အာဏာပိုမိုခွဲဝေကျင့်သုံးမည့် အစိုးရသစ်ကို သင်္ကြန်မတိုင်မီ ဖွဲ့စည်းမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ အသိပေး

 156

ALynn (NP News)- ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံတွင် မကြာသေးမီက ကျင်းပခဲ့သော ရွေးကောက်ပွဲများမှာ ချောမွေ့စွာ ပြီးမြောက်ခဲ့ပြီး လာမည့် သင်္ကြန်ကာလမတိုင်မီ အစိုးရသစ် ဖွဲ့စည်းနိုင်မည်ဟု မျှော်လင့်ရကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၏ ပြောကြားချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟာဆက် ဖူဝန်ကေ့ကဲ့ဝို့က ထုတ်ဖော်ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်က ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်တွေ့ဆုံဆွေးနွေးရာတွင် ဦးသန်းဆွေ၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် အစိုးရသစ်ဖွဲ့စည်းခြင်း၊ လွှတ်တော်ခေါ်ယူခြင်းနှင့် သမ္မတ၊ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် စသည့် အရေးကြီးရာထူးနေရာများ ခန့်အပ်ခြင်းတို့ကို အဆင့်ဆင့် အကောင်အထည်ဖော်သွားရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဆွေးနွေးခဲ့သည်။ အထူးသဖြင့် အစိုးရသစ်လက်ထက်တွင် အာဏာကို ယခင်ထက် ပိုမိုခွဲဝေကျင့်သုံးသွားမည့် (Decentralization) အစီအစဉ်များကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ ဖော်ပြချက်အရ သိရသည်။
ထို့ပြင် တက်လာမည့် အစိုးရသစ်အနေဖြင့် နိုင်ငံတော်တည်ငြိမ်မှု ပြန်လည်ရရှိရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အဓိကထား ဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအပြင် ဒီမိုကရေစီလိုလားသော အင်အားစုများ အပါအဝင် အတိုက်အခံအဖွဲ့အားလုံးနှင့် ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်း ကိုလည်း ပြည်ထောင်စုဝန်ကြီးက အလေးအနက် ပြောကြားခဲ့သည်။
ထို့နောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိစေရန် အကူအညီဖြစ်စေဖို့အတွက် တောင်းဆိုလာမည်ဆိုပါက နယ်စပ်တစ်လျှောက်ရှိ မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဒေသအဆင့် ထိတွေ့ဆက်ဆံမှုများတွင် ကူညီဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံက အသင့်ရှိနေကြောင်းကိုလည်း ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် နှစ်ဖက်စလုံးကို ဆွေးနွေးကြရန် တိုက်တွန်းနှိုးဆော်နေခြင်းမျိုး မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် ပြည်တွင်းတည်ငြိမ်အေးချမ်းရေးမှ လာရမည်ဖြစ်ပြီး ပြည်တွင်းဆွေးနွေးပွဲများ စတင်ရန်မှာ မြန်မာနိုင်ငံအပေါ်တွင်သာ မူတည်ကြောင်းကိုလည်း ဆီဟာဆက်က ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများ စတင်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ပြုခြင်း၊ အကြမ်းဖက်မှုများ လျှော့ချခြင်းနှင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများကို ကန့်သတ်ခြင်း စသည့် လက်တွေ့ကျသော ခြေလှမ်းများသည် ကောင်းမွန်သော တိုးတက်မှုများ ဖြစ်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်နိုင်ရန် လမ်းခင်းပေးရာရောက်သည်ဟုလည်း ဆီဟာဆက်က ဆိုသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို မြင်တွေ့လိုပြီး ၎င်းသည် ထိုင်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်းကိုလည်း ထိုင်းဝန်ကြီးက အလေးအနက်ဆိုသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် အာဆီယံ အကြား ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရန် ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးရန် အသင့်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် တုံ့ပြန်ဆောင်ရွက်မှုများကို ပြသရမည်ဟု ၎င်းက ဆိုသည်။
ဘန်ကောက်၏ မူဝါဒမှာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်နှင့်အညီ အာဆီယံနှင့် မြန်မာနိုင်ငံအကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများကို ပြန်လည်ဖော်ဆောင်ရန် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံအနေနဲ့ အထူးသဖြင့် ဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့အတွက် တတ်နိုင်သမျှ ကူညီပေးဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဘာတွေဆွေးနွေးရမယ်ဆိုတာကိုတော့ ကျွန်တော်တို့က ညွှန်ကြားမှာ မဟုတ်ပါဘူး။ နောက်ဆုံးမှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းကနေပဲ ထွက်ပေါ်လာရမှာပါ” ဟု ဆီဟာဆက်က ပြောသည်။
ပြီးခဲ့သည့် ၅ နှစ်အတွင်း ဘုံသဘောတူညီချက် ၅ ရပ်အပေါ် တိုးတက်မှုမှာ အကန့်အသတ်သာရှိခဲ့ပြီး ထိုင်းနိုင်ငံအနေဖြင့် တဖြည်းဖြည်းနှင့် လက်တွေ့ကျသော တိုးတက်မှုများကို မြင်တွေ့ရရန် မျှော်လင့်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ထို့ပြင် တွေ့ဆုံပွဲတွင် နှစ်နိုင်ငံအကြား ကီလိုမီတာ ၂,၄၀၀ ကျော် ရှည်လျားသော နယ်စပ်တစ်လျှောက်တွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ အထူးသဖြင့် အွန်လိုင်းငွေလိမ်လုပ်ငန်း နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများကို နှိမ်နင်းရန် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရေး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မြစ်ချောင်းများ ညစ်ညမ်းမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ပူးတွဲလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ အတူတကွ ဖြေရှင်းသွားရန် သဘောတူခဲ့ကြောင်းကိုလည်း တွေ့ရသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ အာရှအဝေးပြေးလမ်းမကြီး (AH1) တွင် ပြုပြင်နေသော မဲဆောက်-မြဝတီ လမ်းကြောင်းအပါအဝင် အဓိက နယ်စပ်ဂိတ်များတွင် ကုန်သွယ်မှုများ ပြန်လည်စတင်ရန် ဆွေးနွေးခဲ့ကြသည်။
မြန်မာအာဏာပိုင်များနှင့် တိုင်းရင်းသားအဖွဲ့များအကြား ထိတွေ့ဆက်ဆံမှုများ ပိုမိုရှိလာခြင်းက နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပိုမိုအထောက်အကူပြုမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ အလားအလာကောင်းများရှိနေပြီး ထိုင်းပုဂ္ဂလိကကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေဆဲဖြစ်သော်လည်း အခက်အခဲအချို့နှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဖြစ်နိုင်ခြေရှိသော ဖြေလျှော့မှုများအနေဖြင့် ကျပ်ငွေနှင့် ဘတ်ငွေ တိုက်ရိုက်ကုန်သွယ်ခြင်း၊ တရားဝင် ငွေလဲလှယ်နှုန်း သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ပပေါက်ဈေးနှင့် ကိုက်ညီစေရန် ညှိနှိုင်းခြင်းတို့ကိုပါ တစ်ပါတည်း ဆွေးနွေးခဲ့ကြသည်။
ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ PTT အနေဖြင့် မြန်မာနိုင်ငံတွင် စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ရန် စိတ်ဝင်စားကြောင်းအပါအဝင် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုသိရသည်။

Zawgyi Version:
အာဏာပိုမိုခြဲေဝက်င့္သုံးမည့္ အစိုးရသစ္ကို သၾကၤန္မတိုင္မီ ဖြဲ႕စည္းမည္ဟု ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြ အသိေပး
ALynn (NP News)- ေဖေဖာ္ဝါရီ ၁၉
ျမန္မာႏိုင္ငံတြင္ မၾကာေသးမီက က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲမ်ားမွာ ေခ်ာေမြ႕စြာ ၿပီးေျမာက္ခဲ့ၿပီး လာမည့္ သၾကၤန္ကာလမတိုင္မီ အစိုးရသစ္ ဖြဲ႕စည္းႏိုင္မည္ဟု ေမွ်ာ္လင့္ရေၾကာင္း ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြ၏ ေျပာၾကားခ်က္ကို ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ ဆီဟာဆက္ ဖူဝန္ေက့ကဲ့ဝို႔က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၈ ရက္က ထိုင္းႏိုင္ငံ၊ ဖူးခက္ၿမိဳ႕၌ ႏွစ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား သီးသန႔္ေတြ႕ဆုံေဆြးေႏြးရာတြင္ ဦးသန္းေဆြ၏ ေျပာၾကားခ်က္ကို ကိုးကား၍ ထိုင္းဝန္ႀကီးက ယခုကဲ့သို႔ ျပန္လည္ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံအေနျဖင့္ အစိုးရသစ္ဖြဲ႕စည္းျခင္း၊ လႊတ္ေတာ္ေခၚယူျခင္းႏွင့္ သမၼတ၊ ဝန္ႀကီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ စသည့္ အေရးႀကီးရာထူးေနရာမ်ား ခန႔္အပ္ျခင္းတို႔ကို အဆင့္ဆင့္ အေကာင္အထည္ေဖာ္သြားရန္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ေဆြးေႏြးခဲ့သည္။ အထူးသျဖင့္ အစိုးရသစ္လက္ထက္တြင္ အာဏာကို ယခင္ထက္ ပိုမိုခြဲေဝက်င့္သုံးသြားမည့္ (Decentralization) အစီအစဥ္မ်ားကိုလည္း ထည့္သြင္းေျပာၾကားခဲ့သည္ဟု ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး၏ ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ျပင္ တက္လာမည့္ အစိုးရသစ္အေနျဖင့္ ႏိုင္ငံေတာ္တည္ၿငိမ္မႈ ျပန္လည္ရရွိရန္ႏွင့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို အဓိကထား ေဆာင္႐ြက္သြားရန္ ရည္မွန္းထားေၾကာင္း သိရသည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားအျပင္ ဒီမိုကေရစီလိုလားေသာ အင္အားစုမ်ား အပါအဝင္ အတိုက္အခံအဖြဲ႕အားလုံးႏွင့္ ေဆြးေႏြးညႇိႏႈိင္းရန္ လမ္းဖြင့္ထားေၾကာင္း ကိုလည္း ျပည္ေထာင္စုဝန္ႀကီးက အေလးအနက္ ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ျမန္မာႏိုင္ငံတြင္ ၿငိမ္းခ်မ္းေရးရရွိေစရန္ အကူအညီျဖစ္ေစဖို႔အတြက္ ေတာင္းဆိုလာမည္ဆိုပါက နယ္စပ္တစ္ေလွ်ာက္ရွိ ျမန္မာ့တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ေဒသအဆင့္ ထိေတြ႕ဆက္ဆံမႈမ်ားတြင္ ကူညီေဆာင္႐ြက္ေပးရန္ ထိုင္းႏိုင္ငံက အသင့္ရွိေနေၾကာင္းကိုလည္း ေဖာ္ျပခဲ့သည္။
ထိုင္းႏိုင္ငံအေနျဖင့္ ႏွစ္ဖက္စလုံးကို ေဆြးေႏြးၾကရန္ တိုက္တြန္းႏႈိးေဆာ္ေနျခင္းမ်ိဳး မဟုတ္ဘဲ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးသည္ ျပည္တြင္းတည္ၿငိမ္ေအးခ်မ္းေရးမွ လာရမည္ျဖစ္ၿပီး ျပည္တြင္းေဆြးေႏြးပြဲမ်ား စတင္ရန္မွာ ျမန္မာႏိုင္ငံအေပၚတြင္သာ မူတည္ေၾကာင္းကိုလည္း ဆီဟာဆက္က ေဆြးေႏြးခဲ့သည္။

ေတြ႕ဆုံေဆြးေႏြးမႈမ်ား စတင္ျခင္း၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား ေပးအပ္ခြင့္ျပဳျခင္း၊ အၾကမ္းဖက္မႈမ်ား ေလွ်ာ့ခ်ျခင္းႏွင့္ အရပ္သားမ်ားအေပၚ တိုက္ခိုက္မႈမ်ားကို ကန႔္သတ္ျခင္း စသည့္ လက္ေတြ႕က်ေသာ ေျခလွမ္းမ်ားသည္ ေကာင္းမြန္ေသာ တိုးတက္မႈမ်ား ျဖစ္ၿပီး ျမန္မာႏိုင္ငံကို ႏိုင္ငံတကာ အသိုင္းအဝိုင္းထဲသို႔ ျပန္လည္ဝင္ေရာက္ႏိုင္ရန္ လမ္းခင္းေပးရာေရာက္သည္ဟုလည္း ဆီဟာဆက္က ဆိုသည္။
ထိုင္းႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံတြင္ ေရရွည္တည္တံ့ေသာ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္မႈကို ျမင္ေတြ႕လိုၿပီး ၎သည္ ထိုင္းႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးႏွင့္ ႏွစ္ႏိုင္ငံစီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈမ်ားအတြက္ အက်ိဳးရွိေစမည္ျဖစ္ေၾကာင္းကိုလည္း ထိုင္းဝန္ႀကီးက အေလးအနက္ဆိုသည္။
ထိုင္းႏိုင္ငံသည္ ျမန္မာႏိုင္ငံႏွင့္ အာဆီယံ အၾကား ျပန္လည္ထိေတြ႕ဆက္ဆံႏိုင္ရန္ ေပါင္းကူးတံတားအျဖစ္ ေဆာင္႐ြက္ေပးရန္ အသင့္ရွိေသာ္လည္း ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံႏွင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေပၚ တုံ႔ျပန္ေဆာင္႐ြက္မႈမ်ားကို ျပသရမည္ဟု ၎က ဆိုသည္။
ဘန္ေကာက္၏ မူဝါဒမွာ အာဆီယံ၏ ဘုံသေဘာတူညီခ်က္ ၅ ရပ္ႏွင့္အညီ အာဆီယံႏွင့္ ျမန္မာႏိုင္ငံအၾကား တိုက္႐ိုက္ထိေတြ႕ဆက္ဆံမႈမ်ားကို ျပန္လည္ေဖာ္ေဆာင္ရန္ ျဖစ္ေၾကာင္း ၎က ထပ္ေလာင္းေျပာၾကားခဲ့သည္။
“ထိုင္းႏိုင္ငံအေနနဲ႔ အထူးသျဖင့္ ေဆြးေႏြးပြဲေတြ ျဖစ္ေျမာက္ဖို႔အတြက္ တတ္ႏိုင္သမွ် ကူညီေပးဖို႔ ဆႏၵရွိပါတယ္။ ဒါေပမဲ့ ဘာေတြေဆြးေႏြးရမယ္ဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔က ၫႊန္ၾကားမွာ မဟုတ္ပါဘူး။ ေနာက္ဆုံးမွာေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြဟာ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းကေနပဲ ထြက္ေပၚလာရမွာပါ” ဟု ဆီဟာဆက္က ေျပာသည္။
ၿပီးခဲ့သည့္ ၅ ႏွစ္အတြင္း ဘုံသေဘာတူညီခ်က္ ၅ ရပ္အေပၚ တိုးတက္မႈမွာ အကန႔္အသတ္သာရွိခဲ့ၿပီး ထိုင္းႏိုင္ငံအေနျဖင့္ တျဖည္းျဖည္းႏွင့္ လက္ေတြ႕က်ေသာ တိုးတက္မႈမ်ားကို ျမင္ေတြ႕ရရန္ ေမွ်ာ္လင့္ေၾကာင္း ၎က မွတ္ခ်က္ျပဳသည္။
ထို႔ျပင္ ေတြ႕ဆုံပြဲတြင္ ႏွစ္ႏိုင္ငံအၾကား ကီလိုမီတာ ၂,၄၀၀ ေက်ာ္ ရွည္လ်ားေသာ နယ္စပ္တစ္ေလွ်ာက္တြင္ နယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈမ်ား၊ အထူးသျဖင့္ အြန္လိုင္းေငြလိမ္လုပ္ငန္း ႏွင့္ မူးယစ္ေဆးဝါး ထုတ္လုပ္မႈမ်ားကို ႏွိမ္နင္းရန္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အားေကာင္းေစေရး ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။
ျမစ္ေခ်ာင္းမ်ား ညစ္ညမ္းမႈဆိုင္ရာ ကိစၥရပ္မ်ားကိုလည္း ပူးတြဲလုပ္ငန္းအဖြဲ႕မ်ား ဖြဲ႕စည္းကာ အတူတကြ ေျဖရွင္းသြားရန္ သေဘာတူခဲ့ေၾကာင္းကိုလည္း ေတြ႕ရသည္။
စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ပတ္သက္၍ အာရွအေဝးေျပးလမ္းမႀကီး (AH1) တြင္ ျပဳျပင္ေနေသာ မဲေဆာက္-ျမဝတီ လမ္းေၾကာင္းအပါအဝင္ အဓိက နယ္စပ္ဂိတ္မ်ားတြင္ ကုန္သြယ္မႈမ်ား ျပန္လည္စတင္ရန္ ေဆြးေႏြးခဲ့ၾကသည္။
ျမန္မာအာဏာပိုင္မ်ားႏွင့္ တိုင္းရင္းသားအဖြဲ႕မ်ားအၾကား ထိေတြ႕ဆက္ဆံမႈမ်ား ပိုမိုရွိလာျခင္းက နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ပိုမိုအေထာက္အကူျပဳမည္ျဖစ္ေၾကာင္း ထိုင္းဝန္ႀကီးက ေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံတြင္ စီးပြားေရးဆိုင္ရာ အလားအလာေကာင္းမ်ားရွိေနၿပီး ထိုင္းပုဂၢလိကကုမၸဏီမ်ားသည္ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ စိတ္ဝင္စားေနဆဲျဖစ္ေသာ္လည္း အခက္အခဲအခ်ိဳ႕ႏွင့္ ရင္ဆိုင္ေနရေၾကာင္း ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။
ျဖစ္ႏိုင္ေျခရွိေသာ ေျဖေလွ်ာ့မႈမ်ားအေနျဖင့္ က်ပ္ေငြႏွင့္ ဘတ္ေငြ တိုက္႐ိုက္ကုန္သြယ္ျခင္း၊ တရားဝင္ ေငြလဲလွယ္ႏႈန္း သတ္မွတ္ခ်က္မ်ားကို ျပန္လည္သုံးသပ္ျခင္းႏွင့္ ျပင္ပေပါက္ေဈးႏွင့္ ကိုက္ညီေစရန္ ညႇိႏႈိင္းျခင္းတို႔ကိုပါ တစ္ပါတည္း ေဆြးေႏြးခဲ့ၾကသည္။
ထိုင္းအစိုးရပိုင္ စြမ္းအင္ကုမၸဏီ PTT အေနျဖင့္ ျမန္မာႏိုင္ငံတြင္ စြမ္းအင္ဖြံ႕ၿဖိဳးတိုးတက္မႈ လုပ္ငန္းမ်ားကို တိုးခ်ဲ႕လုပ္ကိုင္ရန္ စိတ္ဝင္စားေၾကာင္းအပါအဝင္ စြမ္းအင္က႑ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုလည္း ေဆြးေႏြးခဲ့ၾကသည္ဟုသိရသည္။

Related news

© 2021. All rights reserved.