KNPP၊ KNDF နှင့် PDF အဖွဲ့များက ဖားဆောင်းရှိ ပွန်ချောင်းတံတားအား ထပ်မံ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

178

Pearl (NP News) - ဖေဖော်ဝါရီ ၂၁
KNPP၊ KNDF အဖွဲ့များနှင့် PDF အဖွဲ့များက ကယားပြည်နယ် ဖားဆောင်းမြို့နယ်ရှိ ပွန်ချောင်းတံတားအား ထပ်မံ၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ ( ဖေဖော်ဝါရီ ၂၀ ရက်) ညနေပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း KNPP၊ KNDF အဖွဲ့များ နှင့် PDF များသည် ဖားဆောင်းမြို့၏ အရှေ့မြောက်ဘက် မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း-ချိကွဲ့-စောင်းလော့ လမ်းကြောင်းပေါ်ရှိ အများပြည်သူ အားထားအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်အမျိုးအစား ပွန်ချောင်းတံတားအားထပ်မံ၍ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖျက်ဆီးခဲ့သဖြင့် တံတား၏ အရှေ့ဘက် ချဉ်းကပ်လမ်း နှင့် ကပ်လျက်တံတားတိုင်အမှတ်၊ K-2 မှ P-4 ထိ အရှည် ၆၅ ပေခန့် ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
KNPP၊ KNDF အဖွဲ့များ နှင့် PDF များ ယာယီစိုးမိုးထားသည့် ဖားဆောင်းမြို့အား တပ်မတော်စစ်ကြောင်းများက ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး အဆိုပါဒေသတစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်များက တပ်မတော် စစ်ကြောင်းများ ၎င်းတို့၏နောက်သို့ ထပ်ကြပ်လိုက်လံ ချေမှုန်းတိုက်ခိုက်ခြင်းများ မဆောင်ရွက်နိုင်စေရန်အတွက် ဒေသခံပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် မယ်စဲ့မြို့နယ် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း) အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့လည်းကြောင်း သိရသည်။

Zawgyi Version;
KNPP၊ KNDF ႏွင့္ PDF အဖြဲ႕မ်ားက ဖားေဆာင္းရွိ ပြန္ေခ်ာင္းတံတားအား ထပ္မံ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၁
KNPP၊ KNDF အဖြဲ႕မ်ားႏွင့္ PDF အဖြဲ႕မ်ားက ကယားျပည္နယ္ ဖားေဆာင္းၿမိဳ႕နယ္ရွိ ပြန္ေခ်ာင္းတံတားအား ထပ္မံ၍ မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးခဲ့ေၾကာင္း သိရွိရသည္။
ယမန္ေန႔ ( ေဖေဖာ္ဝါရီ ၂၀ ရက္) ညေနပိုင္း ၄ နာရီ ၃၀ မိနစ္ခန႔္တြင္လည္း KNPP၊ KNDF အဖြဲ႕မ်ား ႏွင့္ PDF မ်ားသည္ ဖားေဆာင္းၿမိဳ႕၏ အေရွ႕ေျမာက္ဘက္ မီတာ ၁၈၀၀ ခန႔္အကြာ ဝမ္ေအာင္း-ခ်ိကြဲ႕-ေစာင္းေလာ့ လမ္းေၾကာင္းေပၚရွိ အမ်ားျပည္သူ အားထားအသုံးျပဳလ်က္ရွိသည့္ သံကူကြန္ကရစ္အမ်ိဳးအစား ပြန္ေခ်ာင္းတံတားအားထပ္မံ၍ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ဖ်က္ဆီးခဲ့သျဖင့္ တံတား၏ အေရွ႕ဘက္ ခ်ဥ္းကပ္လမ္း ႏွင့္ ကပ္လ်က္တံတားတိုင္အမွတ္၊ K-2 မွ P-4 ထိ အရွည္ ၆၅ ေပခန႔္ က်ိဳးက်ပ်က္စီးသြားခဲ့ေၾကာင္း သိရွိရသည္။
လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ားကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
KNPP၊ KNDF အဖြဲ႕မ်ား ႏွင့္ PDF မ်ား ယာယီစိုးမိုးထားသည့္ ဖားေဆာင္းၿမိဳ႕အား တပ္မေတာ္စစ္ေၾကာင္းမ်ားက ေဖေဖာ္ဝါရီ ၁၅ ရက္တြင္ ျပန္လည္ထိန္းခ်ဳပ္ခဲ့ၿပီး အဆိုပါေဒသတစ္ဝိုက္အား လိုအပ္သည့္ နယ္ေျမလုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိရာ အၾကမ္းဖက္မ်ားက တပ္မေတာ္ စစ္ေၾကာင္းမ်ား ၎တို႔၏ေနာက္သို႔ ထပ္ၾကပ္လိုက္လံ ေခ်မႈန္းတိုက္ခိုက္ျခင္းမ်ား မေဆာင္႐ြက္ႏိုင္ေစရန္အတြက္ ေဒသခံျပည္သူမ်ား အားထားအသုံးျပဳလ်က္ရွိသည့္ မယ္စဲ့ၿမိဳ႕နယ္ ဖားေဆာင္းၿမိဳ႕အနီးရွိ သံလြင္တံတား (ဖားေဆာင္း) အား ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ မိုင္းေထာင္ေဖာက္ခြဲဖ်က္ဆီးခဲ့လည္းေၾကာင္း သိရသည္။