အဓမ္မဟု ဆုံးဖြတ်ထားပါလျက် ပြန်လည် အသက်သွင်းနေသော အစုအဖွဲ့များ၊ သာသနာဖျက် နေကြသူများကို တားဆီးကာကွယ်ကြရန် မိန့်ကြား

 775

သုတကျော် (NP News)- ဖေဖောဝါရီ ၂၀
နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဟု ဆုံးဖြတ်ထားပါလျက် ပြန်လည် အသက်သွင်းနေသော အစု အဖွဲ့များ၊ သာသနာပြု အမည်ခံ သာသနာဖျက်နေကြသူ များကို တားဆီးကာကွယ်ကြရန် နဝမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေး၌ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ အစည်းအဝေးသဘာပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ မဟာထေရ်မြတ်၏ အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒ အတွင်း ထည့်သွင်း မိန့်ကြားသည်။
ယနေ့ခေတ်ကာလအားလျော်စွာ ဖေ့ဘုတ်၊ တစ်တော့စသော လူမှုကွန်ရက်တွင် သာသနာတော်အတွင်းသား ရဟန်းသာမဏေ သီလရှင်များ၏ သမဏသာရုပ္ပမဖြစ်သော အပြုအမူများ လွှင့်တင် ဆောင်ရွက်နေခြင်း၊ ဓမ္မဝိနယနှင့် မလျော်ညီဘဲ ဟောပြောပြသနေကြ ခြင်း၊ သာသနာအတွင်းသားမဟုတ်သည့် ပုဂ္ဂိုလ်များ၏ သာသနာတော်၏ ဂုဏ်ရှိန်ကို ညှိုးမှိန်စေသည့် ပြောဆိုပြုမူနေခြင်းများကိုလည်း မကြာခဏတွေ့မြင်နေရရာ ထိုသို့သော သာသနာတော် ဂုဏ်ရှိန် ညှိုးမှိန်စေသည့် ကိစ္စရပ်များအတွက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် တာဝန်ဝတ္တရားများ ကျေပွန်နိုင်ရေး စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ဖြစ်နေရကြောင်း ဆရာတော်ကြီးက မိန့်ကြားသည်။
“ထိုကိစ္စရပ်များနှင့်ပတ်သက်၍ ဓမ္မစက်၊ အာဏာစက် ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ညီညွတ်သော သံဃာအင်အားကို အမှန်တကယ် လိုအပ်နေသည်ဖြစ်ရာ တပည့်တော်တို့ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များအနေဖြင့်လည်း မိမိတို့၏ အခြေခံဒေသအတွင်း ကြောင့်ကြမဲ့မနေဘဲ အားဖြည့်ကူညီဆောင်ရွက်ပေးရေး လျှောက်ထားလိုပါသည်ဘုရား” ဟု ဆရာတော်ကြီး က မိန့်ကြားသည်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူပြီး ၃ လအကြာ အရှင်မဟာကဿပ အမှူးပြုသော ရဟန္တာအရှင်သူမြတ်ကြီးများ ပထမသင်္ဂါယနာတင်ရာကာလတွင် အဇာတသတ်မင်းနှင့် ပြည်သူ ပြည်သားများ စသည်ဖြင့် သင်္ဂါယနာ ခြောက်တန်တင်သည့် အကြိမ်တိုင်း၌ မင်းနှင့်ပြည်သူများ၊ သက်ဆိုင် ရာအစိုးရနှင့် နိုင်ငံသူနိုင်ငံသားများက သာသနာတော်အတွက် တရားနှင့်လျော်သော အထောက်အပံ့အကူအညီများ ပေးခဲ့သည့်နည်းတူ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အစည်းအဝေးကြီးများ ကျင်းပခဲ့ရာ၌ နိုင်ငံတော်၏ ပံ့ပိုးကူညီမှု၊ တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်သံဃာ့ ဝန်ဆောင်အစည်းအဝေးများ ကျင်းပရာအခါ၊ အစားထိုးရွေးချယ်ပွဲများ ကျင်းပရာအခါ၊ မှုခင်းပြဿနာများ အကောင်အထည်ဖော်ရာအခါ၊ စာမေးပွဲရာသီအလိုက် စာမေးပွဲများ ကျင်းပရာအခါ စသည်တို့၌လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတို့၏ ကူညီပံ့ပိုးမှု၊ ဓမ္မစက်ကို အာဏာစက်ဖြင့် ကူညီမှုစသည်တို့ကို အမှန်တကယ်လိုအပ်ကြောင်း၊ မိမိတို့ အခြေခံဒေသအလျောက် သက်ဆိုင်ရာအာဏာ ပိုင်တို့၏ ထောက်ပံ့ကူညီမှုတို့ကိုလည်း အသိအမှတ်ပြုရမည် ဖြစ်ကြောင်း လည်း မိန့်ကြားသည်။
“ယခုခေတ်အချိန် ကုလဒူသန အနေသနအမှုဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသော ရဟန်းဆိုးများ၊ အတ္တုက္ကံ သန ပရဝမ္ဘန သဘောဆောင်ကာ လူမှုကွန်ရက်ပေါ်တွင် သာသနာတော်နှင့် မလျော်သည့် အလိုဆိုးရှေးရှု၍ ဟောပြောပြသ ပြုမူလှုပ်ရှားနေကြသည့် အချို့သော သာသနပစ္စတ္ထိကများကို အစစ်အမှန်ထင်၍ ကိုးကွယ်မှုမပြုကြစေရန် ဥပါသကာ၊ ဥပါသိကာများ ကျေကျေလည်လည် သိရှိနားလည် သဘောပေါက်အောင် ဟောပြောဆုံးမ ပြုပြင်သွန်သင်ရမည့်တာဝန်မှာ ရဟန်းကောင်း၊ ရဟန်းမြတ်တို့၏ ကြီးလေးသော တာဝန်တစ်ရပ်ဖြစ်နေပါသည်ဘုရား။ သို့ဖြစ်ရာ နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဟု ဆုံးဖြတ်ထားပါလျက် ပေါ်ပေါ်ထင်ထင် ပြန်လည်အသက်သွင်းနေကြသော အစုအဖွဲ့များ၊ မိမိကိုယ်ကိုပင် သာသနာပြုအမည်ခံကာ သာသနာဖျက်နေကြသူ များကို လျစ်လျူရှုထားတော်မမူကြဘဲ တားဆီး ကာကွယ် တော်မူကြ လျက် ဗုဒ္ဓသာသနာတော်အစစ်အမှန်ကို ဥပါသကာ၊ ဥပါသိကာများ အသိအမြင်မှန်ဖြင့် ကိုးကွယ် ဆည်းကပ်နိုင်ကြစေရန် ဆုံးမသွန်သင် တော်မူကြပါဟု လျှောက်ထားလို ပါသည်ဘုရား” ဟု ဆရာတော်ကြီး က လျှောက်ထားသည်။

Zawgyi Version:
အဓမၼဟု ဆုံးျဖတ္ထားပါလ်က္ ျပန္လည္ အသက္သြင္းေနေသာ အစုအဖြဲ႕မ်ား၊ သာသနာဖ်က္ ေနၾကသူမ်ားကို တားဆီးကာကြယ္ၾကရန္ မိန႔္ၾကား
သုတေက်ာ္ (NP News)- ေဖေဖာဝါရီ ၂၀
ႏိုင္ငံေတာ္သီးျခားဝိနည္းဓိုရ္အဖြဲ႕မ်ားက အဓမၼဟု ဆုံးျဖတ္ထားပါလ်က္ ျပန္လည္ အသက္သြင္းေနေသာ အစု အဖြဲ႕မ်ား၊ သာသနာျပဳ အမည္ခံ သာသနာဖ်က္ေနၾကသူ မ်ားကို တားဆီးကာကြယ္ၾကရန္ နဝမအႀကိမ္ ႏိုင္ငံေတာ္ဗဟို သံဃာ့ဝန္ေဆာင္အဖြဲ႕ ဒုတိယအစည္းအေဝး၌ ႏိုင္ငံေတာ္ဗဟို သံဃာ့ဝန္ေဆာင္အဖြဲ႕ဥကၠ႒ အစည္းအေဝးသဘာပတိ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ အဂၢမဟာ သဒၶမၼေဇာတိကဓဇ သန္လ်င္ၿမိဳ႕၊ မင္းေက်ာင္းပထမျပန္စာသင္တိုက္ဆရာေတာ္ ေဒါက္တာဘဒၵႏၲစႏၵိမာဘိဝံသ မဟာေထရ္ျမတ္၏ အစည္းအေဝးဖြင့္ သာရဏီယ ဩဝါဒ အတြင္း ထည့္သြင္း မိန႔္ၾကားသည္။
ယေန႔ေခတ္ကာလအားေလ်ာ္စြာ ေဖ့ဘုတ္၊ တစ္ေတာ့စေသာ လူမႈကြန္ရက္တြင္ သာသနာေတာ္အတြင္းသား ရဟန္းသာမေဏ သီလရွင္မ်ား၏ သမဏသာ႐ုပၸမျဖစ္ေသာ အျပဳအမူမ်ား လႊင့္တင္ ေဆာင္႐ြက္ေနျခင္း၊ ဓမၼဝိနယႏွင့္ မေလ်ာ္ညီဘဲ ေဟာေျပာျပသေနၾက ျခင္း၊ သာသနာအတြင္းသားမဟုတ္သည့္ ပုဂၢိဳလ္မ်ား၏ သာသနာေတာ္၏ ဂုဏ္ရွိန္ကို ညႇိဳးမွိန္ေစသည့္ ေျပာဆိုျပဳမူေနျခင္းမ်ားကိုလည္း မၾကာခဏေတြ႕ျမင္ေနရရာ ထိုသို႔ေသာ သာသနာေတာ္ ဂုဏ္ရွိန္ ညႇိဳးမွိန္ေစသည့္ ကိစၥရပ္မ်ားအတြက္ သံဃာ့အဖြဲ႕အစည္းအဆင့္ဆင့္ တာဝန္ဝတၱရားမ်ား ေက်ပြန္ႏိုင္ေရး စိန္ေခၚမႈတစ္ရပ္ကဲ့သို႔ ျဖစ္ေနရေၾကာင္း ဆရာေတာ္ႀကီးက မိန႔္ၾကားသည္။
“ထိုကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ဓမၼစက္၊ အာဏာစက္ ျဖင့္ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ရန္ ညီၫြတ္ေသာ သံဃာအင္အားကို အမွန္တကယ္ လိုအပ္ေနသည္ျဖစ္ရာ တပည့္ေတာ္တို႔ ႏိုင္ငံေတာ္ဗဟို သံဃာ့ဝန္ေဆာင္ ဆရာေတာ္မ်ားအေနျဖင့္လည္း မိမိတို႔၏ အေျခခံေဒသအတြင္း ေၾကာင့္ၾကမဲ့မေနဘဲ အားျဖည့္ကူညီေဆာင္႐ြက္ေပးေရး ေလွ်ာက္ထားလိုပါသည္ဘုရား” ဟု ဆရာေတာ္ႀကီး က မိန႔္ၾကားသည္။
ျမတ္စြာဘုရားရွင္ ပရိနိဗၺာန္ စံဝင္ေတာ္မူၿပီး ၃ လအၾကာ အရွင္မဟာကႆပ အမႉးျပဳေသာ ရဟႏၲာအရွင္သူျမတ္ႀကီးမ်ား ပထမသဂၤါယနာတင္ရာကာလတြင္ အဇာတသတ္မင္းႏွင့္ ျပည္သူ ျပည္သားမ်ား စသည္ျဖင့္ သဂၤါယနာ ေျခာက္တန္တင္သည့္ အႀကိမ္တိုင္း၌ မင္းႏွင့္ျပည္သူမ်ား၊ သက္ဆိုင္ ရာအစိုးရႏွင့္ ႏိုင္ငံသူႏိုင္ငံသားမ်ားက သာသနာေတာ္အတြက္ တရားႏွင့္ေလ်ာ္ေသာ အေထာက္အပံ့အကူအညီမ်ား ေပးခဲ့သည့္နည္းတူ ႏိုင္ငံေတာ္ဗဟိုသံဃာ့ဝန္ေဆာင္ အစည္းအေဝးႀကီးမ်ား က်င္းပခဲ့ရာ၌ ႏိုင္ငံေတာ္၏ ပံ့ပိုးကူညီမႈ၊ တိုင္းေဒသႀကီး/ ျပည္နယ္၊ ၿမိဳ႕နယ္သံဃာ့ ဝန္ေဆာင္အစည္းအေဝးမ်ား က်င္းပရာအခါ၊ အစားထိုးေ႐ြးခ်ယ္ပြဲမ်ား က်င္းပရာအခါ၊ မႈခင္းျပႆနာမ်ား အေကာင္အထည္ေဖာ္ရာအခါ၊ စာေမးပြဲရာသီအလိုက္ စာေမးပြဲမ်ား က်င္းပရာအခါ စသည္တို႔၌လည္း သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕အစည္းတို႔၏ ကူညီပံ့ပိုးမႈ၊ ဓမၼစက္ကို အာဏာစက္ျဖင့္ ကူညီမႈစသည္တို႔ကို အမွန္တကယ္လိုအပ္ေၾကာင္း၊ မိမိတို႔ အေျခခံေဒသအေလ်ာက္ သက္ဆိုင္ရာအာဏာ ပိုင္တို႔၏ ေထာက္ပံ့ကူညီမႈတို႔ကိုလည္း အသိအမွတ္ျပဳရမည္ ျဖစ္ေၾကာင္း လည္း မိန႔္ၾကားသည္။
“ယခုေခတ္အခ်ိန္ ကုလဒူသန အေနသနအမႈျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳေနေသာ ရဟန္းဆိုးမ်ား၊ အတၱဳကၠံ သန ပရဝမၻန သေဘာေဆာင္ကာ လူမႈကြန္ရက္ေပၚတြင္ သာသနာေတာ္ႏွင့္ မေလ်ာ္သည့္ အလိုဆိုးေရွးရႈ၍ ေဟာေျပာျပသ ျပဳမူလႈပ္ရွားေနၾကသည့္ အခ်ိဳ႕ေသာ သာသနပစၥတၳိကမ်ားကို အစစ္အမွန္ထင္၍ ကိုးကြယ္မႈမျပဳၾကေစရန္ ဥပါသကာ၊ ဥပါသိကာမ်ား ေက်ေက်လည္လည္ သိရွိနားလည္ သေဘာေပါက္ေအာင္ ေဟာေျပာဆုံးမ ျပဳျပင္သြန္သင္ရမည့္တာဝန္မွာ ရဟန္းေကာင္း၊ ရဟန္းျမတ္တို႔၏ ႀကီးေလးေသာ တာဝန္တစ္ရပ္ျဖစ္ေနပါသည္ဘုရား။ သို႔ျဖစ္ရာ ႏိုင္ငံေတာ္သီးျခားဝိနည္းဓိုရ္အဖြဲ႕မ်ားက အဓမၼဟု ဆုံးျဖတ္ထားပါလ်က္ ေပၚေပၚထင္ထင္ ျပန္လည္အသက္သြင္းေနၾကေသာ အစုအဖြဲ႕မ်ား၊ မိမိကိုယ္ကိုပင္ သာသနာျပဳအမည္ခံကာ သာသနာဖ်က္ေနၾကသူ မ်ားကို လ်စ္လ်ဴရႈထားေတာ္မမူၾကဘဲ တားဆီး ကာကြယ္ ေတာ္မူၾက လ်က္ ဗုဒၶသာသနာေတာ္အစစ္အမွန္ကို ဥပါသကာ၊ ဥပါသိကာမ်ား အသိအျမင္မွန္ျဖင့္ ကိုးကြယ္ ဆည္းကပ္ႏိုင္ၾကေစရန္ ဆုံးမသြန္သင္ ေတာ္မူၾကပါဟု ေလွ်ာက္ထားလို ပါသည္ဘုရား” ဟု ဆရာေတာ္ႀကီး က ေလွ်ာက္ထားသည္။

Related news

© 2021. All rights reserved.