ဖေဖော်ဝါရီလအတွင်း ယူကရိန်းရွာတစ်ဒါဇင်လောက်ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှားစစ်ဘက်ပြော

155

Pika (NP News) - ဖေဖော်ဝါရီ ၁၇
ဖေဖော်ဝါရီလအတွင်းမှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းရဲ့အရှေ့ပိုင်းမှာရှိတဲ့ ရွာပေါင်း(၁)ဒါဇင်လောက်ကို သိမ်းပိုက် နိုင်ခဲ့တယ်လို့ ရုရှားစစ်တပ်အကြီးအကဲ Valery Gerasimov က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်ရဲ့ကြားဝင်စေ့စပ်ပေးမှုတွေနဲ့အတူ ရုရှားနဲ့ယူကရိန်းကြားလုပ်ဆောင်မယ့် နောက်ထပ်ဆွေးနွေးပွဲ မတိုင်ခင် Valery Gerasimov ရဲ့ပြောဆိုချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ Valery Gerasimov “ဖေဖော်ဝါရီလရဲ့သီတင်းပတ်(၂)ပတ်အတွင်းမှာ ဆောင်းရာသီအခြေအနေက ပြင်းထန်နေပေမယ့်လည်း ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်းက ရွာပေါင်းတစ်ဒါဇင်လောက်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါ တယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားလာတာဟာ အချိန်(၄)နှစ်ပြည့်တော့မှာဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဘက် စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေကို ရယူနိုင်တာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနဲ့ယူကရိန်းတို့ဟာ ဆွေးနွေးပွဲတွေကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ပေမယ့်လည်း အကျဉ်းသားအပြန်အလှန် လဲလှယ်ရေးနဲ့သေဆုံးခဲ့တဲ့စစ်သားတွေရဲ့ရုပ်အလောင်းတွေ အပြန်အလှန်ပေးအပ်ရေးစတဲ့ သဘောတူညီချက်တွေကိုပဲ ရယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ေဖေဖာ္ဝါရီလအတြင္း ယူကရိန္း႐ြာတစ္ဒါဇင္ေလာက္ကို သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ ႐ုရွားစစ္ဘက္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၇
ေဖေဖာ္ဝါရီလအတြင္းမွာ ႐ုရွားတပ္ဖြဲ႕ေတြက ယူကရိန္းရဲ႕အေရွ႕ပိုင္းမွာရွိတဲ့ ႐ြာေပါင္း(၁)ဒါဇင္ေလာက္ကို သိမ္းပိုက္ ႏိုင္ခဲ့တယ္လို႔ ႐ုရွားစစ္တပ္အႀကီးအကဲ Valery Gerasimov က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ရဲ႕ၾကားဝင္ေစ့စပ္ေပးမႈေတြနဲ႔အတူ ႐ုရွားနဲ႔ယူကရိန္းၾကားလုပ္ေဆာင္မယ့္ ေနာက္ထပ္ေဆြးေႏြးပြဲ မတိုင္ခင္ Valery Gerasimov ရဲ႕ေျပာဆိုခ်က္ေတြထြက္ေပၚလာတာပဲျဖစ္ပါတယ္။ Valery Gerasimov “ေဖေဖာ္ဝါရီလရဲ႕သီတင္းပတ္(၂)ပတ္အတြင္းမွာ ေဆာင္းရာသီအေျခအေနက ျပင္းထန္ေနေပမယ့္လည္း ႐ုရွားတပ္ဖြဲ႕ေတြက ယူကရိန္းအေရွ႕ပိုင္းက ႐ြာေပါင္းတစ္ဒါဇင္ေလာက္ကို သိမ္းပိုက္ႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါ တယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားလာတာဟာ အခ်ိန္(၄)ႏွစ္ျပည့္ေတာ့မွာျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဘက္ စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြကို ရယူႏိုင္တာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေဆြးေႏြးပြဲေတြကို အႀကိမ္ႀကိမ္လုပ္ေဆာင္ခဲ့ေပမယ့္လည္း အက်ဥ္းသားအျပန္အလွန္ လဲလွယ္ေရးနဲ႔ေသဆုံးခဲ့တဲ့စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ အျပန္အလွန္ေပးအပ္ေရးစတဲ့ သေဘာတူညီခ်က္ေတြကိုပဲ ရယူႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။