မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအကြောင်း တစေ့တစောင်း (နိုင်ငံရေး သုံးသပ်ဆောင်းပါး)

 242

Photos: ;Credit
ဝဏ္ဏဇော် (NP News) - ဖေဖော်ဝါရီလ ၁၉
ကမ္ဘာတွင် (၁၇) ရာစုအလယ်လောက်၌ ဒေါက် တာ ဝီလျံပက်တီဆိုသူက ပထဝီနိုင်ငံရေးပညာရပ် ကို စတင်ဖော်ထုတ်ခဲ့သည်ဟု ကမ္ဘာ့ပညာရှင်များက အသိမှတ်ပြုထားကြသည်။ သူသည် အောက်စဖို့ဒ် တက္ကသိုလ်တွင် ခန္ဓာဗေဒ ပညာရှင်အဖြစ် အမှုထမ်း ခဲ့ပြီး စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ်သည်။ သူ ရေးသားထုတ်ဝေခဲ့သည့် " နိုင်ငံရေး သင်္ချာ " စာအုပ်မှာ သမိုင်းရေးရာ ပထဝီအကြောင်းဖြစ်၍ ၎င်းဘာသာ ရပ်မှာ ပထဝီနိုင်ငံရေး၏အခြေခံအုတ်မြစ်လည်း ဖြစ် သည်။
ပထဝီနိုင်ငံရေးလောကတွင် အခြားအထင်ရှား ဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဆာအာဖို့မက္ကင်ဒါဖြစ်သည်။ ပထဝီနိုင်ငံရေးပညာရပ်နှင့်ပတ်သက်သည့် သူ၏ပထမဆုံးစာအုပ်ကို (၁၉) ရာစု မကုန်ဆုံးမီအချိန်တွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ သူ့အား (၂၀) ရာစုနှစ် ပထဝီ နိုင်ငံရေးဆရာအဖြစ်သာ မျက်မှောက်ခေတ်ပထဝီ နိုင်ငံရေးဆရာများက ယူဆသတ်မှတ်ကြသည်။ သူ၏ထူးခြားချက်မှာ ပထဝီနိုင်ငံရေးနှင့်ပတ်သက်၍ သူ ကိုယ်တိုင်စနစ်တကျလေ့လာခဲ့ပြီး ၎င်းလေ့လာချက် များကိုအခြေပြု၍ သိပ္ပံနည်းကျဖော်ထုတ်တင်ပြခဲ့ ခြင်းပင် ဖြစ်လေသည်။
ကမ္ဘာပေါ်တွင် နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ၎င်းတို့၏အမျိုးသားအကျိုးစီးပွားများကိုသာ အဓိကထား ကြပြီး ထိုသို့အမျိုးသားအကျိုးစီးပွားကို အဓိကထား ရာတွင် ပထဝီနိုင်ငံရေးအချက်များမှာ လွန်စွာမှပင် အရေးကြီးလှပေသည်။ ပထဝီနိုင်ငံရေးတွင် အရေးပါ ဆုံးအချက်နှစ်ချက်မှာ မြေတည်နေရာအကျယ်အ ဝန်းနှင့် လူဦးရေပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဧရိယာအကျယ်အဝန်းမှာ စတု ရန်းမိုင်ပေါင်း (၂၆၁၂၂၈) ရှိ၍ အရှေ့တောင်အာရှတွင် ဒုတိယဧရိယာအကျယ်ဝန်းဆုံးနိုင်ငံဖြစ်သည်။ မြန်မာ နိုင်ငံတွင် (၂၀၂၄) ခုနှစ်၊ အောက်တိုဘာလ (၁) ရက် မှ (၁၅) ရက်အထိ လူဦးရေစာရင်းကောက်ယူခဲ့ပြီး (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်တွင် ထုတ်ပြန် ချက်အရ မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ (၅၁.၃) သန်းကျော်ရှိသည်ဟု သိရှိရပါသည်။
(၂၀၁၄) ခုနှစ်ကလည်း မြန်မာနိုင်ငံတစ်ဝန်း၌ သန်းခေါင်စာရင်းကောက်ယူခဲ့ရာတွင် အမျိုးသား (၂၄.၈၂) သန်း၊ အမျိုးသမီး (၂၆.၆၆) သန်း၊ စုစု ပေါင်းလူဦးရေ (၅၁.၄၉) သန်းရှိခဲ့ပါသည်။ ထိုစာရင်း များအရ မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေက အမျိုး သားဦးရေထက် (၁.၈၃) သန်းပိုများနေကြောင်း သိ ရှိရပါသည်။
လူဦးရေနှင့်သက်ဆိုင်သည့် နိုင်ငံတကာ သုတေ သနအဖွဲ့များ၏ (၂၀၂၅) ခုနှစ် ခန့်မှန်းစာရင်းများအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ (၅၄.၈၅) သန်းဟုလည်း ဆိုပါသည်။ အာရှတိုက်တွင် လူဦးရေမွေးဖွားနှုန်း ကျ ဆင်းနေသောနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင် နေပါသည်။ လွန်ခဲ့သောနှစ် (၄၀) ကျော်က မြန်မာ အမျိုးသမီးတစ်ဦးလျှင် ကလေး(၃)ဦးမှ (၉)ဦးနှုန်း မွေးဖွားခဲ့ရာမှ (၂၀၂၀) ပြည့်နှစ်၊ ကိန်းဂဏန်းများအရ မြန်မာအမျိုးသမီးတစ်ဦးသည် (၂.၁) ဦးနှုန်းသာ မွေး ဖွားနှုန်းရှိသည့်အတွက် မွေးဖွားနှုန်းသိသိသာသာ ကျ ဆင်းသွားကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်မပြုသည့်လူပျိုကြီး၊ အပျိုကြီးဦးရေသည် လာအိုနိုင်ငံထက်(၄)ဆ များ၍ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများထက် (၂)ဆကျော် များပြားနေကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့(UNFPA) ၏လွန်ခဲ့သောနှစ်များက ထုတ်ပြန် သည့်အစီရင်ခံစာများတွင် ဖော်ပြထားပါသည်။

Wikipedia တွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီများ ၏မွေးဖွားနှုန်းသည် မြန်မာတိုင်းရင်းသားများ၏ မွေး ဖွားနှုန်းထက် လေးဆကျော်များပြားနေပြီး လွန်ခဲ့ သော နှစ်(၃၀)ကထက် လူဦးရေသုံးလေးဆကျော် တိုးပွားနေကြောင်းရေးသားဖော်ပြထားသည်။ မြန်မာ တို့ ယခုမွေးဖွားနှုန်းအတိုင်းသာ ဆိုလျှင်၊ တိုင်းရင်း သား မဟုတ်သောအခြားသူများ၏ မွေးဖွားနှုန်းများကို မထိန်းချုပ်ခဲ့လျှင် နောင်နှစ်(၁၀ဝ)ကျော်သောအခါ (၁၃၅) မျိုးသော မြန်မာတိုင်းရင်းသားအားလုံး၏ စုစု ပေါင်းလူဦးရေသည် ထိုအချိန်တွင်ရှိလာမည့်နိုင်ငံ လူဦးရေ၏ ထက်ဝက်ခန့်သာရှိတော့မည်ဖြစ်ကြောင်း သုတေသီများက တွက်ချက်ခန့်မှန်းထားကြသည်။
ထို့ကြောင့် နိုင်ငံတွင်းသို့ အခြားမှခိုးဝင်သူများ တစ်ယောက်မျှပင် ဝင်ရောက်မလာနိုင်စေရန်တား ဆီးကာကွယ်ရမည်မှာ လွန်စွာအရေးကြီးသည့် အမျိုး သားရေးတာဝန်ကြီးတစ်ရပ်ပင်ဖြစ်ပါသည်။ နိုင်ငံ တွင်းသို့ ခိုးဝင်တစ်ယောက်ရောက်နေလျှင်ပင် တစ် ရန် အာရုံနောက်နေရမည်ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ လာအို၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့၏ တည်နေရာအကျယ်အဝန်းနှင့် လူဦးရေ ကိန်းဂဏန်း များကိုဖော်ပြပါမည်။ လူဦးရေကိန်းဂဏန်းများမှာ နိုင်ငံတကာသုတေသနအဖွဲ့များ၏ (၂၀၂၄/၂၅) ခုနှစ် စာရင်းများဖြစ်ပါသည်။
လာအိုနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တည်ရှိသည်။ နိုင်ငံအကျယ်အဝန်းမှာ (၉၁ç၄၀ဝ) စတုရန်းမိုင်ဖြစ်၍ လူဦးရေ (၇.၈၆) သန်းရှိသည်။ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တည် ရှိသည်။ နိုင်ငံအကျယ်ဝန်းမှာ (၉၈ç၁၁၅) စတုရန်း မိုင်ဖြစ်ပြီး လူဦးရေမှာ (၇၁.၆၁) သန်းရှိသည်။ တရုတ်နိုင်ငံသည် အရှေ့အာရှဒေသတွင် တည်ရှိ သည်။ နိုင်ငံအကျယ်အဝန်းမှာ (၃ç၇၄၇ç၈၇၇) စတု ရန်းမိုင်ရှိပြီး ကမ္ဘာပေါ်တွင် တတိယမြောက်နယ်မြေအကျယ်ဝန်းဆုံးနိုင်ငံဖြစ်သည်။ လူဦးရေမှာ (၁၄၁၆) သန်းဖြစ်သည်။ အိန္ဒိယနိုင်ငံသည် တောင်အာရှ ဒေသတွင် တည်ရှိသည်။ နိုင်ငံအကျယ်အဝန်းမှာ (၁ç၂၆၉ç၂၁၉) စတုရန်းမိုင်ရှိ၍ လူဦးရေ (၁၄၆၃) သန်းရှိသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တောင်အာရှ ဒေသတွင်ရှိသည်။ နိုင်ငံအကျယ်အဝန်းမှာ (၅၆ç၉၈၀) စတုရန်းမိုင်ရှိ၍ လူဦးရေမှာ (၁၇၅.၆၈) သန်းဖြစ် သည်။
မြန်မာနိုင်ငံနှင့်ဆက်စပ်နေသည့် အိမ်နီးချင်း ငါး နိုင်ငံ၏တည်ရှိရာဒေသများကို ဆန်းစစ်ရသော် အ ရှေ့အာရှ (၁)နိုင်ငံ၊ တောင်အာရှ (၂)နိုင်ငံ၊ အရှေ့ တောင်အာရှ (၂)နိုင်ငံနှင့် ထိစပ်နေရာ မြန်မာနိုင်ငံ၏ ပထဝီအနေအထားသည် မည်မျှအရေးပါနေသည်ကို တွေ့ရှိသုံးသပ်နိုင်မည်ဖြစ်သည်။ (၂၀၂၅) ခုနှစ်၊ ခန့် မှန်းစာရင်းများအရ အိန္ဒိယနိုင်ငံ၏လူဦးရေသည် တရုတ်နိုင်ငံ၏လူဦးရေထက် ကျော်လွန်သွားသည်ကို သိရှိရသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ ပေါ်တွင် လူဦးရေအများဆုံး (၂)နိုင်ငံဖြစ်သည်။ မြန် မာအမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် (၂) သန်းခန့် ပိုနေသော်လည်း တရုတ်နိုင်ငံ၌ (၂၀ဝ၈) ခုနှစ် စာရင်းများအရ အမျိုးသားဦးရေက အမျိုးသမီး ဦးရေထက် သန်း (၃၀) ပိုများနေကြောင်း သိရှိရပါ သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရှမ်း ပြည်နယ်အကျယ်အဝန်းခန့်သာရှိသည်။ မြန်မာနိုင်ငံ တွင် (၁) စတုရန်းမိုင်၌ လူဦးရေ (၂၁၆) ဦးသာရှိ သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် (၁) စတုရန်းမိုင် ၌ လူဦးရေ (၂၈၈၉) ဦး နေထိုင်လျက်ရှိသည်။ လက် ရှိမြန်မာ့လူဦးရေမှာ နိုင်ငံအကျယ်အဝန်းနှင့်စာလျှင် လွန်စွာမှပင်နည်းပါးနေပါသည်။ အနောက်နိုင်ငံများ ၏အစီရင်ခံစာများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရေဘေးအန္တရာယ်အမြင့်ဆုံးရှိသည့် နိုင်ငံဟုဆိုပါသည်။ နှစ်စဉ်လည်း နိုင်ငံကုန်းမြေ ဧရိ ယာ၏ (၂၅) ရာခိုင်နှုန်းသည် ရေကြီးရေလျှံရေနစ်မြုပ် မှုများဖြစ်ပေါ်လျက်ရှိပြီး လွန်ကဲစွာရေကြီးရေလျှံမှု များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြေဧရိယာ (၅၅) မှ ( ၆၀) ရာခိုင်နှုန်းအထိ အချိန်မရွေး ရေအောက်သို့ အပြီးတိုင်ရောက်ရှိသွားနိုင်သည်ဟု ဖော်ပြထားပါ သည်။
မျက်မှောက်ခေတ် ခေတ်သစ်နယ်ချဲ့ နည်းများ ထဲတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာနေသော နည်းလမ်းတစ်ခုမှာ နယ်ချဲ့လိုသောနိုင်ငံသည် ၎င်းတို့၏မျိုးနွယ်များကို သူပစ်မှတ်ထားသည့် အခြားနိုင်ငံ အတွင်းသို့ ခိုးဝင်၍ဖြစ်စေ၊ ဒုက္ခသည်အယောင် ဆောင်၍ဖြစ်စေ စသည့်နည်းလမ်းပေါင်းစုံ အသုံးပြု ၍အစုအလိုက်အပြုံလိုက် ရောက်ရှိအခြေချ နေထိုင် စေ၏။ ထို့နောက် အိမ်ရှင်နိုင်ငံ၏မျိုးနွယ်များကို သွေး နှောခြင်း၊ ၎င်းတို့၏မွေးဖွားနှုန်းများ မြင့်မားစေခြင်း စသည်ဖြင့် လူဦးရေ ဝါးမျိုလွှမ်းမိုးကာ ပစ်မှတ်နိုင်ငံကိုအပိုင်စီးသိမ်းပိုက်ရန် လုပ်ဆောင်နေကြခြင်းပင် ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသမှ ခေါင်းဆောင် တစ်ဦးက ၎င်း၏နောက်လိုက်များကို လမ်းညွှန်ချက် ပေးရာတွင် " အယူဝါဒ မှားတယ် မှန်တယ်လို့ ငါတို့ ကို လာမပြောနဲ့၊ ကမ္ဘာမှာ ငါတို့လူဦးရေများရင် နိုင် ပြီ" ဟူ၍ ဖြစ်လေသည်။
အလျဉ်းသင့်၍ ဇော်သူကျော်ရေးသည့် " ကိန်းဂဏန်းများက ညွှန်ပြနေသော မြန်မာ့နောင်ရေး " ဆောင်းပါးထဲမှ လူဦးရေတိုးပွားခြင်းနှင့် ပတ်သက်သည့် အယူအဆသဘောတရားတစ်ခုကို ကိုးကား ဖော်ပြပါမည်။ လောကဓမ္မတာအရ ကျား နှင့် မ (ဝါ) အမျိုးသားနှင့်အမျိုးသမီး အိမ်ထောင်ပြုခြင်းကြောင့် သားသမီးများထွန်းကားလာကြပေသည်။ လူဦးရေ တိုးပွားခြင်းသည် ကလေးမွေးဖွားနှုန်းနှင့် တိုက်ရိုက် အချိုးကျသည်။ အမျိုးသားနှင့်အမျိုးသမီး အိမ်ထောင် ပြု၍ ကလေးနှစ်ဦး (ဝါ) သားသမီးနှစ်ဦး မွေးဖွားသည် ဆိုပါလျှင် နိုင်ငံအတွက် အချိန်အတိုင်းအတာတစ်ခု အထိသာ လူဦးရေတိုးပွားသည်ဟုဆိုနိုင်သည်။ သူတို့ မွေးသည့် ကလေးနှစ်ဦးသည် အချိန်တန်လျှင် အရွယ်ရောက်မည်ဖြစ်သလို ကလေးနှစ်ဦး၏ မိဘများ သည်လည်း သက်တမ်းတစ်ခုအထိသာ အသက်ရှင် သန်နိုင်မည်ဖြစ်သည်။ (၂၀၂၅) ခုနှစ်စာရင်းများအရ မြန်မာတို့၏လက်ရှိ ပျှမ်းမျှသက်တမ်းမှာ (၆၆.၈၉) နှစ်ဖြစ်သည်။ ထိုမိဘများသည် အသက်အရွယ်ကြီး ရင့်၍ သေဆုံးလျှင် (မတော်တဆ ထိခိုက်မှုနှင့်ရောဂါ ဘယများကြောင့် သက်တမ်းစေ့ မနေရမှုများကိုထည့် တွက်မထားပါ) သူတို့ကိုယ်စားသူတို့ ကိုယ်ပွား သား သမီးနှစ်ဦးသာ ချန်ထားခဲ့သည့်အတွက် နိုင်ငံ၏လူဦး ရေသည် ယခင်ရှိရင်းအတိုင်းသာ ရှိမည်ဖြစ်သည်။
ကျားနှင့်မ အိမ်ထောင်ပြု၍ ကလေးတစ်ယောက် သာ မွေးဖွားခဲ့သော် နောင်တစ်ချိန် သူတို့မရှိတော့ သည့်အချိန်တွင် သူတို့နှစ်ဦးအစား တစ်ဦးသာမွေးဖွား နိုင်ခဲ့သည့်အတွက် နိုင်ငံလူဦးရေသည် အနုတ်တစ် (မိုင်းနပ်စ်ဝမ်း) ဖြစ်သွားမည်။ ကလေးလုံးဝမယူခဲ့ သော် မမွေးခဲ့သည်ရှိသော် နောင်တစ်ချိန်၌ အနုတ် နှစ်(မိုင်းနပ်စ်တူး) ဖြစ်သွားပေမည်။
ကျားနှင့်မ အိမ်ထောင်ပြု၍ ကလေးသုံးဦး မွေး ဖွားခဲ့သော် နောင်တစ်ချိန်၌ သူတို့နှစ်ဦးကိုယ်ပွား အပြင် အပေါင်းတစ်ဦး (ပလပ်စ်ဝမ်း) သည် နိုင်ငံ့ လူဦးရေစာရင်းတွင် အမှန်တကယ်တိုးပွားလာတော့မည်ဖြစ်သည်။ ကလေး(၄)ဦး မွေးဖွားခဲ့သော် အ ပေါင်းနှစ်ဦး(ပလပ်စ်တူး) တိုးပွားလာမည်ဖြစ်သည်။
စာဖတ်သူများ ပိုမိုရှင်းလင်းစွာတွေ့မြင်စေရန် အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
ကျား + မ = ကလေး လုံးဝမမွေး
(နောင်တစ်ချိန်လူဦးရေ အနုတ် (၂) ပြမည်။)
ကျား + မ = ကလေး နှစ်ဦးမွေး
(နောင်တစ်ချိန်လူဦးရေ ရှိရင်းအင်အား အတိုင်း သာဖြစ်မည်။)
ကျား + မ = ကလေး သုံးဦးမွေး
(နောင်တစ်ချိန်လူဦးရေ အပေါင်း (၁)တိုးမည်။)
ကျား + မ = ကလေး လေးဦးမွေး
(နောင်တစ်ချိန်လူဦးရေ အပေါင်း(၂) တိုးမည်။)
ကျား + မ = ကလေး ငါးဦးမွေး
(နောင်တစ်ချိန်လူဦးရေ အပေါင်း(၃) တိုးမည်။)
အထက်ပါ လူဦးရေတိုးပွားခြင်းနှင့် သက်ဆိုင် သည့်အယူအဆသဘောတရားလေးကို စာဖတ်သူ များ ဆက်လက်စဉ်းစားသုံးသပ်နိုင်စေရန် ထည့်သွင်း ဖော်ပြခြင်းဖြစ်ပါသည်။ အိမ်ထောင်ပြုခြင်း၊ မပြုခြင်း၊ ကလေးရခြင်း၊ မရခြင်းများအား ဝေဖန်ရေးသားခြင်း မဟုတ်ပေ။ မျိုးဆက်တစ်ဆက်ကိုသာ သုံးသပ်ဖော်ပြ ထားခြင်းဖြစ်ပါကြောင်းတင်ပြရင်း မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ပထဝီနိုင်ငံရေးအကြောင်း တစေ့တစောင်းဆောင်းပါးကို နိဂုံးချုပ်အပ်ပါ သတည်း။

à

ကိုးကား

၁။ သောင်းထိုက်၊ ပထဝီနိုင်ငံရေး
၂။ ဇော်သူကျော်၊ ကိန်းဂဏန်းများက ညွှန်ပြနေ သော မြန်မာ့နောင်ရေး ဆောင်းပါး
၃။ https: // www.moi.gov.mm
၄။ https: // worldpopulationreview.com
၅။ https: // www.statista.com
၆။ https: // worldometers.info > myanmar & other countries

Zawgyi Version:
ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ပထဝီႏိုင္ငံေရးအေၾကာင္း တေစ့တေစာင္း
(ႏိုင္ငံေရး သုံးသပ္ေဆာင္းပါး)
ဝဏၰေဇာ္ (NP News) - ေဖေဖာ္ဝါရီလ ၁၉
ကမာၻတြင္ (၁၇) ရာစုအလယ္ေလာက္၌ ေဒါက္ တာ ဝီလ်ံပက္တီဆိုသူက ပထဝီႏိုင္ငံေရးပညာရပ္ ကို စတင္ေဖာ္ထုတ္ခဲ့သည္ဟု ကမာၻ႔ပညာရွင္မ်ားက အသိမွတ္ျပဳထားၾကသည္။ သူသည္ ေအာက္စဖို႔ဒ္ တကၠသိုလ္တြင္ ခႏၶာေဗဒ ပညာရွင္အျဖစ္ အမႈထမ္း ခဲ့ၿပီး စီးပြားေရးပညာရွင္တစ္ဦးလည္းျဖစ္သည္။ သူ ေရးသားထုတ္ေဝခဲ့သည့္ " ႏိုင္ငံေရး သခ်ၤာ " စာအုပ္မွာ သမိုင္းေရးရာ ပထဝီအေၾကာင္းျဖစ္၍ ၎ဘာသာ ရပ္မွာ ပထဝီႏိုင္ငံေရး၏အေျခခံအုတ္ျမစ္လည္း ျဖစ္ သည္။
ပထဝီႏိုင္ငံေရးေလာကတြင္ အျခားအထင္ရွား ဆုံး ပုဂၢိဳလ္တစ္ဦးမွာ ဆာအာဖို႔မကၠင္ဒါျဖစ္သည္။ ပထဝီႏိုင္ငံေရးပညာရပ္ႏွင့္ပတ္သက္သည့္ သူ၏ပထမဆုံးစာအုပ္ကို (၁၉) ရာစု မကုန္ဆုံးမီအခ်ိန္တြင္ ထုတ္ေဝျဖန႔္ခ်ိခဲ့သည္။ သူ႔အား (၂၀) ရာစုႏွစ္ ပထဝီ ႏိုင္ငံေရးဆရာအျဖစ္သာ မ်က္ေမွာက္ေခတ္ပထဝီ ႏိုင္ငံေရးဆရာမ်ားက ယူဆသတ္မွတ္ၾကသည္။ သူ၏ထူးျခားခ်က္မွာ ပထဝီႏိုင္ငံေရးႏွင့္ပတ္သက္၍ သူ ကိုယ္တိုင္စနစ္တက်ေလ့လာခဲ့ၿပီး ၎ေလ့လာခ်က္ မ်ားကိုအေျချပဳ၍ သိပၸံနည္းက်ေဖာ္ထုတ္တင္ျပခဲ့ ျခင္းပင္ ျဖစ္ေလသည္။
ကမာၻေပၚတြင္ ႏိုင္ငံတိုင္း ႏိုင္ငံတိုင္းသည္ ၎တို႔၏အမ်ိဳးသားအက်ိဳးစီးပြားမ်ားကိုသာ အဓိကထား ၾကၿပီး ထိုသို႔အမ်ိဳးသားအက်ိဳးစီးပြားကို အဓိကထား ရာတြင္ ပထဝီႏိုင္ငံေရးအခ်က္မ်ားမွာ လြန္စြာမွပင္ အေရးႀကီးလွေပသည္။ ပထဝီႏိုင္ငံေရးတြင္ အေရးပါ ဆုံးအခ်က္ႏွစ္ခ်က္မွာ ေျမတည္ေနရာအက်ယ္အ ဝန္းႏွင့္ လူဦးေရပင္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏ ဧရိယာအက်ယ္အဝန္းမွာ စတု ရန္းမိုင္ေပါင္း (၂၆၁၂၂၈) ရွိ၍ အေရွ႕ေတာင္အာရွတြင္ ဒုတိယဧရိယာအက်ယ္ဝန္းဆုံးႏိုင္ငံျဖစ္သည္။ ျမန္မာ ႏိုင္ငံတြင္ (၂၀၂၄) ခုႏွစ္၊ ေအာက္တိုဘာလ (၁) ရက္ မွ (၁၅) ရက္အထိ လူဦးေရစာရင္းေကာက္ယူခဲ့ၿပီး (၂၀၂၄) ခုႏွစ္၊ ဒီဇင္ဘာ (၃၁) ရက္တြင္ ထုတ္ျပန္ ခ်က္အရ ျမန္မာႏိုင္ငံ၏ခန႔္မွန္းလူဦးေရ (၅၁.၃) သန္းေက်ာ္ရွိသည္ဟု သိရွိရပါသည္။
(၂၀၁၄) ခုႏွစ္ကလည္း ျမန္မာႏိုင္ငံတစ္ဝန္း၌ သန္းေခါင္စာရင္းေကာက္ယူခဲ့ရာတြင္ အမ်ိဳးသား (၂၄.၈၂) သန္း၊ အမ်ိဳးသမီး (၂၆.၆၆) သန္း၊ စုစု ေပါင္းလူဦးေရ (၅၁.၄၉) သန္းရွိခဲ့ပါသည္။ ထိုစာရင္း မ်ားအရ ျမန္မာႏိုင္ငံတြင္ အမ်ိဳးသမီးဦးေရက အမ်ိဳး သားဦးေရထက္ (၁.၈၃) သန္းပိုမ်ားေနေၾကာင္း သိ ရွိရပါသည္။
လူဦးေရႏွင့္သက္ဆိုင္သည့္ ႏိုင္ငံတကာ သုေတ သနအဖြဲ႕မ်ား၏ (၂၀၂၅) ခုႏွစ္ ခန႔္မွန္းစာရင္းမ်ားအရ ျမန္မာႏိုင္ငံ၏ လူဦးေရမွာ (၅၄.၈၅) သန္းဟုလည္း ဆိုပါသည္။ အာရွတိုက္တြင္ လူဦးေရေမြးဖြားႏႈန္း က် ဆင္းေနေသာႏိုင္ငံမ်ားတြင္ ျမန္မာႏိုင္ငံလည္း ပါဝင္ ေနပါသည္။ လြန္ခဲ့ေသာႏွစ္ (၄၀) ေက်ာ္က ျမန္မာ အမ်ိဳးသမီးတစ္ဦးလွ်င္ ကေလး(၃)ဦးမွ (၉)ဦးႏႈန္း ေမြးဖြားခဲ့ရာမွ (၂၀၂၀) ျပည့္ႏွစ္၊ ကိန္းဂဏန္းမ်ားအရ ျမန္မာအမ်ိဳးသမီးတစ္ဦးသည္ (၂.၁) ဦးႏႈန္းသာ ေမြး ဖြားႏႈန္းရွိသည့္အတြက္ ေမြးဖြားႏႈန္းသိသိသာသာ က် ဆင္းသြားေၾကာင္း ေတြ႕ရွိရပါသည္။
ျမန္မာႏိုင္ငံတြင္ အိမ္ေထာင္မျပဳသည့္လူပ်ိဳႀကီး၊ အပ်ိဳႀကီးဦးေရသည္ လာအိုႏိုင္ငံထက္(၄)ဆ မ်ား၍ ဗီယက္နမ္၊ ကေမာၻဒီးယားႏိုင္ငံမ်ားထက္ (၂)ဆေက်ာ္ မ်ားျပားေနေၾကာင္း ကုလသမဂၢလူဦးေရ ရန္ပုံေငြ အဖြဲ႕(UNFPA) ၏လြန္ခဲ့ေသာႏွစ္မ်ားက ထုတ္ျပန္ သည့္အစီရင္ခံစာမ်ားတြင္ ေဖာ္ျပထားပါသည္။

Wikipedia တြင္ ရခိုင္ျပည္နယ္၌ ဘဂၤါလီမ်ား ၏ေမြးဖြားႏႈန္းသည္ ျမန္မာတိုင္းရင္းသားမ်ား၏ ေမြး ဖြားႏႈန္းထက္ ေလးဆေက်ာ္မ်ားျပားေနၿပီး လြန္ခဲ့ ေသာ ႏွစ္(၃၀)ကထက္ လူဦးေရသုံးေလးဆေက်ာ္ တိုးပြားေနေၾကာင္းေရးသားေဖာ္ျပထားသည္။ ျမန္မာ တို႔ ယခုေမြးဖြားႏႈန္းအတိုင္းသာ ဆိုလွ်င္၊ တိုင္းရင္း သား မဟုတ္ေသာအျခားသူမ်ား၏ ေမြးဖြားႏႈန္းမ်ားကို မထိန္းခ်ဳပ္ခဲ့လွ်င္ ေနာင္ႏွစ္(၁၀ဝ)ေက်ာ္ေသာအခါ (၁၃၅) မ်ိဳးေသာ ျမန္မာတိုင္းရင္းသားအားလုံး၏ စုစု ေပါင္းလူဦးေရသည္ ထိုအခ်ိန္တြင္ရွိလာမည့္ႏိုင္ငံ လူဦးေရ၏ ထက္ဝက္ခန႔္သာရွိေတာ့မည္ျဖစ္ေၾကာင္း သုေတသီမ်ားက တြက္ခ်က္ခန႔္မွန္းထားၾကသည္။
ထို႔ေၾကာင့္ ႏိုင္ငံတြင္းသို႔ အျခားမွခိုးဝင္သူမ်ား တစ္ေယာက္မွ်ပင္ ဝင္ေရာက္မလာႏိုင္ေစရန္တား ဆီးကာကြယ္ရမည္မွာ လြန္စြာအေရးႀကီးသည့္ အမ်ိဳး သားေရးတာဝန္ႀကီးတစ္ရပ္ပင္ျဖစ္ပါသည္။ ႏိုင္ငံ တြင္းသို႔ ခိုးဝင္တစ္ေယာက္ေရာက္ေနလွ်င္ပင္ တစ္ ရန္ အာ႐ုံေနာက္ေနရမည္ျဖစ္ပါသည္။ ဆက္လက္၍ ျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ တ႐ုတ္၊ လာအို၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္ႏွင့္ အိႏၵိယႏိုင္ငံတို႔၏ တည္ေနရာအက်ယ္အဝန္းႏွင့္ လူဦးေရ ကိန္းဂဏန္း မ်ားကိုေဖာ္ျပပါမည္။ လူဦးေရကိန္းဂဏန္းမ်ားမွာ ႏိုင္ငံတကာသုေတသနအဖြဲ႕မ်ား၏ (၂၀၂၄/၂၅) ခုႏွစ္ စာရင္းမ်ားျဖစ္ပါသည္။
လာအိုႏိုင္ငံသည္ အေရွ႕ေတာင္အာရွေဒသတြင္ တည္ရွိသည္။ ႏိုင္ငံအက်ယ္အဝန္းမွာ (၉၁ç၄၀ဝ) စတုရန္းမိုင္ျဖစ္၍ လူဦးေရ (၇.၈၆) သန္းရွိသည္။ ထိုင္းႏိုင္ငံသည္ အေရွ႕ေတာင္အာရွေဒသတြင္ တည္ ရွိသည္။ ႏိုင္ငံအက်ယ္ဝန္းမွာ (၉၈ç၁၁၅) စတုရန္း မိုင္ျဖစ္ၿပီး လူဦးေရမွာ (၇၁.၆၁) သန္းရွိသည္။ တ႐ုတ္ႏိုင္ငံသည္ အေရွ႕အာရွေဒသတြင္ တည္ရွိ သည္။ ႏိုင္ငံအက်ယ္အဝန္းမွာ (၃ç၇၄၇ç၈၇၇) စတု ရန္းမိုင္ရွိၿပီး ကမာၻေပၚတြင္ တတိယေျမာက္နယ္ေျမအက်ယ္ဝန္းဆုံးႏိုင္ငံျဖစ္သည္။ လူဦးေရမွာ (၁၄၁၆) သန္းျဖစ္သည္။ အိႏၵိယႏိုင္ငံသည္ ေတာင္အာရွ ေဒသတြင္ တည္ရွိသည္။ ႏိုင္ငံအက်ယ္အဝန္းမွာ (၁ç၂၆၉ç၂၁၉) စတုရန္းမိုင္ရွိ၍ လူဦးေရ (၁၄၆၃) သန္းရွိသည္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ေတာင္အာရွ ေဒသတြင္ရွိသည္။ ႏိုင္ငံအက်ယ္အဝန္းမွာ (၅၆ç၉၈၀) စတုရန္းမိုင္ရွိ၍ လူဦးေရမွာ (၁၇၅.၆၈) သန္းျဖစ္ သည္။
ျမန္မာႏိုင္ငံႏွင့္ဆက္စပ္ေနသည့္ အိမ္နီးခ်င္း ငါး ႏိုင္ငံ၏တည္ရွိရာေဒသမ်ားကို ဆန္းစစ္ရေသာ္ အ ေရွ႕အာရွ (၁)ႏိုင္ငံ၊ ေတာင္အာရွ (၂)ႏိုင္ငံ၊ အေရွ႕ ေတာင္အာရွ (၂)ႏိုင္ငံႏွင့္ ထိစပ္ေနရာ ျမန္မာႏိုင္ငံ၏ ပထဝီအေနအထားသည္ မည္မွ်အေရးပါေနသည္ကို ေတြ႕ရွိသုံးသပ္ႏိုင္မည္ျဖစ္သည္။ (၂၀၂၅) ခုႏွစ္၊ ခန႔္ မွန္းစာရင္းမ်ားအရ အိႏၵိယႏိုင္ငံ၏လူဦးေရသည္ တ႐ုတ္ႏိုင္ငံ၏လူဦးေရထက္ ေက်ာ္လြန္သြားသည္ကို သိရွိရသည္။ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ကမာၻ ေပၚတြင္ လူဦးေရအမ်ားဆုံး (၂)ႏိုင္ငံျဖစ္သည္။ ျမန္ မာအမ်ိဳးသမီးဦးေရသည္ အမ်ိဳးသားဦးေရထက္ (၂) သန္းခန႔္ ပိုေနေသာ္လည္း တ႐ုတ္ႏိုင္ငံ၌ (၂၀ဝ၈) ခုႏွစ္ စာရင္းမ်ားအရ အမ်ိဳးသားဦးေရက အမ်ိဳးသမီး ဦးေရထက္ သန္း (၃၀) ပိုမ်ားေနေၾကာင္း သိရွိရပါ သည္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ရွမ္း ျပည္နယ္အက်ယ္အဝန္းခန႔္သာရွိသည္။ ျမန္မာႏိုင္ငံ တြင္ (၁) စတုရန္းမိုင္၌ လူဦးေရ (၂၁၆) ဦးသာရွိ ေသာ္လည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ (၁) စတုရန္းမိုင္ ၌ လူဦးေရ (၂၈၈၉) ဦး ေနထိုင္လ်က္ရွိသည္။ လက္ ရွိျမန္မာ့လူဦးေရမွာ ႏိုင္ငံအက်ယ္အဝန္းႏွင့္စာလွ်င္ လြန္စြာမွပင္နည္းပါးေနပါသည္။ အေနာက္ႏိုင္ငံမ်ား ၏အစီရင္ခံစာမ်ားတြင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ ကမာၻေပၚတြင္ ေရေဘးအႏၲရာယ္အျမင့္ဆုံးရွိသည့္ ႏိုင္ငံဟုဆိုပါသည္။ ႏွစ္စဥ္လည္း ႏိုင္ငံကုန္းေျမ ဧရိ ယာ၏ (၂၅) ရာခိုင္ႏႈန္းသည္ ေရႀကီးေရလွ်ံေရနစ္ျမဳပ္ မႈမ်ားျဖစ္ေပၚလ်က္ရွိၿပီး လြန္ကဲစြာေရႀကီးေရလွ်ံမႈ မ်ားေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ေျမဧရိယာ (၅၅) မွ ( ၆၀) ရာခိုင္ႏႈန္းအထိ အခ်ိန္မေ႐ြး ေရေအာက္သို႔ အၿပီးတိုင္ေရာက္ရွိသြားႏိုင္သည္ဟု ေဖာ္ျပထားပါ သည္။
မ်က္ေမွာက္ေခတ္ ေခတ္သစ္နယ္ခ်ဲ႕ နည္းမ်ား ထဲတြင္ တြင္တြင္က်ယ္က်ယ္အသုံးျပဳလာေနေသာ နည္းလမ္းတစ္ခုမွာ နယ္ခ်ဲ႕လိုေသာႏိုင္ငံသည္ ၎တို႔၏မ်ိဳးႏြယ္မ်ားကို သူပစ္မွတ္ထားသည့္ အျခားႏိုင္ငံ အတြင္းသို႔ ခိုးဝင္၍ျဖစ္ေစ၊ ဒုကၡသည္အေယာင္ ေဆာင္၍ျဖစ္ေစ စသည့္နည္းလမ္းေပါင္းစုံ အသုံးျပဳ ၍အစုအလိုက္အၿပဳံလိုက္ ေရာက္ရွိအေျခခ် ေနထိုင္ ေစ၏။ ထို႔ေနာက္ အိမ္ရွင္ႏိုင္ငံ၏မ်ိဳးႏြယ္မ်ားကို ေသြး ေႏွာျခင္း၊ ၎တို႔၏ေမြးဖြားႏႈန္းမ်ား ျမင့္မားေစျခင္း စသည္ျဖင့္ လူဦးေရ ဝါးမ်ိဳလႊမ္းမိုးကာ ပစ္မွတ္ႏိုင္ငံကိုအပိုင္စီးသိမ္းပိုက္ရန္ လုပ္ေဆာင္ေနၾကျခင္းပင္ ျဖစ္သည္။ အေရွ႕အလယ္ပိုင္းေဒသမွ ေခါင္းေဆာင္ တစ္ဦးက ၎၏ေနာက္လိုက္မ်ားကို လမ္းၫႊန္ခ်က္ ေပးရာတြင္ " အယူဝါဒ မွားတယ္ မွန္တယ္လို႔ ငါတို႔ ကို လာမေျပာနဲ႔၊ ကမာၻမွာ ငါတို႔လူဦးေရမ်ားရင္ ႏိုင္ ၿပီ" ဟူ၍ ျဖစ္ေလသည္။
အလ်ဥ္းသင့္၍ ေဇာ္သူေက်ာ္ေရးသည့္ " ကိန္းဂဏန္းမ်ားက ၫႊန္ျပေနေသာ ျမန္မာ့ေနာင္ေရး " ေဆာင္းပါးထဲမွ လူဦးေရတိုးပြားျခင္းႏွင့္ ပတ္သက္သည့္ အယူအဆသေဘာတရားတစ္ခုကို ကိုးကား ေဖာ္ျပပါမည္။ ေလာကဓမၼတာအရ က်ား ႏွင့္ မ (ဝါ) အမ်ိဳးသားႏွင့္အမ်ိဳးသမီး အိမ္ေထာင္ျပဳျခင္းေၾကာင့္ သားသမီးမ်ားထြန္းကားလာၾကေပသည္။ လူဦးေရ တိုးပြားျခင္းသည္ ကေလးေမြးဖြားႏႈန္းႏွင့္ တိုက္႐ိုက္ အခ်ိဳးက်သည္။ အမ်ိဳးသားႏွင့္အမ်ိဳးသမီး အိမ္ေထာင္ ျပဳ၍ ကေလးႏွစ္ဦး (ဝါ) သားသမီးႏွစ္ဦး ေမြးဖြားသည္ ဆိုပါလွ်င္ ႏိုင္ငံအတြက္ အခ်ိန္အတိုင္းအတာတစ္ခု အထိသာ လူဦးေရတိုးပြားသည္ဟုဆိုႏိုင္သည္။ သူတို႔ ေမြးသည့္ ကေလးႏွစ္ဦးသည္ အခ်ိန္တန္လွ်င္ အ႐ြယ္ေရာက္မည္ျဖစ္သလို ကေလးႏွစ္ဦး၏ မိဘမ်ား သည္လည္း သက္တမ္းတစ္ခုအထိသာ အသက္ရွင္ သန္ႏိုင္မည္ျဖစ္သည္။ (၂၀၂၅) ခုႏွစ္စာရင္းမ်ားအရ ျမန္မာတို႔၏လက္ရွိ ပွ်မ္းမွ်သက္တမ္းမွာ (၆၆.၈၉) ႏွစ္ျဖစ္သည္။ ထိုမိဘမ်ားသည္ အသက္အ႐ြယ္ႀကီး ရင့္၍ ေသဆုံးလွ်င္ (မေတာ္တဆ ထိခိုက္မႈႏွင့္ေရာဂါ ဘယမ်ားေၾကာင့္ သက္တမ္းေစ့ မေနရမႈမ်ားကိုထည့္ တြက္မထားပါ) သူတို႔ကိုယ္စားသူတို႔ ကိုယ္ပြား သား သမီးႏွစ္ဦးသာ ခ်န္ထားခဲ့သည့္အတြက္ ႏိုင္ငံ၏လူဦး ေရသည္ ယခင္ရွိရင္းအတိုင္းသာ ရွိမည္ျဖစ္သည္။
က်ားႏွင့္မ အိမ္ေထာင္ျပဳ၍ ကေလးတစ္ေယာက္ သာ ေမြးဖြားခဲ့ေသာ္ ေနာင္တစ္ခ်ိန္ သူတို႔မရွိေတာ့ သည့္အခ်ိန္တြင္ သူတို႔ႏွစ္ဦးအစား တစ္ဦးသာေမြးဖြား ႏိုင္ခဲ့သည့္အတြက္ ႏိုင္ငံလူဦးေရသည္ အႏုတ္တစ္ (မိုင္းနပ္စ္ဝမ္း) ျဖစ္သြားမည္။ ကေလးလုံးဝမယူခဲ့ ေသာ္ မေမြးခဲ့သည္ရွိေသာ္ ေနာင္တစ္ခ်ိန္၌ အႏုတ္ ႏွစ္(မိုင္းနပ္စ္တူး) ျဖစ္သြားေပမည္။
က်ားႏွင့္မ အိမ္ေထာင္ျပဳ၍ ကေလးသုံးဦး ေမြး ဖြားခဲ့ေသာ္ ေနာင္တစ္ခ်ိန္၌ သူတို႔ႏွစ္ဦးကိုယ္ပြား အျပင္ အေပါင္းတစ္ဦး (ပလပ္စ္ဝမ္း) သည္ ႏိုင္ငံ့ လူဦးေရစာရင္းတြင္ အမွန္တကယ္တိုးပြားလာေတာ့မည္ျဖစ္သည္။ ကေလး(၄)ဦး ေမြးဖြားခဲ့ေသာ္ အ ေပါင္းႏွစ္ဦး(ပလပ္စ္တူး) တိုးပြားလာမည္ျဖစ္သည္။
စာဖတ္သူမ်ား ပိုမိုရွင္းလင္းစြာေတြ႕ျမင္ေစရန္ ေအာက္ပါအတိုင္း ေဖာ္ျပအပ္ပါသည္။
က်ား + မ = ကေလး လုံးဝမေမြး
(ေနာင္တစ္ခ်ိန္လူဦးေရ အႏုတ္ (၂) ျပမည္။)
က်ား + မ = ကေလး ႏွစ္ဦးေမြး
(ေနာင္တစ္ခ်ိန္လူဦးေရ ရွိရင္းအင္အား အတိုင္း သာျဖစ္မည္။)
က်ား + မ = ကေလး သုံးဦးေမြး
(ေနာင္တစ္ခ်ိန္လူဦးေရ အေပါင္း (၁)တိုးမည္။)
က်ား + မ = ကေလး ေလးဦးေမြး
(ေနာင္တစ္ခ်ိန္လူဦးေရ အေပါင္း(၂) တိုးမည္။)
က်ား + မ = ကေလး ငါးဦးေမြး
(ေနာင္တစ္ခ်ိန္လူဦးေရ အေပါင္း(၃) တိုးမည္။)
အထက္ပါ လူဦးေရတိုးပြားျခင္းႏွင့္ သက္ဆိုင္ သည့္အယူအဆသေဘာတရားေလးကို စာဖတ္သူ မ်ား ဆက္လက္စဥ္းစားသုံးသပ္ႏိုင္ေစရန္ ထည့္သြင္း ေဖာ္ျပျခင္းျဖစ္ပါသည္။ အိမ္ေထာင္ျပဳျခင္း၊ မျပဳျခင္း၊ ကေလးရျခင္း၊ မရျခင္းမ်ားအား ေဝဖန္ေရးသားျခင္း မဟုတ္ေပ။ မ်ိဳးဆက္တစ္ဆက္ကိုသာ သုံးသပ္ေဖာ္ျပ ထားျခင္းျဖစ္ပါေၾကာင္းတင္ျပရင္း ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ပထဝီႏိုင္ငံေရးအေၾကာင္း တေစ့တေစာင္းေဆာင္းပါးကို နိဂုံးခ်ဳပ္အပ္ပါ သတည္း။

à

ကိုးကား

၁။ ေသာင္းထိုက္၊ ပထဝီႏိုင္ငံေရး
၂။ ေဇာ္သူေက်ာ္၊ ကိန္းဂဏန္းမ်ားက ၫႊန္ျပေန ေသာ ျမန္မာ့ေနာင္ေရး ေဆာင္းပါး
၃။ https: // www.moi.gov.mm
၄။ https: // worldpopulationreview.com
၅။ https: // www.statista.com
၆။ https: // worldometers.info > myanmar & other countries

Related news

© 2021. All rights reserved.