ဘင်္ဂလားဒေရှ့်အိမ်စောင့်အစိုးရအဖွဲ့က အာဏာလွှဲပြောင်း

 292

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် မိုဟာမက်ယူနွတ်စ်သည် ရွေးကောက်ခံအစိုးရသစ်ထံသို့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် အာဏာလွှဲပြောင်းပေးလိုက်ကြောင်းသိရသည်။
မိုဟာမက် ယူနွတ်စ်က "ဒီနေ့မှာတော့ ယာယီအစိုးရဟာ တာဝန်ကနေ အနားယူတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုမှ စတင်နိုင်ခဲ့တဲ့ ဒီမိုကရေစီကျင့်ထုံးတွေ၊ လွတ်လပ်စွာ ပြောဆိုခွင့်တွေနဲ့ အခြေခံရပိုင်ခွင့်တွေကိုတော့ မရပ်တန့်သွားပါစေနဲ့" ဟု ပြောခဲ့သည်။
၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းကျောင်းသားများ ဦးဆောင်သည့် လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာအစိုးရ ပြုတ်ကျသွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပခဲ့သည်။
ယူနွတ်စ်က "ပြည်သူတွေ၊ မဲဆန္ဒရှင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းတွေဟာ ချီးကျူးစရာကောင်းတဲ့ စံနမူနာတစ်ခုကိုထူထောင်နိုင်ခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက် စံပြဖြစ်စေမှာပါ" ဟု ပြောသည်။
လူဦးရေ သန်း ၁၇၀ ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအား BNP ပါတီ၏ အသက် ၆၀ အရွယ် ခေါင်းဆောင် တာရစ်ရာမန်က ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ဘဂၤလားေဒရွ္႕အိမ္ေစာင့္အစိုးရအဖြဲ႕က အာဏာလႊဲေျပာင္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၇
ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အိမ္ေစာင့္အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ မိုဟာမက္ယူႏြတ္စ္သည္ ေ႐ြးေကာက္ခံအစိုးရသစ္ထံသို႔ ေဖေဖာ္ဝါရီလ ၁၆ ရက္တြင္ အာဏာလႊဲေျပာင္းေပးလိုက္ေၾကာင္းသိရသည္။
မိုဟာမက္ ယူႏြတ္စ္က "ဒီေန႔မွာေတာ့ ယာယီအစိုးရဟာ တာဝန္ကေန အနားယူေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ အခုမွ စတင္ႏိုင္ခဲ့တဲ့ ဒီမိုကေရစီက်င့္ထုံးေတြ၊ လြတ္လပ္စြာ ေျပာဆိုခြင့္ေတြနဲ႔ အေျခခံရပိုင္ခြင့္ေတြကိုေတာ့ မရပ္တန႔္သြားပါေစနဲ႔" ဟု ေျပာခဲ့သည္။
၂၀၂၄ ခုႏွစ္ ဩဂုတ္လအတြင္းေက်ာင္းသားမ်ား ဦးေဆာင္သည့္ လူထုအုံႂကြမႈေၾကာင့္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီးနာအစိုးရ ျပဳတ္က်သြားခဲ့ၿပီးေနာက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲကို ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၂ ရက္တြင္ က်င္းပခဲ့သည္။
ယူႏြတ္စ္က "ျပည္သူေတြ၊ မဲဆႏၵရွင္ေတြ၊ ႏိုင္ငံေရးပါတီေတြနဲ႔ ေ႐ြးေကာက္ပြဲဆိုင္ရာအဖြဲ႕အစည္းေတြဟာ ခ်ီးက်ဴးစရာေကာင္းတဲ့ စံနမူနာတစ္ခုကိုထူေထာင္ႏိုင္ခဲ့ၾကပါတယ္။ ဒီေ႐ြးေကာက္ပြဲဟာ ေနာင္လာမယ့္ ေ႐ြးေကာက္ပြဲေတြအတြက္ စံျပျဖစ္ေစမွာပါ" ဟု ေျပာသည္။
လူဦးေရ သန္း ၁၇၀ ရွိေသာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအား BNP ပါတီ၏ အသက္ ၆၀ အ႐ြယ္ ေခါင္းေဆာင္ တာရစ္ရာမန္က ဦးေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.