PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် နာယကအဖြစ် ပြောင်းလဲတာဝန်ယူ

1520
Pearl (NP News) - ဖေဖော်ဝါရီ ၂၁
ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ဂုဏ်ထူးဆောင် နာယကအဖြစ် ပြောင်းလဲတာဝန်ယူပြီး ယခင်ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ဥက္ကဋ္ဌ ဖြစ်လာကြောင်း သိရသည်။
“ဥက္ကဋ္ဌ ရာထူးကို ကျွန်တော် လက်ခံထားပါတယ်။ ဒေါ်သက်သက်ခိုင်ကတော့ ဂုဏ်ထူးဆောင် နာယက အဖြစ် တာဝန်ယူထားပါတယ်။ CEC ထဲမှာတော့ မပါဘူးပေါ့နော်။ ဒုဥက္ကဋ္ဌ (၂) ကတော့ ဦးတင်မောင်ညီပါ။ ဒုဥက္ကဋ္ဌ (၁) ကတော့ မရှိသေးဘူးပေါ့နော်။ ဒုဥက္ကဋ္ဌ (၄) ကတော့ ဒေါ်ငုဝါဝင်း၊ တွဲဖက်အတွင်းရေးမှူး (၁) က ဦးလင်းလင်းစိုး။ တွဲဖက်အတွင်းရေးမှူး (၃) က ဒေါ်မွန်မွန်မြင့်။ ကျန်တာတွေကတော့ အမှုဆောင်တွေပါ။ အမှုဆောင်တွေကတော့ အားဖြည့်ထားတယ်။ အားလုံး CEC ပေါ့နော်” ဟု ဦးစောဟန်အေးက NP News သို့ ပြောသည်။
ပါတီအတွင်း လက်ဆင့်ကမ်းတာဝန်ယူသည့်စနစ်ကြောင့် ယခုကဲ့သို့ပြောင်းလဲတာဝန်ယူခြင်း ဖြစ်ကြောင်းလည်း ဦးစောဟန်အေးက ပြောသည်။
ယနေ့( ဖေဖော်ဝါရီ ၂၁ ရက်) တွင် ပါတီဥက္ကဋ္ဌသစ် ဦးစောဟန်အေးသည် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်၌ လွှတ်တော်တက်မည့် ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ လမ်းညွှန်စကားပြောကြားခဲ့ကြောင်းလည်း သိရသည်။
Zawgyi Version;
PPP ပါတီဥကၠ႒ ေဒၚသက္သက္ခိုင္ နာယကအျဖစ္ ေျပာင္းလဲတာဝန္ယူ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၁
ျပည္သူ႔ေရွ႕ေဆာင္ပါတီ PPP ပါတီ ဥကၠ႒ ေဒၚသက္သက္ခိုင္က ဂုဏ္ထူးေဆာင္ နာယကအျဖစ္ ေျပာင္းလဲတာဝန္ယူၿပီး ယခင္ဒုတိယဥကၠ႒ (၂) ျဖစ္သူ ဦးေစာဟန္ေအးက ဥကၠ႒ ျဖစ္လာေၾကာင္း သိရသည္။
“ဥကၠ႒ ရာထူးကို ကြၽန္ေတာ္ လက္ခံထားပါတယ္။ ေဒၚသက္သက္ခိုင္ကေတာ့ ဂုဏ္ထူးေဆာင္ နာယက အျဖစ္ တာဝန္ယူထားပါတယ္။ CEC ထဲမွာေတာ့ မပါဘူးေပါ့ေနာ္။ ဒုဥကၠ႒ (၂) ကေတာ့ ဦးတင္ေမာင္ညီပါ။ ဒုဥကၠ႒ (၁) ကေတာ့ မရွိေသးဘူးေပါ့ေနာ္။ ဒုဥကၠ႒ (၄) ကေတာ့ ေဒၚငုဝါဝင္း၊ တြဲဖက္အတြင္းေရးမႉး (၁) က ဦးလင္းလင္းစိုး။ တြဲဖက္အတြင္းေရးမႉး (၃) က ေဒၚမြန္မြန္ျမင့္။ က်န္တာေတြကေတာ့ အမႈေဆာင္ေတြပါ။ အမႈေဆာင္ေတြကေတာ့ အားျဖည့္ထားတယ္။ အားလုံး CEC ေပါ့ေနာ္” ဟု ဦးေစာဟန္ေအးက NP News သို႔ ေျပာသည္။
ပါတီအတြင္း လက္ဆင့္ကမ္းတာဝန္ယူသည့္စနစ္ေၾကာင့္ ယခုကဲ့သို႔ေျပာင္းလဲတာဝန္ယူျခင္း ျဖစ္ေၾကာင္းလည္း ဦးေစာဟန္ေအးက ေျပာသည္။
ယေန႔( ေဖေဖာ္ဝါရီ ၂၁ ရက္) တြင္ ပါတီဥကၠ႒သစ္ ဦးေစာဟန္ေအးသည္ ရန္ကုန္ၿမိဳ႕ရွိ ပါတီ႐ုံးခ်ဳပ္၌ လႊတ္ေတာ္တက္မည့္ ကိုယ္စားလွယ္မ်ားႏွင့္ေတြ႕ဆုံကာ လမ္းၫႊန္စကားေျပာၾကားခဲ့ေၾကာင္းလည္း သိရသည္။