ဖားကန့်မြို့နယ်ရှိ ကဋေမှော်မြေစာပုံပြိုကျပြီး လူ (၂၀) ခန့် ပျောက်ဆုံးနေ

379

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကဋေမှော်ကျေးရွာရှိ မြေစာပုံပြိုကျပြီး လူ (၂၀) ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၁၆ ရက်)၊ ည ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကဋေမှော်ကျေးရွာအနီးရှိ မြေစာပုံတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြေစာပုံက KIA ရဲ့ခိုးကျင်း။ ဟိုတစ်နေ့ကတောင် တူးနေတာ။ သူတို့မြေစာပုံပြိုကျပြီးတော့ မြေစာပုံမှာ ရေမဆေးရှာတဲ့ ကလေးတွေ အယောက် (၂၀) ပါသွားတယ်ပြောတယ်။ ပြီးရင် လောလောဆယ်ဆယ် ဘာမှကယ်ဆယ်ရေးမလုပ်နိုင်သေးဘူး။ ဟိုမွှေဒီမွှေနဲ့ ဟန်ပြလောက်ပဲ။ ဒီအတိုင်းဆို အကုန်သေသွားနိုင်တယ်။ မြေစာပုံက ဒေါင်လိုက်ကြီးပြိုကျတာဆိုတော့လေ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါပြိုကျခဲ့သည့် မြေစာပုံမှာ ပေ(၅၀)ခန့်အမြင့်ရှိသည့်မြေစာပုံဖြစ်ပြီး လက်ရှိတွင် ပြိုကျမှုအတွင်းပိမိသွားသည့် လူ (၂၀) ခန့်ကို ရှာဖွေကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေသော်လည်း ပြန်လည်ရရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရသည်။
“စက်ယန္တယားပေါင်းများစွာနဲ့ အချိန်ပေးပြီးတူးဖော်မှရနိုင်မယ့်ကိစ္စမို့ ဘယ်သူကမှ ဒီလောက်အကုန်အကျခံပြီး ပြန်တူးဖော်ပေးမှာ မဟုတ်ပါဘူး။ သွေးပျက်ဖွယ် ညတစ်ခုတော့ ဖြစ်ပျက်ခဲ့ပါပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးကလည်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြရေးသားထားသည်ကို တွေ့ရသည်။

Zawgyi Version;
ဖားကန႔္ၿမိဳ႕နယ္ရွိ ကေဋေမွာ္ေျမစာပုံၿပိဳက်ၿပီး လူ (၂၀) ခန႔္ ေပ်ာက္ဆုံးေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၇
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ ကေဋေမွာ္ေက်း႐ြာရွိ ေျမစာပုံၿပိဳက်ၿပီး လူ (၂၀) ခန႔္ ေပ်ာက္ဆုံးေနေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၆ ရက္)၊ ည ၉ နာရီခြဲဝန္းက်င္အခ်ိန္ခန႔္က ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအုပ္စု၊ ကေဋေမွာ္ေက်း႐ြာအနီးရွိ ေျမစာပုံတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ေျမစာပုံက KIA ရဲ႕ခိုးက်င္း။ ဟိုတစ္ေန႔ကေတာင္ တူးေနတာ။ သူတို႔ေျမစာပုံၿပိဳက်ၿပီးေတာ့ ေျမစာပုံမွာ ေရမေဆးရွာတဲ့ ကေလးေတြ အေယာက္ (၂၀) ပါသြားတယ္ေျပာတယ္။ ၿပီးရင္ ေလာေလာဆယ္ဆယ္ ဘာမွကယ္ဆယ္ေရးမလုပ္ႏိုင္ေသးဘူး။ ဟိုေမႊဒီေမႊနဲ႔ ဟန္ျပေလာက္ပဲ။ ဒီအတိုင္းဆို အကုန္ေသသြားႏိုင္တယ္။ ေျမစာပုံက ေဒါင္လိုက္ႀကီးၿပိဳက်တာဆိုေတာ့ေလ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
အဆိုပါၿပိဳက်ခဲ့သည့္ ေျမစာပုံမွာ ေပ(၅၀)ခန႔္အျမင့္ရွိသည့္ေျမစာပုံျဖစ္ၿပီး လက္ရွိတြင္ ၿပိဳက်မႈအတြင္းပိမိသြားသည့္ လူ (၂၀) ခန႔္ကို ရွာေဖြကယ္ဆယ္မႈမ်ား ဆက္တိုက္လုပ္ေဆာင္ေနေသာ္လည္း ျပန္လည္ရရွိရန္ ခက္ခဲေနဆဲျဖစ္ေၾကာင္း သိရသည္။
“စက္ယႏၲယားေပါင္းမ်ားစြာနဲ႔ အခ်ိန္ေပးၿပီးတူးေဖာ္မွရႏိုင္မယ့္ကိစၥမို႔ ဘယ္သူကမွ ဒီေလာက္အကုန္အက်ခံၿပီး ျပန္တူးေဖာ္ေပးမွာ မဟုတ္ပါဘူး။ ေသြးပ်က္ဖြယ္ ညတစ္ခုေတာ့ ျဖစ္ပ်က္ခဲ့ပါၿပီ” ဟု ေဒသခံအမ်ိဳးသားတစ္ဦးကလည္း ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖာ္ျပေရးသားထားသည္ကို ေတြ႕ရသည္။