စက်ဆီချောဆီများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်များရရှိရေး ဆောင်ရွက်ရန်တိုက်တွန်း

 408

ထိုက်စံ(NP News)-ဖေဖော်ဝါရီ ၁၇
စက်ဆီချောဆီများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်များရရှိရေး ဆောင်ရွက်ရန် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းက တိုက်တွန်းပြောကြားထားသည်။

ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းသည် ပြီးခဲ့သည့်(ဖေဖော်ဝါရီ ၁၄ ရက်)က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်ရှိ Energetic Alliance Petroleum Products Co., Ltd. နှင့် Hein Engineering Co., Ltd. တို့၏ စက်ဆီချောဆီရောစပ်စက်ရုံနှင့် သီလဝါအထူး စီးပွားရေးဇုန်ရှိ Pacific-PSP Syntech Co., Ltd. ၏ စက်ဆီချောဆီရောစပ်စက်ရုံများသို့ သွားရောက်၍ ပြည်ပမှ စက်မှုကုန်ကြမ်းတင်သွင်းကာ ပြည်တွင်း၌ စက်ဆီချောဆီရောစပ်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် စက်ဆီချောဆီအရည်အသွေးမပြည့်မီမှုသည် လယ်ယာနှင့် စက်မှုကဏ္ဍသုံး စက်ပစ္စည်း၊ ယန္တရားများ၊ မော်တော်ယာဉ်များ၏ စွမ်းဆောင်ရည်နှင့် ရေရှည်အသုံးပြုနိုင်မှုအပေါ် ထိခိုက်မှုများစွာရှိလာမည်ဖြစ်သဖြင့် စက်ဆီချောဆီများ၏ အရည်အသွေးပြည့်မီရေးသည် အရေးကြီးကြောင်း ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကုန်ကြမ်းပစ္စည်းများမှာယူရာတွင် အရည်အသွေးမှန်ကန်မှုဆိုင်ရာ အထောက်အထား၊ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များနှင့်အတူ စနစ်တကျစာချုပ်ချုပ်ဆိုဝယ်ယူရေး အလေးထားဆောင်ရွက်ကြရန် နှင့် ကုန်ကြမ်းပစ္စည်းများအား စနစ်တကျသိုလှောင်ခြင်း၊ ရောစပ်ထုတ်လုပ်ရာတွင် အတည်ပြုထားသော Formula နှင့်အညီ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်သည့်ကုန်ချောများ၏ အရည်အသွေးတစ်သမတ်တည်းဖြစ်စေရေး စစ်ဆေးကြပ်မတ်သွား ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ သတ်မှတ်ထားသည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေးဓာတ်ခွဲခန်းတွင် အလေးထားစစ်ဆေးကြသည့်အတွက် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း များ၏ အရည်အသွေးနှင့်စံ မှန်ကန်မှုရှိစေရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ထုတ်လုပ်သည့် ကုန်ပစ္စည်းများအား ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာအသိအမှတ် ပြုလက်မှတ်များရရှိရေး ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
စက္ဆီေခ်ာဆီမ်ားကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်ႏိုင္ရန္ ႏိုင္ငံတကာအသိအမွတ္ ျပဳလက္မွတ္မ်ားရရွိေရး ေဆာင္႐ြက္ရန္တိုက္တြန္း
ထိုက္စံ(NP News)-ေဖေဖာ္ဝါရီ ၁၇
စက္ဆီေခ်ာဆီမ်ားကို ျပည္ပသို႔ တင္ပို႔ေရာင္းခ်ႏိုင္ရန္ ႏိုင္ငံတကာအသိအမွတ္ ျပဳလက္မွတ္မ်ားရရွိေရး ေဆာင္႐ြက္ရန္ စြမ္းအင္ဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေက်ာ္ႏိုင္ဝင္းက တိုက္တြန္းေျပာၾကားထားသည္။

ဒုတိယဝန္ႀကီး ဦးေက်ာ္ႏိုင္ဝင္းသည္ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီ ၁၄ ရက္)က ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာစက္မႈဇုန္ရွိ Energetic Alliance Petroleum Products Co., Ltd. ႏွင့္ Hein Engineering Co., Ltd. တို႔၏ စက္ဆီေခ်ာဆီေရာစပ္စက္႐ုံႏွင့္ သီလဝါအထူး စီးပြားေရးဇုန္ရွိ Pacific-PSP Syntech Co., Ltd. ၏ စက္ဆီေခ်ာဆီေရာစပ္စက္႐ုံမ်ားသို႔ သြားေရာက္၍ ျပည္ပမွ စက္မႈကုန္ၾကမ္းတင္သြင္းကာ ျပည္တြင္း၌ စက္ဆီေခ်ာဆီေရာစပ္ထုတ္လုပ္ ျဖန႔္ျဖဴးေရာင္းခ်ျခင္း လုပ္ငန္းလုပ္ကိုင္ေဆာင္႐ြက္ေနမႈအေျခအေနကို သြားေရာက္ၾကည့္ရႈစစ္ေဆးရာတြင္ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ၾကည့္ရႈစစ္ေဆးစဥ္ စက္ဆီေခ်ာဆီအရည္အေသြးမျပည့္မီမႈသည္ လယ္ယာႏွင့္ စက္မႈက႑သုံး စက္ပစၥည္း၊ ယႏၲရားမ်ား၊ ေမာ္ေတာ္ယာဥ္မ်ား၏ စြမ္းေဆာင္ရည္ႏွင့္ ေရရွည္အသုံးျပဳႏိုင္မႈအေပၚ ထိခိုက္မႈမ်ားစြာရွိလာမည္ျဖစ္သျဖင့္ စက္ဆီေခ်ာဆီမ်ား၏ အရည္အေသြးျပည့္မီေရးသည္ အေရးႀကီးေၾကာင္း ဒုတိယဝန္ႀကီးမွ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ကုန္ၾကမ္းပစၥည္းမ်ားမွာယူရာတြင္ အရည္အေသြးမွန္ကန္မႈဆိုင္ရာ အေထာက္အထား၊ ႏိုင္ငံတကာအသိအမွတ္ျပဳလက္မွတ္မ်ားႏွင့္အတူ စနစ္တက်စာခ်ဳပ္ခ်ဳပ္ဆိုဝယ္ယူေရး အေလးထားေဆာင္႐ြက္ၾကရန္ ႏွင့္ ကုန္ၾကမ္းပစၥည္းမ်ားအား စနစ္တက်သိုေလွာင္ျခင္း၊ ေရာစပ္ထုတ္လုပ္ရာတြင္ အတည္ျပဳထားေသာ Formula ႏွင့္အညီ ထုတ္လုပ္ျခင္း၊ ထုတ္လုပ္သည့္ကုန္ေခ်ာမ်ား၏ အရည္အေသြးတစ္သမတ္တည္းျဖစ္ေစေရး စစ္ေဆးၾကပ္မတ္သြား ရန္လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။

ထို႔အတူ သတ္မွတ္ထားသည့္စံခ်ိန္စံၫႊန္းမ်ားႏွင့္ ကိုက္ညီမႈရွိေစေရးဓာတ္ခြဲခန္းတြင္ အေလးထားစစ္ေဆးၾကသည့္အတြက္ ဓာတ္ခြဲခန္းသုံးစက္ပစၥည္း မ်ား၏ အရည္အေသြးႏွင့္စံ မွန္ကန္မႈရွိေစေရး ေဆာင္႐ြက္ၾကရန္ ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ထုတ္လုပ္သည့္ ကုန္ပစၥည္းမ်ားအား ျပည္တြင္းေဈးကြက္သာမက ျပည္ပသို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရးအတြက္ ႏိုင္ငံတကာအသိအမွတ္ ျပဳလက္မွတ္မ်ားရရွိေရး ေဆာင္႐ြက္ရန္ တိုက္တြန္းေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.