မြစ်ဆုံစီမံကိန်းမှရရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည်တွင်းသုံးစွဲမှု ဖူလုံစေရန်အတွက်သာ ဦးစားပေးမည်

283

Pearl (NP News) - ဖေဖော်ဝါရီ ၂၁
မြစ်ဆုံစီမံကိန်းမှရရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန်အတွက်သာ ဦးစားပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက က ပြောသည်။
လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်)၊ နံနက်ပိုင်းတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဧရာဝတီ မြစ်ဆုံ-မြစ်ညာစီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားသည် အဓိကကျသည့်အတွက် မည်သို့ဖြည့်ဆည်းဆောင်ရွက်ရမည်ကို ကြံဆစဉ်းစားရန်လိုအပ်လာကြောင်း၊ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် နှစ်စဉ်တိုးတက်နေသည်ဖြစ်သည့်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတိုးတက်ရေး အစီအစဉ်များကို ကြိုတင်စီမံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။
ထို့ပြင် ရေအားလျှပ်စစ်စီမံကိန်းများ ဖော်ဆောင်ရေးကာလမှာ ၅ နှစ် မှ ၁၀ နှစ်ခန့်အထိ ကြာမြင့်မည် ဖြစ်သည့်အတွက် ကြိုတင်စီမံဆောင်ရွက်နိုင်မှသာ အနာဂတ်နိုင်ငံတော်နှင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် စွမ်းအင်ဖူလုံနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်နှင့် စွမ်းအင်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
အလားတူ လျှပ်စစ်ဓာတ်အားရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်အနေဖြင့် နေရာဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် အလှမ်းဝေးကွာသော ဒေသများအတွက် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံများသည် ကနဦးတည်ဆောက်စကာလတွင် ကုန်ကျစရိတ် အတန်အသင့်ရှိသော်လည်း လည်ပတ်မှုစရိတ်နှင့် လောင်စာဖိုးကုန်ကျစရိတ်မရှိသဖြင့် လေအား၊ ကျောက်မီးသွေး၊ ဓာတ်ငွေ့၊ ဆိုလာတို့ဖြင့် ဆောင်ရွက်သည့် စီမံကိန်းများထက် ကုန်ကျစရိတ် သက်သာသောကြောင့် နိုင်ငံအတွင်း ကြွယ်ဝသည့် ရေအရင်းအမြစ်များအပေါ် အခြေပြု၍ ရေအားလျှပ်စစ်စီမံကိန်းများကို ရနိုင်သမျှအကျိုးရှိရှိ တည်ဆောက်ခြင်းဖြစ်ကြောင်းလည်း ပြောသည်။
ဆည်တမံကြီးများကြောင့် မြစ်ရေကြီးမှု အန္တရာယ်ဘေးမှ ကာကွယ်နိုင်သလို စိုက်ပျိုးရေရရှိရေးကိုလည်း အထောက်အကူပြုသည့်အပြင် ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ကာ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်မည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းပြောသည်။
ယခုဆောင်ရွက်မည့် မြစ်ဆုံစီမံကိန်းမှထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားများကို ပြည်တွင်းသုံးစွဲမှုဖူလုံစေရန်အတွက်သာ ဦးစားပေးမည်ဖြစ်ပြီး ပြည်နယ်အတွင်းလိုအပ်သည့် လျှပ်စစ်ဓာတ်အားကိုသုံးစွဲပြီး ပိုလျှံဓာတ်အားကို ပြည်မနှင့်အခြား ပြည်နယ်များက တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် မျှဝေသုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားဆောင်ရွက် လျက်ရှိပြီး စီမံကိန်းများ ဖြစ်ထွန်းအောင်မြင်ရေးသည် ဒေသခံမိဘပြည်သူများ၏ ထောက်ခံအားပေးမှု၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအပေါ်များစွာ မူတည်နေပါသဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

Zawgyi Version;
ျမစ္ဆုံစီမံကိန္းမွရရွိသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို ျပည္တြင္းသုံးစြဲမႈ ဖူလုံေစရန္အတြက္သာ ဦးစားေပးမည္
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၁
ျမစ္ဆုံစီမံကိန္းမွရရွိသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို ျပည္တြင္းသုံးစြဲမႈဖူလုံေစရန္အတြက္သာ ဦးစားေပးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္းက က ေျပာသည္။
လွ်ပ္စစ္ႏွင့္စြမ္းအင္ဖြံ႕ၿဖိဳးေရးေကာ္မရွင္ဥကၠ႒ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၁) ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္း ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕သည္ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၀ ရက္)၊ နံနက္ပိုင္းတြင္ ျမစ္ႀကီးနားတကၠသိုလ္ ဘြဲ႕ႏွင္းသဘင္ခန္းမ၌ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံၿပီး ဧရာဝတီ ျမစ္ဆုံ-ျမစ္ညာစီမံကိန္းႏွင့္စပ္လ်ဥ္း၍ ရွင္းလင္းေဆြးေႏြးစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ထိုသို႔ေတြ႕ဆုံစဥ္ ျပည္ေထာင္စုဝန္ႀကီး ဦးတင္ေအာင္စန္းက ႏိုင္ငံ့စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရး ေဆာင္႐ြက္ရာတြင္ လွ်ပ္စစ္ဓာတ္အားသည္ အဓိကက်သည့္အတြက္ မည္သို႔ျဖည့္ဆည္းေဆာင္႐ြက္ရမည္ကို ႀကံဆစဥ္းစားရန္လိုအပ္လာေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈသည္ ႏွစ္စဥ္တိုးတက္ေနသည္ျဖစ္သည့္အတြက္ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈတိုးတက္ေရး အစီအစဥ္မ်ားကို ႀကိဳတင္စီမံ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ေျပာသည္။
ထို႔ျပင္ ေရအားလွ်ပ္စစ္စီမံကိန္းမ်ား ေဖာ္ေဆာင္ေရးကာလမွာ ၅ ႏွစ္ မွ ၁၀ ႏွစ္ခန႔္အထိ ၾကာျမင့္မည္ ျဖစ္သည့္အတြက္ ႀကိဳတင္စီမံေဆာင္႐ြက္ႏိုင္မွသာ အနာဂတ္ႏိုင္ငံေတာ္ႏွင့္ ေနာင္လာမည့္ မ်ိဳးဆက္သစ္မ်ားအတြက္ စြမ္းအင္ဖူလုံႏိုင္မည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္၏ အေျခခံလိုအပ္ခ်က္ျဖစ္ေသာ လွ်ပ္စစ္ႏွင့္ စြမ္းအင္ကို ျဖည့္ဆည္းေဆာင္႐ြက္ႏိုင္မွသာ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ စက္မႈက႑ဖြံ႕ၿဖိဳး တိုးတက္ေရးလုပ္ငန္းမ်ားကို ထိေရာက္စြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
အလားတူ လွ်ပ္စစ္ဓာတ္အားရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိရာတြင္ ႏိုင္ငံေတာ္အေနျဖင့္ ေနရာေဒသအလိုက္ တိုင္းရင္းသားလူမ်ိဳးေပါင္းစုံအတြက္ အလွမ္းေဝးကြာေသာ ေဒသမ်ားအတြက္ လွ်ပ္စစ္ဓာတ္အား ရရွိသုံးစြဲႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိၿပီး ေရအားလွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံမ်ားသည္ ကနဦးတည္ေဆာက္စကာလတြင္ ကုန္က်စရိတ္ အတန္အသင့္ရွိေသာ္လည္း လည္ပတ္မႈစရိတ္ႏွင့္ ေလာင္စာဖိုးကုန္က်စရိတ္မရွိသျဖင့္ ေလအား၊ ေက်ာက္မီးေသြး၊ ဓာတ္ေငြ႕၊ ဆိုလာတို႔ျဖင့္ ေဆာင္႐ြက္သည့္ စီမံကိန္းမ်ားထက္ ကုန္က်စရိတ္ သက္သာေသာေၾကာင့္ ႏိုင္ငံအတြင္း ႂကြယ္ဝသည့္ ေရအရင္းအျမစ္မ်ားအေပၚ အေျချပဳ၍ ေရအားလွ်ပ္စစ္စီမံကိန္းမ်ားကို ရႏိုင္သမွ်အက်ိဳးရွိရွိ တည္ေဆာက္ျခင္းျဖစ္ေၾကာင္းလည္း ေျပာသည္။
ဆည္တမံႀကီးမ်ားေၾကာင့္ ျမစ္ေရႀကီးမႈ အႏၲရာယ္ေဘးမွ ကာကြယ္ႏိုင္သလို စိုက္ပ်ိဳးေရရရွိေရးကိုလည္း အေထာက္အကူျပဳသည့္အျပင္ ဧရာဝတီျမစ္ဆုံ- ျမစ္ညာျမစ္ဝွမ္း ေရအားလွ်ပ္စစ္စီမံကိန္းသည္ ႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အား လိုအပ္ခ်က္ကို အျပည့္အဝျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ၿပီး ေဒသခံျပည္သူမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ရရွိလာႏိုင္ကာ လူမႈစီးပြားဘဝပိုမိုဖြံ႕ၿဖိဳးတိုးတက္မည့္ အက်ိဳးေက်းဇူးမ်ား ရရွိႏိုင္ေၾကာင္းေျပာသည္။
ယခုေဆာင္႐ြက္မည့္ ျမစ္ဆုံစီမံကိန္းမွထုတ္လုပ္ရရွိသည့္ လွ်ပ္စစ္ဓာတ္အားမ်ားကို ျပည္တြင္းသုံးစြဲမႈဖူလုံေစရန္အတြက္သာ ဦးစားေပးမည္ျဖစ္ၿပီး ျပည္နယ္အတြင္းလိုအပ္သည့္ လွ်ပ္စစ္ဓာတ္အားကိုသုံးစြဲၿပီး ပိုလွ်ံဓာတ္အားကို ျပည္မႏွင့္အျခား ျပည္နယ္မ်ားက တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားအတြက္ မွ်ေဝသုံးစြဲသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျပည္သူမ်ား၏ ဆႏၵသေဘာထားကို အေလးထားေဆာင္႐ြက္ လ်က္ရွိၿပီး စီမံကိန္းမ်ား ျဖစ္ထြန္းေအာင္ျမင္ေရးသည္ ေဒသခံမိဘျပည္သူမ်ား၏ ေထာက္ခံအားေပးမႈ၊ ပူးေပါင္းပါဝင္ေဆာင္႐ြက္မႈအေပၚမ်ားစြာ မူတည္ေနပါသျဖင့္ စီမံကိန္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေရး ဝိုင္းဝန္းပူးေပါင္းေဆာင္႐ြက္ေပးၾကရန္ လိုအပ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။