အာရှတိုက်၏ အကြီးဆုံးမြို့ ချုံချင့် (နိုင်ငံတကာမြို့များ ဗဟုသုတ)

 1302

Pika (NP News)
ချုံချင့်မြို့သည် တရုတ်နိုင်ငံတောင်ပိုင်းရှိ တိုက်ရိုက်အုပ်ချုပ်သည့် မြူနီစီပယ်မြို့တစ်မြို့ဖြစ်ပြီး အာရှတိုက်တွင်အကြီးဆုံးမြို့လည်းဖြစ်သည်။ ချုံချင့်မြို့သည် ဘေဂျင်း၊ ရှန်ဟိုင်း၊ တီယန်ကျင်းတို့ နှင့် အတူ ဗဟိုပြည်သူ့အစိုးရလက်အောက်ရှိ တိုက်ရိုက်အုပ်ချုပ်သည့် မြူနီစပယ်မြို့လေးမြို့အနက် တစ်မြို့ လည်းဖြစ်သည်။ ထို့ပြင် ချုံချင့်မြို့သည် ကမ္ဘာပေါ်တွင်လူဦးရေအများဆုံးမြို့တစ်မြို့လည်းဖြစ်ပြီး စုစု ပေါင်းနေထိုင်သူလူဦးရေမှာ သန်း(၃၀)ကျော်ရှိကြောင်းသိရသည်။ (၁၉၄၇)ခုနှစ်မှ (၁၉၄၅) ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော Second Sino-Japanese War စစ်ပွဲအတွင်း ချုံချင့်မြို့ သည် တရုတ်သမ္မတနိုင်ငံတော်၏ မြို့တော်ဖြစ်ခဲ့ကြောင်းလည်းသိရသည်။
ချုံချင်မြို့သည် တရုတ်နိုင်ငံ၏အမျိုးသားအချက်အချာမြို့များထဲမှတစ်မြို့လည်းဖြစ်ပြီး တရုတ် ၏ပိုးလမ်းမစီမံကိန်းအတွက်အခြေခံတစ်ခုဖြစ်သည့် ယန်ဇီမြစ်စီးပွားရေးဇုန်နှင့် ချိတ်ဆက်ထားကြောင်း လည်းသိရသည်။ Chongqing Jiangbei နိုင်ငံတကာလေဆိပ်သည် တရုတ်နိုင်ငံတွင်းတွင် ဒုတိယ မြောက်အလုပ်အများဆုံး လေဆိပ်တစ်ခုလည်းဖြစ်ပြီး ကမ္ဘာပေါ်ရှိ အလုပ်အများဆုံး လေဆိပ် (၅၀) ခု အနက်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် ချုံချင့်မြို့၏ တစ်လမ်းသွားရထားစနစ်သည် ကမ္ဘာပေါ်တွင် အရှည် ဆုံးနှင့် အလုပ်အများဆုံးဖြစ် ပြီး စုစုပေါင်းဘူတာရုံ(၇၀)ခုရှိကြောင်းလည်းသိရသည်။ ချုံချင့်မြို့သည် သိပ္ပံနည်း ကျသုတေသနရလဒ်များအရ ကမ္ဘာ့ထိပ်တန်းမြို့(၃၅)မြို့တွင်ပါဝင် ပြီး ချုံချင့် တက္က သိုလ်၊ အနောက်တောင်ပိုင်း တက္ကသိုလ်၊ ချုံချင့်စာတိုက်နှင့် ဆက်သွယ်ရေးတက္ကသိုလ်အပါအဝင် ထင်ရှား ကျော်ကြားသော တက္ကသိုလ်များစွာ အခြေစိုက်ရာနေရာတစ်ခုဖြစ်ကြောင်း လည်းသိရသည်။

စီးပွားရေး

တရုတ်အစိုးရက လုပ်ဆောင်ခဲ့သော Third Front campaign အတွင်း ချုံချင့်မြို့သည် နိုင်ငံ၏ စက်မှုစွမ်းရည်ရင်းနှီးမြှုပ်နှံကို အဓိကလက်ခံရရှိခဲ့သည့် မြို့တစ်မြို့လည်းဖြစ်သည်။ထို့ပြင် ချုံချင့်မြို့ကို ဒေသတွင်းစီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာအချက်အချာနေရာတစ်ခုအဖြစ် ပြောင်းလဲ ရန်နှင့် နိုင်ငံအနောက်ပိုင်းတွင် နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပလက်ဖောင်းတစ်ခုအဖြစ် အ သုံးပြုရန် အစိုးရ၏ကြီးမားသောတွန်းအားပေးမှုတစ်ခုကိုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ဆောင် မှုများနှင့်အတူ ချုံချင့်မြို့သည် လျင်မြန်သောမြို့ပြဖွံ့ဖြိုးတိုးတက်မှုများကိုတွေ့ကြုံခဲ့ရပြီး (၂၀ဝဝ) ပြည့် နှစ်များအတွင်း တရုတ်နိုင်ငံ အနောက်ပိုင်းတွင် အရေးပါသောစက်မှုဇုန်တစ်ခုဖြစ်လာခဲ့ကြောင်းသိရ သည်။
(၂၀၂၂)ခုနှစ်အထိ ချုံချင့်မြို့၏ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ(၄၃၃)ဘီလျံရှိခဲ့ပြီး နိုင်ငံစုစုပေါင်း ဂျီဒီပီ၏ (၂ ဒသမ ၄၁)ရာခိုင်နှုန်း ခန့်ရှိကာ ပြည် နယ်အဆင့်အုပ်ချုပ်ရေးယူနစ်များတွင် အဆင့် (၁၆) နေရာတွင် ရပ်တည်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ချုံချင့်မြို့၏တစ်ဦးချင်းဂျီဒီပီမှာ အမေရိကန်ဒေါ်လာ (၁၃၄၇၉)ဒေါ်လာဖြစ်ပြီး တရုတ်နိုင်ငံတွင်းတွင် အဆင့်(၁၀)နေရာတွင်ရပ်တည်နေကြောင်းသိရသည်။ Economist Intelligence Unitu ချုံချင့်မြို့ကို တရုတ်နိုင်ငံတွင်းရှိ ထိပ်တန်းထွန်းသစ်စ မြို့ပေါင်း (၂၀) ထဲမှတစ်မြို့အဖြစ်သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။
ချုံချင့်မြို့သည် ၎င်း၏ပထဝီဝင်အနေအထားများအရ ဝင်ရောက်ရန်ခက်ခဲသည့်နေရာတစ်ခုဖြစ် သောကြောင့် လက်နက်သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးတွင် အရေးကြီးသော စစ်စခန်းများထဲမှ တစ် ခုဖြစ်ခဲ့ကြောင်းသိရသည်။ ချုံချင့်မြို့၏ စက်မှုလုပ်ငန်းများသည် တရုတ်အရှေ့ပိုင်းနှင့်မတူကွဲပြားသော် လည်း ကုန်းတွင်းပိုင်းတွင်တည်ရှိသည့် ၎င်း၏တည်နေရာကြောင့် ပို့ကုန်ကဏ္ဍမှာ သေးငယ်ကြောင်း သိ ရသည်။ ထို့ကြောင့် အသင့်စားအစားအစာများ၊ မော်တော်ကားများ၊ ဓာတုပစ္စည်းများ၊ အထည်အလိပ် များ၊ စက်ပစ္စည်းများ၊ အားကစားပစ္စည်းများနှင့် အီလက်ထရွန်းနစ်ပစ္စည်းများထုတ်လုပ်သည့် စက်ရုံများ က ချုံချင့်မြို့တွင်ပိုများကြောင်းသိရသည်။ ထို့ပြင် ချုံချင့်မြို့သည် တရုတ်နိုင်ငံ၏တတိယမြောက် အကြီး ဆုံး မော်တော်ကားထုတ်လုပ်သည့်အချက်အချာနေရာတစ်ခုဖြစ်ပြီး နိုင်ငံတွင်းတွင် မော်တော် ဆိုင်ကယ် ထုတ်လုပ်သည့် အကြီးဆုံးအချက်အချာနေရာလည်းဖြစ်သည်။ (၂၀ဝ၇)ခုနှစ်တွင် ချုံချင့်မြို့၏ နှစ်စဉ် ထုတ်လုပ်နိုင်စွမ်းမှာ မော်တော်ကား(၁)သန်း နှင့်မော်တော်ဆိုင်ကယ်(၈ဒသမ၆)သန်းဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် ချုံချင့်မြို့သည် တရုတ်နိုင်ငံ၏အကြီးဆုံး သံနှင့်သံမဏိထုတ်လုပ်သည့် နေရာ(၉)ခု အနက်(၁)ခုဖြစ်ပြီး အဓိကအလူမီနီယမ် ထုတ်လုပ်သည့်နေရာ(၃)ခုအနက် (၁)ခုလည်း ဖြစ်သည်။
စိုက်ပျိုးရေးကဏ္ဍသည် ချုံချင့်မြို့အတွက် အရေးပါနေဆဲဖြစ်ပြီး ဆန်နှင့်အသီးများ အထူးသဖြင့် လိမ္မော်သီးများသည် ချုံချင်မြို့၏ အဓိကထွက် ကုန် လည်းဖြစ်သည်။ ကျောက်မီးသွေး၊ သဘာဝ ဓာတ် ငွေ့အပြင် စထရွန်တီယမ်နှင့်မန်းဂနိစ်တို့ကဲ့သို့သော သတ္တုအမျိုးအစား(၄၀)ကျော်ပါဝင်သည့် သိုက်များ စွာနှင့်အတူ ချုံချင့်မြို့တွင် သဘာဝအရင်းအမြစ်များလည်း ပေါများြွကယ်ဝကြောင်းသိရသည်။ ချုံချင့် မြို့ရှိ ကျောက်မီးသွေးထွက်ရှိမှုစုစုပေါင်းမှာ သိန်းပေါင်း (၄၈၀ဝဝ)မက်ထရစ်တန်ရှိကြောင်းသိရသည်။ Chuandong သဘာဝဓာတ်ငွေ့မြေသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်းတွင်းသဘာဝဓာတ် ငွေ့မြေ ဖြစ်ပြီး စုစုပေါင်းထွက်ရှိမှုမှာ (၂၇၀)ဘီလျံ ကုဗမီတာခန့်ရှိကာ တရုတ်နိုင်ငံစုစုပေါင်း၏ (၅)ပုံပုံ(၁) ပုံ ခန့် ရှိကြောင်းသိရသည်။ ထို့ပြင် အကြီးဆုံး စထရွန်တီယမ်သိုက်သည် ချုံချင့်မြို့တွင်ရှိပြီး ကမ္ဘာပေါ်တွင် ဒုတိယမြောက်အကြီးဆုံး စထရွန်တီယမ်သိုက်ဖြစ်ကြောင်းလည်းသိရသည်။
ချုံချင့်မြို့သည် တရုတ်-မြန်မာပိုက်လိုင်းများမှ တင်သွင်းလာသော ရေနံစိမ်းကို သန့်စင်ပြုပြင်ရန် CNPC ကုမ္ပဏီက လည်ပတ်မည့် တန်ချိန် (၁၀)သန်းဆံ့သောရေနံချက်စက်ရုံ အခြေစိုက်ရာ နေရာတစ်ခု ဖြစ်လာရန် စီစဉ်ထားကြောင်းလည်းသိရသည်။ အဆိုပါပိုက်လိုင်းမှာ လက်ရှိအချိန်အထိ ပြီးစီးခြင်းမျိုးမရှိ သေးသော်လည်း နောက်ဆုံးပြီးစီးသွားမည့်အချိန်တွင် မြန်မာနိုင်ငံအနောက်ဘက် ကမ်းရိုးတန်းစစ်တွေ မြို့မှတစ်ဆင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကိုဖြတ်ကာ ချုံချင့်မြို့သို့ ရေနံများပို့ပေးမည်ဖြစ် ကြောင်းသိရသည်။
ထို့ပြင် ချုံချင့်မြို့သည် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်အတွက် အခြေခံအဆောက်အအုံများ တွင်လည်း ကြီးကြီးမားမားရင်းနှီးမြှုပ်နှံ ထားကြောင်းသိရသည်။ ချုံချင့်မြို့နှင့် တရုတ်၏အခြားနေရာ များကို ဆက်သွယ်ထားသည့် လမ်း များနှင့်ရထားလမ်းကွန်ရက်ကိုလည်း တိုးချဲ့အဆင့်မြှင့်တင်ထားခြင်း ကြောင့် ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များ လျော့ကျသွားခဲ့ကြောင်းသိရ သည်။ ကမ္ဘာအကြီးဆုံး ဆည်ကြီးဖြစ်သော Three Gorges Dam သည် ချုံချင့်မြို့ကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးပြီး ပင်လယ်ကူး သင်္ဘောများကို ချုံချင့်မြို့၏ယန်ဇီမြစ် ဆိပ်ကမ်းကိုရောက်ရှိစေရန် လုပ်ဆောင်ပေး ကြောင်း သိရသည်။ အဆိုပါအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုး တက်မှုကြောင့် မော်တော်ကားများမှ ငွေကြေးနှင့် လက်လီရောင်းဝယ်ရေးအထိ ကဏ္ဍအမျိုးမျိုးတွင် Ford ၊ Mazda ၊ HSBC ၊ Standard Chartered Bank ၊ Citibank ၊ Deutsche Bank ၊ ANZ Bank ၊ Scotiabank ၊ Wal-Mart ၊ Metro AG နှင့် Carrefour တို့ ကဲ့သို့သော နိုင်ငံတကာကော်ပိုရေးရှင်းများအပါအဝင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံသူ (FDI) အများအပြားဝင်ရောက်လာခဲ့ ကြောင်းလည်း သိရသည်။

Zawgyi Version:
အာရွတိုက္၏ အႀကီးဆုံးၿမိဳ႕ ခ်ဳံခ်င့္
(ႏိုင္ငံတကာၿမိဳ႕မ်ား ဗဟုသုတ)
Pika (NP News)
ခ်ဳံခ်င့္ၿမိဳ႕သည္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းရွိ တိုက္႐ိုက္အုပ္ခ်ဳပ္သည့္ ျမဴနီစီပယ္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး အာရွတိုက္တြင္အႀကီးဆုံးၿမိဳ႕လည္းျဖစ္သည္။ ခ်ဳံခ်င့္ၿမိဳ႕သည္ ေဘဂ်င္း၊ ရွန္ဟိုင္း၊ တီယန္က်င္းတို႔ ႏွင့္ အတူ ဗဟိုျပည္သူ႔အစိုးရလက္ေအာက္ရွိ တိုက္႐ိုက္အုပ္ခ်ဳပ္သည့္ ျမဴနီစပယ္ၿမိဳ႕ေလးၿမိဳ႕အနက္ တစ္ၿမိဳ႕ လည္းျဖစ္သည္။ ထို႔ျပင္ ခ်ဳံခ်င့္ၿမိဳ႕သည္ ကမာၻေပၚတြင္လူဦးေရအမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ၿပီး စုစု ေပါင္းေနထိုင္သူလူဦးေရမွာ သန္း(၃၀)ေက်ာ္ရွိေၾကာင္းသိရသည္။ (၁၉၄၇)ခုႏွစ္မွ (၁၉၄၅) ခုႏွစ္ အတြင္း ျဖစ္ပြားခဲ့ေသာ Second Sino-Japanese War စစ္ပြဲအတြင္း ခ်ဳံခ်င့္ၿမိဳ႕ သည္ တ႐ုတ္သမၼတႏိုင္ငံေတာ္၏ ၿမိဳ႕ေတာ္ျဖစ္ခဲ့ေၾကာင္းလည္းသိရသည္။
ခ်ဳံခ်င္ၿမိဳ႕သည္ တ႐ုတ္ႏိုင္ငံ၏အမ်ိဳးသားအခ်က္အခ်ာၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕လည္းျဖစ္ၿပီး တ႐ုတ္ ၏ပိုးလမ္းမစီမံကိန္းအတြက္အေျခခံတစ္ခုျဖစ္သည့္ ယန္ဇီျမစ္စီးပြားေရးဇုန္ႏွင့္ ခ်ိတ္ဆက္ထားေၾကာင္း လည္းသိရသည္။ Chongqing Jiangbei ႏိုင္ငံတကာေလဆိပ္သည္ တ႐ုတ္ႏိုင္ငံတြင္းတြင္ ဒုတိယ ေျမာက္အလုပ္အမ်ားဆုံး ေလဆိပ္တစ္ခုလည္းျဖစ္ၿပီး ကမာၻေပၚရွိ အလုပ္အမ်ားဆုံး ေလဆိပ္ (၅၀) ခု အနက္တစ္ခုလည္းျဖစ္သည္။ ထို႔ျပင္ ခ်ဳံခ်င့္ၿမိဳ႕၏ တစ္လမ္းသြားရထားစနစ္သည္ ကမာၻေပၚတြင္ အရွည္ ဆုံးႏွင့္ အလုပ္အမ်ားဆုံးျဖစ္ ၿပီး စုစုေပါင္းဘူတာ႐ုံ(၇၀)ခုရွိေၾကာင္းလည္းသိရသည္။ ခ်ဳံခ်င့္ၿမိဳ႕သည္ သိပၸံနည္း က်သုေတသနရလဒ္မ်ားအရ ကမာၻ႔ထိပ္တန္းၿမိဳ႕(၃၅)ၿမိဳ႕တြင္ပါဝင္ ၿပီး ခ်ဳံခ်င့္ တကၠ သိုလ္၊ အေနာက္ေတာင္ပိုင္း တကၠသိုလ္၊ ခ်ဳံခ်င့္စာတိုက္ႏွင့္ ဆက္သြယ္ေရးတကၠသိုလ္အပါအဝင္ ထင္ရွား ေက်ာ္ၾကားေသာ တကၠသိုလ္မ်ားစြာ အေျခစိုက္ရာေနရာတစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။

စီးပြားေရး

တ႐ုတ္အစိုးရက လုပ္ေဆာင္ခဲ့ေသာ Third Front campaign အတြင္း ခ်ဳံခ်င့္ၿမိဳ႕သည္ ႏိုင္ငံ၏ စက္မႈစြမ္းရည္ရင္းႏွီးျမႇဳပ္ႏွံကို အဓိကလက္ခံရရွိခဲ့သည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ထို႔ျပင္ ခ်ဳံခ်င့္ၿမိဳ႕ကို ေဒသတြင္းစီးပြားေရး၊ ကုန္သြယ္ေရးႏွင့္ ဘ႑ာေရးဆိုင္ရာအခ်က္အခ်ာေနရာတစ္ခုအျဖစ္ ေျပာင္းလဲ ရန္ႏွင့္ ႏိုင္ငံအေနာက္ပိုင္းတြင္ ေနာက္ထပ္ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားအတြက္ ပလက္ေဖာင္းတစ္ခုအျဖစ္ အ သုံးျပဳရန္ အစိုးရ၏ႀကီးမားေသာတြန္းအားေပးမႈတစ္ခုကိုရရွိခဲ့ေၾကာင္း သိရသည္။ အဆိုပါလုပ္ေဆာင္ မႈမ်ားႏွင့္အတူ ခ်ဳံခ်င့္ၿမိဳ႕သည္ လ်င္ျမန္ေသာၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကိုေတြ႕ႀကဳံခဲ့ရၿပီး (၂၀ဝဝ) ျပည့္ ႏွစ္မ်ားအတြင္း တ႐ုတ္ႏိုင္ငံ အေနာက္ပိုင္းတြင္ အေရးပါေသာစက္မႈဇုန္တစ္ခုျဖစ္လာခဲ့ေၾကာင္းသိရ သည္။
(၂၀၂၂)ခုႏွစ္အထိ ခ်ဳံခ်င့္ၿမိဳ႕၏ဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ(၄၃၃)ဘီလ်ံရွိခဲ့ၿပီး ႏိုင္ငံစုစုေပါင္း ဂ်ီဒီပီ၏ (၂ ဒသမ ၄၁)ရာခိုင္ႏႈန္း ခန႔္ရွိကာ ျပည္ နယ္အဆင့္အုပ္ခ်ဳပ္ေရးယူနစ္မ်ားတြင္ အဆင့္ (၁၆) ေနရာတြင္ ရပ္တည္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ခ်ဳံခ်င့္ၿမိဳ႕၏တစ္ဦးခ်င္းဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ (၁၃၄၇၉)ေဒၚလာျဖစ္ၿပီး တ႐ုတ္ႏိုင္ငံတြင္းတြင္ အဆင့္(၁၀)ေနရာတြင္ရပ္တည္ေနေၾကာင္းသိရသည္။ Economist Intelligence Unitu ခ်ဳံခ်င့္ၿမိဳ႕ကို တ႐ုတ္ႏိုင္ငံတြင္းရွိ ထိပ္တန္းထြန္းသစ္စ ၿမိဳ႕ေပါင္း (၂၀) ထဲမွတစ္ၿမိဳ႕အျဖစ္သတ္မွတ္ခဲ့ေၾကာင္းလည္း သိရသည္။
ခ်ဳံခ်င့္ၿမိဳ႕သည္ ၎၏ပထဝီဝင္အေနအထားမ်ားအရ ဝင္ေရာက္ရန္ခက္ခဲသည့္ေနရာတစ္ခုျဖစ္ ေသာေၾကာင့္ လက္နက္သုေတသနႏွင့္ ဖြံ႕ၿဖိဳး တိုးတက္ေရးတြင္ အေရးႀကီးေသာ စစ္စခန္းမ်ားထဲမွ တစ္ ခုျဖစ္ခဲ့ေၾကာင္းသိရသည္။ ခ်ဳံခ်င့္ၿမိဳ႕၏ စက္မႈလုပ္ငန္းမ်ားသည္ တ႐ုတ္အေရွ႕ပိုင္းႏွင့္မတူကြဲျပားေသာ္ လည္း ကုန္းတြင္းပိုင္းတြင္တည္ရွိသည့္ ၎၏တည္ေနရာေၾကာင့္ ပို႔ကုန္က႑မွာ ေသးငယ္ေၾကာင္း သိ ရသည္။ ထို႔ေၾကာင့္ အသင့္စားအစားအစာမ်ား၊ ေမာ္ေတာ္ကားမ်ား၊ ဓာတုပစၥည္းမ်ား၊ အထည္အလိပ္ မ်ား၊ စက္ပစၥည္းမ်ား၊ အားကစားပစၥည္းမ်ားႏွင့္ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ားထုတ္လုပ္သည့္ စက္႐ုံမ်ား က ခ်ဳံခ်င့္ၿမိဳ႕တြင္ပိုမ်ားေၾကာင္းသိရသည္။ ထို႔ျပင္ ခ်ဳံခ်င့္ၿမိဳ႕သည္ တ႐ုတ္ႏိုင္ငံ၏တတိယေျမာက္ အႀကီး ဆုံး ေမာ္ေတာ္ကားထုတ္လုပ္သည့္အခ်က္အခ်ာေနရာတစ္ခုျဖစ္ၿပီး ႏိုင္ငံတြင္းတြင္ ေမာ္ေတာ္ ဆိုင္ကယ္ ထုတ္လုပ္သည့္ အႀကီးဆုံးအခ်က္အခ်ာေနရာလည္းျဖစ္သည္။ (၂၀ဝ၇)ခုႏွစ္တြင္ ခ်ဳံခ်င့္ၿမိဳ႕၏ ႏွစ္စဥ္ ထုတ္လုပ္ႏိုင္စြမ္းမွာ ေမာ္ေတာ္ကား(၁)သန္း ႏွင့္ေမာ္ေတာ္ဆိုင္ကယ္(၈ဒသမ၆)သန္းျဖစ္ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ခ်ဳံခ်င့္ၿမိဳ႕သည္ တ႐ုတ္ႏိုင္ငံ၏အႀကီးဆုံး သံႏွင့္သံမဏိထုတ္လုပ္သည့္ ေနရာ(၉)ခု အနက္(၁)ခုျဖစ္ၿပီး အဓိကအလူမီနီယမ္ ထုတ္လုပ္သည့္ေနရာ(၃)ခုအနက္ (၁)ခုလည္း ျဖစ္သည္။
စိုက္ပ်ိဳးေရးက႑သည္ ခ်ဳံခ်င့္ၿမိဳ႕အတြက္ အေရးပါေနဆဲျဖစ္ၿပီး ဆန္ႏွင့္အသီးမ်ား အထူးသျဖင့္ လိေမၼာ္သီးမ်ားသည္ ခ်ဳံခ်င္ၿမိဳ႕၏ အဓိကထြက္ ကုန္ လည္းျဖစ္သည္။ ေက်ာက္မီးေသြး၊ သဘာဝ ဓာတ္ ေငြ႕အျပင္ စထ႐ြန္တီယမ္ႏွင့္မန္းဂနိစ္တို႔ကဲ့သို႔ေသာ သတၱဳအမ်ိဳးအစား(၄၀)ေက်ာ္ပါဝင္သည့္ သိုက္မ်ား စြာႏွင့္အတူ ခ်ဳံခ်င့္ၿမိဳ႕တြင္ သဘာဝအရင္းအျမစ္မ်ားလည္း ေပါမ်ားျြကယ္ဝေၾကာင္းသိရသည္။ ခ်ဳံခ်င့္ ၿမိဳ႕ရွိ ေက်ာက္မီးေသြးထြက္ရွိမႈစုစုေပါင္းမွာ သိန္းေပါင္း (၄၈၀ဝဝ)မက္ထရစ္တန္ရွိေၾကာင္းသိရသည္။ Chuandong သဘာဝဓာတ္ေငြ႕ေျမသည္ တ႐ုတ္ႏိုင္ငံ၏ အႀကီးဆုံး ကုန္းတြင္းသဘာဝဓာတ္ ေငြ႕ေျမ ျဖစ္ၿပီး စုစုေပါင္းထြက္ရွိမႈမွာ (၂၇၀)ဘီလ်ံ ကုဗမီတာခန႔္ရွိကာ တ႐ုတ္ႏိုင္ငံစုစုေပါင္း၏ (၅)ပုံပုံ(၁) ပုံ ခန႔္ ရွိေၾကာင္းသိရသည္။ ထို႔ျပင္ အႀကီးဆုံး စထ႐ြန္တီယမ္သိုက္သည္ ခ်ဳံခ်င့္ၿမိဳ႕တြင္ရွိၿပီး ကမာၻေပၚတြင္ ဒုတိယေျမာက္အႀကီးဆုံး စထ႐ြန္တီယမ္သိုက္ျဖစ္ေၾကာင္းလည္းသိရသည္။
ခ်ဳံခ်င့္ၿမိဳ႕သည္ တ႐ုတ္-ျမန္မာပိုက္လိုင္းမ်ားမွ တင္သြင္းလာေသာ ေရနံစိမ္းကို သန႔္စင္ျပဳျပင္ရန္ CNPC ကုမၸဏီက လည္ပတ္မည့္ တန္ခ်ိန္ (၁၀)သန္းဆံ့ေသာေရနံခ်က္စက္႐ုံ အေျခစိုက္ရာ ေနရာတစ္ခု ျဖစ္လာရန္ စီစဥ္ထားေၾကာင္းလည္းသိရသည္။ အဆိုပါပိုက္လိုင္းမွာ လက္ရွိအခ်ိန္အထိ ၿပီးစီးျခင္းမ်ိဳးမရွိ ေသးေသာ္လည္း ေနာက္ဆုံးၿပီးစီးသြားမည့္အခ်ိန္တြင္ ျမန္မာႏိုင္ငံအေနာက္ဘက္ ကမ္း႐ိုးတန္းစစ္ေတြ ၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ကူမင္းၿမိဳ႕ကိုျဖတ္ကာ ခ်ဳံခ်င့္ၿမိဳ႕သို႔ ေရနံမ်ားပို႔ေပးမည္ျဖစ္ ေၾကာင္းသိရသည္။
ထို႔ျပင္ ခ်ဳံခ်င့္ၿမိဳ႕သည္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဆြဲေဆာင္ရန္အတြက္ အေျခခံအေဆာက္အအုံမ်ား တြင္လည္း ႀကီးႀကီးမားမားရင္းႏွီးျမႇဳပ္ႏွံ ထားေၾကာင္းသိရသည္။ ခ်ဳံခ်င့္ၿမိဳ႕ႏွင့္ တ႐ုတ္၏အျခားေနရာ မ်ားကို ဆက္သြယ္ထားသည့္ လမ္း မ်ားႏွင့္ရထားလမ္းကြန္ရက္ကိုလည္း တိုးခ်ဲ႕အဆင့္ျမႇင့္တင္ထားျခင္း ေၾကာင့္ ေထာက္ပံ့ပို႔ေဆာင္ေရး ကုန္က်စရိတ္မ်ား ေလ်ာ့က်သြားခဲ့ေၾကာင္းသိရ သည္။ ကမာၻအႀကီးဆုံး ဆည္ႀကီးျဖစ္ေသာ Three Gorges Dam သည္ ခ်ဳံခ်င့္ၿမိဳ႕ကို လွ်ပ္စစ္ဓာတ္အားေထာက္ပံ့ေပးၿပီး ပင္လယ္ကူး သေဘၤာမ်ားကို ခ်ဳံခ်င့္ၿမိဳ႕၏ယန္ဇီျမစ္ ဆိပ္ကမ္းကိုေရာက္ရွိေစရန္ လုပ္ေဆာင္ေပး ေၾကာင္း သိရသည္။ အဆိုပါအေျခခံ အေဆာက္အအုံမ်ား ဖြံ႕ၿဖိဳးတိုး တက္မႈေၾကာင့္ ေမာ္ေတာ္ကားမ်ားမွ ေငြေၾကးႏွင့္ လက္လီေရာင္းဝယ္ေရးအထိ က႑အမ်ိဳးမ်ိဳးတြင္ Ford ၊ Mazda ၊ HSBC ၊ Standard Chartered Bank ၊ Citibank ၊ Deutsche Bank ၊ ANZ Bank ၊ Scotiabank ၊ Wal-Mart ၊ Metro AG ႏွင့္ Carrefour တို႔ ကဲ့သို႔ေသာ ႏိုင္ငံတကာေကာ္ပိုေရးရွင္းမ်ားအပါအဝင္ ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီး ျမႇဳပ္ႏွံသူ (FDI) အမ်ားအျပားဝင္ေရာက္လာခဲ့ ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.