နာဂဒေသတွင် ဆရာဝန်လိုအပ်ချက်များရှိပါက ထပ်မံစေလွှတ်ပေးမည်

 134

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသတွင် ဆရာဝန်လိုအပ်ချက်များရှိပါက ထပ်မံစေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(ဖေဖော်ဝါရီ ၁၆ ရက်) မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား သက်ဆိုင်ရာခန်းမများ၌ သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
လဟယ်မြို့နယ်ဆေးရုံအတွက် ဆရာဝန်လိုအပ်ချက်နှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ်မှစတင်၍ နာဂဒေသအတွက် ဆရာဝန်လိုအပ်ချက်များ ရှိခြင်းကြောင့် တပ်မတော်အထူးကုဆရာဝန်များကို စေလွှတ်ပေးခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် လိုအပ်ချက်များရှိပါက မိမိတို့အနေဖြင့် ထပ်မံစေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ဆေးရုံရှိပါက ဆရာဝန်ရှိရမည်ဖြစ်သဖြင့် ဆရာဝန်များ ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း နှင့် ဆေးရုံအတွက် လိုအပ်သည့် ကုသရေးဆိုင်ရာပစ္စည်းများကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
စာသင်ကျောင်းများအတွက်လည်း ဆရာ၊ ဆရာမများ လိုအပ်မှုနှင့်ပတ်သက်၍ အလယ်တန်းပြဆရာ၊ ဆရာမများ ပိုမိုလိုအပ်လျက်ရှိသည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် နာဂဒေသအတွင်း ပညာရေးနှင့်ပတ်သက်၍ ပညာတတ်များပေါကြွယ်ဝစေရေး ပညာရေးကို အားပေးဆောင်ရွက်သွားကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
စာရင်းဇယားများအရ တန်းစဉ်ကူးပြောင်းမှုများ နည်းပါးသည်ကို တွေ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ပညာသင်ကြားရာတွင် ဘာသာစကားအရ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် လူကြီးမိဘများ၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစကားကို ကလေးငယ်များ တတ်ကျွမ်းစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပြီး သို့မှသာ ပညာသင်ကြားမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
အလားတူ အချို့ကျောင်းနေအရွယ်ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန် ပျက်ကွက်နေကြသည်ကိုတွေ့ရကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထို့ကြောင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအားလုံး အတန်းပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ပေးကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

Zawgyi Version;
နာဂေဒသတြင္ ဆရာဝန္လိုအပ္ခ်က္မ်ားရွိပါက ထပ္မံေစလႊတ္ေပးမည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁၇
စစ္ကိုင္းတိုင္းေဒသႀကီး၊ နာဂေဒသတြင္ ဆရာဝန္လိုအပ္ခ်က္မ်ားရွိပါက ထပ္မံေစလႊတ္ေပးသြားမည္ျဖစ္ေၾကာင္း ယာယီသမၼတႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၆ ရက္) မြန္းလြဲပိုင္းက နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ လဟယ္ၿမိဳ႕ႏွင့္ ေလရွီးၿမိဳ႕တို႔ရွိ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕မိၿမိဳ႕ဖမ်ားအား သက္ဆိုင္ရာခန္းမမ်ား၌ သီးျခားစီေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားအား ေဆြးေႏြးေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
လဟယ္ၿမိဳ႕နယ္ေဆး႐ုံအတြက္ ဆရာဝန္လိုအပ္ခ်က္ႏွင့္ပတ္သက္၍ ၂၀၁၂ ခုႏွစ္မွစတင္၍ နာဂေဒသအတြက္ ဆရာဝန္လိုအပ္ခ်က္မ်ား ရွိျခင္းေၾကာင့္ တပ္မေတာ္အထူးကုဆရာဝန္မ်ားကို ေစလႊတ္ေပးခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ လိုအပ္ခ်က္မ်ားရွိပါက မိမိတို႔အေနျဖင့္ ထပ္မံေစလႊတ္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ေဆး႐ုံရွိပါက ဆရာဝန္ရွိရမည္ျဖစ္သျဖင့္ ဆရာဝန္မ်ား ခန႔္အပ္ေပးသြားမည္ျဖစ္ေၾကာင္း ႏွင့္ ေဆး႐ုံအတြက္ လိုအပ္သည့္ ကုသေရးဆိုင္ရာပစၥည္းမ်ားကိုလည္း တတ္ႏိုင္သမွ် ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
စာသင္ေက်ာင္းမ်ားအတြက္လည္း ဆရာ၊ ဆရာမမ်ား လိုအပ္မႈႏွင့္ပတ္သက္၍ အလယ္တန္းျပဆရာ၊ ဆရာမမ်ား ပိုမိုလိုအပ္လ်က္ရွိသည္ကို ေတြ႕ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ဆရာ၊ ဆရာမမ်ား ျဖည့္ဆည္းေပးႏိုင္ေရး ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ နာဂေဒသအတြင္း ပညာေရးႏွင့္ပတ္သက္၍ ပညာတတ္မ်ားေပါႂကြယ္ဝေစေရး ပညာေရးကို အားေပးေဆာင္႐ြက္သြားၾကေစလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
စာရင္းဇယားမ်ားအရ တန္းစဥ္ကူးေျပာင္းမႈမ်ား နည္းပါးသည္ကို ေတြ႕ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ပညာသင္ၾကားရာတြင္ ဘာသာစကားအရ အခက္အခဲမ်ားျဖစ္ေပၚလ်က္ရွိသည္ကို ေတြ႕ရွိရသျဖင့္ လူႀကီးမိဘမ်ား၊ တာဝန္ရွိသူမ်ားအေနျဖင့္လည္း မိမိတို႔ႏိုင္ငံ၏ ႐ုံးသုံးဘာသာစကားျဖစ္သည့္ ျမန္မာစကားကို ကေလးငယ္မ်ား တတ္ကြၽမ္းေစေရး ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကေစလိုၿပီး သို႔မွသာ ပညာသင္ၾကားမႈကို အေထာက္အကူျပဳႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
အလားတူ အခ်ိဳ႕ေက်ာင္းေနအ႐ြယ္ကေလးငယ္မ်ားသည္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာသင္ၾကားရန္ ပ်က္ကြက္ေနၾကသည္ကိုေတြ႕ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထို႔ေၾကာင့္ အုပ္ခ်ဳပ္ေရးဆိုင္ရာအဖြဲ႕အစည္းမ်ားအေနျဖင့္ ေက်ာင္းေနအ႐ြယ္ ကေလးငယ္မ်ားအားလုံး အတန္းပညာသင္ၾကားႏိုင္ေရး ဝိုင္းဝန္းတိုက္တြန္း ေဆာင္႐ြက္ေပးၾကေစလိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.