တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ထုတ်ပေးမည်

131

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၂၁
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြီးမှူးကျင်းပမည့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ များအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို လာမည့် ဖေဖော်ဝါရီ ၂၃ ရက် (တနင်္လာနေ့) မှစတင်၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပညာရေဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦ်းစီးဌာန၏ ထုတ်ပြန်ထားသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ထုတ်ယူလိုသည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ နှင့် ကျောင်းအုပ်ကြီးများထံတွင် ဖေဖော်ဝါရီ ၂၃ ရက်မှစတင်၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာတွင် တစ်စုံတစ်ရာ အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ စာစစ်ဌာနကြီးကြပ်ရေးမှူးများမြို့နယ်ပညာရေးမှူးများ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနများသို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့် မတ်လ ၁၁ ရက်မှ မတ်လ ၁၉ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ မတ်လ ၁၈ ရက်အထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
တကၠသိုလ္ဝင္စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပားမ်ား ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ စတင္ထုတ္ေပးမည္
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၂၁
ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ႀကီးမႉးက်င္းပမည့္ ၂၀၂၆ ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲ ႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲ မ်ားအတြက္ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card) မ်ားကို လာမည့္ ေဖေဖာ္ဝါရီ ၂၃ ရက္ (တနလၤာေန႔) မွစတင္၍ ထုတ္ယူႏိုင္ၿပီျဖစ္ေၾကာင္း ပညာေရဝန္ႀကီးဌာန ျမန္မာႏိုင္ငံစာစစ္ဦ္းစီးဌာန၏ ထုတ္ျပန္ထားသည္။
စာေမးပြဲေျဖဆိုခြင့္ကတ္ျပား ထုတ္ယူလိုသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔ ေျဖဆိုရမည့္ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ား ႏွင့္ ေက်ာင္းအုပ္ႀကီးမ်ားထံတြင္ ေဖေဖာ္ဝါရီ ၂၃ ရက္မွစတင္၍ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္း သိရသည္။
စာေမးပြဲေျဖဆိုခြင့္ကတ္ျပားမ်ား ထုတ္ယူရာတြင္ တစ္စုံတစ္ရာ အခက္အခဲရွိပါက သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးမ်ား စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ားၿမိဳ႕နယ္ပညာေရးမႉးမ်ား ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမ်ားသို႔ တိုက္႐ိုက္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း အသိေပးထားသည္။
တကၠသိုလ္ဝင္စာေမးပြဲကို လာမည့္ မတ္လ ၁၁ ရက္မွ မတ္လ ၁၉ ရက္အထိ က်င္းပျပဳလုပ္မည္ျဖစ္ၿပီး စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရးတကၠသိုလ္ဝင္စာေမးပြဲကို မတ္လ ၁၁ ရက္မွ မတ္လ ၁၈ ရက္အထိက်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။