၁၂)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဘင္ဖီကာ ၂ - ၂ ရီးရဲလ္မက္ဒရစ္
ဘင္ဖီကာ ၂ - ၃ ရီးရဲလ္မက္ဒရစ္

ဒီႏွစ္သင္းရဲ႕ ပြဲစဥ္ကေတာ့ ခ်န္ပီယံလိဂ္ ညခ်မ္းရဲ႕ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္လာႏိုင္တဲ့ ပြဲေကာင္းတစ္ပြဲျဖစ္လာဖို႔ရွိေနပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းဟာ ဒီရာသီမွာ အမ္ ဘတ္ပီရဲ႕ ေျခစြမ္းေတြေကာင္းလာတယ္ဆိုေပမယ့္ နည္းျပအလြန္ဆိုလက္ထက္မွာ ေျခစြမ္းပိုင္းသိသိ သာသာက်ဆင္းသြားခဲ့ၿပီး ျပည္တြင္းဖလား(၂)လုံးျဖစ္တဲ့ စပိန္ဘုရင့္ဖလားနဲ႔ ကိုပါဒယ္ေရးဖလားတို႔ကို ခါးသီးၿပိဳင္ဘက္ ဘာစီလိုနာအသင္းဆီကို လက္လႊတ္ ထားခဲ့ရတာျဖစ္ပါတယ္။ အဲဒီေနာက္ နည္းျပ အလြန္ဆိုကို နည္းျပရာထူးကေနထုတ္ပယ္ၿပီးေနာက္ပိုင္းမွာေတာ့ ႏိုင္ပြဲေတြဆက္ေနတဲ့အသင္းျဖစ္ပါ တယ္။ ဒါေပမဲ့ ခ်န္ပီယံလိဂ္မွာေတာ့ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး ဘင္ဖီကာအသင္းနဲ႔ ယွဥ္ၿပိဳင္မယ့္ (၁၆) ရႈံး ထြက္အဆင့္ကို တက္လွမ္းႏိုင္မယ့္ အိမ္ကြင္း-အေဝးကြင္းပြဲစဥ္ေတြမွာ ရလဒ္ေကာင္းတစ္ခုရရွိေအာင္ ပုံ ေဖာ္ႏိုင္ဖို႔လိုအပ္ေနပါတယ္။ တကယ္လို႔သာ စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိရင္ေတာ့ ခ်န္ပီယံလိဂ္ရဲ႕ အေအာင္ ျမင္ဆုံး အသင္းတစ္သင္းျဖစ္တဲ့ ရီးရဲလ္မက္ ဒရစ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္မွာ အုပ္စုအဆင့္နဲ႔ပဲ လွည့္ ျပန္ခဲ့ရေတာ့မယ့္ မွတ္တမ္းဆိုးတစ္ခုကို ပိုင္ဆိုင္သြားမွာလည္းျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ရဲ႕ အဓိက ျပႆနာက အမ္ဘတ္ပီနဲ႔ ဗီနစ္ဇီယက္တို႔ၾကားက အခ်ိတ္အဆက္မမိမႈေတြအျပင္ နည္းျပအလြန္ဆို လက္ထက္က လူငယ္ေတြကို ေနရာေပးမႈ မ်ားျပားလြန္တာကလည္း အသင္းရဲ႕ပုံရိပ္ကို အနည္းငယ္ ထိခိုက္ခဲ့သလို ျဖစ္ေစခဲ့ပါတယ္။ ဒါ့ျပင္ နည္းျပနဲ႔ ကစားသမားေတြၾကားက အဆင္မေျပမႈေတြေၾကာင့္ လည္း ဒီရာသီမွာ ၿပိဳင္ပြဲစုံအျပင္ ျပည္တြင္းလာလီဂါဖလားၿပိဳင္ပြဲမွာပါ ဘာစီလိုနာအသင္းနဲ႔ အၿပိဳင္ အဆိုင္ ျဖစ္ေနပါတယ္။ ဘင္ဖီကာအသင္းကလည္း ခ်န္ပီယံလိဂ္မွာ အစဥ္အလာရွိတဲ့ အသင္းျဖစ္တဲ့ အျပင္ ေပၚတူဂီလိဂ္မွာလည္း ခ်န္ပီယံလမ္းေၾကာင္းေပၚမွာရွိ ေနတဲ့အသင္းျဖစ္ပါတယ္။ ဒါ့ျပင္ ရီးရဲလ္ မက္ဒရစ္ အသင္းနဲ႔ ဒီရာသီမွာ အုပ္စုတြင္းပြဲစဥ္ထိပ္တိုက္ေတြ႕ဆုံမႈမွာ (၄)ဂိုး(၂)ဂိုးနဲ႔ အႏိုင္ရရွိထားတာ ေၾကာင့္ ဒီတစ္ႀကိမ္ေတြ႕ဆုံမႈမွာ ရလဒ္ေကာင္းတစ္ခုကို ႏွစ္ သင္းလုံးအတြက္ အခြင့္အေရးရွိေနပါတယ္။ ဒါေၾကာင့္ ႏွစ္သင္းရဲ႕ ပထမအေက်ာ့ ပြဲစဥ္က ဘင္ဖီကာ အိမ္ကြင္းျဖစ္တာေၾကာင့္ ရီးရဲလ္မက္ဒရစ္ အေနနဲ႔ ႏိုင္ပြဲရဖို႔ခက္ခဲလာဖြယ္ရွိၿပီး ႏိုင္မယ္ဆိုရင္ေတာင္ (၁)ဂိုးအကြာနဲ႔သာ ကပ္ႏိုင္ပါမယ္။ အျပန္ အလွန္ သြင္းဂိုးႏိုင္ၿပီး သေရလည္းက်သြားႏိုင္ပါတယ္။


မိုနာကို Vs PSG
ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မိုနာကို ၄ - ၂ PSG (၂၉ - ၁၁ -၂၀၂၅)
PSG ၄ - ၁ မိုနာကို (၈ - ၂ -၂၀၂၅)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မိုနာကို ၁ - ၂ PSG
မိုနာကို ၁ - ၃ PSG

ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက ျပင္သစ္လီဂူးရဲ႕အသင္းႀကီးႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံေနတဲ့ အသင္းေတြျဖစ္ပါတယ္။ PSG အသင္းဟာ ေျခစြမ္းပိုင္းအရၾကည့္ရင္ ဒီရာသီမွာ ျပည္တြင္းလိဂ္ ၿပိဳင္ပြဲျဖစ္ တဲ့ လီဂူးမွာ ရမွတ္(၂)မွတ္သာ ျဖတ္ထားႏိုင္ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာလည္း (၁၆)သင္းရႈံးထြက္အဆင့္ကို တိုက္႐ိုက္ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ျခင္းမရွိတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္က ေျခစြမ္းပိုင္းေတြကို ျပန္လည္ ရရွိႏိုင္ဖို႔ မေသခ်ာတဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။ ဒါ့ျပင္ PSG အသင္းဟာ ပရီးမီးယားလိဂ္ ကလပ္ အသင္းေတြနဲ႔ ရင္ဆိုင္ရာမွာ ႏိုင္ပြဲရဖို႔ခက္ခဲေနတတ္တာကိုေတြ႕ရၿပီး ဒီရာသီမွာ ပရီးမီးယားလိဂ္ ကလပ္ အသင္း(၄)သင္းအထိ (၁၆)သင္း ရႈံးထြက္အဆင့္မွာ ပါဝင္ေနတဲ့အျပင္ Playoffs ၿပိဳင္ မယ့္အသင္းေတြထဲ မွာလည္း ပရီးမီးယားလိဂ္အသင္း(၁)သင္းပါဝင္ ေနပါတယ္။ ဒါေၾကာင့္ PSG အသင္းရဲ႕ ဒီရာသီခ်န္ပီယံ လိဂ္ ခရီးလမ္းဟာ ထင္သေလာက္လြယ္ကူေနမွာ မဟုတ္တာ ေသခ်ာေနပါတယ္။ ဒါေပမဲ့ နည္းျပ အင္းန ရစ္ လက္ထက္မွာ အေကာင္းဆုံးအျမင့္ပ်ံႏိုင္ခဲ့တဲ့အျပင္ ခ်န္ပီယံလိဂ္ ဆုဖလားကိုပါ အသင္းရဲ႕ သမိုင္း တစ္ေလွ်ာက္ပထမဆုံးရယူႏိုင္ခဲ့တဲ့ PSG အသင္းအေနနဲ႔ လက္ရွိလူစာရင္းမွာလည္း ခ်န္ပီယံလိဂ္ ရရွိခဲ့ ခ်ိန္က ကစားသမားအမ်ားစု ရွိေနေသးတာကို ေတြ႕ရပါတယ္။ ေနာက္တစ္ခ်က္က PSG အသင္းဟာ ျပည္တြင္း လိဂ္ၿပိဳင္ပြဲက အသင္းေတြကို ႏိုင္ပြဲ ပိုရထားတဲ့အျပင္ ထိပ္တိုက္ေတြ႕ဆုံမႈတိုင္းမွာလည္း အိမ္ကြင္းေရာ အေဝးကြင္းမွာပါ ေျခစြမ္းအသာနဲ႔ကစားၿပီး ႏိုင္ပြဲရေလ့ရွိတာကို ေတြ႕ရပါတယ္။ မိုနာကို အသင္းအေနနဲ႔ လည္း PSG အသင္းကို ျပင္သစ္စူပါဖလားၿပိဳင္ပြဲမွာ အရႈံးေပးခဲ့ရၿပီး ဖလားကို လက္လႊတ္ လိုက္ရတာေၾကာင့္ အခုလို ထိပ္တိုက္ေတြ႕ဆုံမွာ PSG အသင္းကို ျဖဳတ္ခ်ႏိုင္ဖို႔ ေျခကုန္ထုတ္ကစား လာ ဖို႔ရွိေနပါတယ္။ ဒီပြဲစဥ္က (၁၆)သင္းရႈံးထြက္ အဆင့္ကို တက္လွမ္းႏိုင္ဖို႔ဆိုတာေတြအျပင္ ျပည္တြင္းလိဂ္ က အသင္းႏွစ္သင္းရဲ႕ ျပင္းထန္ၿပိဳင္ဆိုင္မႈေတြကို ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ ပထမအေက်ာ့ ပြဲစဥ္မွာ အျပန္အလွန္သြင္းဂိုးေတြကို ျမင္ေတြ႕ရဖို႔ရွိေနၿပီး (၁)ဂိုးေလာက္အကြာနဲ႔သာ PSG အသင္းက ႏိုင္ ပါမယ္။

ေဒါ့မြန္ Vs အတၱလန္တာ
ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
အတၱလန္တာ ၁ - ၁ ေဒါ့မြန္ (၂၃ - ၂ -၂၀၁၈)
ေဒါ့မြန္ ၃ - ၂ အတၱလန္တာ (၁၆ - ၂ -၂၀၁၈)

NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ေဒါ့မြန္ ၂ - ၁ အတၱလန္တာ
ေဒါ့မြန္ ၃ - ၂ အတၱလန္တာ

ေဒါ့မြန္အသင္းက ဘြန္ဒက္လီဂါမွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အၿပိဳင္ ခ်န္ပီယံဆုကို အနီးကပ္ ဖိအားေပးေနတဲ့အသင္းျဖစ္ၿပီး အတၱလန္တာ အသင္းကေတာ့ အီတလီ စီးရီးေအမွာ ေျခစြမ္းေကာင္း ေတြ ျပသထားႏိုင္ၿပီး ဥေရာပဝင္ခြင့္တစ္ေနရာကို ရယူထားတဲ့အသင္းေတြျဖစ္ပါတယ္။ ဒါ့ျပင္ ႏွစ္သင္း လုံးဟာ ခ်န္ပီယံလိဂ္မွာ တူတူတန္တန္ ေျခစြမ္ေကာင္းေတြ ျပသထားႏိုင္တဲ့အသင္းေတြျဖစ္ၿပီး ေဒါ့မြန္ အသင္းကေတာ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို (၂၀၂၄) ခုႏွစ္မွာ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္ အသင္းကို ရႈံးနိမ့္ခဲ့တာေၾကာင့္ ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခဲ့ရတဲ့အသင္းျဖစ္ပါတယ္။ ေဒါ့မြန္အသင္းဟာ လူငယ္ အရည္အေသြးျမင့္ ကစားသမားေကာင္းမ်ားစြာကို ေမြးထုတ္ေပးေနတဲ့အသင္းျဖစ္ၿပီး လီဝန္ ေဒါစကီး၊ ဟာလန္း၊ ဘယ္လင္ဟမ္၊ ဆန္ခ်ိဳတို႔အျပင္ အျခားေသာ ကစားသမားေကာင္းေတြကိုပါ ေမြး ထုတ္ေပးႏိုင္ခဲ့တဲ့ ကလပ္အသင္းလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ေဒါ့မြန္အသင္းအေနနဲ႔ ဒီရာသီမွာ ျပည္တြင္း ဖလားၿပိဳင္ပြဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အၿပိဳင္ ခ်န္ပီယံဆုကို စိန္ေခၚႏိုင္ဖို႔ရွိေနတဲ့အျပင္ ခ်န္ပီယံလိဂ္ မွာလည္း (၁၆)သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ဖို႔ ႀကိဳးစားကစားရဖို႔ရွိေနပါတယ္။ အတၱလန္တာ အသင္းကေတာ့ ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ကို ဒီရာသီမွာ ျပန္လည္ယွဥ္ ၿပိဳင္ခြင့္ ရရွိထားတဲ့အသင္းလည္းျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာေတာ့ သာမန္ေျခစြမ္းေလာက္သာ ျပထားႏိုင္တဲ့အသင္း လို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ ေဒါ့မြန္အသင္းထက္ ေျခစြမ္းပိုင္းမွာေရာ ရလဒ္ပိုင္းမွာပါ လိုအပ္ခ်က္ရွိ ေနတဲ့ အသင္းျဖစ္ၿပီး အီတလီစီးရီးေအမွာလည္း ဥေရာပဝင္ခြင့္ရရွိဖို႔ ႐ုန္းကန္ေနရတဲ့အသင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ရဲ႕ ပထမအေက်ာ့ ထိပ္တိုက္ေတြ႕ဆုံမႈမွာေတာ့ အိမ္ကြင္းအားသာခ်က္ရွိေနတဲ့ ေဒါ့မြန္ အသင္းက အသားစီးရယူႏိုင္ဖို႔ရွိေနၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ ေဒါ့မြန္အသင္းက (၁)ဂိုး ေလာက္ အကြာနဲ႔ ႏိုင္ပါမယ္။

ကလပ္ဘ႐ူ Vs အက္သလက္တီကို

ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ကလပ္ဘ႐ူ ဝ- ဝ အက္သလက္(၁၂-၁၀ -၂၀၂၂)
ကလပ္ဘ႐ူ ၂ - ဝ အက္သလက္(၅ - ၁၀ -၂၀၂၂)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ကလပ္ဘ႐ူ ၁ -၁ အက္သလက္တီကို
ကလပ္ဘ႐ူ ၂ - ၂ အက္သလက္တီကို

စပိန္လာလီဂါရဲ႕ အသင္းေကာင္း တစ္သင္းျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္အသင္းဟာ ခ်န္ပီ ယံလိဂ္မွာ ၾကမ္းတမ္းတဲ့ကစားပုံနဲ႔ ဖ်က္ထုတ္ မႈေတြေၾကာင့္ ၿပိဳင္ဘက္အသင္းေတြအတြက္ႏိုင္ ပြဲရဖို႔ ခက္ခဲတဲ့အသင္းအျဖစ္ အသိအမွတ္ျပဳရေလာက္တဲ့အထိ မာေက်ာတဲ့အသင္းျဖစ္ပါတယ္။ နည္းျပ ဆီႁမြန္နီလက္ထက္မွာ အေကာင္းဆုံးေသာ ေျခစြမ္းေတြနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ကို ေက်ာ္ ျဖတ္ျပၿပီး လာလီဂါခ်န္ပီယံဆုကို ရယူထားတဲ့အသင္းလည္းျဖစ္ပါတယ္။ ကလပ္ဘ႐ူ အသင္းကေတာ့ ဘယ္လ္ဂ်ီယံလိဂ္နဲ႔ အသင္းေကာင္းတစ္သင္းျဖစ္ၿပီး ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာလည္း ခ်န္ပီယံဆုကို စိန္ ေခၚေနတဲ့အသင္းျဖစ္ပါတယ္။ ဒါေၾကာင့္ ပထမအေက်ာ့ ပြဲစဥ္မွာ ကလပ္ဘ႐ူအသင္းရဲ႕ အိမ္ကြင္း ျဖစ္ တာေၾကာင့္ အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်ဖို႔မ်ားၿပီး ဒုတိယအေက်ာ့ေရာက္မွသာ ပြဲအေျဖကို အဆုံးအျဖတ္ေပးႏိုင္မွာျဖစ္ပါတယ္။

၁၈ - ၂ - ၂၀၂၆ (ဗုဒၶဟူးေန႔ )
နံနက္ (၂း၃၀) ဘင္ဖီကာ Vs ရီးရဲလ္မက္ဒရစ္
နံနက္ (၂း၃၀) ေဒါ့မြန္ Vs အတၱလန္တာ
နံနက္ (၂း၃၀) မိုနာကို Vs PSG
၁၉ - ၂ - ၂၀၂၆ (ဗုဒၶဟူးေန႔ )
နံနက္ (၂း၃၀) ကလပ္ဘ႐ူ Vs အက္သလက္တီကို

Related news

© 2021. All rights reserved.