လိုင်စင်မဲ့နှင့် ဆင်ဆာမဲ့ဇာတ်ကားများပြသည့် Private Cinema များကို အရေးယူမည်

364

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၀
Private Cinema အနေဖြင့် လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများ ပြသခြင်း များ ဆက်လက်ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ကြောင်း ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေးဗဟိုကော်မတီက ယမန်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) တွင် ထုတ်ပြန်ကြေညာထားသည်။
အချို့သော စီးပွားရေးလုပ်ငန်းရှင်များသည် ပရိုဂျက်တာ/ TV အသုံးပြုပုဂ္ဂလိက ရုပ်ရှင်ရုံငယ်များကို ဟိုတယ်/ တည်းခိုခန်းများကဲ့သို့ အခန်းကန့်ပြီး ဖွင့်လှစ်လာကြ၍ မလိုလားအပ်သော လူမှုရေးရှုပ်ထွေးမှုများဖြစ်ပေါ်လာနိုင် ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် ပြသခွင့်လိုင်စင်များ ထုတ်ပေးမှုများရှိပါက ချက်ချင်းရုပ်သိမ်းသွားရန်နှင့် တရားမဝင် ပြသနေမှုများအား ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်သွားရန် တိုင်းဒေသကြီး/ပြည်နယ်ဗီဒီယိုလုပ်ငန်း စိစစ် ကြီးကြပ်ရေးကော်မတီများသို့ အကြောင်းကြားထားကြောင် ထုတ်ပြန်ချက်အရ သိရသည်။
သို့ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ RIO Private Cinema၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ The Vibe Mini Cinema အပါအဝင် အချို့သော Private Cinema များသည် ဆင်ဆာမဲ့ရုပ်ရှင်ဇာတ်ကားများကို အသုံးပြု၍ မလျော်ကန်စွာ တရားမဝင်ဆက် လက်ဖွင့်လှစ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် လုပ်ငန်းလိုင်စင်မရှိဘဲ ရုပ်ရှင်ရုံဖွင့်လှစ်ပြသခြင်း၊ ဆင်ဆာမဲ့ဇာတ်ကားများပြသခြင်းများ ဆက်လက် ပြုလုပ်ပါက တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဗီဒီယိုလုပ်ငန်း စိစစ် ကြီးကြပ်ရေးဗဟိုကော်မတီ အသိပေးကြေညာထားသည်။

Zawgyi Version;
လိုင္စင္မဲ့ႏွင့္ ဆင္ဆာမဲ့ဇာတ္ကားမ်ားျပသည့္ Private Cinema မ်ားကို အေရးယူမည္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၀
Private Cinema အေနျဖင့္ လုပ္ငန္းလိုင္စင္မရွိဘဲ ႐ုပ္ရွင္႐ုံဖြင့္လွစ္ျပသျခင္း၊ ဆင္ဆာမဲ့ဇာတ္ကားမ်ား ျပသျခင္း မ်ား ဆက္လက္ျပဳလုပ္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ေၾကာင္း ဗီဒီယိုလုပ္ငန္း စိစစ္ႀကီးၾကပ္ေရးဗဟိုေကာ္မတီက ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၉ ရက္) တြင္ ထုတ္ျပန္ေၾကညာထားသည္။
အခ်ိဳ႕ေသာ စီးပြားေရးလုပ္ငန္းရွင္မ်ားသည္ ပ႐ိုဂ်က္တာ/ TV အသုံးျပဳပုဂၢလိက ႐ုပ္ရွင္႐ုံငယ္မ်ားကို ဟိုတယ္/ တည္းခိုခန္းမ်ားကဲ့သို႔ အခန္းကန႔္ၿပီး ဖြင့္လွစ္လာၾက၍ မလိုလားအပ္ေသာ လူမႈေရးရႈပ္ေထြးမႈမ်ားျဖစ္ေပၚလာႏိုင္ ေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပသခြင့္လိုင္စင္မ်ား ထုတ္ေပးမႈမ်ားရွိပါက ခ်က္ခ်င္း႐ုပ္သိမ္းသြားရန္ႏွင့္ တရားမဝင္ ျပသေနမႈမ်ားအား ႐ုပ္ျမင္သံၾကားႏွင့္ဗီဒီယိုဥပေဒအရ အေရးယူေဆာင္႐ြက္သြားရန္ တိုင္းေဒသႀကီး/ျပည္နယ္ဗီဒီယိုလုပ္ငန္း စိစစ္ ႀကီးၾကပ္ေရးေကာ္မတီမ်ားသို႔ အေၾကာင္းၾကားထားေၾကာင္ ထုတ္ျပန္ခ်က္အရ သိရသည္။
သို႔ရာတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္ရွိ RIO Private Cinema၊ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ The Vibe Mini Cinema အပါအဝင္ အခ်ိဳ႕ေသာ Private Cinema မ်ားသည္ ဆင္ဆာမဲ့႐ုပ္ရွင္ဇာတ္ကားမ်ားကို အသုံးျပဳ၍ မေလ်ာ္ကန္စြာ တရားမဝင္ဆက္ လက္ဖြင့္လွစ္လ်က္ရွိေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္းလည္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ လုပ္ငန္းလိုင္စင္မရွိဘဲ ႐ုပ္ရွင္႐ုံဖြင့္လွစ္ျပသျခင္း၊ ဆင္ဆာမဲ့ဇာတ္ကားမ်ားျပသျခင္းမ်ား ဆက္လက္ ျပဳလုပ္ပါက တည္ဆဲဥပေဒမ်ား ႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း ဗီဒီယိုလုပ္ငန္း စိစစ္ ႀကီးၾကပ္ေရးဗဟိုေကာ္မတီ အသိေပးေၾကညာထားသည္။