သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအကျပ်အတည်းကို ဥရောပသမဂ္ဂရင်ဆိုင်နေရတယ်လို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ်သတိပေး

54
Pika (NP News) - ဖေဖော်ဝါရီလ ၁၉
သမိုင်းတစ်လျှောက် အဆိုးရွားဆုံးအကျပ်အတည်းကို ဥရောပသမဂ္ဂက ရင်ဆိုင်နေရတယ်လို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ်ဖီကိုက သတိပေးပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ဥရောပသမဂ္ဂမှာ ခေါင်းဆောင်မှုပိုင်းနဲ့ ရေရှည်အမြင်မရှိတာတွေကြောင့် စီးပွားရေးပြဿနာတွေက ပိုမိုဆိုးရွားလာနေတယ်လို့လည်း ရောဘတ်ဖီကိုက ပြောဆိုခဲ့ပါတယ်။
သာမန်ဥရောပသားတွေရင်ဆိုင်ရတဲ့ အခက်အခဲတွေဟာ ဥရောပသမဂ္ဂကအုပ်စုတစ်ခုလုံးကို ထိခိုက်စေတဲ့ ပိုမိုကျယ်ပြန့်တဲ့အဆင်မပြေမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း ရောဘတ်ဖီကိုက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ရောဘတ်ဖီကိုက”ဥရောပသမဂ္ဂက ဒီလိုအကျပ်အတည်းမျိုးကို သမိုင်းတစ်လျှောက် ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရဖူးပါဘူး။လက်ရှိအခြေအနေတွေက စီးပွားရေးညွှန်းကိန်းတွေနဲ့သာမက ခေါင်းဆောင်မှုပိုင်း၊အမြင်ပိုင်းတွေနဲ့လည်း ပတ်သက်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ယှဉ်ပြိုင်နိုင်မှုဆိုင်ရာညီညွတ်တဲ့မဟာဗျူဟာတွေမရှိဘူးဆိုရင် ဥရောပသမဂ္ဂက ကမ္ဘာ့စင်မြင့်ပေါ်ကနေ ပိုမိုကျဆင်းသွားနိုင်တဲ့ အန္တရာယ်တွေရှိနေတယ်လို့လည်း ရောဘတ်ဖီကိုက သတိပေးပြောဆိုခဲ့ပါတယ်။
zawgyi version
သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးအက်ပ္အတည္းကို ဥေရာပသမဂၢရင္ဆိုင္ေနရတယ္လို႔ ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္သတိေပး
Pika (NP News) - ေဖေဖာ္ဝါရီလ ၁၉
သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးအက်ပ္အတည္းကို ဥေရာပသမဂၢက ရင္ဆိုင္ေနရတယ္လို႔ ဆလိုဗက္ကီးယားဝန္ႀကီးခ်ဳပ္ ေရာဘတ္ဖီကိုက သတိေပးေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဥေရာပသမဂၢမွာ ေခါင္းေဆာင္မႈပိုင္းနဲ႔ ေရရွည္အျမင္မရွိတာေတြေၾကာင့္ စီးပြားေရးျပႆနာေတြက ပိုမိုဆိုး႐ြားလာေနတယ္လို႔လည္း ေရာဘတ္ဖီကိုက ေျပာဆိုခဲ့ပါတယ္။
သာမန္ဥေရာပသားေတြရင္ဆိုင္ရတဲ့ အခက္အခဲေတြဟာ ဥေရာပသမဂၢကအုပ္စုတစ္ခုလုံးကို ထိခိုက္ေစတဲ့ ပိုမိုက်ယ္ျပန႔္တဲ့အဆင္မေျပမႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း ေရာဘတ္ဖီကိုက မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ေရာဘတ္ဖီကိုက”ဥေရာပသမဂၢက ဒီလိုအက်ပ္အတည္းမ်ိဳးကို သမိုင္းတစ္ေလွ်ာက္ ဘယ္တုန္းကမွ မႀကဳံေတြ႕ခဲ့ရဖူးပါဘူး။လက္ရွိအေျခအေနေတြက စီးပြားေရးၫႊန္းကိန္းေတြနဲ႔သာမက ေခါင္းေဆာင္မႈပိုင္း၊အျမင္ပိုင္းေတြနဲ႔လည္း ပတ္သက္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ယွဥ္ၿပိဳင္ႏိုင္မႈဆိုင္ရာညီၫြတ္တဲ့မဟာဗ်ဴဟာေတြမရွိဘူးဆိုရင္ ဥေရာပသမဂၢက ကမာၻ႔စင္ျမင့္ေပၚကေန ပိုမိုက်ဆင္းသြားႏိုင္တဲ့ အႏၲရာယ္ေတြရွိေနတယ္လို႔လည္း ေရာဘတ္ဖီကိုက သတိေပးေျပာဆိုခဲ့ပါတယ္။