Walk for Peace မေတ္တာဓာတ်နှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် သတ္တိရှိရှိ လျှောက်လှမ်းရဲသူများ လိုအပ်နေပြီ (သတင်းသုံးသပ် ဆောင်းပါး)

361

သုတကျော်
ငြိမ်းချမ်းစွာ လမ်းလျှောက်နေသော ဆရာတော်များအား လမ်းဘေးမှစောင့်မျှော်ကြည့်ရှုရင်း အ မျိုးသမီးတစ်ဦး ကြည်နူးစွာဖြင့် မျက်ရည်စီးကျငိုကြွေးနေသောရုပ်သံဖိုင်မှာ အင်တာနက်လူမှုကွန်ရက် များတွင် ပျံ့နှံ့ခဲ့သည်။ ယင်းအမျိုးသမီးကဲ့သို့ အခြားသူတို့မှာလည်း အလားတူဖြစ်ခဲ့ကြသေးရာ ကြည်နူး မျက်ရည်တို့သည် Walk for Pece ခရီးစဉ်၏ အမှတ်သင်္ကေတတစ်ခုဖြစ်သည်။
ကမ္ဘာ့သတင်းစာမျက်နှာများထက်တွင် စစ်မီးလျှံသတင်းများ ကြီးစိုးနေချိန် ဗုဒ္ဓဘာသာ ရဟန်း တော်များက ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့ကြသည့်သတင်းမှာ ထိပ်တန်းသတင်း တစ်ပုဒ် ဖြစ် လာခဲ့၏။ အမေရိကန် နှင့် ကမ္ဘာတစ်ဝန်းတွင် ငြိမ်းချမ်းရေး၊ မေတ္တာနှင့် ကရုဏာတရားကို ပိုမို နားလည် စေရန်ရည်ရွယ်သော အဆိုပါခရီးစဉ်သည် Walk for Pece အမည်ဖြင့် လူသားအားလုံး၏ နှလုံးသား အတွင်း ရောက်သွားခဲ့ပြီဖြစ်သည်။
(၂၀၂၅) ခုနှစ် အောက်တိုဘာ (၂၆) ရက်က ဖို့တ်ဝပ်မြို့ရှိ Huong Dao ဝိပဿနာဘာဝနာ ဗဟို ဌာန (Huong Dao Vipassana Bhavana Center) မှစတင်ခဲ့သော အဆိုပါခရီးသည် (၄)လတာ (၁၀၈) ရက် ကြာမြင့်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ (၁၀) ရက်က ဝါရှင်တန်ဒီစီမြို့တွင် အဆုံးသတ်ခဲ့သည်။ ရဟန်းတော်များသည် ရာသီဥတုကြမ်းတမ်းခြင်းမျိုးကို ကြုံတွေ့ခဲ့ရပြီး ခိုက်ခိုက်တုန်နေသော အအေး ဒဏ်ကိုလည်း ခံစားခဲ့ကြရသည်။ ဦးဆောင် ဆရာတော်အပါအဝင် ရဟန်းတော်သုံးပါးက ခြေဗလာဖြင့် ကြွချီရန် ဆုံးဖြတ်ခဲ့ကြသည်။
ရဟန်းတော်များက လမ်းမထက်တွင် “လှုပ်လှုပ်လှုပ်လှုပ်” ဖြင့် ကြွချီနေပြီး နံဘေးမှပရိသတ် များက အားပေးနေရာမှ အချို့က ကြည်နူးလွန်း၍ မျက်ရည်စီးကျနေပြီး အချို့ကကြည်နူးစွာဖြင့် သက် သက်သာသာထိုင်ကာ ဆရာတော်များ ဟောကြားသည့် အေးချမ်းရေး တရားနာယူနေသည့် မြင်ကွင်းမျိုး မှာ လူမျိုး၊ ဘာသာပေါင်းစုံ ရောနှောနေထိုင်သည့် အမေရိကန်လိုနိုင်ငံမျိုးတွင် ထူးဆန်းသော မြင်ကွင်း တစ်ရပ် ဖြစ်သည်။
ခရီးစဉ်သည် အဆင်ပြေချောမွေ့ခဲ့သည်တော့ မဟုတ်ပါ။ လမ်းခရီးတွင်လည်း ဆန့်ကျင် ဝေဖန် ခြင်းမျိုးကြုံရသည်။ အဆဲလည်း ခံခဲ့ရသည့်အပြင် ဖျက်လိုဖျက်ဆီးအပြုအမူများကိုလည်း ကြုံခဲ့ကြရ သည်။ သို့သော် ဆရာတော်များကား အပြုံးမပျက်ခဲ့ကြပါ။
“အော်ကြတယ်။ ဘုန်းတော်ကြီးတွေကို မီးခိုးတွေ ဖုံးအောင်လုပ်တယ်။ အဲဒီလိုမျိုးအစုံပါပဲ။ တည့် တည့်ကြည့်ပြီးတော့လည်း ဆဲဆိုကြတယ်။ တကယ်လို့ ပြန်ရန်ဖြစ်၊ ပြန်အော်၊ ပြန်ဆဲရင် ဘုန်းတော်ကြီး ဘယ်ဟုတ်တော့မလဲ” ဟု ဦးဆောင် ဆရာတော်အရှင်ပညာကာရ က လမ်းခရီးတစ်နေရာတွင် မိန့်ကြား သည်။ ယင်းသို့ ကြုံရာတွင် ဒေါသမဖြစ်ကြဘဲ ပြုံးပြကာ ကျန်းမာ၊ ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းခဲ့ ကြသည်ဟုလည်း ဆရာတော်က မိန့်သည်။
ဆရာတော်တို့သည် လမ်းတစ်လျှောက်တွင် ဗုဒ္ဓဘာသာအကြောင်းကို မဲဆွယ်တရားမဟောခဲ့ ကြ။ လမ်းခရီးတစ်လျှောက်တွင် နားချိန်များ၌ရာသီဥတု အခြေအနေနှင့် အချိန်ရပါက အဓိက ဟော ကြားခဲ့သော တရားတော်မှာ သတိပဋ္ဌာန်တရားကို အခြေခံခြင်းဖြစ်သော်လည်း လူအများ နားလည်စေ ရန် ပြောကြားခဲ့ခြင်းမျိုးဖြစ်ပြီး အတွင်းစိတ်ငြိမ်းချမ်းရေးကိုသာ ဦးစားပေးခဲ့ခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေးရဖို့ဆိုရင် ကိုယ့်နှလုံးသားကို အရင်ဆုံး ငြိမ်းချမ်းအောင်လုပ်ရမယ်။ ကိုယ့်နှလုံး သား အေးချမ်းသွားပြီ၊ ငြိမ်းချမ်းသွားပြီဆိုရင် တစ်ကမ္ဘာလုံး ငြိမ်းချမ်းပြီ။ တစ်လျှောက်လုံး အဲဒီသတိ ပဋ္ဌာန်ကိုပဲ ဟောသွားတာ။ ကိုယ့်ကိုယ်ကိုယ် သတိထားဖို့၊ ကိုယ်နှလုံးသားအေးချမ်းဖို့၊ ငြိမ်းချမ်းဖို့လေး ပဲ” ဟု Walk for Peace ခရီးစဉ်နှင့်ပတ်သက်၍ ဆလုံလူမျိုးများအပေါ် သာသနာပြုနေသည့် ဒုတိယ ဂျလန်းကျွန်းဆရာတော် ဦးပညာသီရိက NP News သို့ မိန့်ကြားသည်။
ဆရာတော်များသည် လူဝီစီယားနား ပြည်နယ်၊ မစ္စစ္စပီပြည်နယ်၊ အလာဘားမားပြည်နယ်နှင့် ဂျော်ဂျီယာပြည်နယ် စသည့် ပြည်နယ်တို့ကို ဖြတ်သန်းပြီးသည့်နောက် ဝါရှင်တန်ဒီစီတွင် အဆုံးသတ် သည့်လမ်းခရီးသည် မိုင်ပေါင်း (၂ယ၃၀ဝ) ဝေးကွာကာ (၁၀၈) ရက်တိုင်တိုင် လမ်းလျှောက်ခဲ့ရခြင်းဖြစ် သည်။ ယင်းနောက် ခရီးဆုံးပန်းတိုင်တွင်ကား လူအများ၏ကြိုဆိုခြင်းကိုခံခဲ့ရပြီး ဗုဒ္ဓဘာသာ ရဟန်း တော်များ၏ ငြိမ်းချမ်းသောဖြစ်တည်မှုအကြောင်းနှင့် မေတ္တာအအေးဓာတ်ကို တစ်ကမ္ဘာလုံး သိအောင် ပြသတော်မူနိုင်ခဲ့ကြပေသည်။ ထို့ပြင် ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့်ပတ်သက်၍ စိတ်ဝင်စားမှုကို လည်း တိုးပွားလာစေသည်။
ယခု Walk for Peace လမ်းလျှောက်ခရီးစဉ်သည် လယ်ယာထွန်းယက်ချိန်ကစ နောက်ဆုံး လယ်ယာများ ပျက်စီးချိန်အထိ မြတ်စွာဘုရားရှင်က ပုဏ္ဏားကြီးထံ မကြာခဏ ကြွရောက်ခဲ့ပြီးသည့် နောက် အညတရဗြဟ္မဏသုတ်တော်ကို ဟောကြားတော်မူခဲ့သည်နှင့် ပုံသဏ္ဌာန်တူသည်ဟု ပြောလို ကြောင်း ဒုတိယ ဂျလန်းကျွန်းဆရာတော်က ဥပမာပေး မိန့်ကြားသည်။
“မြတ်စွာဘုရားကလည်း ဒီပုဏ္ဏားကြီးကို ဟောတဲ့အခါ ကိုယ့်ရဲ့လိုအပ်တပ်မက်မှုတွေကြောင့်၊ ချစ်ခင်မှုတွေကြောင့် ဒီသောကတွေ၊ ဘေးတွေ ဖြစ်ရ တာ။ ဒီသောကတွေ၊ ဘေးတွေက ဘာကြောင့်ဖြစ် ရတာလဲဆိုတော့ လိုချင်တပ်မက်မှုဆိုတဲ့ လောဘ၊ တဏှာတွေကြောင့်၊ ဒီစိတ်တွေကြောင့် မငြိမ်းချမ်း တာပေါ့ဗျာ။ အဲဒီစိတ်တွေသာ မရှိရင် ငြိမ်းချမ်းတာပေါ့ ဆိုတာမျိုးဟောတာ” ဟု ဆရာတော်က မိန့်ကြား သည်။
အမေရိကန်နိုင်ငံတွင် ရဟန်းတော်များ လမ်းလျှောက် ကြွချီခဲ့ကြသည့်နည်းတူ ဗုဒ္ဓဘာသာ နိုင်ငံ တစ်နိုင်ငံဖြစ်ပါလျက်နှင့် ကာလရှည် စစ်မီး တောက်နေခဲ့ရပြီး လက်ရှိတွင်လည်း စစ်ရေးပဋိပက္ခများ ကြုံ နေရသည့်မြန်မာနိုင်ငံတွင် အလားတူပြုလုပ် ပါက မည်သို့ဖြစ်နိုင်မည်ဆိုသောအချက်မှာ စိတ်ဝင်စား ဖွယ်ကောင်းလာသည်။ ယင်းမေးခွန်းကို ဗုဒ္ဓတက္ကသိုလ်တစ်ခုမှ ပါမောက္ခ ဆရာတော်တစ်ပါးအား NP News က ဆက်သွယ်မေးလျှောက်ကြည့်ရာ “မဖြစ်နိုင်” ဟု ပြန်လည်မိန့်ကြားသည်။
“အရှင်ဘုရားတို့ ငြိမ်းချမ်းရေးရအောင် လမ်းလျှောက်ပါဆို ပြဿနာ နှစ်ရပ်ရှိတယ်။ တစ်ရပ်က တုတ်နဲ့ဓားနဲ့ တိုက်ခိုက်တာ။ နောက်တစ်ခုကကျတော့ အဆိုးမြင်တာ။ သူများကစလိုက်ရင် အဲဒီနောက် ပဲ လိုက်တတ်ကြတာ။ ဘုန်းကြီးတွေက ဘာဖြစ်တယ်ဆိုရင် အပြစ်တင်တဲ့ လူတစ်ယောက် နောက် လိုက်ပါတယ်။ ခုနေတုန်းများလုပ်မယ်ဆိုရင် လုံခြုံရေးအရ အာမခံချက်မရှိသလို လူတွေရဲ့စိတ်ဓာတ် ရေးရာအရဆို မလျော်တဲ့ကာလလို့ သုံးသပ်ရမှာ။ လက်နက်နဲ့လည်း အန္တရာယ်ပေးနိုင်တယ်။ ပါးစပ်နဲ့ လည်း အန္တရာယ်ပေးနိုင်တယ်ပေါ့” ဟု အဆိုပါဆရာတော်က မိန့်ကြားသည်။
စံချိန်မီ ဗုဒ္ဓဘာသာဝင်များဖြစ်ရန်အတွက် သံဃာတော်များက ဆောင်ရွက်ပေးစေလိုပြီး မိဘများ ဘက်ကလည်း ဆောင်ရွက်ပေးရန်လိုကြောင်းနှင့် တစ်ဦးချင်းစီတိုင်းကို ဗုဒ္ဓဘာသာအစစ် ဟုတ်ပါသ လား၊ ဗုဒ္ဓဘာသာတစ်ယောက်သိရမည့် အသိ၊ အကျင့်ရှိပါသလားဟုမေးလိုက်ပါက အဖြေပေါ်မည်ဖြစ် ကြောင်း ဆရာတော်က မိန့်ကြားသည်။
“အခု ဖြစ်ပျက်နေတဲ့ Gen Z လို အရွယ်တွေကျ သူတို့ဖြတ်သန်းလာတဲ့ဘဝကိုကြည့်လိုက်ရင် ဘာသာရေးနဲ့အလှမ်းဝေးသွားပြီ။ အလုပ်မရှိတဲ့အချိန်မှာတောင် ဘုန်းကြီးကျောင်းသွားရမှန်းမသိဘူး။ ဗုဒ္ဓ ဘာသာ အဖေအမေက မွေးပေမယ့် ဗုဒ္ဓဘာသာဝင်တစ်ဦး ကျင့်ရမယ့် အကျင့်ရော၊ သိရမယ့် အသိရော၊ ကျင့်ဝတ်ရော တစ်ခုမှ မသိဘူးလေ။ အဲဒီလိုမျိုးအနေအထားမှာ ဖြစ်ကုန်တာဆိုတော့ ဗုဒ္ဓဘာသာဖြစ်ပြီး ငြိမ်းချမ်းရေးမရှိလိုက်တာလို့ပြောရင် ဗုဒ္ဓဘာသာအစစ်ကော တကယ်ဟုတ်သလား မေးခွန်းတစ်ခုရှိ လာ ပြီ”|ဟု ဆရာတော်က မိန့်သည်။
တစ်ဖက်တွင်ကြည့်လိုက်ပါက မြန်မာနိုင်ငံ၏ ပဋိပက္ခပြဿနာများသည် ရိုးရိုးရှင်းရှင်း ပြဿနာ များမှ အစပြုခဲ့သည်ဟု ဆိုသော်လည်း ကာလကြာလာသည့်အခါ ကိုယ်ကျိုးဖက်ခြင်းများ ဒွန်တွဲလာ ကြောင်း တွေ့မြင်ရသည်။ ဥပဒေပြင်ပ လက်နက်ကိုင်တို့အနေဖြင့် တောခုတ်၊ သစ်ထုတ် ခြင်းမှအစပြု ကာ သယံဇာတထုတ်ယူခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူးခြင်းမှသည် ထိုမှတစ်ဆင့် ယခု နောက် ဆုံး ငွေရလွယ်သည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအထိ လုပ်ကိုင်နေကြပေပြီ။
ထို့ကြောင့် ဆိုစကားတစ်ခုရှိသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရလိုလျှင် အကျိုးစီးပွားကို လျှော့ ကြရမည်ဆိုသောစကားဖြစ်ပြီး ယင်းအချက်ကို ငြင်းလိုပါလျှင် ဝေးဝေးမကြည့်ပါနှင့်။ နောက်ဆုံးပေါ် ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သော အညာဒေသမှ PDF တို့သည် တိုင်းပြည်အတွက် လက် နက်ကိုင်ခဲ့သည်ဟုဆိုသော်လည်း ယခုအခါ ဂိတ်ကြေးကောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း စသည်ဖြင့် ငွေရပေါက်များတွေ့ကာ လက်နက်ကိုင် ခေါင်းဆောင်တို့က ငွေရှင်၊ ကြေးရှင်များအဖြစ် လက်နက်ကို မစွန့်နိုင်တော့ဘဲ ဖက်တွယ်နေကြောင်း တွေ့မြင်ရပေလိမ့်မည်။
Walk for Peace မှ ဆရာတော်များ ဟောကြားလေ့ရှိသော မိမိစိတ်အတွင်း ငြိမ်းချမ်းရန် ကြိုး စားခိုင်းခြင်းကို အကျိုးစီးပွားတို့က ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း ကာယကံရှင်များကိုယ်တိုင် ထုတ် မပြောကြသည့်တိုင် စိတ်ကိုလိမ်မရသောကြောင့် မိမိစိတ်အကြောင်း မိမိသိနေပေလိမ့်မည်။
ထို့ကြောင့် သတ္တိရှိ၍ စစ်တိုက်သည်ဆိုသောစကားသည် မြန်မာနိုင်ငံအတွက် ပြောင်းပြန် ဖြစ် လာနေပြီး ကိုယ်ကျိုးစီးပွားထိခိုက်ခံကာ သတ္တိရှိရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လာရောက်နိုင်ရန် လိုအပ်နေ သည်။ တစ်ဖက်တွင်လည်း စစ်ဘေးကြောင့် ထိခိုက်ခဲ့ရသော ပြည်သူတို့မှာ နာကျင်လွန်းမက နာကျင် နေကြပြီဖြစ်သည်။
“ငြိမ်းချမ်းရေးကို လာမယ်ဆိုရင် ကိုယ်ကျိုးစီးပွားအလိုလိုပျက်ပြယ်သွားမှာလေ။ သတ္တိရှိတဲ့သူ တွေပဲ လာနိုင်တာပါ။ အနစ်နာခံနိုင်တဲ့သူတွေ၊ တကယ့်ကို ငြိမ်းချမ်းရေးအတွက် သတ္တိရှိတဲ့သူပေါ့နော်” ဟု မြန်မာ့ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့သူ သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန်အတွက် ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ၊ အများသူ ငါလေးစားသည့် ပုဂ္ဂိုလ်များပါဝင်သော ငြိမ်းချမ်းရေးကိုသာ ဦးတည်မည့်အဖွဲ့အစည်းတစ်ခု ပေါ် ပေါက်သင့်ကြောင်း ထောက်ပြခြင်းများရှိသကဲ့သို့ ယင်းအပေါ်တွင် အမြင်အမျိုးမျိုး ကွဲပြားနေသည်။ ဘာသာကြီးများ၏ ဦးတည်ချက်အားလုံးမှာလည်း ငြိမ်းချမ်းရေးအတွက်သာဖြစ်ကြောင်း ပြောကြားချက် ကို မည်သူမျှငြင်းချက်ထုတ်လိမ့်မည်မဟုတ်ပါ။ မြန်မာ့သမိုင်းတစ်လျှောက်တွင် ဘုန်းတော်ကြီးများက လူ့အဖွဲ့အစည်းကို ထိန်းကျောင်း တည့်မတ်ခဲ့ကြသော သာဓကလည်းရှိနေသည့်အပြင် အုပ်ချုပ်သူ မင်းကိုပင် လမ်းညွှန်ပြသခဲ့သော ဖြစ်စဉ်များလည်း ရှိခဲ့သည်။
“ရှေးတုန်းကတော့ အဓိက က သံဃာတော်တွေပေါ့ဗျာ။ ဒီနိုင်ငံကြီး လွတ်လပ်ဖို့ကအစ သံဃာ တော်တွေက ဦးဆောင်ခဲ့တာကိုး။ ဦးဥတ္တမတို့၊ ဦးဝိစာရတို့ ဒါတွေက အထင်အရှား ရှိနေကြတာပဲလေ။ ဘုန်းဘုန်းကတော့ သံဃာတော်တွေကလည်း တော်တော်အရေးကြီးမယ်ထင်တယ်။ ကရင်ထဲမှာဆိုရင် လည်း တကယ့်ကို ကရင်လူထုက လေးစားရမယ့် ဆရာတော်ကြီးတွေ ရှိမယ်။ ရခိုင်ထဲမှာဆိုရင်လည်း ရခိုင်လူထုကလေးစားရမယ့် ဆရာတော်ကြီးတွေ ရှိမယ်။ နောက် တခြားဆရာတော်တွေလည်း ရှိမယ်။ အဲဒီဆရာတော်တွေက ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးမှာ ဦးဆောင်ပေးရင် အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်မိတယ်ပေါ့ဗျာ” ဟု ဒုတိယ ဂျလန်းကျွန်း ဆရာတော်က မိန့်ကြားသည်။
အသင်းတော်သည် အမုန်းတရားထက် စာနာနားထောင်မှုနှင့် ပြန်လည်သင့်မြတ်ရေးကို အဓိက ထားကြောင်း ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ် နှင့် ဟိန္ဒူဘာသာရေးခေါင်းဆောင်များ စုပေါင်း၍ ငြိမ်း ချမ်းရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခြင်းဖြင့် ကွဲပြားမှုများကြားတွင် အတူယှဉ်တွဲနေထိုင်ရေး ပုံစံ များကို ဖော်ပြနေကြောင်း မြန်မာနိုင်ငံမှ ပထမဆုံး ကာဒီနယ်ဖြစ်သည့် ကာဒီနယ်ချားလ်စ်ဘိုကလည်း ပြောကြားထားသည်။
နိုင်ငံတော်အစိုးရ အနေဖြင့် ဥပဒေပြင်ပရောက် လက်နက်ကိုင်များကို ဖိတ်ခေါ်ထားသည်။ ထို့ ပြင် ငြိမ်းချမ်းရေးရမှသာ တိုင်းပြည်အတွက် ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေး ဖိုရမ် များကိုလည်း ကျင်းပထားသည်။ တစ်ဖက်တွင်လည်း ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရောက်လာသူ ရှိနေရာ အစိုးရက နွေးနွေးထွေးထွေး ပြန်လည်ကြိုဆိုနေပေသည်။
တစ်ဖက်တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအတွင်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည် ထောင်စုကြီးတည်ဆောက်ရာတွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးသည် အဓိကလိုအပ်ချက်ဖြစ် ကြောင်း၊ မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကို မိမိတို့တိုင်း ရင်းသားပြည်သူများကသာ မဖြစ်မနေ ဖော်ဆောင် ကြရမည်ဖြစ်ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) ပါ ဘုံသဘောတူညီချက်များနှင့်အညီ ပူးပေါင်းပါဝင်ကြရန်လိုအပ်ကြောင်း အသိပေးထားသည်။
ထို့ပြင် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်း ပယောဂ ကင်းရှင်းပြီး တိုင်းရင်းသားညီအစ်ကိုအချင်း ချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေး နည်းလမ်းအရ ရင်ကြားစေ့ ဆွေးနွေးအဖြေရှာခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြား ထားသည့်အပြင် နိုင်ငံတော်အနေဖြင့်လည်း ဆွေးနွေးမှုများကိုဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေးတံခါးကို အစဉ် အမြဲဖွင့်လှစ်ကြိုဆိုလျက်ရှိသည်ဟု သဝဏ်လွှာအတွင်း အသိပေးထားသည်။
မြန်မာနိုင်ငံသည် စစ်မီးကြောင့် နာကျင်နေရပြီဖြစ်ရာ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သကဲ့ သို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်လျှောက်လှမ်းရန်အတွက်လည်း လိုအပ်သည်။ အဘယ်ကြောင့်ဆို သော် ငြိမ်းချမ်းရေးသည် ပြည်သူများအတွက် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်နေရာ ဥပဒေပြင်ပမှ လက် နက်ကိုင်များအနေဖြင့် ပြည်သူ့မျက်နှာ နှင့် လူထု၏ ရင်တွင်းခံစားချက်များအထိ လိုက်လံကြည့်ရှုရန် မဖြစ်မနေလိုအပ်၏။
မိသားစုလက်ဆုံထမင်းဝိုင်းသည် ဆန်ကြမ်းသောထမင်းပင်ဖြစ်စေကာမူ အိမ်တွင်စားရသော အရသာနှင့် စစ်ပြေးရင်း စားရသော အရသာမှာ လားလားမျှ မသက်ဆိုင်လှပါ။

Zawgyi Versioin:
Walk for Peace ေမတၱာဓာတ္ႏွင့္ ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ သတၱိရွိရွိ ေလွ်ာက္လွမ္းရဲသူမ်ား လိုအပ္ေနၿပီ
(သတင္းသုံးသပ္ ေဆာင္းပါး)
သုတေက်ာ္ (NP News)
ၿငိမ္းခ်မ္းစြာ လမ္းေလွ်ာက္ေနေသာ ဆရာေတာ္မ်ားအား လမ္းေဘးမွေစာင့္ေမွ်ာ္ၾကည့္ရႈရင္း အ မ်ိဳးသမီးတစ္ဦး ၾကည္ႏူးစြာျဖင့္ မ်က္ရည္စီးက်ငိုေႂကြးေနေသာ႐ုပ္သံဖိုင္မွာ အင္တာနက္လူမႈကြန္ရက္ မ်ားတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။ ယင္းအမ်ိဳးသမီးကဲ့သို႔ အျခားသူတို႔မွာလည္း အလားတူျဖစ္ခဲ့ၾကေသးရာ ၾကည္ႏူး မ်က္ရည္တို႔သည္ Walk for Pece ခရီးစဥ္၏ အမွတ္သေကၤတတစ္ခုျဖစ္သည္။
ကမာၻ႔သတင္းစာမ်က္ႏွာမ်ားထက္တြင္ စစ္မီးလွ်ံသတင္းမ်ား ႀကီးစိုးေနခ်ိန္ ဗုဒၶဘာသာ ရဟန္း ေတာ္မ်ားက ၿငိမ္းခ်မ္းေရးအတြက္ လမ္းေလွ်ာက္ခဲ့ၾကသည့္သတင္းမွာ ထိပ္တန္းသတင္း တစ္ပုဒ္ ျဖစ္ လာခဲ့၏။ အေမရိကန္ ႏွင့္ ကမာၻတစ္ဝန္းတြင္ ၿငိမ္းခ်မ္းေရး၊ ေမတၱာႏွင့္ က႐ုဏာတရားကို ပိုမို နားလည္ ေစရန္ရည္႐ြယ္ေသာ အဆိုပါခရီးစဥ္သည္ Walk for Pece အမည္ျဖင့္ လူသားအားလုံး၏ ႏွလုံးသား အတြင္း ေရာက္သြားခဲ့ၿပီျဖစ္သည္။
(၂၀၂၅) ခုႏွစ္ ေအာက္တိုဘာ (၂၆) ရက္က ဖို႔တ္ဝပ္ၿမိဳ႕ရွိ Huong Dao ဝိပႆနာဘာဝနာ ဗဟို ဌာန (Huong Dao Vipassana Bhavana Center) မွစတင္ခဲ့ေသာ အဆိုပါခရီးသည္ (၄)လတာ (၁၀၈) ရက္ ၾကာျမင့္ခဲ့ၿပီးသည့္ေနာက္ ေဖေဖာ္ဝါရီလ (၁၀) ရက္က ဝါရွင္တန္ဒီစီၿမိဳ႕တြင္ အဆုံးသတ္ခဲ့သည္။ ရဟန္းေတာ္မ်ားသည္ ရာသီဥတုၾကမ္းတမ္းျခင္းမ်ိဳးကို ႀကဳံေတြ႕ခဲ့ရၿပီး ခိုက္ခိုက္တုန္ေနေသာ အေအး ဒဏ္ကိုလည္း ခံစားခဲ့ၾကရသည္။ ဦးေဆာင္ ဆရာေတာ္အပါအဝင္ ရဟန္းေတာ္သုံးပါးက ေျခဗလာျဖင့္ ႂကြခ်ီရန္ ဆုံးျဖတ္ခဲ့ၾကသည္။
ရဟန္းေတာ္မ်ားက လမ္းမထက္တြင္ “လႈပ္လႈပ္လႈပ္လႈပ္” ျဖင့္ ႂကြခ်ီေနၿပီး နံေဘးမွပရိသတ္ မ်ားက အားေပးေနရာမွ အခ်ိဳ႕က ၾကည္ႏူးလြန္း၍ မ်က္ရည္စီးက်ေနၿပီး အခ်ိဳ႕ကၾကည္ႏူးစြာျဖင့္ သက္ သက္သာသာထိုင္ကာ ဆရာေတာ္မ်ား ေဟာၾကားသည့္ ေအးခ်မ္းေရး တရားနာယူေနသည့္ ျမင္ကြင္းမ်ိဳး မွာ လူမ်ိဳး၊ ဘာသာေပါင္းစုံ ေရာေႏွာေနထိုင္သည့္ အေမရိကန္လိုႏိုင္ငံမ်ိဳးတြင္ ထူးဆန္းေသာ ျမင္ကြင္း တစ္ရပ္ ျဖစ္သည္။
ခရီးစဥ္သည္ အဆင္ေျပေခ်ာေမြ႕ခဲ့သည္ေတာ့ မဟုတ္ပါ။ လမ္းခရီးတြင္လည္း ဆန႔္က်င္ ေဝဖန္ ျခင္းမ်ိဳးႀကဳံရသည္။ အဆဲလည္း ခံခဲ့ရသည့္အျပင္ ဖ်က္လိုဖ်က္ဆီးအျပဳအမူမ်ားကိုလည္း ႀကဳံခဲ့ၾကရ သည္။ သို႔ေသာ္ ဆရာေတာ္မ်ားကား အၿပဳံးမပ်က္ခဲ့ၾကပါ။
“ေအာ္ၾကတယ္။ ဘုန္းေတာ္ႀကီးေတြကို မီးခိုးေတြ ဖုံးေအာင္လုပ္တယ္။ အဲဒီလိုမ်ိဳးအစုံပါပဲ။ တည့္ တည့္ၾကည့္ၿပီးေတာ့လည္း ဆဲဆိုၾကတယ္။ တကယ္လို႔ ျပန္ရန္ျဖစ္၊ ျပန္ေအာ္၊ ျပန္ဆဲရင္ ဘုန္းေတာ္ႀကီး ဘယ္ဟုတ္ေတာ့မလဲ” ဟု ဦးေဆာင္ ဆရာေတာ္အရွင္ပညာကာရ က လမ္းခရီးတစ္ေနရာတြင္ မိန႔္ၾကား သည္။ ယင္းသို႔ ႀကဳံရာတြင္ ေဒါသမျဖစ္ၾကဘဲ ၿပဳံးျပကာ က်န္းမာ၊ ၿငိမ္းခ်မ္းပါေစေၾကာင္း ဆုေတာင္းခဲ့ ၾကသည္ဟုလည္း ဆရာေတာ္က မိန႔္သည္။
ဆရာေတာ္တို႔သည္ လမ္းတစ္ေလွ်ာက္တြင္ ဗုဒၶဘာသာအေၾကာင္းကို မဲဆြယ္တရားမေဟာခဲ့ ၾက။ လမ္းခရီးတစ္ေလွ်ာက္တြင္ နားခ်ိန္မ်ား၌ရာသီဥတု အေျခအေနႏွင့္ အခ်ိန္ရပါက အဓိက ေဟာ ၾကားခဲ့ေသာ တရားေတာ္မွာ သတိပ႒ာန္တရားကို အေျခခံျခင္းျဖစ္ေသာ္လည္း လူအမ်ား နားလည္ေစ ရန္ ေျပာၾကားခဲ့ျခင္းမ်ိဳးျဖစ္ၿပီး အတြင္းစိတ္ၿငိမ္းခ်မ္းေရးကိုသာ ဦးစားေပးခဲ့ျခင္းျဖစ္သည္။
“ၿငိမ္းခ်မ္းေရးရဖို႔ဆိုရင္ ကိုယ့္ႏွလုံးသားကို အရင္ဆုံး ၿငိမ္းခ်မ္းေအာင္လုပ္ရမယ္။ ကိုယ့္ႏွလုံး သား ေအးခ်မ္းသြားၿပီ၊ ၿငိမ္းခ်မ္းသြားၿပီဆိုရင္ တစ္ကမာၻလုံး ၿငိမ္းခ်မ္းၿပီ။ တစ္ေလွ်ာက္လုံး အဲဒီသတိ ပ႒ာန္ကိုပဲ ေဟာသြားတာ။ ကိုယ့္ကိုယ္ကိုယ္ သတိထားဖို႔၊ ကိုယ္ႏွလုံးသားေအးခ်မ္းဖို႔၊ ၿငိမ္းခ်မ္းဖို႔ေလး ပဲ” ဟု Walk for Peace ခရီးစဥ္ႏွင့္ပတ္သက္၍ ဆလုံလူမ်ိဳးမ်ားအေပၚ သာသနာျပဳေနသည့္ ဒုတိယ ဂ်လန္းကြၽန္းဆရာေတာ္ ဦးပညာသီရိက NP News သို႔ မိန႔္ၾကားသည္။
ဆရာေတာ္မ်ားသည္ လူဝီစီယားနား ျပည္နယ္၊ မစၥစၥပီျပည္နယ္၊ အလာဘားမားျပည္နယ္ႏွင့္ ေဂ်ာ္ဂ်ီယာျပည္နယ္ စသည့္ ျပည္နယ္တို႔ကို ျဖတ္သန္းၿပီးသည့္ေနာက္ ဝါရွင္တန္ဒီစီတြင္ အဆုံးသတ္ သည့္လမ္းခရီးသည္ မိုင္ေပါင္း (၂ယ၃၀ဝ) ေဝးကြာကာ (၁၀၈) ရက္တိုင္တိုင္ လမ္းေလွ်ာက္ခဲ့ရျခင္းျဖစ္ သည္။ ယင္းေနာက္ ခရီးဆုံးပန္းတိုင္တြင္ကား လူအမ်ား၏ႀကိဳဆိုျခင္းကိုခံခဲ့ရၿပီး ဗုဒၶဘာသာ ရဟန္း ေတာ္မ်ား၏ ၿငိမ္းခ်မ္းေသာျဖစ္တည္မႈအေၾကာင္းႏွင့္ ေမတၱာအေအးဓာတ္ကို တစ္ကမာၻလုံး သိေအာင္ ျပသေတာ္မူႏိုင္ခဲ့ၾကေပသည္။ ထို႔ျပင္ ဗုဒၶဘာသာ ရဟန္းေတာ္မ်ားႏွင့္ပတ္သက္၍ စိတ္ဝင္စားမႈကို လည္း တိုးပြားလာေစသည္။
ယခု Walk for Peace လမ္းေလွ်ာက္ခရီးစဥ္သည္ လယ္ယာထြန္းယက္ခ်ိန္ကစ ေနာက္ဆုံး လယ္ယာမ်ား ပ်က္စီးခ်ိန္အထိ ျမတ္စြာဘုရားရွင္က ပုဏၰားႀကီးထံ မၾကာခဏ ႂကြေရာက္ခဲ့ၿပီးသည့္ ေနာက္ အညတရျဗဟၼဏသုတ္ေတာ္ကို ေဟာၾကားေတာ္မူခဲ့သည္ႏွင့္ ပုံသဏၭာန္တူသည္ဟု ေျပာလို ေၾကာင္း ဒုတိယ ဂ်လန္းကြၽန္းဆရာေတာ္က ဥပမာေပး မိန႔္ၾကားသည္။
“ျမတ္စြာဘုရားကလည္း ဒီပုဏၰားႀကီးကို ေဟာတဲ့အခါ ကိုယ့္ရဲ႕လိုအပ္တပ္မက္မႈေတြေၾကာင့္၊ ခ်စ္ခင္မႈေတြေၾကာင့္ ဒီေသာကေတြ၊ ေဘးေတြ ျဖစ္ရ တာ။ ဒီေသာကေတြ၊ ေဘးေတြက ဘာေၾကာင့္ျဖစ္ ရတာလဲဆိုေတာ့ လိုခ်င္တပ္မက္မႈဆိုတဲ့ ေလာဘ၊ တဏွာေတြေၾကာင့္၊ ဒီစိတ္ေတြေၾကာင့္ မၿငိမ္းခ်မ္း တာေပါ့ဗ်ာ။ အဲဒီစိတ္ေတြသာ မရွိရင္ ၿငိမ္းခ်မ္းတာေပါ့ ဆိုတာမ်ိဳးေဟာတာ” ဟု ဆရာေတာ္က မိန႔္ၾကား သည္။
အေမရိကန္ႏိုင္ငံတြင္ ရဟန္းေတာ္မ်ား လမ္းေလွ်ာက္ ႂကြခ်ီခဲ့ၾကသည့္နည္းတူ ဗုဒၶဘာသာ ႏိုင္ငံ တစ္ႏိုင္ငံျဖစ္ပါလ်က္ႏွင့္ ကာလရွည္ စစ္မီး ေတာက္ေနခဲ့ရၿပီး လက္ရွိတြင္လည္း စစ္ေရးပဋိပကၡမ်ား ႀကဳံ ေနရသည့္ျမန္မာႏိုင္ငံတြင္ အလားတူျပဳလုပ္ ပါက မည္သို႔ျဖစ္ႏိုင္မည္ဆိုေသာအခ်က္မွာ စိတ္ဝင္စား ဖြယ္ေကာင္းလာသည္။ ယင္းေမးခြန္းကို ဗုဒၶတကၠသိုလ္တစ္ခုမွ ပါေမာကၡ ဆရာေတာ္တစ္ပါးအား NP News က ဆက္သြယ္ေမးေလွ်ာက္ၾကည့္ရာ “မျဖစ္ႏိုင္” ဟု ျပန္လည္မိန႔္ၾကားသည္။
“အရွင္ဘုရားတို႔ ၿငိမ္းခ်မ္းေရးရေအာင္ လမ္းေလွ်ာက္ပါဆို ျပႆနာ ႏွစ္ရပ္ရွိတယ္။ တစ္ရပ္က တုတ္နဲ႔ဓားနဲ႔ တိုက္ခိုက္တာ။ ေနာက္တစ္ခုကက်ေတာ့ အဆိုးျမင္တာ။ သူမ်ားကစလိုက္ရင္ အဲဒီေနာက္ ပဲ လိုက္တတ္ၾကတာ။ ဘုန္းႀကီးေတြက ဘာျဖစ္တယ္ဆိုရင္ အျပစ္တင္တဲ့ လူတစ္ေယာက္ ေနာက္ လိုက္ပါတယ္။ ခုေနတုန္းမ်ားလုပ္မယ္ဆိုရင္ လုံၿခဳံေရးအရ အာမခံခ်က္မရွိသလို လူေတြရဲ႕စိတ္ဓာတ္ ေရးရာအရဆို မေလ်ာ္တဲ့ကာလလို႔ သုံးသပ္ရမွာ။ လက္နက္နဲ႔လည္း အႏၲရာယ္ေပးႏိုင္တယ္။ ပါးစပ္နဲ႔ လည္း အႏၲရာယ္ေပးႏိုင္တယ္ေပါ့” ဟု အဆိုပါဆရာေတာ္က မိန႔္ၾကားသည္။
စံခ်ိန္မီ ဗုဒၶဘာသာဝင္မ်ားျဖစ္ရန္အတြက္ သံဃာေတာ္မ်ားက ေဆာင္႐ြက္ေပးေစလိုၿပီး မိဘမ်ား ဘက္ကလည္း ေဆာင္႐ြက္ေပးရန္လိုေၾကာင္းႏွင့္ တစ္ဦးခ်င္းစီတိုင္းကို ဗုဒၶဘာသာအစစ္ ဟုတ္ပါသ လား၊ ဗုဒၶဘာသာတစ္ေယာက္သိရမည့္ အသိ၊ အက်င့္ရွိပါသလားဟုေမးလိုက္ပါက အေျဖေပၚမည္ျဖစ္ ေၾကာင္း ဆရာေတာ္က မိန႔္ၾကားသည္။
“အခု ျဖစ္ပ်က္ေနတဲ့ Gen Z လို အ႐ြယ္ေတြက် သူတို႔ျဖတ္သန္းလာတဲ့ဘဝကိုၾကည့္လိုက္ရင္ ဘာသာေရးနဲ႔အလွမ္းေဝးသြားၿပီ။ အလုပ္မရွိတဲ့အခ်ိန္မွာေတာင္ ဘုန္းႀကီးေက်ာင္းသြားရမွန္းမသိဘူး။ ဗုဒၶ ဘာသာ အေဖအေမက ေမြးေပမယ့္ ဗုဒၶဘာသာဝင္တစ္ဦး က်င့္ရမယ့္ အက်င့္ေရာ၊ သိရမယ့္ အသိေရာ၊ က်င့္ဝတ္ေရာ တစ္ခုမွ မသိဘူးေလ။ အဲဒီလိုမ်ိဳးအေနအထားမွာ ျဖစ္ကုန္တာဆိုေတာ့ ဗုဒၶဘာသာျဖစ္ၿပီး ၿငိမ္းခ်မ္းေရးမရွိလိုက္တာလို႔ေျပာရင္ ဗုဒၶဘာသာအစစ္ေကာ တကယ္ဟုတ္သလား ေမးခြန္းတစ္ခုရွိ လာ ၿပီ”|ဟု ဆရာေတာ္က မိန႔္သည္။
တစ္ဖက္တြင္ၾကည့္လိုက္ပါက ျမန္မာႏိုင္ငံ၏ ပဋိပကၡျပႆနာမ်ားသည္ ႐ိုး႐ိုးရွင္းရွင္း ျပႆနာ မ်ားမွ အစျပဳခဲ့သည္ဟု ဆိုေသာ္လည္း ကာလၾကာလာသည့္အခါ ကိုယ္က်ိဳးဖက္ျခင္းမ်ား ဒြန္တြဲလာ ေၾကာင္း ေတြ႕ျမင္ရသည္။ ဥပေဒျပင္ပ လက္နက္ကိုင္တို႔အေနျဖင့္ ေတာခုတ္၊ သစ္ထုတ္ ျခင္းမွအစျပဳ ကာ သယံဇာတထုတ္ယူျခင္း၊ မူးယစ္ေဆးဝါး ထုတ္လုပ္၊ ျဖန႔္ျဖဴးျခင္းမွသည္ ထိုမွတစ္ဆင့္ ယခု ေနာက္ ဆုံး ေငြရလြယ္သည့္ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းမ်ားအထိ လုပ္ကိုင္ေနၾကေပၿပီ။
ထို႔ေၾကာင့္ ဆိုစကားတစ္ခုရွိသည္။ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးရလိုလွ်င္ အက်ိဳးစီးပြားကို ေလွ်ာ့ ၾကရမည္ဆိုေသာစကားျဖစ္ၿပီး ယင္းအခ်က္ကို ျငင္းလိုပါလွ်င္ ေဝးေဝးမၾကည့္ပါႏွင့္။ ေနာက္ဆုံးေပၚ ေပါက္လာသည့္ လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေသာ အညာေဒသမွ PDF တို႔သည္ တိုင္းျပည္အတြက္ လက္ နက္ကိုင္ခဲ့သည္ဟုဆိုေသာ္လည္း ယခုအခါ ဂိတ္ေၾကးေကာက္ျခင္း၊ ဆက္ေၾကးေကာက္ျခင္း စသည္ျဖင့္ ေငြရေပါက္မ်ားေတြ႕ကာ လက္နက္ကိုင္ ေခါင္းေဆာင္တို႔က ေငြရွင္၊ ေၾကးရွင္မ်ားအျဖစ္ လက္နက္ကို မစြန႔္ႏိုင္ေတာ့ဘဲ ဖက္တြယ္ေနေၾကာင္း ေတြ႕ျမင္ရေပလိမ့္မည္။
Walk for Peace မွ ဆရာေတာ္မ်ား ေဟာၾကားေလ့ရွိေသာ မိမိစိတ္အတြင္း ၿငိမ္းခ်မ္းရန္ ႀကိဳး စားခိုင္းျခင္းကို အက်ိဳးစီးပြားတို႔က ပိတ္ဆို႔ထားလိုက္ၿပီျဖစ္ေၾကာင္း ကာယကံရွင္မ်ားကိုယ္တိုင္ ထုတ္ မေျပာၾကသည့္တိုင္ စိတ္ကိုလိမ္မရေသာေၾကာင့္ မိမိစိတ္အေၾကာင္း မိမိသိေနေပလိမ့္မည္။
ထို႔ေၾကာင့္ သတၱိရွိ၍ စစ္တိုက္သည္ဆိုေသာစကားသည္ ျမန္မာႏိုင္ငံအတြက္ ေျပာင္းျပန္ ျဖစ္ လာေနၿပီး ကိုယ္က်ိဳးစီးပြားထိခိုက္ခံကာ သတၱိရွိရွိ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ လာေရာက္ႏိုင္ရန္ လိုအပ္ေန သည္။ တစ္ဖက္တြင္လည္း စစ္ေဘးေၾကာင့္ ထိခိုက္ခဲ့ရေသာ ျပည္သူတို႔မွာ နာက်င္လြန္းမက နာက်င္ ေနၾကၿပီျဖစ္သည္။
“ၿငိမ္းခ်မ္းေရးကို လာမယ္ဆိုရင္ ကိုယ္က်ိဳးစီးပြားအလိုလိုပ်က္ျပယ္သြားမွာေလ။ သတၱိရွိတဲ့သူ ေတြပဲ လာႏိုင္တာပါ။ အနစ္နာခံႏိုင္တဲ့သူေတြ၊ တကယ့္ကို ၿငိမ္းခ်မ္းေရးအတြက္ သတၱိရွိတဲ့သူေပါ့ေနာ္” ဟု ျမန္မာ့ၿငိမ္းခ်မ္းေရးေဆာင္႐ြက္ခဲ့သူ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရးရရွိရန္အတြက္ ဘာသာေပါင္းစုံမွ ေခါင္းေဆာင္မ်ား၊ အမ်ားသူ ငါေလးစားသည့္ ပုဂၢိဳလ္မ်ားပါဝင္ေသာ ၿငိမ္းခ်မ္းေရးကိုသာ ဦးတည္မည့္အဖြဲ႕အစည္းတစ္ခု ေပၚ ေပါက္သင့္ေၾကာင္း ေထာက္ျပျခင္းမ်ားရွိသကဲ့သို႔ ယင္းအေပၚတြင္ အျမင္အမ်ိဳးမ်ိဳး ကြဲျပားေနသည္။ ဘာသာႀကီးမ်ား၏ ဦးတည္ခ်က္အားလုံးမွာလည္း ၿငိမ္းခ်မ္းေရးအတြက္သာျဖစ္ေၾကာင္း ေျပာၾကားခ်က္ ကို မည္သူမွ်ျငင္းခ်က္ထုတ္လိမ့္မည္မဟုတ္ပါ။ ျမန္မာ့သမိုင္းတစ္ေလွ်ာက္တြင္ ဘုန္းေတာ္ႀကီးမ်ားက လူ႔အဖြဲ႕အစည္းကို ထိန္းေက်ာင္း တည့္မတ္ခဲ့ၾကေသာ သာဓကလည္းရွိေနသည့္အျပင္ အုပ္ခ်ဳပ္သူ မင္းကိုပင္ လမ္းၫႊန္ျပသခဲ့ေသာ ျဖစ္စဥ္မ်ားလည္း ရွိခဲ့သည္။
“ေရွးတုန္းကေတာ့ အဓိက က သံဃာေတာ္ေတြေပါ့ဗ်ာ။ ဒီႏိုင္ငံႀကီး လြတ္လပ္ဖို႔ကအစ သံဃာ ေတာ္ေတြက ဦးေဆာင္ခဲ့တာကိုး။ ဦးဥတၱမတို႔၊ ဦးဝိစာရတို႔ ဒါေတြက အထင္အရွား ရွိေနၾကတာပဲေလ။ ဘုန္းဘုန္းကေတာ့ သံဃာေတာ္ေတြကလည္း ေတာ္ေတာ္အေရးႀကီးမယ္ထင္တယ္။ ကရင္ထဲမွာဆိုရင္ လည္း တကယ့္ကို ကရင္လူထုက ေလးစားရမယ့္ ဆရာေတာ္ႀကီးေတြ ရွိမယ္။ ရခိုင္ထဲမွာဆိုရင္လည္း ရခိုင္လူထုကေလးစားရမယ့္ ဆရာေတာ္ႀကီးေတြ ရွိမယ္။ ေနာက္ တျခားဆရာေတာ္ေတြလည္း ရွိမယ္။ အဲဒီဆရာေတာ္ေတြက ဦးေဆာင္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးမွာ ဦးေဆာင္ေပးရင္ အဆင္ေျပသြားလိမ့္မယ္လို႔ ေမွ်ာ္လင့္မိတယ္ေပါ့ဗ်ာ” ဟု ဒုတိယ ဂ်လန္းကြၽန္း ဆရာေတာ္က မိန႔္ၾကားသည္။
အသင္းေတာ္သည္ အမုန္းတရားထက္ စာနာနားေထာင္မႈႏွင့္ ျပန္လည္သင့္ျမတ္ေရးကို အဓိက ထားေၾကာင္း ၊ ခရစ္ယာန္၊ ဗုဒၶဘာသာ၊ အစၥလာမ္ ႏွင့္ ဟိႏၵဴဘာသာေရးေခါင္းေဆာင္မ်ား စုေပါင္း၍ ၿငိမ္း ခ်မ္းေရးအတြက္ ဆုေတာင္းပြဲမ်ား ျပဳလုပ္ျခင္းျဖင့္ ကြဲျပားမႈမ်ားၾကားတြင္ အတူယွဥ္တြဲေနထိုင္ေရး ပုံစံ မ်ားကို ေဖာ္ျပေနေၾကာင္း ျမန္မာႏိုင္ငံမွ ပထမဆုံး ကာဒီနယ္ျဖစ္သည့္ ကာဒီနယ္ခ်ားလ္စ္ဘိုကလည္း ေျပာၾကားထားသည္။
ႏိုင္ငံေတာ္အစိုးရ အေနျဖင့္ ဥပေဒျပင္ပေရာက္ လက္နက္ကိုင္မ်ားကို ဖိတ္ေခၚထားသည္။ ထို႔ ျပင္ ၿငိမ္းခ်မ္းေရးရမွသာ တိုင္းျပည္အတြက္ ပိုမိုေဆာင္႐ြက္ႏိုင္မည္ျဖစ္ေသာေၾကာင့္ ၿငိမ္းခ်မ္းေရး ဖိုရမ္ မ်ားကိုလည္း က်င္းပထားသည္။ တစ္ဖက္တြင္လည္း ဥပေဒေဘာင္အတြင္းသို႔ အလင္းဝင္ေရာက္လာသူ ရွိေနရာ အစိုးရက ေႏြးေႏြးေထြးေထြး ျပန္လည္ႀကိဳဆိုေနေပသည္။
တစ္ဖက္တြင္လည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က (၇၉)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔ အခမ္းအနားသို႔ ေပးပို႔သည့္သဝဏ္လႊာအတြင္း ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ ေထာင္စုႀကီးတည္ေဆာက္ရာတြင္ တစ္ႏိုင္ငံလုံး ထာဝရၿငိမ္းခ်မ္းေရးသည္ အဓိကလိုအပ္ခ်က္ျဖစ္ ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ၿငိမ္းခ်မ္းေရးကို မိမိတို႔တိုင္း ရင္းသားျပည္သူမ်ားကသာ မျဖစ္မေန ေဖာ္ေဆာင္ ၾကရမည္ျဖစ္ေၾကာင္းႏွင့္ ေရရွည္တည္တံ့ခိုင္ၿမဲေသာ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာတြင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားအေနျဖင့္ တစ္ႏိုင္ငံလုံးပစ္ ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူ စာခ်ဳပ္ (NCA) ပါ ဘုံသေဘာတူညီခ်က္မ်ားႏွင့္အညီ ပူးေပါင္းပါဝင္ၾကရန္လိုအပ္ေၾကာင္း အသိေပးထားသည္။
ထို႔ျပင္ ဒီမိုကေရစီႏွင့္ၿငိမ္းခ်မ္းေရးကိုေဖာ္ေဆာင္ရာတြင္ ျပည္ပစြက္ဖက္မႈႏွင့္ ျပည္တြင္း ပေယာဂ ကင္းရွင္းၿပီး တိုင္းရင္းသားညီအစ္ကိုအခ်င္း ခ်င္း ျပည္ေထာင္စုစိတ္ဓာတ္အရင္းခံကာ ႏိုင္ငံေရး နည္းလမ္းအရ ရင္ၾကားေစ့ ေဆြးေႏြးအေျဖရွာျခင္းျဖင့္သာ ေအာင္ျမင္ႏိုင္မည္ျဖစ္ေၾကာင္း ေျပာၾကား ထားသည့္အျပင္ ႏိုင္ငံေတာ္အေနျဖင့္လည္း ေဆြးေႏြးမႈမ်ားကိုဖိတ္ေခၚၿပီး ၿငိမ္းခ်မ္းေရးတံခါးကို အစဥ္ အၿမဲဖြင့္လွစ္ႀကိဳဆိုလ်က္ရွိသည္ဟု သဝဏ္လႊာအတြင္း အသိေပးထားသည္။
ျမန္မာႏိုင္ငံသည္ စစ္မီးေၾကာင့္ နာက်င္ေနရၿပီျဖစ္ရာ ၿငိမ္းခ်မ္းေရးအတြက္ လမ္းေလွ်ာက္သကဲ့ သို႔ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚေလွ်ာက္လွမ္းရန္အတြက္လည္း လိုအပ္သည္။ အဘယ္ေၾကာင့္ဆို ေသာ္ ၿငိမ္းခ်မ္းေရးသည္ ျပည္သူမ်ားအတြက္ အေရးႀကီးဆုံး လိုအပ္ခ်က္ျဖစ္ေနရာ ဥပေဒျပင္ပမွ လက္ နက္ကိုင္မ်ားအေနျဖင့္ ျပည္သူ႔မ်က္ႏွာ ႏွင့္ လူထု၏ ရင္တြင္းခံစားခ်က္မ်ားအထိ လိုက္လံၾကည့္ရႈရန္ မျဖစ္မေနလိုအပ္၏။
မိသားစုလက္ဆုံထမင္းဝိုင္းသည္ ဆန္ၾကမ္းေသာထမင္းပင္ျဖစ္ေစကာမူ အိမ္တြင္စားရေသာ အရသာႏွင့္ စစ္ေျပးရင္း စားရေသာ အရသာမွာ လားလားမွ် မသက္ဆိုင္လွပါ။