ကွတ်ခိုင်မြို့ရှိ MNDAA ၏ ဆိုင်းဘုတ်နှင့် အလံများကို TNLA ကလိုက်လံဖြုတ်ချနေ

328

သန့်ဇင်၊ ထိုက်စံ (NP News)-ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ MNDAA ၏ဆိုင်းဘုတ်နှင့် အလံများကို TNLA က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် လိုက်လံဖြုတ်ချ ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကွတ်ခိုင်မြို့အတွင်း နေရာယူထားသည့် MNDAA တပ်ဖွဲ့ဝင်များကို TNLA က အင်အားသုံး ဖယ်ရှားခဲ့ပြီးနောက် ယခုကဲ့သို့ အုပ်ချုပ်ရေးဆိုင်ရာ အမှတ်အသားများကိုပါ ထပ်မံရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
TNLA အဖွဲ့သည် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၂) ရှိ MNDAA ရဲစခန်းဝင်ပေါက်တွင် ရေးထားသည့် စာတန်းအပါအဝင် ဗိုလ်တဲကုန်းဝန်းရှေ့ ဝင်ပေါက်တွင်ရေးထိုးထားသော စာတန်းဆိုင်းဘုတ် နှင့် ကွတ်ခိုင်မြို့တွင်းရှိ MNDAA နှင့် သက်ဆိုင်သည့် နေရာတိုင်း၌ ရေးထိုးထားသော စာတန်းဆိုင်းဘုတ်များ အပြင် အလံများကိုပါ ဖြုတ်ချခဲ့ကြောင်း သိရသည်။
ထို့ပြင် ကွတ်ခိုင်မြို့တွင် MNDAA နှင့် TNLA တို့အကြား တင်းမာမှုများဖြစ်ပေါ်နေပြီး စခန်းများအား အပြန်အလှန်ဖယ်ရှားခြင်းများ ကိုလည်း အင်းအားသုံးလုပ်ဆောင်နေကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဖောဖော်ဝါရီ ၁၇ ရက်ကလည်း သိန္နီမြိုနယ်၊ မိုင်းပါးကျေးရွာတွင် TNLA အဖွဲ့ဝင် (၅၀) ခန့်ကို MNDAA က အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ပြီး လားရှိးမြိုနယ် အီနိုင်းကျေးရွာဘက်သို ကားဖြင့်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ကြတ္ခိုင္ၿမိဳ႕ရွိ MNDAA ၏ ဆိုင္းဘုတ္ႏွင့္ အလံမ်ားကို TNLA ကလိုက္လံျဖဳတ္ခ်ေန
သန္ဇင္၊ ထိုက္စံ (NP News)-ေဖေဖာ္ဝါရီ ၁၉
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕ရွိ MNDAA ၏ဆိုင္းဘုတ္ႏွင့္ အလံမ်ားကို TNLA က ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ လိုက္လံျဖဳတ္ခ် ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၃ ရက္တြင္ ကြတ္ခိုင္ၿမိဳ႕အတြင္း ေနရာယူထားသည့္ MNDAA တပ္ဖြဲ႕ဝင္မ်ားကို TNLA က အင္အားသုံး ဖယ္ရွားခဲ့ၿပီးေနာက္ ယခုကဲ့သို႔ အုပ္ခ်ဳပ္ေရးဆိုင္ရာ အမွတ္အသားမ်ားကိုပါ ထပ္မံရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
TNLA အဖြဲ႕သည္ ကြတ္ခိုင္ၿမိဳ႕၊ ရပ္ကြက္ (၂) ရွိ MNDAA ရဲစခန္းဝင္ေပါက္တြင္ ေရးထားသည့္ စာတန္းအပါအဝင္ ဗိုလ္တဲကုန္းဝန္းေရွ႕ ဝင္ေပါက္တြင္ေရးထိုးထားေသာ စာတန္းဆိုင္းဘုတ္ ႏွင့္ ကြတ္ခိုင္ၿမိဳ႕တြင္းရွိ MNDAA ႏွင့္ သက္ဆိုင္သည့္ ေနရာတိုင္း၌ ေရးထိုးထားေသာ စာတန္းဆိုင္းဘုတ္မ်ား အျပင္ အလံမ်ားကိုပါ ျဖဳတ္ခ်ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ကြတ္ခိုင္ၿမိဳ႕တြင္ MNDAA ႏွင့္ TNLA တို႔အၾကား တင္းမာမႈမ်ားျဖစ္ေပၚေနၿပီး စခန္းမ်ားအား အျပန္အလွန္ဖယ္ရွားျခင္းမ်ား ကိုလည္း အင္းအားသုံးလုပ္ေဆာင္ေနၾကေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေဖာေဖာ္ဝါရီ ၁၇ ရက္ကလည္း သိႏၷီၿမိဳနယ္၊ မိုင္းပါးေက်း႐ြာတြင္ TNLA အဖြဲ႕ဝင္ (၅၀) ခန႔္ကို MNDAA က အင္အားသုံး ဝင္ေရာက္ဖမ္းဆီးခဲ့ၿပီး လားရွိးၿမိဳနယ္ အီႏိုင္းေက်း႐ြာဘက္သို ကားျဖင့္ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။