တရုတ်ကမ်းလွန်တွင် မြန်မာသင်္ဘောသားအလုပ်လုပ်နေတဲ့ ကုန်တင်သင်္ဘောမီးလောင်၊ မြန်မာ နှစ်ဦးသေဆုံး

553

ဂျန်ဇက် (NP News)-ဖေဖော်ဝါရီ ၁၈
စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မန်ဒီ အမည်ရှိ ကုန်တင်သင်္ဘောတစ်စီးဟာ ဖေဖော်ဝါရီ ၁၈ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ သင်္ဘောပေါ်ရှိ မြန်မာနိုင်ငံသား သင်္ဘောသားများအနက် (၂) ဦး
သေဆုံးသွားခဲ့တယ်လို့ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။မန်ဒီအမည်ရှိ သင်္ဘောရဲ့ အင်ဂျင်ခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး သင်္ဘောနှစ်ဦးဟာ အသက်ရှုမွန်းကြပ်မှုကြောင့် သေဆုံးခြင်းဖြစ်ဖွယ်ရှိတယ်လို့ သိရပါတယ်။ သင်္ဘောမီးလောင်မှုဖြစ်ပွားချိန်မှာ သင်္ဘောပေါ်မှာ မြန်မာနိုင်ငံသား သင်္ဘောသား (၂၅) ဦးရှိနေပြီး စင်ကာပူနိုင်ငံသား သင်္ဘောသားများပါဝင်ခြင်းမျိုးမရှိဘူးလို့ သိရပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံသား သင်္ဘောသား ၂ ဦးသေဆုံးထားပြီး အခြားမြန်မာနိုင်ငံသားသင်္ဘောသားတစ်ဦးကို ကယ်ထုတ်ကာ ကုန်းမြေပေါ်မှာ ဆေးဝါးကုသမှုများလုပ်ဆောင်ပေးလျက်ရှိတယ်လို့သိရပါတယ်.။ စင်ကာပူရေကြောင်းနဲ့ဆိပ်ကမ်းအာဏာပိုင်များအဖွဲ့ဟာ အဆိုပါသင်္ဘော မီးလောင်မှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။
မန်ဒီအမည်ရှိ ကုန်တင်သင်္ဘောဟာ တရုတ်နိုင်ငံ Yantai ဆိပ်ကမ်းကို ဆွဲယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။စင်ကာပူရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့များက မီးလောင်မှုကြောင့်သေဆုံးခဲ့ရတဲ့သင်္ဘောသားများနဲ့ပတ်သက်ပြီး ဝမ်းနည်းကြေကွဲတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ လိုအပ်တဲ့ကူညီထောက်ပံ့မှုများလုပ်ဆောင်ဖို့ တရုတ်အာဏာပိုင်များကို ဆက်သွယ်ထားတယ်လို့ စင်ကာပူ ရေကြောင်းနဲ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့များကပြောပါတယ်။

Zawgyi Version:
တ႐ုတ္ကမ္းလြန္တြင္ ျမန္မာသေဘၤာသားအလုပ္လုပ္ေနတဲ့ ကုန္တင္သေဘၤာမီးေလာင္၊ ျမန္မာ ႏွစ္ဦးေသဆုံး
ဂ်န္ဇက္ (NP News)-ေဖေဖာ္ဝါရီ ၁၈
စင္ကာပူႏိုင္ငံမွာ မွတ္ပုံတင္ထားတဲ့ မန္ဒီ အမည္ရွိ ကုန္တင္သေဘၤာတစ္စီးဟာ ေဖေဖာ္ဝါရီ ၁၈ရက္ေန႔က မီးေလာင္မႈျဖစ္ပြားခဲ့ရာ သေဘၤာေပၚရွိ ျမန္မာႏိုင္ငံသား သေဘၤာသားမ်ားအနက္ (၂) ဦး
ေသဆုံးသြားခဲ့တယ္လို႔ စင္ကာပူ ေရေၾကာင္းနဲ႔ ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။မန္ဒီအမည္ရွိ သေဘၤာရဲ႕ အင္ဂ်င္ခန္းမွာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး သေဘၤာႏွစ္ဦးဟာ အသက္ရႈမြန္းၾကပ္မႈေၾကာင့္ ေသဆုံးျခင္းျဖစ္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ သေဘၤာမီးေလာင္မႈျဖစ္ပြားခ်ိန္မွာ သေဘၤာေပၚမွာ ျမန္မာႏိုင္ငံသား သေဘၤာသား (၂၅) ဦးရွိေနၿပီး စင္ကာပူႏိုင္ငံသား သေဘၤာသားမ်ားပါဝင္ျခင္းမ်ိဳးမရွိဘူးလို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံသား သေဘၤာသား ၂ ဦးေသဆုံးထားၿပီး အျခားျမန္မာႏိုင္ငံသားသေဘၤာသားတစ္ဦးကို ကယ္ထုတ္ကာ ကုန္းေျမေပၚမွာ ေဆးဝါးကုသမႈမ်ားလုပ္ေဆာင္ေပးလ်က္ရွိတယ္လို႔သိရပါတယ္.။ စင္ကာပူေရေၾကာင္းနဲ႔ဆိပ္ကမ္းအာဏာပိုင္မ်ားအဖြဲ႕ဟာ အဆိုပါသေဘၤာ မီးေလာင္မႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
မန္ဒီအမည္ရွိ ကုန္တင္သေဘၤာဟာ တ႐ုတ္ႏိုင္ငံ Yantai ဆိပ္ကမ္းကို ဆြဲယူဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။စင္ကာပူေရေၾကာင္းနဲ႔ ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕မ်ားက မီးေလာင္မႈေၾကာင့္ေသဆုံးခဲ့ရတဲ့သေဘၤာသားမ်ားနဲ႔ပတ္သက္ၿပီး ဝမ္းနည္းေၾကကြဲတယ္လို႔သတင္းထုတ္ျပန္ထားပါတယ္။
လက္ရွိအခ်ိန္မွာ လိုအပ္တဲ့ကူညီေထာက္ပံ့မႈမ်ားလုပ္ေဆာင္ဖို႔ တ႐ုတ္အာဏာပိုင္မ်ားကို ဆက္သြယ္ထားတယ္လို႔ စင္ကာပူ ေရေၾကာင္းနဲ႔ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕မ်ားကေျပာပါတယ္။