သံလွင်တံတား(ဖားဆောင်း)အား KNPP၊ KNDF နှင့် PDF အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

341

ထိုက်စံ (NP News)- ဖေဖော်တွရီ ၁၇
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း)အား KNPP၊ KNDF နှင့် PDF အဖွဲ့များမှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ယနေ့(ဖေဖော်ဝါရီ ၁၇ ရက်)၊ (၇) နာရီ (၂၀) မိနစ်ခန့်တွင် သံလွင်တံတား (ဖားဆောင်း)အား အကြမ်းဖက်အဖွဲ့က ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဖားဆောင်းမြို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်မဆောင် ရွက်နိုင်စေရန်နှင့် ၎င်းတို့အား လိုက်လံချေမှုန်းခြင်းများ မဆောင်ရွက်နိုင်စေရန် အတွက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
အဆိုပါ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တံတား၏ အနောက်ဘက်ကမ်းကပ်ခုံမှ အရှည် (၂၅၀) ပေ၊ အကျယ်(၂၄) ပေခန့် ပြိုကျပျက်စီးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း အသိေပးထားသည်။
လက်ရှိတွင် လူနှင့် ယာဉ်များ ဖြတ်သန်း သွားလာနိုင်မှုမရှိကြောင်း နှင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာ လမ်း၊တံတား ဦးစီးဌာနမှ တာဝန်ရှိသူများ မှ အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး အတွက် လုံခြုံရေးလုပ်ငန်းစဉ်များတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖောက်ခွဲခံရသော သံလွင်တံတား(ဖားဆောင်း)မှာ ဖားဆောင်းမြို့၏ အနောက်ဘက် မီတာ (၃၂၀) ခန့်အကွာ ဖားဆောင်း-မယ်စဲ့-ဘီပီ(၁၃) သွားကားလမ်း မိုင်တိုင်အမှတ်၊ ၀/၃ နှင့် ၀/၄ ကြားတွင်တည်ရှိပြီး အရှည် (၁၂၆၀) ပေ နှင့် အကျယ် (၂၄) ပေ ရှိ၍ သံကူကွန်ကရစ် အမျိုးအစား ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သံလြင္တံတား(ဖားေဆာင္း)အား KNPP၊ KNDF ႏွင့္ PDF အဖြဲ႕မ်ားက မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီး
ထိုက္စံ (NP News)- ေဖေဖာ္တြရီ ၁၇
ကယားျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္၊ ဖားေဆာင္းၿမိဳ႕အနီးရွိ သံလြင္တံတား (ဖားေဆာင္း)အား KNPP၊ KNDF ႏွင့္ PDF အဖြဲ႕မ်ားမွ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ေရးအဖြဲ႕မွ ထုတ္ျပန္ထားသည္။
ယေန႔(ေဖေဖာ္ဝါရီ ၁၇ ရက္)၊ (၇) နာရီ (၂၀) မိနစ္ခန႔္တြင္ သံလြင္တံတား (ဖားေဆာင္း)အား အၾကမ္းဖက္အဖြဲ႕က ေဖာက္ခြဲခဲ့ျခင္းျဖစ္ၿပီး ဖားေဆာင္းၿမိဳ႕အား ျပန္လည္သိမ္းပိုက္ထိန္းခ်ဳပ္ႏိုင္ခဲ့ေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္မေဆာင္ ႐ြက္ႏိုင္ေစရန္ႏွင့္ ၎တို႔အား လိုက္လံေခ်မႈန္းျခင္းမ်ား မေဆာင္႐ြက္ႏိုင္ေစရန္ အတြက္ ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။
အဆိုပါ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့မႈေၾကာင့္ တံတား၏ အေနာက္ဘက္ကမ္းကပ္ခုံမွ အရွည္ (၂၅၀) ေပ၊ အက်ယ္(၂၄) ေပခန႔္ ၿပိဳက်ပ်က္စီးခဲ့ၿပီး ထိခိုက္ ဒဏ္ရာရရွိသူ မရွိေၾကာင္း အသိေပးထားသည္။
လက္ရွိတြင္ လူႏွင့္ ယာဥ္မ်ား ျဖတ္သန္း သြားလာႏိုင္မႈမရွိေၾကာင္း ႏွင့္ တံတားပ်က္စီးမႈအား သက္ဆိုင္ရာ လမ္း၊တံတား ဦးစီးဌာနမွ တာဝန္ရွိသူမ်ား မွ အျမန္ဆုံး ျပန္လည္ျပင္ဆင္သြားမည္ ျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရး အတြက္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားတိုးျမႇင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ေဖာက္ခြဲခံရေသာ သံလြင္တံတား(ဖားေဆာင္း)မွာ ဖားေဆာင္းၿမိဳ႕၏ အေနာက္ဘက္ မီတာ (၃၂၀) ခန႔္အကြာ ဖားေဆာင္း-မယ္စဲ့-ဘီပီ(၁၃) သြားကားလမ္း မိုင္တိုင္အမွတ္၊ ၀/၃ ႏွင့္ ၀/၄ ၾကားတြင္တည္ရွိၿပီး အရွည္ (၁၂၆၀) ေပ ႏွင့္ အက်ယ္ (၂၄) ေပ ရွိ၍ သံကူကြန္ကရစ္ အမ်ိဳးအစား ျဖစ္ေၾကာင္း သိရသည္။